(ဦးနုကို သိန်းဖေမြင့် အတင်းချခြင်း)
ဝန်ကြီးချုပ်ဟောင်းဦးနုတယောက် ဆေးကုဖို့နဲ့ဗုဒ္ဓဂယာဘုရားဖူးဖို့ဆိုပြီး နေဝင်းမျက်စေ့အောက်က ဖျောက်သွားတာ၊ သူနိုင်ငံရေးမလုပ်တော့ဘူး၊ ဘုန်းကြီးပဲဝတ်တော့မယ်၊ သာသနာပြုလုပ်ငန်းတွေပဲလုပ်တော့မယ်ဆိုပြီး တိုင်းသိပြည်သိကမ္ဘာသိပြောခဲ့တာတွေလည်း လူတိုင်းသိပြီးသားပါ။ ဒါဟာ ပြည်ပထွက်ဖို့ လှည့်ကွက်တခုလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိတ်မကြာခင်မှာပဲ ဦးလောရုံ(နေရှင်န်းသတင်းစာ ဝင်ဒီလောရုံ ဖခင်) အိန္ဒိယလိုက်သွားပြီးခေါ်တော့ ဘန်ကောက်ရောက်လာပါတယ်။ ဘန်ကောက်ကနေမှ အင်္ဂလန်ကိုသွားတယ်။ ဟိုမှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲ့ဒီမှာ နေဝင်း အာဏာသိမ်းစစ်အစိုးရကို ဖြုတ်ချဖယ်ရှားရေး၊ ပါလီမန်ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ အာဏာပြန်လည်ရယူရေးအစီအစဉ်တွေကို လူသိရှင်ကြားပြောခဲ့တယ်။

 ဒီ့နောက် အမေရိကန်ကိုသွားတယ်။ အမေရိကန်မှာ သူ့အနေနဲ့ ဗမာပြည်ကို 
ဒီမိုကရေစီနိုင်ငံပြန်ဖြစ်အောင်လုပ်ဖို့ လက်နက်စွဲကိုင်ပုန်ကန်ရန်မှတပါး 
အခြားမရှိတော့တဲ့အကြောင်း၊ တပ်မတော်တရပ်ထူထောင်တော့မှာဖြစ်ကြောင်း၊ 
အမေရိကန်ပြည်သူတွေအနေနဲ့ သူ့အပေါ်စာနာ နားလည်ကြဖို့လိုကြောင်းနဲ့ 
စစ်စားရိတ်ရန်ပုံငွေတွေ ထည့်ဝင်လှူဒန်းကြစေလိုကြောင်း မီဒီယာတွေကနေတဆင့် 
ပြည်ပတ်ပြီးပြောခဲ့ပါတယ်။ အမေရိကန်အစိုးရကအတွေ့မခံပါ။ 
နိုင်ငံခြားရေးဝန်ကြီးဌာနက ရှောင်နေပါတယ်။ စီအိုင်အေနဲ့တော့ 
လျှို့ဝှက်တွေ့ဆုံတာ ရှိကောင်းရှိနိုင်ပါတယ်။
 ရန်ပုံငွေကောက်တာနဲ့ပတ်သက်လို့ ဦးနုက ဆန်ဖရန်စစ္စကိုမှာ 
ဧည့်ခံပွဲတခုပေးရင်း သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ လူ 
လေးငါးဆယ်လောက်တက်တယ်။ သတင်းသမားတွေက ရန်ပုံငွေကိစ္စမေးတော့ 
ရန်ပုံငွေစုစုပေါင်းက ဒေါ်လာ တသန်း လေးသိန်း ခြောက်ထောင်ရပြီလို့ဆိုတယ်။ 
သူလိုတာက လောလောဆယ်မှာ ဒေါ်လာ ၄ သန်းဖြစ်တယ်။ အဲ့ဒါကိုလည်း 
အလှူခံပန်ကြားချက်မှာ ဖော်ပြထားပြီးဖြစ်တယ်။ 
ရန်ပုံငွေကောက်ခံစုဆောင်းပေးတာက ကင်န်းဆပ်မြိ့ုအခြေစိုက် 
ဒီမိုကရက်တစ်ဖရီးဒမ်းအဖွဲ့ကလုပ်ပေးတာဖြစ်တယ်။ 
ဦးနုဆီလိပ်မူပြီးရေးတဲ့စာပေါင်း ထောင်ချီလက်ခံရတယ်။ စာအများစုက ဦးနုကို 
မထောက်ခံကြောင်းစာတွေဖြစ်တယ်။ ဦးနုက ဒီရန်ပုံငွေ တသန်းလေးသိန်းကျော်ဟာ 
အမေရိကန်ပြည်သူတွေက ထည့်ဝင်ကြတာဖြစ်တယ်။ တချို့တဒေါ်လာထည့်ပြီး တချို့ 
ဒေါ်လာ ၂၅ဝ အထိထည့်လို့ ဒီလောက်ရတာလို့ဖြေတယ်။
 ဒါကို(ဦး)သိန်းဖေမြင့်က အမှန်တကယ်က ဒီငွေတွေကို လုံးကနဲခဲကနဲ 
ထည့်သွင်းသူတွေရှိတယ်။ ဦးနုက ဒါကို ဖုံးကွယ်ချင်လို့ လူတွေ 
ဝိုင်းထည့်ကြတာလို့ပြောတာဖြစ်တယ်ဆိုပြီး ရေးတယ်။ ပြီးတော့ 
အမေရိကန်သန်းကြွယ်သူဌေးကြီးတွေဟာ ဦးနုလိုလူစားတွေကို မုန့်ဖိုးပေးဖို့ 
အသင့်စောင့်နေကြတယ်။ ပြီးတော့ ရန်ပုံငွေရှာပေးတယ်ဆိုတဲ့ 
ဒီမိုကရက်တစ်ဖရီးဒမ်းအဖွဲ့ဆိုတာကလည်း စီအိုင်အေလှုပ်ရှားမှုအမျိုးမျိုးထဲက 
တခုသောလှုပ်ရှားမှုရဲ့ မျက်နှာဖုံးဖြစ်တယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာ 
အမေရိကန်ပြည်သူတွေဟာ ဗီယက်နမ်မှာ အမေရိကန်စစ်သွားတိုက်နေတာကို 
အဆုံးသတ်ချင်နေကြပြီ။ ဗီယက်နမ်စစ်ဆန့်ကျင်ရေးတွေ လုပ်နေကြပြီ။ နောက်ထပ် 
ဗီယက်နမ်အသစ်တွေကိုလည်း မကြားချင်မလိုချင်ကြတော့ဘူး။ တယောက်တဒေါ်လာထည့်ဖို့
 နေနေသာသာ ဦးနုပြောတာတောင် နားမထောင်ကြတော့ဘူး။ အမေရိကန်နယ်ချဲ့သမား 
လက်တဆုပ်စာလောက်ပဲ ဦးနုအပေါ် စိတ်ဝင်စားတယ်လို့လည်း (ဦး)သိန်းဖေမြင့်က 
ဆက်ပြောပါတယ်။
 အဲ့ဒီ ပြန်လမ်းမရှိတော့သောဦးနုဆိုတဲ့စာကိုရေးချိန်မှာ (ဦး)သိန်းဖေမြင့်ဟာ 
ဗိုလ်နေဝင်းရဲ့  တော်လှန်ရေးကောင်စီခေါ်တဲ့ စစ်အာဏာသိမ်းအုပ်စုကို 
အစွမ်းကုန် ခခယယ အလုပ်အကြွေးပြုနေချိန်ကြီးပါ။ ဗိုလ်နေဝင်း 
ကံန်မြူနစ်ပါတီဝင်ခွင့်ရတယ်ဆိုပြီး ရေးထားတာတောင်ပါပါသေးတယ်ဗျား။ 
ကျနော်ဖတ်ပြီး ပြောချင်တဲ့နေရာလေးကွက်ပြီး ပြန်ပြောပြတာပါ။ ဖတ်ချင်ရင် 
ပီဒီအက်ဖ်နဲ့ပို့ပေးပါ့မယ်။ မက်ဆော့ဂျ်ဘောက်စ်ကနေ 
ပို့လို့ရလောက်မယ်ထင်ပါတယ်။ စာမျက်နှာက ၃၂ မျက်နှာပဲရှိတာပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၉၊ ၂ဝ၂ဝ
မျိုးမြင့်ချို
ဇန္နဝါရီ ၂၉၊ ၂ဝ၂ဝ

0 comments:
Post a Comment