(ဆံပင်ရှည်ရှည် မုတ်ဆိတ်တွေနဲ့ ညှဉ်းသိုးသိုးကြီးပေါ့)
ကိုညို(ညီပုလေး)တို့ ဖို့တ်ဝိန်းလာပြီး စာပေဟောပြောပွဲလုပ်တဲ့နေ့က နည်းနည်းလည်း ပူတာနဲ့ ဂတုံးပြောင်နေအောင် တုံးလိုက်တယ်။ မုတ်ဆိတ်ကျင်စွယ် ပါးသိုင်းမွှေး နှူပ်ခမ်းမွှေးလည်း စင်အောင်ရိပ်လိုက်တယ်။ အဲ့နောက်ပိုင်း ဆောင်းလည်းဝင်လာတာပါတယ် လူလည်းပျင်းတာပါတယ် ဆံပင်ရော ပါးသိုင်း နှူပ်ခမ်း မုတ်ဆိတ် ဘာမှမရိပ်တော့ပဲ အဲ့ဒီကတည်းကပစ်ထားလိုက်တာ ခု မနည်းရှည်နေပြီ။ ရှည်လေလေ ရိပ်ရပျင်းလေလေနဲ့ ရှည်ချင်သလောက်ရှည်စမ်းဆိုပြီး ပစ်ထားကြည့်ဦးမယ်တွေးတာပါပဲ။
ကိုညို(ညီပုလေး)တို့ ဖို့တ်ဝိန်းလာပြီး စာပေဟောပြောပွဲလုပ်တဲ့နေ့က နည်းနည်းလည်း ပူတာနဲ့ ဂတုံးပြောင်နေအောင် တုံးလိုက်တယ်။ မုတ်ဆိတ်ကျင်စွယ် ပါးသိုင်းမွှေး နှူပ်ခမ်းမွှေးလည်း စင်အောင်ရိပ်လိုက်တယ်။ အဲ့နောက်ပိုင်း ဆောင်းလည်းဝင်လာတာပါတယ် လူလည်းပျင်းတာပါတယ် ဆံပင်ရော ပါးသိုင်း နှူပ်ခမ်း မုတ်ဆိတ် ဘာမှမရိပ်တော့ပဲ အဲ့ဒီကတည်းကပစ်ထားလိုက်တာ ခု မနည်းရှည်နေပြီ။ ရှည်လေလေ ရိပ်ရပျင်းလေလေနဲ့ ရှည်ချင်သလောက်ရှည်စမ်းဆိုပြီး ပစ်ထားကြည့်ဦးမယ်တွေးတာပါပဲ။
ဟိုနေ့က တူမချော မရင်နှစ်အိမ်သွားတော့ ကျနော့်ဇနီးက သူ့ကို နင့် ဘဘ က
ဘာနဲ့တူနေလဲ အသက်ပိုကြီးသွားသလိုမနေဘူးလားဆိုတော့ တီဗီကြည့်နေရာကနေ ဘဘက
တောသားအဖိုးကြီးနဲ့တူတယ်တဲ့။ နင် သူ့ကို အဲ့လိုမြင်ရတာရော ကြိုက်လားဆိုတော့
ပခုံးနှစ်ဘက်တွန့်ပြတယ်။ ဘာမှတော့မပြောဘူး။
မနေ့က အပွိုင်မင်န် ၂ ခုရှိတာသွားခဲ့ရတယ်။ ၂ ခုစလုံးက
အိုင်ဒီပြရတာချည်းပဲ။ အိုင်ဒီကလည်း မနေ့ကမှ အသစ်လဲထားတာ။ ကဒ်တောင်မရသေးဘူး။
ယာယီစာရွက်။ အေဖိုးစက္ကူပေါ်မှာ ဓာတ်ပုံနဲ့
ကိုယ်ရေးအချက်အလက်တွေ(လူမျိုး/ဘာသာတွေမပါ)တွေကို ဓာတ်ပုံကော်ပီလုပ်ထားတာပါ။
ဒါနဲ့ အပွိုင်မင်န်တွေမှာ အဲ့ဒီယာယီစာရွက်ပြရင်း ဒါလိုလည်းရှိတယ်လို့
အိုင်ဒီအဟောင်း(ကဒ်ပြား)ကိုပြတယ်။ ကေ့စ်ကိုင်တဲ့ ကောင်မလေးက နစ်ကိုးလ်တဲ့။
အသက်ကတော့ ၃၅ လောက်ရှိမယ်။ ခတ်ချောချော တောင့်ောင့်ဖြောင့်ဖြောင့်လေး။
ကဒ်ပြားကပုံရယ် ယာယီစာရွက်ကပုံရယ် သူ့ရှေ့ထိုင်နေတဲ့ ကျနော့်လူပုံရယ်ကို
တလှည့်စီကြည့်ပြီး ဟား အများကြီးပြောင်းလဲသွားပါတယ်၊ ဒီရုပ်နဲ့ဒီရုပ်
ထင်တောင် မထင်ရဘူးလို့ပြောပြီး ရီနေတယ်။
နောက်တနေရာကျတော့ အာဖရိကန်အမေရိကန်မကြီး။ အသက်က ၆၂ လောက်ရှိမယ်။
ဝဝတုတ်တုတ် အကောင်ကြီးကြီး ပြင်ထားလိုက်တာလည်း ပြော မနေနဲ့။
လက်သည်းတွေကလည်း အရှည်ကြီးတွေ။ အိုင်ဒီဟောင်း ကဒ်ပြား၊
ယာယီအိုင်ဒီစာရွက်နဲ့ ကျနော့်လူပုံကြည့်ပြီး နှုတ်ခမ်းတလန်ပန်းတလန်နဲ့ ခုမှ
ပိုခန့်သွားတာတဲ့။ ငါ့မောင်လည်း နင့်လိုပဲ ခြေတဘက်ဖြတ်ထားရတဲ့
စစ်သားလူထွက်ပဲ၊ ခုမှ ဘာစိတ်ကူးပေါက်ပြီး ဆံပင်တွေမုတ်ဆိပ်တွေ
အရှည်ထထားရတာလဲမသိဘူး၊ ဒါပေမယ့် သူနဲ့တော့လိုက်သား၊ နင်လည်း ဒီလိုကမှ
ပိုကြည့်ကောင်းတယ်ထင်တာပဲလို့ပြောပြီး သူလုပ်စရာရှိတာအကုန်လုပ်ပေးရှာပါတယ်။
သူ့ခန္ဓာကိုယ်ကြီး မနိုင့်တနိုင်လမ်းလျှောက် အခန်းဝအထိလိုက်ပို့ရင်း နင်
ဆံပင်တွေရှည်လာတော့ ပိုနီတေးလ် ဘယ်လိုလုပ် စည်းမလဲလို့မေးတယ်။
သူပြောမှ ဟုတ်သားဟ ဆံပင်တွေရှည်လာလို့ စည်းမယ်ဆို လက်နှစ်ဘက်ရှိမှ
ဒါမှမဟုတ်လည်း အနည်းဆုံးလက်တဘက် လက်ချောင်းတွေတော့စုံမှဆိုပြီး တွေးမိတယ်။
ကားပေါ်ပြန်ရောက်တော့ ဇနီးကို အဲ့အကြောင်းပြောတော့ ရယ်ပြီး မပူနဲ့
ငါစည်းစည်းပေးမယ်၊ ခေါင်းလည်း လျှော်ပေးမယ်၊ နွေကျ နင်ဆံပင်ရှည်နဲ့
ပူအိုက်လှောင်နေမှာပဲ ငါစိုးတာ၊ နင်က ချွေးအထွက်ကလည်း သန်ပါဘိနဲ့တဲ့။
ဒါနဲ့ ညကတော့ တွေးမိတယ်။ မုတ်ဆိပ် ပါးသိုင်း နှူပ်ခမ်းမွှေးကတော့
ရှိစေတော့၊ ရှည်ချင်သလောက်ရှည် ထားလိုက်တော့မယ်။ မတိဘူး မဖြတ်ဘူး။
ဆံပင်ကတော့ အခြေအနေကြည့်ရမှာပဲ။ နွေဆို ကျနော်ကလည်း ခြံထဲတနေကုန်လိုလိုဆင်း
စိုက်ပျိုးထားတာလေးတွေကြည့် ကျီးခြောက် ငှက်မောင်း ရေလောင်းပေါင်းသင်
နေတတ်တာမဟုတ်လား။ အမေရိကန်ပေမယ့် ကျနော်နေတဲ့ အင်ဒီယားနားက ပူပြီဆို
အညာထက်အဆပေါင်းများစွာဆိုးတယ်။ ပူတယ်လေ ဆယ်နွေထက်ကဲဆိုသလိုဘဲ။ ဒီတော့
နွေရောက်မှရောက်လျား ခုတော့ ဆံပင်အရှည်ထားလိုက်ဦးမယ်တွေးတာပါပဲ။
တူမက တောသားအဖိုးကြီးပြောပြော အဖြူမက ရုပ်အထွက်ကွဲသွားတယ်ပြောပြော
အာဖရိကန်အမေရိကန်မကြီးက ခန့်လာတယ်ပြောပြော ဇနီးသည်အားကိုးနဲ့
ဆံပင်ရှည်တော့ထားကြည့်ဦးမှ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၅၊ ၂ဝ၂ဝ
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၅၊ ၂ဝ၂ဝ
0 comments:
Post a Comment