(တလျှောက်လုံးကောင်းပေမယ့်)
ဂျီစီဘီအေ ၉ ဂိုဏ်းအထိကွဲသွားတာ သိသူများပါတယ်။ နောက်ပိုင်းမှာ
ဂျီစီဘီအေအကွဲ ၄ ခုနဲ့ ၂၁ ဦးပါတီ့ပေါင်းပြီး ၅ ပွင့်ဆိုင်က ၉၁
ဌာနအုပ်ချုပ်ရေးကိုအသက်သွင်းဖို့ အသည်းအသန်ကြိုးစားပါတယ်။
အဲ့သလိုကြိုးစားရာမှာ တကယ့် Master Mind တွေထဲမှာ ဦးဘဖေတို့
မန္တလေးဦးဘရွှေတို့ပါပါတယ်။ သူတို့က ကုန်းဘောင်ဆက်မင်းသားကြီး ထိပ်တင်ဝကို
ငါးပွင့်ဆိုင်မှာဥက္ကဌတင်သလို ညီညွတ်ရေးဆိုတာကိုဗန်းပြပြီး
အိန္ဒိယကနေပြန်ရောက်လာတဲ့ ဆရာတော်ဦးဥတ္တမကိုလည်း
သွေးဆောင်ပင့်ခေါ်ယူခဲ့တာပါ။ ဆရာတော်ဦးဥတ္တမ ငါးပွင့်ဆိုင်
ငို့ဘသမားကြီးတွေနဲ့ပေါင်းပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို
အလုပ်အေကျွေးပြုသွားတာကို အဲ့ဒီကာလက တိုးတက်တဲ့အမြင်ရှိသူတွေက မကြိုက်ကြပါ။
ဒါပေမယ့် ဦးဥတ္တမရဲ့ အတိတ်ကအရှိန်အဝါနဲ့သြဇာကြောင့် ဘယ်သူမှ တိတိလင်းလင်း
လူသိရှင်ကြား ပြစ်တင်ရှုတ်ချတာမလုပ်ခဲ့ပေမယ့် ကျောင်းသားခေါင်းဆောင်မောင်နု
(နောင် ဝန်ကြီးချုပ် ဦးနု)ကတော့ သမဂ္ဂစင်မြင့်ကနေ
ဖော်ထုတ်ရှုတ်ချခဲ့တာရှိပါတယ်။ ဦးဥတ္တမကိုယ်တော်ကြီးရဲ့
ဒီနိုင်ငံရေးရပ်တည်ချက်ကို ဖေါက်ပြန်တဲ့လုပ်ရပ်အဖြစ် သူပျံလွန်တော်မူပြီးမှ
ဟိုကဒီကပြောကြဆိုကြတာပါ။ ဦးဥတ္တမကိုယ်တော်ကြီးက နိုင်ငံရေးသမားတွေကို၊
တိုင်းပြည်ကိုညီညွတ်စေချင်တဲ့စေတနာရိုး အမှန်တကယ်ရှိမယ်ဆိုတာ
သံသယဖြစ်စရာမရှိပေမယ့် နယ်ချဲ့အလိုတော်ရိ စားဖား
ငို့ဘနိုင်ငံရေးသမားကြီးတွေနဲ့ပေါင်းမိသွားပြီး လမ်းလွဲသွားခဲ့တာပါ။ သူ့
ရှေ့ကလုပ်ခဲ့သမှ တော်ခဲ့သမျှ ကောင်းခဲ့သမျှတွေပါ သွားထိခိုက်တာပါ။ ၉၁
ဌာနအုပ်ချုပ်ရေးကို တိုက်ဖျက်နေတဲ့ အလုပ်သမား လယ်သမား ကျောင်းသားနဲ့
ပြည်သူတွေဘက်မှာသာရပ်ပြီး တိုင်းပြည်ညီညွတ်ရေးကိုလုပ်ခဲ့မယ်ဆိုရင် ရှေ့က
တလျှောက်လုံး သူ လုပ်ခဲ့ကိုင်ခဲ့ ပြောခဲ့ဆိုခဲ့
ရပ်တည်တိုက်ပွဲဝင်ခဲ့တာတွေနဲ့ကိုက်ညီပြီး သူ့နိုင်ငံရေးနိဂုံးကမ္မတ်
အဆုံးသတ်ဟာ ခုဖြစ်ခဲ့သလိုဖြစ်ချင်မှဖြစ်မှာပါ။ တရားပွဲတပွဲကို(အဲ့ဒီအချိန်က
ပိုက်ဆံနဲ့)တထောင် ပူဇော်လှူဒန်းကြတာပါ။ အဲ့သလောက်
ဘုန်းကြီးသြဇာကြီးခဲ့လို့လည်း ခရီးတွေဒီလောက်သွားနိုင် နိုင်ငံရေးတွေ
ဒီလောက်တွင်တွင်ကျယ်ကျယ် လုပ်သွားနိုင်ခဲ့တာပါ။ အဲ့ဒီခေတ်က
နိုင်ငံတကာအတွေ့အကြုံနဲ့ ဗဟုသုတအစုံလင်ဆုံးပုဂ္ဂိုလ်တွေထဲက တယောက်ပါ။
ကိုယ်တော်ကြီးရဲ့ ပျံလွန်တော်မမူခင်ကာလတွေအကြောင်း ကျနော်တို့ တဆင့်ကြားရ
ဖတ်ရပြုရမှတ်သားရတာတွေဟာ စိတ်မကောင်းစရာ စိတ်ထိခိုက်စရာပါ။
ပျံလွန်တော်မူခါနီးမှာ တကယ့်ကို ဆင်းရဲသွားရှာပါတယ်။
စိတ်ကလည်းဖေါက်ပြန်ပြီး အရူးကြီးတယောက်လို လမ်းတကာလျှောက်သွား ဟိုဟာကောက်
ဒီဟာကောက်၊ ဖိနပ်မပါ ထီးမပါ၊ သင်္ကန်းကလည်း ညစ်ထေးစုတ်ပြတ်၊ ပါးစပ်ကလည်း
ဗျစ်တောက်ဗျစ်တောက်နဲ့ တွေ့ကရာဆိုင်မှာ စားစရာတွေအလှူခံပြီး ဘုဉ်းပေးရင်း
ဆင်းဆင်းရဲရဲအသက်တော်ဆက်နေရတာပါ။ နောက်ဆုံး ရန်ကုန်မှာရှိတဲ့
ရခိုင်ရဟန်းတော်တွေက စောင့်ရှောက်မယ်လို့ဆုံးဖြတ်ပြီး
ခေါ်ယူစောင့်ရှောက်ကြတာပါ။ တချိန်က သူ့ကို အသုံးချပြီး
ဝန်ကြီးဝန်ကလေးတွေဖြစ်နေတဲ့ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ရခိုင်ရဟန်းတော်တွေက
ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။ အဲ့သလို ဆေးဝါးကုသခံပြီးနေရင်းကနေပဲ ၁၉၃၉ ခု၊
စက်တင်ဘာ ၉ ရက်နေ့မှာ ပျံလွန်တော်မူပါတယ်။ ဖွားမြင်တာက ၁၈၈ဝ ပြည့် ဒီဇင်ဘာ
၂၈ ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၊ ၂ဝ၂ဝ
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၊ ၂ဝ၂ဝ
0 comments:
Post a Comment