(မသိတာကောင်းတယ်..တဲ့)
မိမိအား တယောက်ယောက်ကကြည့်နေသည်ဟု စိတ်အမှတ်ဖြစ်ကာ လှည်ကြည့်လိုက်တိုင်း တယောက်မဟုတ်တယောက်က တကယ့်ကို စူးစူးစိုက်စိုက်ကြည့်နေတာနှင့် မျက်လုံးချင်းပက်ပင်းတိုးမိသည်ကို လူတိုင်းဘဝ၌ တကြိမ်မဟုတ်တကြိမ်တော့ ကြုံဖူးကြလိမ့်မည်ထင်ပါသည်။ ထိုသို့တိုးမိကြသည့်အခိုက်အတန့်၌ အခြားသူများစိတ်တွင် မည်သို့နေမည်ကို မပြောတတ်သော်လည်း ကျနော့်စိတ်တွင်ကား မလုံမလဲဖြစ်တာ လိုလို ရှက်ရွံ့သိမ်ငယ်တာလိုလို ဖြစ်ပါသည်။ ဘာကြောင့် ထိုသို့ခံစားမှမှန်းတော့ ခုထိမသိသေးပါ။ ဤနေရာတွင် ကျနော်ပြောသည့် မလုံမလဲစိတ်ဆိုသည်မှာ မသင်္ကာကြည့် အကြည့်ခံရပြီး ခိုးထုတ်ခိုးထည်နှင့်လူမိသည့်သဘောမဟုတ်သလို ရှက်ရွံ့သိမ်ငယ်စိတ်ဆိုသည်မှာလည်း ကံသုံးပါးဖြင့် ဒုစရိုက်မှုတခုခုကို လူမသိသူမသိပြုထားပြီး လူလည်ကောင်ပွင့်ကျသွားဖြင့် ဖြစ်ရသည့်စိတ်မျိုးလည်းမဟုတ်ပါ။ ထို့ကြောင့် အမှောက်အမှောက်အမှားမှားဖြင့် လုပ်မိလုပ်ရာထလုပ်လိုက်တာမျိုးမဖြစ်သလို ခြေမကိုင်မိလက်မကိုင်မိ ကျီးကန်းတောင်းမှောက် ဖြစ်ခဲ့သည်တော့လည်း မရှိပါ။ သို့သော် စိတ်ထဲ အခန့်မသင့် ဖြစ်ပါသည်။ ကသိကအောက် နိုင်ပါသည်။ အနေရအထိုင်ရလည်း ခက်ပါသည်။
နောက်ထပ် ဖြစ်သည့်ခံစားမှုမှာ ထိုသို့ကြည့်သူအား ပြန်ကြည့်မိခြင်းနှင့်ဆိုင်ပါသည်။ တမင်ပြန်ကြည့်ခြင်းမဟုတ်ပဲ မိမိအားကြည့်နေသည်ဟု ခံစားမိပြီး လှည့်ပတ်ကြည့်သည့်အခိုက်တွင် မျက်လုံးချင်းဆိုင်မိသွားတာမျိုးဖြစ်ပါသည်။ သတ်သတ်ကြီးလိုက်ရှာ၍ တမင်တကာ ရှာကြည့် ကြည့်ရသည်မျိုးနှင့် လားလားမှမတူပါ။ ထိုသို့ မျက်လုံးချင်း ဖျတ်ကနဲတည့်တည့်တိုးမိသည့်အခိုက်တွင် ကြည့်သူ၏ အတွင်းစိတ်ကို တိတိကျကျ ဖတ်၍ရပါသည်။ တခါတလေ ဘာမှမဟုတ်ပဲ မိမိအား ငေးမိငေးရာကြည့်နေသူမျိုးနှှင့်ကြုံရသလို အခါများစွား၌ စူးစမ်းကြည့် အကဲခတ်ကြည့် စာနာကြည့် ကြည့်သူများသည်ကို သတိထားမိပါသည်။
မျက်လုံးသည် စိတ်တံခါးပေါက် ဖြစ်ပါသည်။ စိတ်တွင် ဖြစ်နေသည့်ခံစားမှုကို အလိုအလျှောက်ဖော်ပြရာ၌ ခန္ဓာကိုယ်၏အခြားမည်သည့် အစိတ်အပိုင်းထက်မဆို မျက်လုံးက တိတိကျကျနှင့်တမဟုတ်ခြင်း ဖော်ပြနိုင်သည်ဟု ကျနော်ထင်ပါသည်။ မိမိအား မသိအောင်ကြည့်နေသူကို ပြန်ကြည့်မိရာတွင်း မိမိအကြည့်တွင် ဖော်ပြချက် တခုခုတော့ မုချပါနေမှာပင်ဖြစ်ပါသည်။ ထိုဖော်ပြချက်ကြောင့်ပင် ကြည့်နေသူမှ မျက်လုံး အရင်လွှဲသွားခြင်းဖြစ်ပါသည်။ ထိုဖော်ပြချက်သည် မိမိအား ထိုသို့ကြည့်ခဲ့ခြင်းအား မနှစ်မြို့သည့်ဖော်ပြချက်ဖြစ်ဖို့ ပိုများမည် ထင်ပါသည်။ တခါတလေ ကြည့်သူ၏အကြည့်ကြောင့် ဘုကြည့်ပြန်ကြည့်မိသည်လည်းရှိပါသည်။ ဘုကြည့်ပဲပြန်ကြည့်ကြည့် ရိုးရိုးပဲပြန်ကြည့်ကြည့် အရင်မျက်လုံးလွှဲသူမှာ ကြည့်သူဖြစ်ပါသည်။
ကျနော်သည့် ထိုသို့အကြည်ခံရခြင်းကို ခြေကောင်းလက်ကောင်းဘဝတုန်းကလည်း မကြိုက်ပါ။ ဒုက္ခိတဖြစ်သွားပြီးသည့်နောက်ပိုင်း ပို မကြိုက်ပါ။ ထို့ကြောင့် တတ်နိုင်သမျှ ဘယ်သူ့ကိုမှ ထိုသို့မကြည့်မိအောင် စိတ်ကိုအလေ့အကျင့်လုပ်ထားပါသည်။ အောင်မြင်သင့်သလောက် အောင်မြင်သဖြင့် “ငါဘယ်တော့မှ သူများကို အဲ့လိုမကြည့်ဘူး”ဟု ကိုယ့်ဘာသာ လက်မထောင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးနှင့် နေပါသည်။ လူတောသူတောသွားတိုင်း တွေ့လိုသဖြင့် တမင်ရှာသည်မှတပါး ဘယ်သူ့ကိုမှ မသိအောင်မကြည့်မိအောင် တတ်နိုင်သလောက် ရှောင်ပါသည်။ လူတောသူတောတွင် ထိုအကျင့်ကိုရှောင်၍ရသည့်ကျနော်သည် လူ အလွန်ပြတ်သည့်နေရာတွင်မှ ထိုအပြုအမူကို ပြုမိခဲ့ပါသည်။
ဖို့တ်ဝိန်းမြို့လည်တွင် ကျနော်ထိုင်တတ်သော Fortezza Coffee ဆိုသည့် ကော်ဖီဆိုင်လေးတဆိုင်ရှိပါသည်။ အခါတိုင်းလိုလို ဇနီးပါတတ်သော်လည်း တခါတလေ ကျနော်တယောက်သွားထိုင်ကာ ကော်ဖီကိုဇိမ်ဆွဲ၍သောက်လေ့ရှိပါသည်။ ဆိုင်လေးက မြို့လည်ကောင်ဆိုသော်လည်း တိတ်ဆိတ် ပြီး လူသွားလူလာနည်းသည့်အပိုင်းမို့ ငြိမ်ငြိမ်သက်သက်နှင့် ဣန္ဒြေ ရပါသည်။ ဆိုင်အတွင်းခင်းကျင်းထားပုံကလည်း ကော်ဖီဆိုင်နှင့်မတူပဲ အိမ်ဆန်ပါသည်။ ကော်ဖီအရသာခံ လာသောက်သူတွေရှိသလို အလုပ်ကိစ္စများတွက် အတွင်းပိုင်း အခန်းသီးသန့်ယူပြီးသောက်သူများလည်း ရှိပါသည်။ သူ့ဆိုင်က ကော်ဖီသည် တခွက်စာပင်ဖြစ်စေ မှာသူရှိမှ ကော်ဖီအမျိုးအစားအလိုက် လှော်ထားသည့်အစေ့များကိုကြိတ်ကာ ချက်ခြင်း ဖျော်ပေးသည့်ဆိုင်ဖြစ်ပါသည်။ ကော်ဖီအမျိုးအစား အမျိုးမျိုးရသော်လည်း ကျနော်က ဖို့တက်ဇ်ဇာ ဘလက်ခ်ကော်ဖီသာ သောက်ပါသည်။ ပထမတခွက်မှာလျှင် ၂ ဒေါ်လာပေးရသော်လည်း နောက်ခွက်များဆိုလျှင်တော့ ဆင့်ကိုးဆယ်သာတောင်းပါသည်။
ကျနော်ဆိုင်ထဲဝင် ကော်ဖီတခွက်မှာက တယောက်ထိုင်ဆိုဖာခုံပုတွင် တကိုယ်လုံးမြှုပ်ပြီး သက်သောင့်သက်သာထိုင်ရင်း ပတ်ဝန်းကျင်နှင့် အပြင်လမ်းမတွေဆီငေးနေတုန်း ကျနော့်ရှေ့ကလွတ်နေသေးသည့်ခုံတွင်အသက် ၈ ဆယ်ခန့် ကြုံကြုံလှီလှီ အဖိုးအိုတယောက်လာထိုင်၏၊ ထိုင်ထိုင်ချင်း ကော်ဖီပူပူကို တဖူးဖူးနှင့် မှုတ်မှုတ်သောက်၏။ လက်ဖဝါးနှစ်ဖက်ကို ဖြန့်ချည်ဆုပ်ချည်လုပ်၏။ လက်ဖဝါးချင်းပွတ်ပြီး လည်ပင်း တလျှောက် သပ်သပ်ချ၏။ မုတ်ဆိတ်ပါးသိုင်းတွေက မညီမညာနှင့် ကျိုးတိုးကျဲတဲ။ ရှေ၌ဘက်အောက်သွားတွေကလည်း မရှိ။ ဆံပင်လည်း နှင်းရည်တွေနှင့် စိုစိုရွှဲရွှဲပြားပြားကပ်ကပ်။ အဝတ်အစား အတော့်ကို နွမ်းဖတ်၏။ ဝေါကင်းရှူးအနှောင့်တွေက လှည်းနင်းသွားသည့်ဖားခြောက်လို အပြင်ဘက် ကားထွက်နေ၏။ ရွှံ့တွေပေကျံနေ၏။ ဂျင်း ဘောင်းဘီကလည်း အတော့်ကိုချောင်ကာ တွဲကျနေ၏။ ခါးပတ်ကလည်း မပါ။ ညစ်ညစ်ထေးထေး ပေပေကျကျံ။ ခါးအထက်ပိုင်းကျတော့လည်း သာမန်ရှပ်အင်္ကျီဟောင်းတထည်အပေါ်မှ ခတ်ပါးပါး ဂျက်ကက် အဟောင်းလေးတထည် ထပ်ဝတ်ထားတာက လွဲ၍ ဘာမှပါ။ အဝတ်စားတွေက ပါးလွှာရသည့်အထဲ ချေးတွေညှော်တွေနှင့်ဆိုတော့ ထိလိုက်လျှင်ပင် အေးစက်စက် စေးထန်းထန်းဖြစ်နေလောက်၏။
ခုက ဆောင်းတွင်းကြီး။ ဆောင်းတွင်းကြီးမှ ရေခဲမှတ်အောက် ၂ လောက် ကျနေချိန်ကြီး။ ဆိုင်ထဲ၌ အနွေးဓာတ်လွှတ်ထားသော်လည်း အပြင်တွင် ခဲနေအောင်အေးနေချိန်ကြီး။ လေကလည်း တဟူးဟူးနှင့် အသားပေါ်နေသည့်နေရာများအား အပ်ဖျားများနှင့်ဆွသည့်နှယ် တစစ်စစ်အေး၏။ သူ့ကိုယ်မှာ နှင်းတွေရွှဲနေပုံထောက်လျှင် သူ ကားနှင့် လာခဲ့မှန်းမဟုတ်ကြောင်းသိနိုင်၏။ “သည်လောက် အအေးတော နှင်းတောကြီးထဲ ဒီဘိုးတော် ဘယ်လိုနေခဲ့ပါလိမ့်။ ဒီရောက်အောင် ဘယ်လောက်လမ်းလျှောက်လာခဲ့ရလဲ။ သူ့မှာ အဖော်အလှော်တွေ မရှိဘူးလား။ သားသမီးကျောထောက်နောက်ခံ မရှိလိုဘူးလား။ ပင်စင်စား တွေလို အေးအေးလူလူ ဇိမ်လေးနဲ့မနေနိုင်ဘူးလား။ အိုးမဲ့အိမ်မဲ့လား။ ရာဇဝတ်မှုတခုခုကျုးလွန်ပြီး ခုမှ ထေင်ကလွှတ်လိုက်တဲ့လူလား။ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေသူလား။ မူးတော့ မူးနေပုံမပေါဘူး။ ကော်ဖီကြိုက်လွန်းလို့ လာသောက်တာလား။ ဗိုက်သိတ်ဆာနေလို့ များလား။ ခနနွေးလည်း မနည်းဘူးဆိုပြီး အအေးဝင်ခိုတာလား။ အအေးဝင်ခိုတာဆို စာကြည့်တိုက်တွေနဲ့ အများဆိုင်ရာအဆောက်အဦးတွေထဲ သွားခိုလည်းရတာပဲ။ ဘာလို့ ကော်ဖီဆိုင်ထဲ တကူးတက ဝင်လာရသလဲ။ ဂျာကင်အိပ်နှစ်ဘက်မှာ စာအုပ်တွေပါတော့ စာဖတ်ဝါသနာပါသူလား။ ဒါမှမဟုတ် တွေ့ရာကကောက်လာတာလား” စသည့်ဖြင့် ကျနော်တယောက်တည်း သောင်စဉ်ရေမရတွေးနေမိ၏။
ထိုအချိန်တွင် အဖိုးအိုက ကျောပေးထားရာမှ ကျနော့်ဘက် လှည့်လိုက်၏။ မျက်လုံးချင်းတိုက်ရိုက်ဆုံသွား၏။ ကျနော် မျက်စေ့လွှဲချိန် ရှောင်ချိန် မရလိုက်။ သူခိုးလူမိသလိုဖြစ်သွား၏။ သူက ကျနော့်ကို ပြာမွဲမွဲမျက်းလုံးအစုံဖြင့် ငေးငေးရီရီကြည့်နေ၏။ ကျနော်လည်း အသာအယာ အကဲခတ်သလို ပြန်ကြည့်မိ၏။ ထို့နောက် သူ့မျက်လုံးတွေက တဖြည်းဖြည်းချင်း အရောင်တောက်လာ၏။ ပက်ကြားအက်နေသည့်နှုတ်ခမ်း အစုံက အပြုံးနှင့် ပွင့်လာ၏။ ပြီးတော့ လူမမာ့လေသံအက်အက်ရှရှဖြင့် ဟဲလိုဟု အသံပြု၏။ ကျနော်လည်း ပြန်ပြုံးပြကာ ဟဲလို နေကောင်းလား ဟု နှုတ်ဆက်မိ၏။ ကောင်းပါတယ်၊ ကျေးဇူးပါ၊ မင်းရောဟုပြန်မေး၏။ ကောင်းကြောင်းပြန်ဖြေရင်းက ကျနော် အလိုလို မတ်တပ်ရပ်မိရက်သား ဖြစ်သွား၏။ သူ့စားပွဲနားရောက်သွား၏။ ထိုအချိန်ထိ သူရော ကျနော်ပါ အကြည့်များ မလွဲဖယ်မိကြသေး။ စူးစူးစိုက်စိုက်ကြီးတွေ မဟုတ်သော်လည်း မမှိတ်မသုန်တော့ တယောက်ကိုတယောက်ကြည့်လျှက်ရှိနေကြ၏။
ကျနော် သူ့စားပွဲဘေးရပ်မိတော့ သူက ထိုင်ရာမှထ၏။ နှုတ်ဆက်ဖို့ ပထပ ညာလက်ပေးပြီးမှ ဆောရီးဟုဆိုကာ ဘယ်လက်ကမ်းပေး၏။ ကျနော်က သူ့လက်ကိုဖမ်းဆုပ်လိုက်တော့ သူ့လက်တွေကရေခဲအလား အေးစက်နေတုန်းပင်။ “ငါ့နံမည်မျိုးပါ”ဟုပြောတော့ ငါ့နံမည် အီရစ်က်ပါဟု ခတ်တိုးတိုးပြောရင်း “တိုင်းပြည်အတွက်ပေးဆပ်ခဲ့ရာအတွက် ကျေးဇူးတင်ပါတယ် ဆြာ”ဟုဆိုချိန်တွင် သူ့မျက်နှာတွင် ဝမ်းနည်းရိပ်နှင့် ဂုဏ်ယူရိပ်များထင်းနေ၏။ သည်တော့မှ ကျနော်က “ငါက စစ်ပြန်တော့ စစ်ပြန်ပဲ၊ ဒါပေမယ့် အမေရိကန်စစ်ပြန်မဟုတ်ဘူး၊ ဗမာစစ်ပြန်ပါ။ ငါက ဗမာလူမျိုးပါ”ဆိုတော့ သူအံ့အားသင့်သလိုတချက်ဖြစ်သွားပြီး “အေးလေ ဘယ်စစ်သားဖြစ်ဖြစ် သူတို့တိုင်းပြည်အတွက် သူတို့လူမျိုးအတွက် သူတို့ဘဝတွေအသက်တွေ ခန္ဓာတွေပေးဆပ်ရတာပဲမဟုတ်လား၊ မင်းပြည်သူတွေကတော့ မင်းကိုလေးစားတန်ဖိုး ထားကြမှာပဲမဟုတ်လား”ဟုပြောက ပြန်ထိုင်၏။
သည်တော့မှ ကျနော်လည်း ဘေးက ကုလားထိုင်အလွတ်တလုံးဆွဲကာ သူနှင့်အတူထိုင်ရင်း အပြစ်ရှိသလို အားနာသလို စိတ်နည်းနည်း လှုပ်ခတ်နေပါသည်။ ခနနေပြီးစိတ်နည်းနည်းငြိမ်သွားမှ “စောစောက မင်းကိုငါ ကြည့်နေမိတာ စိတ်မဆိုးပါနဲ့နော်။ ငါမင်းကို ဝင်လာကတည်းက စိတ်ဝင်စားပြီးကြည့်နေမိတာ”ဟု တောင်းပန်စကားဆိုပါသည်။ “ရပါတယ်။ ကိစ္စမရှိပါဘူး၊ လူဆိုတာ တယောက််အကြာင်း တယောက်မသိရင် စိတ်ဝင်စားတတ်ကြတာပဲ၊ သိသွားတော့လည်း ဘာမှမဟုတ်တော့ဘူး၊ တခါတလေကျတော့လည်း မသိပဲနေတာက ပိုကောင်းပါတယ်၊ မင်းက ငါ့အကြောင်းသိချင်လို့လား”ဆို၍မေးပါသည်။ “မသိချင်ပါဘူး။ ငါ့ဟာငါစိတ်ထဲတွေးထားတဲ့အတိုင်းပဲ ကောင်းပါတယ်” ဟု ကျနော်က ရယ်ရယ် မောမောနှင့်ပြောတော့မှ သူကလည်း “အေးလေ မင်းသာမပြောရင် ငါလည်း မင်းကို အမေရိကန်စစ်ပြန်အနေနဲ့ပဲ လေးစားကျေးဇူးတင်နေမှာပဲ၊ ခု မဟုတ်ဘူးဆိုတာသိရတော့ စိတ်ခံစားမှုနည်းနည်းပြောင်းသွားတာပေါ့ကွာ၊ အမှန်က မသိပဲနေရမှာ” ဟုဆိုပါသည်။
ကျနော်လည်း စကားဖြတ်ချင်သည်နှင့် “မင်းကော်ဖီထပ်မှာမယ်ဆို ငါကော်ဖီဖိုးပေးပါရစေ”ဟု ကောင်းကောင်းမွန်မွန်ပြောလိုက်ပါသည်။ သူ့မျက်နှာတချက် လက်ကနဲဖြစ်သွားပြီး ကော်ဖီတော့ ထပ်မယူတော့ပါဘူး၊ ငါ အပြင်မှာ အေးလွန်းလို့ ခနဝင်ခိုတာ။ ခနနေပြန်မယ်၊ မင်း အဆင်ပြေရင်တော့ အဲ့ဒီတိုက်မယ့်ကော်ဖီဖိုး ငါ့ပေးပါလား၊ ဆေးလိပ်ဝယ်သောက်မယ်လေ”ဟုဆိုပါသည်၊ ထို့ကြောင့် ကျနော် ပိုက်ဆံ အနည်းငယ်ပေးပြီး ကိုယ့်ခုံကိုယ်ပြန်လာခဲ့ပါသည်။
သူပြောသလို လူသည် တခါတရံတွင် တယောက်အကြောင်းတယောက်မသိပဲနေတာက ပိုကောင်းသလားဟုတွေးနေမိပါသည်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀

0 comments:
Post a Comment