(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ)
ဗမာပြည်သည် ၁၈၂၄ ခုနှစ်မတိုင်မီက လွတ်လပ်သောပဒေသရာဇ်မြေရှင်စနစ်တိုင်းပြည် တပြညဖြစ်ခဲ့သည်။ ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင်မူ ဗမာတပြည်လုံးသည် လုံးဝကိုလိုနီနိုင်ငံဘဝသို့ သက်ဆင်းခဲ့ရသည်။
ထိုကာလအတွင်း ဗမာပြည်သူများ၏အရေးတော်ပုံတွင် အဓိကတောင်းဆိုချက်မှာ သူ့ကျွန်ဘဝမှလွတ်ေမြာက်ရေး၊ တနည်းအားဖြင့် ကိုလိုနီစနစ်ဖျက်သိမ်းရေးပင် ဖြစ်သည်။
ထိုအရေးတော်ပုံကို ၁၉ ရာစုကုန်ခါနီးနှင့် ကုန်ပြီးနောက်နှစ်တချို့အတွင်း ပဒေသရာဇ်မင်းညီမင်းသားများက ဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့ကြသည်။ မအောင်ခဲ့။ ၁၉၂၀-၂၁ ခုတွင် အထွတ်အထိပ်သို့ရောက်လာသော အမျိုးသားရေးလှုပ်ရှားမှုကြီးကို အမျိုးသားဓနရှင်များက ဦးဆောင်ဆင်နွှဲခဲ့ကြြပန်သည်။ ဤသည်လည်း မအောင်မြင်ခဲ့။ ထို့နောက် ၁၉၃၁ ခုနှစ် ဆရာစံလယ်သမားအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပြပန်သည်။ ရှူံးနိမ့်သွားရသည်။ ပြီးတော့ ၁၃၀၀ အရေးတော်ပုံ၊ ဓနရှင်ပေါက်စများ၊ တော်လှန်သည့်ဒီမိုကရက်များ ဦးဆောင်ဆင်နွှဲခဲ့သည်။ အောင်မြင်မှုပန်းတိုင်မရောက်ခဲ့ချေ။
သမိုင်းဖြစ်ရပ်များက ပြည်သူတိုပဘဝလွတ်မြောက်ရေးအတွက် လူတန်းစားသစ်တရပ်က ဦးဆောင်ရန်လိုအပ်ကြောင်း တောင်းဆိုလာသည်။ သို့ဖြင့် ၁၉၃၉ ခုတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာခြင်းြဖစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နောက်တွင်မူ ပြပည်သူလူထုကြီး၏ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ လုံးဝလွတ်လပ်ရေးတိုက်ပွဲမှာ အရှိန်အဟုန်ကြီးမြင့်လာခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးထဲတွင် ဆေးသားတင်ပြီး လူထုကြီး၏ အသိအမှတ်ပြုမှုကိုရရှိခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဤ လှုပ်ရှားမှုကြီးတလျှောက်လုံးတွင် ထင်ရှားခဲ့သည်။ အမြောက်တင်သဘ်ောဖြင့် ဝိုင်းပတ်ချိတ်ဆက်ခဲ့သော ကမ္ဘာအရပ်ရပ်ရှိ ကိုလိုနီသံကြိုးများ ဆွေးမြေ့နေလေပြီ။ မုချပင် ပြတ်တောက်ရတော့မည်။
ဗမာပြည်တွင်လည်း အင်ဂလိပ်နယ်ချဲ့သမားအနေဖြင့် ဤကံကြမ္မာကို ဘ,်သို့ရှောင်လွှဲနိုင်ပါမည်နည်း။ ဤတွင် နယ်ချဲ့သမားများသည် ကိုလိနီပြုထားသောနိုင်ငံများအား ရေရှည်သွေးစုပ်သွားနိုင်ရေး၊ ကမ္ဘာ့အရင်းရှင်စနစ်ကြီး၏ အခြေခံအုတ်မြစ်များ မယိမ်းယိုင်စေရေးတို့အတွက် နည်းလမ်းရှာရတော့သည်။ သူတို့သည် သူတို့၏အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းပေးနိုင်မည့်လူများကို ရှာဖွေစေ့စပ်ကာ ၎င်းတို့လက်ထဲသို့ လွတ်လပ်ရေးဆိုသည့် နိုင်ငံရေးအာဏာကို လွှဲပေးလိုက်ကြသည်။
သို့ဖြင့် ဗမာပြည်သည် ကိုလိုနီနိုင်ငံအဖြစ်မှ ကိုလိုနီတပိုင်းနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ဗမာပြည်လူဦးရေအများစုမှာ ကြွင်းကျန်နေသေးသော ပဒေသရာဖ်မြေရှင်စနစ်၏ သွေးစုပ်မှုကိုလည်း ခံနေရသေးသည်။ လယ်ယာထုတ်လုပ်မှုအဓိကဖြစ်နေသောနိုင်ငံတခုအဖို့ ဤသွေးစုပ်မှုကို လျှော့တွက်၍မရ။
ထို့ကြောင့် ဗမာပြည်လူ့အဖွဲ့အစည်းသည် လက္ခဏာအရ ကိုလိုနီတပိုင်း။ ပဒေသရာဇ်တပိုင်းနိုင်ငံအဇဖစ်သို့ ပြောင်းလဲလာတော့သည်။ သို့ဆိုပါက အဂ်လိပ်နယ်ချဲ့သမားနှင့်စေ့စပ်ပြီး(လွတ်လပ်ရေး)ရယူခဲ့ကြသော ဗမာပြည်ဓနရှင်လူတန်းစားသည် နယ်ချဲ့စနစ်။ ပဒေသရာဇ်စနစ်ကို ကုန်စင်အောင် တိုက်ခိုက်နိုင်ခဲ့ပါသလော။
ဤတွင် သတိမူသင့်သည်မှာ မေလ ၄ ရက်နေ့ အရေးတော်ပုံဆောင်းပါးထဲတွင် မော်စီတုန်းရေးခဲ့သလို ပြည်ပနယ်ချဲ့အင်အားစုများနှင့် ပြည်တွင်းပဒေသရာဇ်အင်အားစုတို့ကို အခြေခံအားဖြင့်တွန်းလှန်ပစ်ပြီး အမှီအခိုကင်းသည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မှသာလျှင် ဓနရှင်ဒီမိုကရေစီတော်လှန်ရေးအောင်မြင်သည်ဟု ဆိုနိုင်ပေလိမ့်မည်။
(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ....မှ ကောက်နှုတ်၍ စာရိုက်တင်ခြင်းဖြစ်ပါသည်။ တွေးစရာအစာ Food for Thoughts ဖြစ်သည်ဆိုလျှင် မဆိုးပါ)
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀

0 comments:
Post a Comment