(သူ့အတွေးနဲ့သူ)
မနက်က ယောက်ဖအကြီး မာ့ခ်က ဖုန်းဆက်တယ်။ သာကြောင်းမာကြောင်းပြောရင်း သူ လုပ်ငန်းခွင်မှာ ထိခိုက်တာအတွက် လျော်ကြေးကိစ္စက ပြီးပြတ်သွားပြီတဲ့။ သူမျှော်လင့်ထားသလောက်ရတာမို့ ဘယ်မှဆက်တက်စရာမလိုတော့ဘူးတဲ့။ ညနေကျ ဘီယာသောက်မတဲ့၊ မသောက်ဖြစ်တာ လချီနေပြီတဲ့။ စိတ်အေးလက်အေးဖြစ်သွားပုံပါပဲ။
မနက်က ယောက်ဖအကြီး မာ့ခ်က ဖုန်းဆက်တယ်။ သာကြောင်းမာကြောင်းပြောရင်း သူ လုပ်ငန်းခွင်မှာ ထိခိုက်တာအတွက် လျော်ကြေးကိစ္စက ပြီးပြတ်သွားပြီတဲ့။ သူမျှော်လင့်ထားသလောက်ရတာမို့ ဘယ်မှဆက်တက်စရာမလိုတော့ဘူးတဲ့။ ညနေကျ ဘီယာသောက်မတဲ့၊ မသောက်ဖြစ်တာ လချီနေပြီတဲ့။ စိတ်အေးလက်အေးဖြစ်သွားပုံပါပဲ။
သူက ကိုယ်ပိုင် ၁၈ ဘီး ကားကြီးကို ကုန်စည်သယ်ယူပို့ဆောင်ရေး
ကုမ္ပဏီတခုထဲထည့်ထားပြီး သူ့ကားသူပြန်မောင်းနေတဲ့ ထရပ်ဒရိုင်ဗာတယောက်ပါ။
ကိုယ့်ကားထည့်ထားတာအတွက် ကုမ္ပဏီကနေ ငှားခရပြီး ကိုယ်တိုင်ပြန်မောင်းတော့
ဒရိုင်ဗာကြေးပါရတာမို့ နေရေးထိုင်ရေး ချောင်လည်တယ်ဆိုပါတော့။ ဒါ့အပြင်
ဇနီးနဲ့သမီးကလည်း အလုပ်ကိုယ်စီနဲ့ဆိုတော့ ပူပန်ကြောင့်ကြနည်းပါတယ်။
နဂိုကမှ ဘဝကိုခတ်ပျော်ပျော် ပေါ့ပေါ့ပါ့ပါးပါးဖြတ်သူ ဖြစ်ရတဲ့အထဲ
ကြောင့်ကြစရာကလည်းမရှိတော့ ပြီးပြီပေါ့သူ့ဘဝက။
အေးဆေးပေါ့လို့ဆိုရမယ်ထင်ပါတယ်။ ငါသေရင် ငါ့နောက်ပါမှာဆိုလို့
ဒါလေးဘဲရှိတယ်ပြောပြီး ထိုးလိုက်တဲ့တက်တူးတွေကလည်း မျက်နှာ လည်ပင်း
လက်ကောက်ဝတ်အောက် ဒူးဆစ်အောက်ပဲ လွတ်တယ်ထင်ပါတယ်။ ပြွတ်သိပ်ပြီး ပုံမကျ
ပန်းမကျတွေလည်းမဟုတ် အရောင်စုံတာလည်းဖြစ် လူကလည်းအဖြူ
အရပ်အမောင်းကလည်းကောင်း ကိုယ်လုံးလည်းထွားကြိုင်း ကြွက်သားနဲ့ဗလနဲ့ဆိုတော့
သူ့ဟာနဲ့သူတော့ ကြည့်ကောင်းနေတာပါ။
ယောက်ဖနှစ်ယောက်အနက် ဒီတယောက်က ကျနော်နဲ့
ပိုအလွမ်းသင့်တယ်ဆိုရမယ်ထင်ပါတယ်။ သူကလည်း ကျနော့်လို ဘဝ
ခတ်စုံစုံဖြတ်ခဲ့သူပါ။ စစ်ထဲလည်း ၄ နှစ်လိုက်ခဲ့သူပါ။ ငယ်ငယ်ကတော့ အတော်လေး
ပေပေတေတေနိုင်လို့ ကောလိပ်တောင် ပီးပါ့မလားလို့ မိဘတွေက ပူရပန်ရတဲ့လူပါ။
လမ်းဘေးရန်ပွဲတွေ ရည်းစားလုပွဲတွေ ချိန်းရိုက်ကြတာတွေနဲ့ အဖမ်းအဆီး
အချုပ်အနှောင်လည်း ၅ ကြိမ်လောက်ခံရဖူးပါတယ်။ အဲ့ကောင်ဖမ်းခံရတိုင်း
ငါတော်တော်စိတ်ညစ်တယ်၊ ရှက်လည်းရှက်တယ် မရိမ်းစစ်သားတယောက်ရဲ့သားက
အချိန်ပြည့်ဆေးခြောက်ရှု အရက်သောက် ဘီယာသောက် ရန်ဖြစ် ကားတိုက်
ချိန်းရိုက်နဲ့ ကလေကချေလိုနေတာကွာဆိုပြီး မရိမ်းစစ်အင်ဂျင်နီယာအရာခံဟောင်း
ဖခင်ဖြစ်သူက တခါသား ဘီယာလေးထွေထွေနဲ့ သူ့သားကြီး မာ့ခ်အကြောင်း
ကျနော့်ပြောဖူးပါတယ်။
အထက်တန်းကျောင်းသားဘဝမှာ ဆေးခြေက်ရှူတယ်၊ ဂစ်တာတီးတယ်၊ ဆံပင်ရှည်ထားတယ်၊
ထင်သလိုနေတယ်၊ ရတဲ့အလုပ်လုပ် ဖြစ်သလိုစားဖြစ်သလိုနေပြီး ကိုးကုန်းကိုးကျင်း
လျှောက်သွားနေတဲ့ကောင် ကျောင်းပိတ်ချိန် ဘယ်တော့မှ အိမ်မကပ်တဲ့ကောင်လို့
သူ့အမေက တခါပြောဖူးပါတယ်။
တို့ခေတ်က ဟစ်ပီခေတ်ကွ၊ အမေရိကန်မှာ
လွတ်လပ်မှုမျိုးစုံအတွက် ဗောင်းလန်အောင် အရေးဆိုတိုက်ပွဲဝင်နေရတဲ့ခေတ်ကွ၊
ဗီနမ်စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ဆေးခြောက်မူးမူးနဲ့
ငြိမ်းချမ်းရေးတေးတွေသီကျူးခဲ့ကြတာကွ၊ POLITICS IS PERSONAL
ကိုဟစ်ကြွေးပြီး စစ်လိုလားတဲ့ နိုင်ငံရေးသမားတွေကို မြေလှန်ကြတဲ့ခေတ်ကွ၊
ဗီယက်နမ်မှာ စစ်ရှူံးတာ အမေရိကန်တယောက်အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့ကွာ၊
ရှက်လည်း ရှက်တာပေါ့၊ ဒါပေမယ့် ကိုယ်နဲ့ မိုင် သိန်းသောင်းချီဝေးပြီး
ကိုယ့်လည်း ဘာအန္တရာယ်မှမပေး ဘာခြိမ်းခြောက်မှုမှလည်းမပြုတဲ့
နိုင်ငံပိစိကွေးလေးကို ဗုံးတွေကြဲ ရွာလုံးကျွတ်သတ်ဖြတ် အဲ့ဒါတွေကတော့
မကောင်းဘူးကွ။၊ အဲ့ဒါစစ်ဖြစ်တာမှမဟုတ်တာ၊ သူများကို
စစ်သွားတိုက်တာကွဆိုပြီး အသံသြသြကြီးနဲ့ မေးကြောတွေထောင်အောင်ပြောတဲ့သူပါ။
မင်းကွာ ငါနဲ့ အဲ့အချိန်က ကားချင်းယှဉ်တိုက်ရဲတဲ့ကောင် တကောင်မှကိုမရှိတာ၊
လာတိုက်လေ ငါလည်း ဘာဖြစ်ဖြစ်ပဲ၊ သူလည်း အဖြစ်ခံနိုင် ချကြတာပေါ့ကွာ၊
ဟေ့ကောင် ကားချင်း တည်တိုက်တယ်ဆိုတာ ကားကိုသမြောနေဖို့မလိုတာ မဟုတ်ဘူးဟ၊
ကားလည်း သမြောရတယ်၊ ကိုယ့်ကိုယ်ကိုယ် သမြောမနေမှလည်း ရတာဟ၊ ကားက
ပြန်အလုပ်လုပ် ပိုက်ဆံပြန်ရှာ၊ ပြန်ဝယ် ရတာပဲကွာ၊ တခါတိုက်တိုင်း
ကားအာမခံကြေးက တခါတက်တက်သွားပေမယ့် အလုပ်ရှိ ပေးနိုင်တာပဲလေ၊ အသက်က
တခါသေသွားရင်ပြီးပြီ၊ ပြန်မှမရတော့တာ၊ ဒီတော့ ကားချင်းတည်တိုက်မလားမေးရင်
မင်းအသားလွတ်ကြီး သေရဲလားမေးတာပဲကွ၊ အသက်ချင်းထပ် စိန်ခေါ်တာပဲ၊
သေနိုင်တယ်ဆိုချပေါ့၊ မသေနိုင်သေးရင် အသာလေးနေလိုက်ရုံပဲ၊ ငါကတော့မရဘူး
မောင်။ တခါများ ချထည့်လိုက်တာ အဲ့ကောင် ခုထိ ဝှီးချဲနဲ့သွားနေရတုန်း၊ ငါးက
ခါးဆစ်အက်သွားတာ ခုထိနာတုန်းလို့ သူကိုယ်တိုင်ပြောဖူးပါတယ်။
ခုရော ဘယ့်နှယ်တုန်း ထရပ်ကားကြီးတွေ ဆိုင်တိုက်ကြေးစိန်ခေါ်သေးလားဆိုတော့
တော်ပါတော့ကွာ၊ အဲ့ဒါတွေတော်လောက်ပါပြီ၊ ခုများ ကိုယ်ကတိုက်ဖို့မပြောနဲ့
ကိုယ့်လာပြီး သူများက မတော်တဆတိုက်မိမှာတောင်လန့်နေပြီလို့
ရယ်ရယ်မောမောနဲ့ပြန်ပြောဖူးတဲ့လူပါ။
အဲ့ဒါမနက်က ဖုန်းဆက်ရင်း စကားစဖြတ်ခါနီးတော့ ကျနော်က မာ့ခ် မင်းက
တက္ကသိုလ်မှမရောက်ခဲ့တာ၊ တက္ကသိုလ်မရှိတော့ ခုနေ တက္ကသိုလ်ဘွဲ့တခုခု
ရမယ်ကွာ သိတ်လည်းမခက်ဘူးဆိုဘယ့်နှယ်လဲ တက်မလားဆိုတော့
အတော်စိတ်ဝင်စားသွားပြီး ဟေဟုတ်လား၊ အသက်ကြီးမှ ဖြစ်ပါ့မလား၊ ဘာဘွဲ့လဲ၊
ဘာမေဂျာလဲ၊ ဘယ်မှာလဲဆိုပြီး ဆက်တိုက်မေးတော့ ကျနော့်ဇနီးက
ကျနော့်လက်ထဲကဖုန်းကို လှမ်းယူပြီး မာ့ခ် နင်တို့
ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က ဆေးခြောက်မေဂျာနဲ့ ဘွဲ့ပေးနေပြီး
မျိုးမြင့်က အဲ့ဒါပြောနေတာ နင်သိလားဆိုတော့ ဟားဟား ဟားဟားရယ်သံကြီးနဲ့
တော်ပါတော့ဟာ ဒီဆေးခြောက်နဲ့ဘွဲ့ပေးတမ်းဆို ငါ့ကို ခုနေ
ဒေါက်ထရစ်တောင်ပေးလို့ရတယ်၊ ငါတို့က ဆေးခြောက်ကောင်းမှန်း ဟိုးလွန်ခဲ့တဲ့
နှစ် ၅ ဆယ်လောက်ကတည်းကသိတာ၊ ခုမှ ဆေးခြောက်ကောင်းမှန်းသိတဲ့ အဲ့လောက်
သောက်သုံးမကျတဲ့အစိုးရ ဘွဲ့ပေးတာလောက်မဟုတ်ဘူး တိုင်းပြည်ကို
ဝန်ချတောင်းပန်ဖို့တောင် ကောင်းတယ်လို့ပြောပြီး ဖုန်းချသွားလေရဲ့။
မျိုးမြင့်ချို
ေဖေဖာ္ဝါရီ ၁၁၊ ၂ဝ၁၀၊
0 comments:
Post a Comment