(ရေချိန်အလိုက် ဖော်ပြချက်)
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အမြင်အမျိုးမျိုး ခံစားချက်အမျိုးမျိုး အသိညာဏ်ရေချိန်အမျိးမျိုးနဲ့ ရေးကြပြောကြတာတွေဖတ်ရပါတယ်။ တချို့ဟာတွေဖတ်ရင်း စိတ်မသက်မသာဖြစ်ရပြီး တချို့ကျ စိတ်မကောင်းဖြစ်ရပါတယ်။ လူ့နှလုံးသားဟာ ဒီလောက်တောင် ခက်ထန်လှချည်ရဲ့လို့ သြချရတဲ့ဟာတွေတောင် ပါပါတယ်။ ကာတွန်းတခုဆို ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေပြင်ဆင်ထားလြ....ဖဲထုပ်တွေဝယ်ထားတယ်ဆိုပြီးကို ရေးတာပါ။ အဲ့သလိုမျိုး ပြောဖို့ရေးဖို့မပြောနဲ့ တွေးတောင် မတွေးကောင်း မတွေးကောင်း မတွေးအပ်ဘူးထင်ပါတယ်။ ဗမာပြည်ဟာ တရုတ်ပြည်နဲ့ နယ်စပ်ချင်း မိုင် ၂ ထောင်လောက်ထိစပ်နေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးတွေ အသွားအလာအကူးအလူးတွေလည်း အင်မတန်ထူပြောပါတယ်။ တိုင်းပြည်ဟာ စစ်အုပ်စုနှိပ်စက်လို့ လူလုံးမလှဖြစ်နေတာပါ။ အရာရာမှာ ပတ်ဝန်းကျင်နိုင်ငံတွေထက် အောက်ကျနောက်ကျ မျက်နှာငယ်နေရတာပါ။ အမျိုးဂုဏ် ဇာတိဂုဏ်ဘာညာနဲ့ ဇာတိပုညဂုဏ်မာနတွေလုပ်နေကြတာကလည်း အငုံ့စိတ်တွေ သိမ်ငယ်စိတ်တွေကနေ ပြောင်းပြန် ပြန်ထကြွလာတဲ့စိတ်ရူးပေါက်မှူတခုပါ။ အလွဲမာနတောင် မဟုတ်ပါဘူး။ တက်လာတဲ့အစိုးရကလည်း စစ်အာဏာစစ်သြဇာအောက်ကနေ မရှိမာနနဲ့ ဂုဏ်ခံပြရုံလောက်ပါ။ စစ်ရေးအသုံးစရိတ်တောင်းချင်တိုင်း တောင်းခံသုံးစွဲနေတာကို တားမြစ်နိုင်ဖို့ဝေးစွ ဘယ်လိုသုံး ဘယ်လောက်သုံး ဘယ်လောက်ကျန် စတာတွေကို စာရင်းစစ်ဖို့နေနေသာသာ စာရင်းလေးတောင် တောင်းခံကြည့်ခွင့်မရှိပါဘူး။ စစ်စရိတ်သာ ဘတ်ဂျတ်ထဲကနေမတန်တဆပေးနေရပေမယ့် ပညာရေးနဲ့ကျန်းမာရေးအသုံးစားရိတ်တွေမှာတော့စတိလောက် ယတြာချေရုံသုံးနေရတဲ့သဘောလောက်ပဲရှိတာပါ။ တကယ်လို့ ကူးစက်ရောဂါကြီးတွေ ကပ်ရောဂါကြီးတွေ ပြည်တွင်းကနေဖြစ်လာလို့ပဲဖြစ်ဖြစ် ပြည်ပနိုင်ငံတွေကနေ ကူးစက်လာလို့ပဲဖြစ်ဖြစ် ဖြစ်လာပဟေ့ဆို အလူးအလိမ့်ခံရမှာပါ။ သောက်သောက်လဲ သေကြေပျက်စီးကြရမှာပါ။ ဆင်းရဲချမ်းသာမရွေးခံရတာချင်းတူဦးတောင် တောသူတောင်သားတွေ လူဆင်းရဲ မျက်နှာမွဲတွေက ပိုခံရမှာပါ။ ကမ္ဘာပေါ်မှာပေါ်ခဲ့တဲ့ ပေါ်နေတဲ့ တချို့တချို့သော ကာကွယ်ဆေးကုသဆေးတွေဟာ ခုထိ လူဆင်းရဲအတွက် မဖြစ်သေးတာလည်း လူတိုင်းအသိပါ။ ခုနေ ကိုရိုနာေိုင်းရပ်စ် ဗမာပြည်ရောက်လာရင် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အစိုးရယန္တယားတွေ၊ စစ်တပ် ရဲ စတာတွေနဲ့တင် ခုခံတိုက်ဖျက်ဖို့လုံလောက်ပါ့မလားကလည်း စဉ်းစားစရာပါ။ လူထုလှူပ်ရှားမှူအသွင် ဖြစ်လာအောင်ကို လှုံ့ဆော်ပြီးကိုလုပ်မှရမယ် ထင်ပါတယ်။ စာမတတ်သူပပျောက်ရေးကို ဗိုလ်နေဝင်းက ဆိုရှယ်လစ်မျက်နှာဖုံးအတွက် ဟန်ပြလောက်လုပ်ခဲ့ပေမယ့် အဲ့အချိန်က အလွှာအသီးသီးကလူတွေ ပညာရှင်တွေ အနုပညာရှင်တွေအကုန်ပေါင်းပြီတွန်းတင်ကြလို့ လူထုလှူပ်ရှားမှူကြီးအထိဖြစ်သွားတာပါ။ ခုလည်း ကိုရိုနာမှမဟုတ် တခြားကူးစက်ရောဂါတွေ ပြည်တွင်းကဖြစ်ဖြစ် ပြည်ပတနိုင်ငံငံကကူးစက်လာတာဖြစ်ဖြစ် လူထုအားကိုယူပြီး လူထုနည်း လူထုလှူပ်ရှားမှူကြီးဖြစ်အောင် လဲံ့ဆော်ပြီး အတူတကွရင်ဆိုင်တိုက်ဖျက်တွန်းလှန်ကြဖို့လိုမယ်လို့ တွေးမိပါတယ်။
မျိုးမြင့်ချို၊ ဇန်နဝါရီ ၃ဝ၊ ၂ဝ၂ဝ

0 comments:
Post a Comment