(လူပေါင်စာချုပ်များ) စတုတ္ထပိုင်း
စာချုပ်စဉ်က ကျွန်အဖြစ်သွင်းထားသူသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိ၊ မခိုမကပ် ကျွန်ခံစေပါမည်ဟု အာမခံထားသော်လည်း ထွက်ပြေး တိမ်းရှောင်ကြသည်ကို ရံဖန်ရံခါတွေ့ရပါသည်။ ထွက်ပြေးသူများသည် အမျိုးသားကျွန်များဖြစ်ပြီး ပြန်မိလျှင်လည်း အကြိမ်ကြိမ်ထွက်ပြေး တတ်ပါသည်။ ထွက်ပြေးသည့်ကျွန်ကို ပြန်လည်ဖမ်းဆီးရမိလျှင် ချုပ်နှောင်၍ ပေါင်ကြေးငွေကိုတောင်းပါသည်။ မပေးဆပ်နိုင်ပါက ဆွေမျိုးများကေ ပးဆပ်ပါမည်ဟု အာမခံရပါသည်။ ထွက်ပြေးသည့်ကျွန် မဖမ်းမိပါက အာမခံသူကိုဖမ်းဆီးချုပ်နှောင်၍ ကျွန်၏ပေါင်ကြေးငွေကို တောင်းပါသည်။ မပေးနိုင်ပါက ကျွန်အစားပေးသွင်းရပါသည်။
စာချုပ်စဉ်က ကျွန်အဖြစ်သွင်းထားသူသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိ၊ မခိုမကပ် ကျွန်ခံစေပါမည်ဟု အာမခံထားသော်လည်း ထွက်ပြေး တိမ်းရှောင်ကြသည်ကို ရံဖန်ရံခါတွေ့ရပါသည်။ ထွက်ပြေးသူများသည် အမျိုးသားကျွန်များဖြစ်ပြီး ပြန်မိလျှင်လည်း အကြိမ်ကြိမ်ထွက်ပြေး တတ်ပါသည်။ ထွက်ပြေးသည့်ကျွန်ကို ပြန်လည်ဖမ်းဆီးရမိလျှင် ချုပ်နှောင်၍ ပေါင်ကြေးငွေကိုတောင်းပါသည်။ မပေးဆပ်နိုင်ပါက ဆွေမျိုးများကေ ပးဆပ်ပါမည်ဟု အာမခံရပါသည်။ ထွက်ပြေးသည့်ကျွန် မဖမ်းမိပါက အာမခံသူကိုဖမ်းဆီးချုပ်နှောင်၍ ကျွန်၏ပေါင်ကြေးငွေကို တောင်းပါသည်။ မပေးနိုင်ပါက ကျွန်အစားပေးသွင်းရပါသည်။
နမူနာပြရပါလျှင် ၇ စက်တင်ဘာ၊ ၁၈၅၇ တွင် ငရှမ်းပေါနှင့်ဇနီး မိမင်းသီတို့
ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ကိုယ့်ကိုယ်ကိုယ် ၆ဝိ နှင့် ပေါင်ပါသည်။ သို့သော်
ငရှမ်းပေါသည် အစေမခံဘဲ အကြိမ်ကြိမ်ထွက်ပြေးသဖြင့် ငရှမ်းပေါမိခင်
မိမင်းယဉ်၊ နှမ မိချမ်းပုံနှင့် ညီ ငတေတို့က ငရှမ်းပေါကိုဖမ်းဆီး၍
ဘဏ္ဍာစိုးစာရေးကြီးထံအပ်နှံကာ ဆုံးမစေခိုင်းရန်၊ နောင် အစေမခံဘဲ
ထွက်ပြေးတိမ်းရှောင် ဆိုးသွမ်းခဲ့လျှင် ငရှမ်းပေါကို
ကိုယ်ဖိုးငွေ(ပေါင်ကြေး) ၆ဝိ အပြင် ထွက်ပြေး၍ရှာဖွေရာတွင်ကုန်ကျသည့်စရိတ်
၁၅ိ၊ စုစုပေါင်း ၇၅ိ နှင့် ငရှမ်းပေါအမိ မိမင်းယဉ်နှင့် နှမ
မိချမ်းပုံတို့က ငရှမ်းပေါကိုယ်စား ကျွန်ခံပါမည်ဟု အာမခံသည်။
ငရှမ်းပေါနှင့်ဇနီး မိမင်းသီတို့ထွက်ပြေးပြန်သဖြင့်
ဘဏ္ဍာစိုးစာရေးတော်ကြီးက လွှတ်တော်သို့တိုင်တန်းရာ အာမခံသည့်
ငရှမ်းပေါ၏မိခင် မိမင်းယဉ်ကို မြိ့ုသစ်တန်းတွင်ချုပ်နှောင်၍
ငရှမ်းပေါ၏ပေါင်ကြေးငွေ ၇၅ိ ကိုတောင်းပါသည်။ ထိုအခါ မိမင်းယဉ်၏သားငယ်
ငရှမ်းပေါ၏ညီ ငတေက ငရှမ်းပေါ၏ပေါင်ကြေးငွေ မပေးဆပ်နိုင်မီ
ကျွန်ခံပါမည်ဟုအာမခံ၍ လွှတ်တော်တွင် ထိုအမှုကိုစီရင်သည့်စာရေးကြီး
ဦးကြယ်ထံမှ မိမင်းယဉ်ကိုနှုတ်ယူသည်။ အာမခံသည့်အတိုင်း ငတေက
ငရှမ်းပေါ၏ပေါင်ကြေးငွေ ၇၅ိ နှင့် ငရှမ်းပေါကိုယ်စား ဘဏ္ဍာစိုးစာရေးကြီးထံ
ကျွန်ခံပါသည်။ သြဂုတ် တွင် ငတေထွက်ပြေးကြောင်း စာချုပ်တွင်မှတ်သားထားသည်ကို
တွေ့ရပါသည်။
ဆွေမျိုးမတော်စပ်သော်လည်း ထွက်ပြေးလာသည့်ကျွန်ကို
ခင်မင်မှုကြောင့်လက်ခံမိသဖြင့် အာမခံလိုက်ရသည်လည်းရှိပါသည်။ ၂၉ မေ၊ ၁၈၆၁
တွင် သူကောင်းမ မခိုင်၏ကျွန် ငသက်ရှည်သည် အစေမခံဘဲထွက်ပြေးသဖြင့်
လိုက်ရှာသည့်အခါ သမုန်းကုန်းရွာနေ ငလှောက်၏အိမ်တွင်
ငသက်ရှည်နေထိုင်သည်ကိုတွေ့ရှိရသဖြင့် ငလှောက်က သူကောင်းမ မခိုင်အား
ငသက်ရှည် နောက်တကြိမ် အစေမခံထွက်ပြေးပါက ငလှောက်တို့ဇနီးမောင်နှံက
ငသက်ရှည်၏ပေါင်ကြေးကိုပေးပါမည်ဟု အာမခံရပါသည်။
လူပေါင်စာချုပ်များတွင် ငွေရှင်၏အမည်ကိုဖော်ပြရာနှိုက်
ရှိသမျှဂုဏ်ပုဒ်ကိုဖော်ထုတ်ရေးသားလေ့ ရှိပါသည်။ ဥပမာ- ရွှေကူကြီးဘုရားတကာ၊
ကျောင်းတကာ၊ စောင်းတန်းတကာ၊ ပလ္လင်တကာ၊ ပြသဒ်ကြီးတကာ၊ ထီးတကာ စသည်ဖြင့်
အမည်ရှေ့တွင် ထည့်ရေးလေ့ရှိပါသည်။
လူပေါင်စာချုပ်များအရ ထိုခေတ်ကသုံးသော ငွေအမျိုးအစားများသည် ငွေမွှေး၊
ရွက်နီ၊ ဘော်တို့ဖြစ်ပြီး ငွေကိုချိန်ပေးရာနှိုက် ကရဝိတ်အလေး၊ ဃိုင်ပါအလေး၊
ဃိုင်ပါစင်္ကြာအလေး၊ နန်းဦးအလေး၊ မင်းသားရုပ်အလေး၊
ဟင်္သာအလေးတို့ဖြင့်ချိန်ပေးကြောင်းတွေ့ရပါသည်။
(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ
အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင်
ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။
ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့
အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။
ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက
စတုတ္ထပိုင်းပါ။ နိဂုံးချုပ်ပိုင်းကို ညကျမှ(ကျနော့်ဆီက ည)
ဆက်ပြီးရိုက်တင်ပေးပါမယ်ဗျား။မျိုးမြင့်ချို)
0 comments:
Post a Comment