
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၃ဝ) ၉ လပိုင်း ၂၈ ရက်၂ဝ၁၁ ခုနေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီးရဲ့မီးလျှံတွေအောက်မှာ ကျနော်တို့လည်းလူထုနဲ့ အတူပါနေခဲ့ပါတယ်။ လောကမှာ ဘယ်အရာမဆိုအသွားနှစ်ဘက်ရှိစမြဲ၊ အလင်းအမှောင်ရှိစမြဲပါ။ လွတ်မြောက်ရေးအတွက် နှလုံးရည်နဲ့တိုက်ကြရတဲ့ ၈၈ အရေးတော်ပုံကြီးမှာလည်း ဒီသဘောတွေမကင်းခဲ့ပါဘူး။ အဲသလို မကင်း ခဲ့လို့ဒီအရေးတော်ပုံကြီးရဲ့တန်ဖိုးကိုလျှော့ချပစ်လို့မရပါဘူး။ ဘယ်လူ့အဖွဲ့ အစည်းမှာမဆို လူထုဆန္ဒပြလှုပ်ရှားမှုနဲ့အကြမ်းဖက်မှုတွေကြား ခြားထားတဲ့နံရံဟာပါးပါးလေးပဲရှိတာပါ၊...