Wednesday, September 21, 2011

လရောင်အောက်က တောခွေးများ(သစ်ကောင်းအိမ်)

0 comments

လရောင်အောက်က တောခွေးများ
September 21, 2011 at 3:32am
လရောင်အောက်က
တောခွေးများ
အိမ်ပေါက်စေ့ မုန်ညင်းစေ့ရှာသလို
ပြက္ခဒိန်ထဲ
သေနတ်တချက်မှမပေါက်ဖူးတဲ့နေ့ရက်တရက်ကို
အိပ်မက်ရင်းနဲ့လိုက်ရှာ

ကြာလာတော့
ကိုယ့်အနာဖေးကိုယ်ထိုင်ခွာနေရတာကိုပဲ
အရသာတခုလိုဖြစ်လာ
ဒဏ်ရာကင်းမဲ့တဲ့သူရဲကောင်းဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်လို့အဆိုရှိလေရာ

မနက်တုံးဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့

အချစ်ဆုံးရေ
စစ်ရှုံးတာလည်း
နှစ်သုံးဆယ်မပြည့်သေးပါဘူး

နွားရိုင်းသွင်းချိန်လည်းဆုံးပြီ
ညီအကိုလုံးလုံးမသိတော့ဘူး….

လရောင်နဲ့ထောင်ဖမ်းဖို့
သားရဲတွင်းနှုတ်ခမ်းဝမှာ
လမင်းဟာ ဓားရိုးကမ်းလို့…..                  

သစ်ကောင်းအိမ်
(၀၉ ၁၈ ၊၂၀၁၁)

(မောက္ခတွင်ဖော်ပြပြီး...)

0 comments:

Post a Comment