Sunday, September 18, 2011

""လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံး ထောင်ထားသလို လုပ်ထားတာ"

0 comments
ဦးမြင့်နဲ့ဟိုဝါးဒူးဝါးဇော်ဂန်
(မိုးမခဝက်ဘ်ဆိုက်ကနေကူးယူဖော်ပြပါသည်) ကချင်ခေါင်းဆောင်ပြောပြသည့် မြစ် ဆုံရေကာတာ စီမံကိန်းအကြောင်း။ စက်တင်ဘာ ၁၇၊ ၂၀၁၁
 သမ္မတအကြံပေးအရာရှိတဦးဖြစ်သူ ဦးမြင့်က စာနယ်ဇင်းဌာနတချို့ကို စက်တင်ဘာ ၁၆ တွင် ပေးပို့သည်။
၂ဝ၁ဝ ဇူလိုင် ၂၂ နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင်တွေ့ရသည့် ဦးမြင့်၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်။ ဟိုဝါးဒူဝါဇော်ဂမ်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား ဖြစ်သည်။

၁၉၈၇ တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေကြားတော့ ဘာမှန်းလဲမသိ၊ ထွက် ပြေးမယ်လုပ်ပြီး အပြင်ကိုကြည့်လိုက်တော့မှ ရေတွေနဲ့အတူတူ ညောင်ပင် ကြီးတွေသစ်ပင်ကြီးတွေ မျောပါလာတာတွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း ၊ သဲကန္တာရလို သဲတွေဖုံးကျန်ခဲ့ပြီးတော့ တော်တော်နဲ့ပြန်ပြီး စိုက်ပျိုးစားလို့မရတော့ဘူး။ ဗန်းမော် ၊ စိန်လုံဘက်မှာလည်း တောင်ကြီးတွေ မြေပြိုကျပြီး ရေတွေသစ်ပင်တွေ မျောပါလာတာ ကြုံတွေ့ဖူးတယ်။
“မော်ရို” ဆိုတာ ကချင်စကား။ တောင်တွေကွဲပြီး ပြိုကျတာကိုပြောတာ။ ၂ဝဝ၄ ခုနှစ် ရေကြီးတုန်းကလည်း “ကျိန်ခရမ်” ရေအား လျှပ်စစ်မှ ခြောက်နေရာတောင် တောင်ကွဲပြီးပြိုကျတာ ရေတံခွန်လိုပဲ။ ရေလုံးကြီးတွေ တောင်ပေါ်က “ဝုန်း” ခနဲ ပြိုကျတာ၊ သစ်ပင် ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန်မရလိုက်ဘူး။ မကြာခင်မှာဘဲ “တန်ဖရဲ” ချောင်းဘေးနားကအိမ်တွေအကုန် ရေထဲ မျောပါ သွားပြီ။ ဒါတွေကို မြင်ဖူးကြုံဖူးတော့ ဘဝမှာဒါတွေဟာ မီးမောင်းထိုးပြသလို၊ ကြောက်စိတ်တွေ ဒဏ်ရာတွေအဖြစ် ကျန်ခဲ့တယ်။

ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ထိုးချလိုက်သလိုပဲ၊ အသံအကျယ်ကြီးတွေကြားရပြီး ဟိုဖက်နားက ကပ်ပြီးကျော်သွားတယ်။ ငလျှင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့အတိုင်းပဲ၊ အဲဒီတုန်းက မြင်ကွင်းနဲ့ခံစားချက်တွေဟာ ခုထက်ထိ စိတ်ထဲမှာ ဒဏ်ရာဖြစ်နေတယ်။ ရေဟာ ခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့ လုံးဝမရဘူး။ ရေစီးက တအားမြန်တယ်။ ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။

"တတိုင်းပြည် လုံး ဒုက္ခရောက်မယ့် ကိစ္စ အားလုံးနဲ့ဆိုင်တယ်"

ဘဝမှာကြုံဖူးတော့ ဒါတွေကိုတွေးရင်တောင်ကြောက်တယ်။ ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူကအာမခံနိုင်မှာလဲ? တရုပ်ခေါင်း ဆောင်တွေလား? ဗမာခေါင်းဆောင်တွေလား? နေရာတိုင်း အလုပ်တိုင်းမှာ အကျိုးနဲ့အပြစ်ဆိုတာ ရှိပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုး  တွေပေါ့။ ဒီရေ ကာတာလုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ။ ဘယ်သူရမှာလဲ? သူတို့ယူသွားမှာ၊ ဆိုးကျိုးဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ?

ငွေရှိလို့ပြန်လည်ထူထောင်နိုင်တယ်ဆိုရင်တောင် အိုးအိမ်တွေပဲပြန်ဆောက်လို့ရမယ်။ စိတ်မှာဖြစ်သွားတဲ့ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေ က တော်တော်နဲ့ပြန်ထူထောင်ဖို့ မလွယ်ဘူး။ သူတို့ တိုင်းပြည်မှာ ဒါတွေကြုံပြီးပြီ၊ သင်ခန်းစာတွေတပုံကြီးနဲ့၊ စိတ်ဓာတ်ကျ၊ ကြောက် စိတ်ဝင်သွားတဲ့လူတွေရဲ့ ကျဆင်းသွားတဲ့စိတ်ဓာတ်ခွန်အား၊ လုပ်အား အားလုံးဟာ တိုင်းပြည်နဲ့ချီပြီးနစ်နာတယ်။ ဆိုတော့ကာ ......... နိုင်ငံတော်ကရမယ့်ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေးနစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား? ဘယ်သူက အာမခံနိုင်သလဲ ဒီလိုမဖြစ်စေရပါဘူးလို့။ ကိုယ့်အတွက် ကောင်းကျိုးကအလွန်နည်းပြီး ဆိုးကျိုးများနေတဲ့ကိစ္စကို ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်.... အားလုံး ဝိုင်းကန့်ကွက်ဖို့ လိုတယ်။

ဒီကနေ ဆီးပြီး ရေကာတာပိတ်လိုက်ရင် တောတောင်တွေထဲက သယ်ဆောင်လာတဲ့ မြေသြဇာတွေအားလုံး ဒီရေကာတာထဲမှာ ကျန်ခဲ့မယ်။ အောက်ပိုင်းက လူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစားလို့ ကောင်းမှာမဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီ ထိပဲ၊ တတိုင်းပြည်လုံး ဒုက္ခရောက်မယ့်ကိစ္စ အားလုံးနဲ့ဆိုင်တယ်။

"လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားတာ"

တရုတ်စကားပုံရှိတယ် “သေဖို့မကြောက်ဘူး၊ ငတ်ဖို့(မစားရ)မှာ ကြောက်တယ်။ ” အသက်ရှင်နေစဉ် ကောင်းကောင်းစား၊ ဝဝစားနေ ချင်တဲ့စိတ်ဓါတ်၊ နောင်အတွက်မစဉ်းစားဘူး။ ညီအစ်ကို သားအဖ စိတ်တောင်မထားကြဘူး။ တော်တော်ကြောက်ဖို့ကောင်းတယ်။

ဒီရေကာတာကိစ္စကရည်ရွယ်ချက်နှစ်ခုရှိတယ်ထင်တယ်။ ပထမရည်ရွယ်ချက်က ရေအားလျှပ်စစ်ရဖို့၊ ဒုတိယရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကိုကြိုးကိုင်ဖို့၊ လုံခြုံရေးထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ခေါင်းဆောင်တွေက သူတို့(တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည် သူတွေ သန်းချီသေမယ့်ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီးဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး သူတို့အကျိုးကများနေတယ်။

"အသက်နဲ့လဲပြီးစီးပွားရှာဖို့ အရေးတကြီးလိုမယ်လို့ မထင်ဘူး"

ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လည်း ပြောစရာအများကြီးရှိပါတယ်။ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ အားလုံး ဝိုင်းဝန်းတိုင်ပင် စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ ရေးထားတာ ရှိတယ်။ “တိုင်ပင်ခြင်းမရှိတဲ့အလုပ်(စီမံကိန်း)ဟာ ပျက်စီးတတ်တယ်။ ” များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင်ဆွေးနွေးနိုင်မှ အကျိုးများများရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကိုသိစေချင်တယ်။

သဘာဝဘေးဒဏ် (ဆည်ကျိုးပေါက်မယ့်ကိစ္စ၊ ရေများလာလို့၊ ငလျှင်လှုပ်လို့......အခြား...) သဘာဝဘေးဒဏ်ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။
ကြိုပြီးတားထားလို့မရဘူး။
ဖြစ်ရင်လဲတားဆီးလို့မရ။
ဘယ်လောက်အတိုင်းအတာထိလဲဆိုတာတွက်ချက်လို့မရ။
ဒါကြောင့်မို့လို့ ဒီလုပ်ငန်း(Project) ကို အသက်နဲ့လဲပြီးစီးပွားရှာဖို့ အရေးတကြီးလိုမယ်လို့ မထင်ဘူး။ လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့အဖက်ဖက်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ် စားမဝင် အိပ်မပျော် ဘဲ အသက်ရှင်နေရတယ်။

0 comments:

Post a Comment