Tuesday, September 13, 2011

ဟန်ချက်ညီ (ဂါမဏိ) ဤဆောင်းပါးအား ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖော်ပြပါသည်

0 comments

ဟန်ချက်ညီ
ဂါမဏိ

၂၀၀၈ အခြေခံဥပဒေ ဆိုတာကို အုတ်အောင်သောင်းနင်း ကြော်ငြာပြီး ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေ စီလမ်းကြောင်းဘက် အပြောင်းအလဲ စလိုက်ပြီဆိုပေမယ့် ရွေးကောက်ပွဲနေ့က စလိုက်တဲ့ သေနတ်သံဟာ ၂၀၁၁ ခုရောက်တော့ ပိုများ ပိုကျယ် ပိုပြင်းထန်လာပါတယ်။

ကချင်ပြည် လဂျားယန်မြို့နယ်အတွင်း ခါယာရွာနဲ့ မဒီယန်ရွာနားမှာ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကြံ့ဖွတ်တပ် ခလရ ၂၁ တို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ရာမှာ ဒု-ရင်းမှူး အပါအဝင် ကြံ့ဖွတ်စစ်သား ၂၅ ယောက် သေ၊ ၆၁ ယောက် ဒဏ်ရာရ၊ အရာရှိ ၂ ယောက် အပါအဝင် ၁၁ ယောက် သုံ့ပန်းဖြစ်၊ ၃ ယောက် ထွက်ပြေးပြီး လက်နက်ကြီး ၄ လက် အပါအဝင် လက်နက်မျိုးစုံ ၃၄ လက်၊ ဆက်သွယ်ရေးစက် ၃ လုံး စသဖြင့် ကေအိုင်အေက သိမ်းရခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်မှာ ကြံ့ဖွတ်တပ် ထိုင်ထားတဲ့ နန့်ကိုင်ဖိတ်စခန်းကို ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) က ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် ကြံ့ဖွတ်စစ်အစိုးရက တပ်ရင်း ၈ ရင်း စစ်ကူလွှတ်ပြီး အပြင်က ထပ်ဝိုင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းတပ်ကို ဘယ်လိုမှမဖြိုနိုင်တော့ လေကြောင်းစစ်ကူခေါ်၊ တရုတ်လုပ် အေ -၅ ကြားဖြတ်တိုက်လေယာဉ် ၄ စီး၊ ရုရှားလုပ် အမ်အိုင်-၂ ရဟတ်ယာဉ် ၄ စီးတို့ကို ရှေ့ကလေယာဉ် နောက် ကရဟတ်ယာဉ် တွဲဖက်ပုံစံနဲ့ ၂ ခေါက်စီ ပျံခိုင်းပြီး ၂၃ မမ စက်အမြောက်၊ ၅၇ မမ ဒုံးကျည်၊ ၉၀ မမ ဒုံးကျည် တွေနဲ့ ကီလို ၂၅၀ ဗုံးတွေ ကြဲချခိုင်းခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အက်စ်အက်စ်အေတပ်တွေပေါ် ကျည် တတောင့် ဒုံးတစင်း ဗုံးတလုံးမှ မကျခဲ့ဘဲ အလှမ်းဝေးဝေးမှာပဲ ကျရောက်ပေါက်ကွဲသံ သဲ့သဲ့လေးကြားခဲ့ရပါ တယ်။

ဇွန်လကုန်မှာ ရေး-ထားဝယ်ကားလမ်းအတိုင်း ခွင့်ပြန်တဲ့ မြိတ်လေတပ်စခန်းဌာနချုပ်က လေတပ်သား တပ် ကြပ်ကြီးတယောက်ကို မွန်သူပုန်က ဖမ်းခေါ်သွားပြီး တလအကြာမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ မြဝတီ-ကော့က ရိတ်ကားလမ်းမှာလည်း အရပ်ဝတ်နဲ့ တပ်မဌာနချုပ်ပြန်တဲ့ ကြံ့ဖွတ်ခမရ ၃၅၅ ဗိုလ်ကြီးတယောက်ကို လိုင်း ကားတစီးပေါ်မှာ ဒီကေဘီအေတပ်က ဖမ်းမိပြီး ပစ္စတိုတလက်ကိုသိမ်းယူ၊ လူကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဗမာပြည်ရဲ့ ပင်မဆက်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မူဆယ်-လားရှိုး၊ လားရှိုး-မန္တလေး၊ မန္တလေး-မြစ်ကြီး နား၊ မြစ်ကြီးနား-ဗန်းမော်၊ မြဝတီ-ဘားအံ၊ မြဝတီ-မော်လမြိုင်၊ မော်လမြိုင်-ထားဝယ်-မြိတ်ကားလမ်းတွေကို ကြံ့ဖွတ်စစ်အစိုးရတပ်တွေက ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်တော့ပါဘူး။

၂၀၁၁ ခု ပထမခြောက်လကာလအတွင်းမှာ ကြံ့ဖွတ်စစ်တပ်နဲ့ ကေအဲန်ယူ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲပေါင်း ၈၀၀ နီးနီးဖြစ်ခဲ့ရာမှာ တပ်ရင်းမှူး ၃ ယောက် အပါအဝင် ကြံ့ဖွတ်စစ်သား ၇၆၁ ယောက်သေပြီး ၁၀၄၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ကရင်ဘက်ကတော့ ၈ ယောက် ကျပြီး ၈ ယောက် ဒဏ် ရာရခဲ့ပါတယ်။ သေနှုန်းအချိုး ချကြည့်လိုက်ရင် ကရင် ၁ ယောက် ရန်သူ ၉၅ ယောက်နှုန်းလောက်ရှိပြီး ဒဏ် ရာရနှုန်းအချိုးကတော့ ကရင် ၁ ယောက် ရန်သူ ၁၃၅ ယောက်နှုန်းလောက်ဖြစ်နေပါတယ်။ ဗမာပြည်မြောက် ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း စစ်မျက်နှာအားလုံးမှာ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင် တော်လှန်ရေးတပ်တွေ ကြောင့် ကြံ့ဖွတ်တပ်တွေ တောက်လျှောက်သေနေတာ၊ ခြေပြတ်လက်ပြတ်ဖြစ်နေတာတွေ မကြားချင်အဆုံး ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ အကျအဆုံး အထိအခိုက်သတင်းတွေက တကယ်တော့ ပင်လယ်ထဲမျောနေတဲ့ ရေခဲ တောင်ကြီးရဲ့ ရေပေါ်ထိပ်ဖျားပိုင်းလောက်ပဲ ရှိပါသေးတယ်။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်၊ ရွေးကောက်ပွဲနေ့က စ ခဲ့တဲ့ ငြိမ်းအဖွဲ့ပေါင်းစုံနဲ့ တိုက်ပွဲတွေအတွင်း ကြံ့ဖွတ်တပ်တွေ ထောင်နဲ့ချီပြီး ကျဆုံး ဒဏ်ရာရခဲ့ကြပါပြီ။ ငြိမ်း အဖွဲ့တွေ တိုင်းရင်းသားအဖွဲ့တွေဘက်မှာတော့ ကျဆုံးဒဏ်ရာ ရာဂဏန်းတောင် မရှိသေးပါဘူး။

ဒါတွေကြောင့် ကြံ့ဖွတ်စစ်တပ်တွေဟာ ရှေ့တန်းသွားဖို့ အကြီးအကျယ် ကြောက်လန့်နေတာတွေ၊ မသွားရ အောင် အမျိုးမျိုးကြံဖန်တာတွေ၊ နောက်ဆုံးမှာ ပြောင်အတိအလင်း ငြင်းဆန်လို့ (ခလရ ၂၂ ဆိုရင်) စစ်ခုံရုံး တင် ထောင်ချခံရတာတွေအထိ ဖြစ်နေပါတယ်။
********
ဗမာ့တပ်မတော်တခုလုံးရဲ့ ရိက္ခာစားအင်အားက ၃ သိန်းကျော်ကျော် ရှိပေမယ့် ခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် အသစ်တွေအပြင် ဖောင်းပွလှတဲ့ လက်ရုံးတပ်၊ ဝန်ထမ်းတပ်အသစ်တွေ မှာလည်း ဖြန့်ခွဲထည့်ထားရတဲ့အတွက် ၂၀၀၇ ခုနှစ်လောက်တုန်းက တပ်မတပ်တရင်းမှာ ရှေ့တန်းထွက် အင်အား ၁၃၀-၁၅၀ ပတ်ဝန်း ကျင်ရှိခဲ့ရာက အခုဆို ၈၀-၁၀၀ ဝန်းကျင်လောက်ပဲ ရှိနေပါတယ်။ တိုင်းတပ်ဆို ရင်တော့ တရင်းမှာ တိုက်ခိုက်ရေး အင်အား ၅၀ ကျော်နဲ့ပဲ လည်ပတ်နေရပါတယ်။ ဒီအထဲမှာ သုံးပုံတပုံက နေ တဝက်လောက်အထိက ကလေးစစ်သားတွေဖြစ်ပြီး ကျန်တာတွေကလည်း စစ်သင်တန်း ပြည့်ပြည့်ဝဝ မ တက်ရဘဲ ဖက်တိတ် (လုပ်အားပေး) ပဲ အဓိက ဖြတ်သန်းခဲ့ရသူတွေ များပါတယ်။ နအဖ-ကြံ့ဖွတ်စစ်အစိုးရ ဟာ တပ်ပြေးပြဿနာကိုလည်း ဘယ်လိုမှ မဖြေရှင်းနိုင်ဖြစ်နေပါတယ်။ ဒါကြောင့် တချိန်တုန်းက ပီအဲန်အို (ပအိုဝ်းဖြူ) ငြိမ်းအဖွဲ့ကို နအဖတပ်က နှိမ်ပြောခဲ့သလို ဒီကနေ့ ကြံ့ဖွတ်စစ်သားတွေဟာလည်း “ရှေ့မှာထား လည်း သေ၊ နောက်မှာထားလဲပြေး” ဆိုတဲ့ စာချိုးအတိုင်း သုံးစားမရဖြစ်နေပါပြီ။

တပ်မှူးပိုင်းကို ကြည့်ရင် ဒီကနေ့စစ်ဗိုလ်တွေဟာ ၁၆ နှစ်မှာ ၁၀ တန်းအောင်၊ စစ်တက္ကသိုလ်မှာ အပတ်စဉ်တ ခုကို ဗိုလ်လောင်း ၃-၄၀၀၀ အပြုံလိုက် သုံးနှစ်တက်ပြီး ၁၉ နှစ်မှာ ဒု-ဗိုလ် စဖြစ်လာသူတွေ ဖြစ်ပါတယ်။ မြေ ပုံမကြည့်တတ်သူ၊ ကျည်ဆံအစစ် ကောင်းကောင်းမပစ်ဖူးသူတွေ၊ လက်နက်ကြီးကို ခပ်လှမ်းလှမ်းကပဲ တိုး ဝှေ့ကြည့်ဖူးသူတွေ များပါတယ်။ အသက် ၅၀ ကျော်ပြီး ဗိုလ်မှူးကြီး မဖြစ်သူ၊ အသက် ၄၀ ကျော်ပြီး ဗိုလ်မှူး မဖြစ်သူ စတဲ့ ရာထူးကန်းနေသူတွေကို ၂၀၀၇-၂၀၀၈ မှာ တပ်က ထွက်ခိုင်းတဲ့အတွက် ၁၉၉၂ ခုမတိုင်မီက ကေအဲန်ယူ၊ ဗကပတို့နဲ့ တိုက်ပွဲကြီးတွေ အသေအကြေ တိုက်ခဲ့ဖူးတဲ့၊ အဖားမတော် အမျိုးမတော် အတွေ့အ ကြုံကြီး ဝါရင့်တပ်မှူးတွေ ထွက်သွားရပါတယ်။ လက်ရှိတပ်မှူးအများစုဟာ အပစ်အခတ်ရပ်စဲရေးခေတ်ကျမှ ဗိုလ်ဖြစ်လာသူတွေ ဖြစ်ကြပါတယ်။

၁၉၉၂ ခု ကေအဲန်ယူအပေါ် ဗိုလ်ချုပ်မောင်လှက ထိုးစစ်ကြီးတွေ ရပ်စဲလိုက်ပြီးနောက် ဗမာ့တပ်မတော်ဟာ ၁၉၉၅ ခုနှစ်ကုန်ပိုင်းလောက်မှာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဆောင်းပြောင်းခွင်အတွင်း တပ်မ ၄ ခုပါဝင် တဲ့ စစ်လေ့ကျင့်ခန်းကြီးတခု လုပ်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဒီတပ်တွေကို ဘိန်းဘုရင်ခွန်ဆာရဲ့ အမ်တီအေတပ်တွေနဲ့ သွားတိုက်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် ခွန်ဆာဟာ မခံနိုင်တော့ဘဲ ၁၉၉၆ နှစ်ဆန်းမှာ လက်နက်ချခဲ့ပါတယ်။ ၁၉၉၇ ခု ဇန်နဝါရီလမှာလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ တပ်မ ၅ ခု၊ ရေ တပ်နဲ့ လေတပ်တွေပါဝင်တဲ့ ဧရာမ ပူးတွဲစစ်လေ့ကျင့်ခန်းကြီးတခုကို အင်အားသုံးသောင်းနဲ့ တလကြာလုပ်ခဲ့ ပါတယ်။ လေ့ကျင့်ခန်းပြီးတာနဲ့ ကြာအင်းဆိပ်ကြီးဂွင်က ကေအဲန်ယူ ဗဟိုဌာနချုပ်အသစ် ထီးကဲ့ဆယ်ကို ထိုး စစ်ဆင်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်း (၁၉၉၈၊ ၂၀၀၀၊ ၂၀၀၅၊ ၂၀၀၈ စသဖြင့်) လုပ်တဲ့ တပ်မ ၃-၄ ခုပါ စစ်လေ့ကျင့်ခန်းကြီး တွေကတော့ လေ့ကျင့်ခန်းအပြီး ကေအဲန်ယူ၊ အက်စ်အက်စ်အေ-တောင်ပိုင်း စတဲ့ အဖွဲ့တွေကို သွားထိုးရာမှာ မအောင်မြင်ခဲ့ကြပါဘူး။ ဒါ့အပြင် ၂၀၀၁-၂၀၀၂ ခုမှာလည်း ယိုးဒယားကို စစ်ပွဲ ၂ ပွဲ ဝက်ဝက်ကွဲအောင် ရှုံးခဲ့ပါ သေးတယ်။ ဒီအချက်အလက်တွေက ဗမာ့တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် တောက်လျှောက်ကျလာတာကို ပြ နေပါတယ်။ အမေရိကန်နဲ့ တိုက်ဖို့ဆိုတဲ့ ရူးကြောင်ကြောင် ရည်ရွယ်ချက်နဲ့ ဈေးကြီးပေးဝယ်ထားတဲ့ ခေတ်မီ လက်နက်ကြီး အသစ်အဆန်းတွေကလည်း ပြောက်ကျားစစ်အတွက် အသုံးမဝင်ဖြစ်နေပါတယ်။

စစ်ရေးစွမ်းရည်တင်မကဘဲ စည်းရုံးရေးစွမ်းရည်နဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေကလည်း အခုဆိုရင် စုတ်ပြတ် သတ်နေပါပြီ။ အရပ်သားစီးပွားရေးသမားတွေဆီက လာဘ်ယူရုံတင်မက အောက်ခြေအရာရှိ အကြပ်တပ် သားတွေဆီကပါ အဆင့်ဆင့် ညှစ်ထုတ်ခေါင်းပုံဖြတ်နေတာတွေဟာ ထုံးတမ်းစဉ်လာဖြစ်နေပါပြီ။ တပ်မတော် သားတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ သိန်းရာဂဏန်း မထည့်မနေရ ရှယ်ယာထည့်ရတဲ့ 'ဦးပိုင်' လုပ်ငန်းကြီးကလည်း စာရင်းမရှင်းနိုင်ဖြစ်နေပါတယ်။ ၁၉၉၇ ခုက စခဲ့တဲ့ ဗိုလ်ချုပ်တွေအကြား စားခွက်လုပွဲတွေကလည်း အခုထိ အတောမသတ်နိုင်ဘဲ အပုပ်နံ့ထောင်းထောင်းထ ပိုပြင်းထန်သထက်ပြင်းထန်နေပါတယ်။ ရဲဘော် ၂ ယောက် ထက် ပိုစုပြီး တိုင်ပင်ဆွေးနွေး အရေးဆိုရင် တပ်တွင်းပုန်ကန်မှုလို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စစ်တပ်ထဲမှာ အရင်မကြားဖူးတဲ့ အစုလိုက်အပြုံလိုက် အမိန့်ဖီဆန်ပွဲတွေ၊ စုငွေတောင်းဆိုပွဲတွေ၊ နှုတ်ထွက်ခွင့်တောင်းပွဲ တွေ၊ ကလန်ကဆန်လုပ်ရပ်တွေ ပလုံစီထလာပါတယ်။

တဘက်မှာတော့ အတိအလင်း အာခံပြန်တိုက်နေတဲ့ ငြိမ်းအဖွဲ့တွေမှာရော၊ အတိအလင်းမတိုက်သေးဘဲ ညစ် ကပ်ကပ်လုပ်နေတဲ့ စစ်စွမ်းရည်မြင့် ငြိမ်းအဖွဲ့တွေမှာရော ငြိမ်းချမ်းရေးအနှစ် ၂၀ အတွင်း စီးပွားရေးတောင့် တင်းလာလို့ လက်နက်အင်အားတွေ စုဆောင်းဖြည့်တင်းနိုင်ခဲ့ပြီး လေယာဉ်ပစ်ဒုံး၊ စကာ့ဒ်ဒုံး၊ လက်နက်ငယ် စက်ရုံ၊ ခဲယမ်းစက်ရုံတွေ ကောင်းကောင်းရှိနေပြီလို့ စစ်အစိုးရက သတင်းရထားတာကြောင့် အပြတ်တိုက်ရ မှာ တွန့်ဆုတ်နေပါတယ်။ အက်စ်အက်စ်အေ ဝမ့်ဟိုင်းဌာနချုပ်မှာ ဝတပ်တွေ ရှိနေတာကို သတင်းရပြီး မ တိုက်ရဲတော့ဘဲ ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ကုန်ပါတယ်။
*******
၁၉၈၈ ခု သြဂုတ် ၈ ရက်ကနေ စက်တင်ဘာ ၁၈ ရက်အထိ ၄၂ ရက်တိုင်တိုင် (၁၉၈၈ မတ်လ ၁၃ ရက်က စ တွက်ရင်တော့ ရက်ပေါင်း ၁၉၀ တိုင်တိုင်) ပေါက်ကွဲလောင်ကျွမ်းခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ အကြီးကျယ်ဆုံး ၈ လေးလုံးလူထုတိုက်ပွဲကြီးအတွင်းမှာ ဥပဒေပလက်နက်ကိုင်တွေဟာ ဟန်ချက်ညီ မလှုပ်ရှားနိုင်ခဲ့ပါ။ စက်တင် ဘာ ၁၈ ရက် စစ်တပ်အာဏာသိမ်းပြီးတော့မှ ၂၃ ရက်နေ့မှာ ဗကပတပ်တွေက တပ်မ ၈၈ ကို တိုက်တဲ့ ရှမ်း ပြည်အရှေ့ပိုင်း မိုင်းယန်းတိုက်ပွဲနဲ့ တပ်မ ၉၉ လက်အောက်ခံ ခလရ ၃ တရင်းလုံးပြုတ်တဲ့ ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ-ကုန်းဆာတိုက်ပွဲတွေ တိုက်ခဲ့ပြီး ၂၆ ရက်နေ့မှာ ကေအဲန်ယူတပ်က မဲသဝေါ တိုက်ပွဲ တိုက်ခဲ့ကြပါတယ်။

၁၉၈၈ ခုနောက်ပိုင်း မြန်မာနိုင်ငံ မြို့ပြပြည်ရွာတလွှားမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဲန်အယ် လ်ဒီ၊ မင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဦးစောမြအောင်၊ ခွန်ထွန်းဦးတို့ ခေါင်း ဆောင်တဲ့ ဥပဒေတွင်း တိုင်းရင်းသားတို့က နဝတ-နအဖ စစ်အစိုးရနဲ့ ဒုက္ခသုက္ခပေါင်းစုံခံ စီးချင်းထိုးနေရချိန် မှာ တောတွင်းလက်နက်ကိုင်တွေဟာ စစ်အာဏာရှင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ကြပါတယ်။ (မြို့ကလူတွေ တလှည့်တိုက်ဦး၊ ငါတို့ တောထဲကလူတွေ စစ်ပန်းလို့ တလှည့်နားဦးမယ်၊ စီးပွားရေးလေး ဘာ လေး လုပ်ဦါ်မယ်လို့လည်း ငြိမ်းတချို့က ပြောခဲ့ပါသေးတယ်။)

၁၉၈၉ ခုက စခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အကြမ်းမဖက်ရေး ကိုယ်ခံအားကျရောဂါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နှစ် ၄၀ ကြာခဲ့တဲ့ စစ်ပွဲတွေ ရပ်နားပြီး စီးပွားရေး ကြီးပွားရေးတွေလုပ်ရင်း တိုင်းရင်း သားအခွင့်အရေးတွေကို ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ (ဥပမာ- ၂၀၀၄-၂၀၀၇ ခု အမျိုးသားညီလာ ခံမှာ ငြိမ်းချမ်းရေး ၁၉ ဖွဲ့က) ရလိုရငြားကြိုးစားခဲ့ပေမယ့် အမြတ်မထွက်တဲ့အပြင် အရင်းပါပြုတ်မယ့် နယ်ခြား စောင့်တပ်စီမံကိန်းနဲ့ ညားဖို့ ဖြစ်လာတာကြောင့် အဖွဲ့အများစုဟာ နှစ် ၂၀ အပစ်ရပ်ကစားပွဲကို မလွှဲမရှောင် သာ ကျောခိုင်းပြီး တိုင်းရင်းသားမိဘပြည်သူဘက် ပြန်မျက်နှာမူလာကြပါတယ်။

မြန်မာနိုင်ငံမှာ ၈ လေးလုံးအရေးတော်ပုံမတိုင်ခင်က စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ လက်နက်ကိုင်တော် လှန်ရေးသာ ပဓာနလို့ ယူဆလှုပ်ရှားခဲ့ကြပါတယ်။ ပါတီဥက္ကဌ နေဝင်းအပြင် သမ္မတ ၃ ဆက် ပြုတ်သွားတဲ့ ၈ လေးလုံးလူထုတိုက်ပွဲကြီး ဒီဘက်ပိုင်းမှာ အကြမ်းမဖက်လှုပ်ရှားမှုအဓိကဆိုပြီး အသံကျယ်လာခဲ့ပါတယ်။ အ နှစ် ၂၀ ကြာသွားပြီးတဲ့ ဒီကနေ့ကာလမှာတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ဖို့၊ ဒါ့အပြင် တပ်မတော်သားတွေရဲ့တိုက်ပွဲနဲ့ပါ ပေါင်းစပ်ဖို့ကို နိုင်ငံရေးလှုပ်ရှားသူအား လုံးနီးပါးက တညီတညွတ်တည်း လက်ခံနေကြပါပြီ။

၂၀၁၁ ခု ရောက်တဲ့အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အရင်လို ကလိန်ကကျစ်နည်းတွေနဲ့ ချွေးသိပ်မြှူဆွယ်လို့မရတော့ဘဲ သေမင်းတမန်ကျည်ဆံ ဗုံးဆံတွေကို အလဲလဲအကွဲကွဲ ရင်ဆိုင်လာရတဲ့အခါ မြို့ပေါ် ဒီမိုကရေစီအင်အားစုတွေကို ကလိန်ကကျစ် ချွေးသိပ်မြှူဆွယ်တာတွေ စလုပ်လာရပါတယ်။ တဘက် မှာလည်း ပျက်နေတဲ့ တပ်ကို ထိန်းရခက်လာ၊ ဂက်စ်ငွေတွေ သောက်သောက်လဲ ရပေမယ့် အသုံးအဖြုန်း အ တိုအသျှို များလွန်းလို့ စီးပွားရေးခြွတ်ခြုံကျပြီး အရင်လိုငွေနဲ့ ဖို့တာတွေ မလုပ်နိုင်၊ မြန်မာနိုင်ငံရဲ့ ဂက်စ်မ ဟုတ်တဲ့ အဓိကထွက်ကုန်က ရွှေ့ပြောင်းအလုပ်သမားနဲ့ ရွှေ့ပြောင်းတရုတ်မယားတွေ ဖြစ်လာပြီး ဧရာဝတီ မြစ်ဆုံဆည်၊ ကျောက်ဖြူ-ချုံကင်းပိုက်လိုင်းတို့လို အချုပ်အခြာအာဏာ ရောင်းစားထားတဲ့ကိစ္စတွေကလည်း မျိုးချစ်ပြည်ချစ်စစ်သည်တွေ ပြည်သူတွေအကြား စစ်အုပ်စုလည်ပင်း ကြိုးကွင်းစွပ်မယ့် အခြေ (ဒုတိယကမ္ဘာ စစ်တုန်းက တရုတ်ပြည်အတွက် ထောက်ပံ့ရေးလိုင်း Burma Road ကြောင့် အချုပ်အခြာအာဏာမဲ့တဲ့ ဗမာ ပြည်ဟာ စစ်တလင်းဖြစ်ခဲ့ရပါသေးတယ်) ဆိုက်လာတာတွေ အားလုံးပေါင်းဆုံနေလို့ မကျကောင်းတဲ့ စစ်အုပ် စုမျက်ရည် မြေကိုကျခဲ့ပါပြီ။

တပ်ထဲက ဗိုလ်မှူးကြီးတယောက် ပြောသလို ၁၉၈၈ မတိုင်မီက ဦးတည်ရန်သူဖြစ်ခဲ့တဲ့ ဗကပ ပြိုကွဲသွားပြီး အဲန်အယ်လ်ဒီ ခေါင်းဆောင်တဲ့ မြို့ပေါ်ဒီမိုကရေစီအင်အားစုတွေက ဦးတည်ရန်သူဖြစ်လာတဲ့အခါ စစ်အစိုးရ က တိုင်းရင်းသားလက်နက်ကိုင်တွေကို တဖွဲ့ချင်း ခွဲထုတ်စည်းရုံး ယာယီပြေငြိမ်းမှုရအောင်လုပ်ခဲ့ပြီး တိုင်းရင်း သားအားကိုယူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေကို နောက်ကျောလုံလုံနဲ့ ဖိနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီ မတိုက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ၁၉၉၈ ခု ပြည်သူ့လွှတ်တော်ခေါ်ဖို့ကိစ္စမှာပဲ တိုင်းရင်းသားငြိမ်းအဖွဲ့ ၄ ဖွဲ့က 'လေ' နဲ့ ထောက် ခံခဲ့တာရှိပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးဆွဲဆောင် အားယူအသုံးချပြီး တိုင်းရင်းသား တွေကို အပေါ်စီးက ကိုင်တွယ် ကျွန်ဇာတ်သွင်းဖို့နဲ့ နိုင်ငံတကာ ထောက်ခံမှု ကူညီမှုရဖို့ ဂွင်ဆင်နေပါပြီ။
*******
မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ကင်းဝန်မင်းကြီး၊ ဦးဘဖေနဲ့ ၂၁ ဦးပါတီတို့က အင်္ဂလိပ်ကိုလိုနီအစိုးရကို ပူး သတ်ခဲ့သလို ကွန်မြူနစ်ပျက် ဦးချမ်းအေးနဲ့ သခင်တင်မြတို့ကလည်း မဆလစစ်အစိုးရကို ပူးသတ်ခဲ့ပေမယ့် နောက်ဆုံးမှာ မြောင်းထဲပဲ ရောက်သွားခဲ့ကြပါတယ်။ ဒို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်မြ အင်္ဂလိပ်ကိုလို နီလွှတ်တော်ထဲ ဝင်တဲ့ပုံစံကတော့ ခုနကလူတွေနဲ့ လုံးဝကွဲပြားပြီး ရာထူးမယူ၊ ငွေမယူဘဲ သတ္တိရှိရှိနဲ့ စကား ပြောစင်မြင့်အဖြစ် ဗြောင်ဆန္ဒထုတ်ဖော် လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဗိုလ်ချုပ်အောင် ဆန်းရဲ့ လက်နက်ကိုင်တိုက်ပွဲနည်း-လူထုတိုက်ပွဲနည်းတွေကိုပဲ အဓိက ပံ့ပိုးပေးပြီး လွတ်လပ်ရေးရခဲ့တာဖြစ် ပါတယ်။ မာရ်နတ်-ဒေဝဒတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ ရေပေါ်အရုပ်ရေးသလိုပါပဲ။

ဒီကနေ့ သမ္မတ သိန်းစိန်ကို အကျင့်ပျက်ပြားမှုမရှိ၊ စိတ်သဘောထားကောင်းမွန်တယ်လို့ ဆိုကြသလို တချိန် ကလည်း သမ္မတ စန်းယု၊ သမ္မတ ဒေါက်တာမောင်မောင်တို့ တဦးချင်း နာမည်ပျက်မရှိတာ လူသိများခဲ့ဖူးပါ တယ်။ ဒါပေမယ့် မဆလခေတ်ရဲ့ အနှစ်သာရဘာလဲဆိုတာ အားလုံးအသိပါ။ (ဟစ်တလာဆိုရင်လည်း အ ရက်မသောက်၊ ဆေးလိပ်မသောက်၊ ဖဲမရိုက်၊ မိန်းမ မလိုက်၊ သက်သတ်လွတ်စားသူ၊ ပန်းချီအနုပညာသမား ပါ။)

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၃ ရက်အလို နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အရံတပ်ဖွဲ့ ‘ဥပဒေနဲ့အ ညီ’ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်မှုထမ်းသန်းရွှေကို မူလစစ်ရာထူးအဆင့် အတိုင်း နောက်ထပ်ငါးနှစ် စစ်မှုထမ်းခိုင်းထားတာဖြစ်ပါတယ်။ ဒါကြောင့် သန်းရွှေ ဟာ ၂၀၁၆ ခု မတ်လ ၃၀ ရက်အထိ ဗိုလ်ချုပ်မှူးကြီးအဖြစ် စစ်တပ်ရဲ့ထိပ်ဆုံးမှာရှိနေမှာဖြစ်သလို တပ်မတော်ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှူး ကြီးအဆင့် နှစ်ယောက်မရှိနိုင်တဲ့အတွက် ဒီငါးနှစ်လုံးလုံး ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ (ဗိုလ်ချုပ်ကြီးအဆင့်) မင်းအောင်လှိုင်၊ (သမ္မတအဆင့်) သိန်းစိန်၊ (အောက်လွှတ်တော်ဥက္ကဌအဆင့်) ရွှေမန်း၊ (အထက်လွှတ်တော် ဥက္ကဌအဆင့်) ခင်အောင်မြင့်တို့နဲ့တကွ ယူနီဖောင်းဝတ်တွေ ချုပ်ကိုင်ထားတဲ့ ကာ/လုံပေါ်မှာ မိန့်မိန့်ကြီး ရှိနေ မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လေးလပတ်အစည်းအဝေးတွေမှာ အခုထိ သန်းရွှေ ပါဝင်ဦးစီးနေတာဖြစ်ပါ တယ်။

၈၈ ပျက် ဖြိုးမင်းသိန်းနဲ့ ရှမ်းပျက် စိုင်းအိုက်ပေါင်းတို့က ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲရောက်ရင် သန်း ရွှေကို သမ္မတတင်မြှောက်ပြီး အကြိုက်ဆောင်ဖို့ ကြိုတင်တိုင်ပင်ခဲ့ကြတာ တကယ်တော့မလိုအပ်ပါဘူး။ သန်း ရွှေက သူတို့ထက် လည်ပါတယ်။ (၁၉၇၄ ခုတုန်းက တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းကနေ သမ္မတ ဦးနေဝင်းကို အာဏာလွှဲတာ၊ ၁၉၈၈ ခုတုန်းက ပါတီဥက္ကဌအဖြစ်က နေဝင်း နှုတ်ထွက်သွားတာတွေ ထက် ပိုစိတ်ချအောင်လုပ်ထားပါတယ်။)

တကမ္ဘာလုံးမှာ ထောက်လှမ်းရေး သို့မဟုတ် စစ်အာဏာရှင်နည်းနာက အကြမ်းပတမ်း ဝုန်းဒိုင်းကြဲဝင်သူနဲ့ ပျော့ပျော့လေး ညာဝါးအချိုသတ် နားလည်မှုပေးတဲ့ပုံစံနဲ့ဝင်သူ နှစ်မျိုးကို အမြဲယှဉ်တွဲအသုံးချတဲ့ ထုံးစံရှိပါ တယ်။ ဟစ်တလာရဲ့ နာဇီဂျာမဏီအာဏာရှင်စနစ်မှာ အက်စ်အက်စ် လက်မရွံ့တပ်ခေါင်းဆောင် ဟင်းမလား နဲ့ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဂိုးဘဲလ်တို့ တွဲရှိခဲ့ဖူးသလို ရုရှားအာဏာရှင် စတာလင်အောက်မှာလည်း ကေဂျီ ဘီ ထောက်လှမ်းရေးခေါင်းဆောင် ဘဲရီးယားနဲ့ သံတမန်ရေးကျွမ်းကျင်တဲ့ မိုလိုတော့ဗ် ရှိခဲ့ပါတယ်။ (မြန်မာ ပြည်မှာ အရင်ကထူးခြားမှုက ခင်ညွန့်တယောက်တည်းနဲ့ ဇာတ်ကြမ်း ဇာတ်နု နှစ်မျိုးလုံး ကပြသွားခဲ့ပါတယ်)။ မကြာခင်က ကေအိုင်အေခေါင်းဆောင်ပိုင်းတွင်း ပစ်ခတ်မှုဖြစ်တယ် ဆိုတဲ့သတင်းကို နိုင်ငံပိုင်သတင်းစာက လွှင့်တာဟာ ရိုးအီနေပြီဖြစ်တဲ့ အာဏာရှင်လုပ်ကွက်တခုပါ။

၂၀၀၆-၂၀၀၇ ခုလောက်တုန်းက နအဖစစ်တပ်တွင်း စားမာန်ခုတ်ပြီး ကွဲအက်ရာတွေဖြစ်နေလို့ တွေဝေယိမ်း ယိုင်နေချိန်မှာ အခုနေ ဒီမိုကရေစီအင်အားစုတွေက ထတိုက်လိုက်ရင် ကွဲနေအက်နေတာ ပြန်စုသွားလိမ့်မယ် ဆိုတဲ့ ရူးကြောင်ကြောင် အယူအဆတခုကို အဲန်အယ်လ်ဒီခေါင်းဆောင်ပိုင်းထဲက မြေအောင်းပွေးကြီးတွေက ဖြန့်ခဲ့ပါတယ်။ အက်ရာထင်နေတဲ့ ပန်းကန်တွေ ဖန်ခွက်တွေကို ထုလိုက်ရင် ပြန်စေ့သွားမယ်၊ မထုဘဲထားမှ အလိုလို ကွဲသွားလိမ့်မယ်ဆိုတဲ့ ရယ်စရာကောင်းလှတဲ့ ယုတ္တိမဲ့လောဂျစ်ကို မျက်နှာပြောင်ပြောင်နဲ့ ဖြန့်ခဲ့ကြ ကျင့်သုံးခဲ့ကြပါတယ်။

ဒီကနေ့ အာရပ်လှိုင်းကိုပဲကြည့်ကြည့်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က အရှေ့ဥရောပ အရောင်တော်လှန်ရေးတွေကိုပဲ ကြည့်ကြည့် ရန်သူတွင်း ကွဲအက်ယိမ်းယိုင်ချိန်မှာ ပိုဖိထုမှ ပြိုကျတာ အထင်အရှားပါဘဲ။ အဲဒီနိုင်ငံတွေမှာ ဝင်း-ဝင်း Win-Win ဆိုတာ မရှိခဲ့ဘဲ ‘ဗျင်း-ဗျင်း’ ပဲရှိခဲ့ပြီး အောင်ပွဲတွေရခဲ့ပါတယ်။
*******
ဗမာပြည်သမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲတခုလုံးကို ခေါင်းဆောင်မှုပေးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။ ဝိုင်အမ်ဘီအေခေတ်မှာ ရခိုင်အမျိုးသား ဦးမေအောင်နဲ့ ဆရာတော်ဦးဥတ္တမတို့ဟာ တနိုင်ငံလုံး ကို ခေါင်းဆောင်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဂျီစီဘီအေခေတ်မှာလည်း မွန်အမျိုးသား ဦးချစ်လှိုင်ဟာ သမ္မတ ဘွဲ့ခံပြီး ရခိုင်အမျိုးသား ဦးထွန်းအောင်ကျော်နဲ့အတူ တနိုင်ငံလုံးရဲ့ အင်္ဂလိပ်ဆန့်ကျင်ရေး အာဏာဖီဆန်ရေး တိုက်ပွဲတွေကို ဦးဆောင်ခဲ့ကြပါတယ်။ မဆလခေတ်မှာတော့ ကျောင်းသားခေါင်းဆောင် ချင်းအမျိုးသား ဆ လိုင်းတင်မောင်ဦးဟာ တပြည်လုံးက ကျောင်းသားတွေကို ဦးဆောင်ပြီး ဒီမိုကရေစီရေးတိုက်ပွဲတွေ ဆင်နွှဲခဲ့ ဖူးပါတယ်။

အဲဒီ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေလိုပဲ လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း တွေဟာ မိမိတိုင်းရင်းသား၊ မိမိပြည်နယ်အတွက်ပဲ စဉ်းစားတာ၊ တော်လှန်ရေးမဟုတ်ဘဲ ခုခံရေးအဖြစ် စဉ်း စားတာ၊ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတန်းတူရေး ခွဲစဉ်းစားတာတွေကနေ ကျော်လွန်ပြီး (လစ်ဗျားမှာလို) တပြည်လုံးလွတ်မြောက်ရေး၊ အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် နောက်ဆုံးမှာ ရန်ကုန်နဲ့ကြပ်ပြေးကို ကိုယ် တိုင် ဦးဆောင်တက်သိမ်းဖို့အထိ ပိုင်းဖြတ်ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီကနေ့လိုအချိန်အခါကောင်းဟာ လက် နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲနဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု (Reform Army Movement) တို့ ဟန်ချက်ညီဆင်နွှဲရေး မြန်မာပြည်သားတိုင်း ကြိုးပမ်းရမယ့်အချိန် ဖြစ်ပါတယ်။ ကုလနဲ့ နိုင်ငံတကာအား၊ မီဒီ ယာအား၊ အရပ်ဘက် လူထုအသင်းအဖွဲ့အားတွေဟာ ဒီတိုက်ပွဲကြီးသုံးမျိုးကို ကူပံ့ဖို့ လက်အောက်ခံအဆင့်အ ဖြစ်ပဲ အားထားစရာရှိပါတယ်။

ဂါမဏိ

0 comments:

Post a Comment