Friday, November 30, 2018

(မျှော်တော်ယောင့်အကျပ်အတည်း)မျိုးမြင့်ချို

0 comments
(မျှော်တော်ယောင့်အကျပ်အတည်း) ဒေါ်အောင်ဆန်းစုကြည့်အနေဖြင့် ၅၉(စ)လေး ပြင်ပေးနိုးပြင်ပေးနိုးနှင့် တပြည်လုံးကို ထိုးထိုးကျွေးနေသလားဟု မိမိစိတ်တွင် ထင်မြင်လာ၏။ ယခုယူထားသည့် နိုင်ငံတော်အတိုင်ပင်ခံဆိုသည့် နိုင်ငံရေးရာထူးမှာ ဘာမှမဟုတ်။ အစိုးရအဖွဲ့ဝင် ရာထူးပင်မဟုတ်။ ထို့ကြောင့် ကက်ဘိနက်တွင်နေရာရရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟု သမုတ်ကာ နောက်ထပ်ဝန်ကြီးတနေရာထွင်ရ၏။ ထိုရာထူးသည် တရားဝင်မှုသဘောအရလည်း သူတယောက်တည်းအတွက် ကွက်၍ပြဌာန်းထားခြင်းဖြစ်သလို လွှတ်တော်တွင် NLD အမတ်နေရာ အနည်းစုဖြစ်သွားလျှင်...

လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)

0 comments
လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်) အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။ ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများကပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာမလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။...

(Popular Politics သို့မဟုတ် ကြိုက်လုံးပစ်နိုင်ငံရေး အလုပ်မဖြစ်) မျိုးမြင့်ချို

0 comments
(Popular Politics သို့မဟုတ် ကြိုက်လုံးပစ်နိုင်ငံရေး အလုပ်မဖြစ်) ကိုလိုနီခေတ်လည်လောက်ကစပြီး ဗမာပြည်သားတွေထဲ လောကဓာတ်ပညာတတ်တွေ တဖြည်းဖြည်း တိုးသထက်တိုးလာတယ်။ သူတို့ကို ကိုလိုနီယန္တယားကြီးကို ပြန်အလုပ်အကြွေးပြုဖို့ ဘယ်လိုပဲရည်ရွယ်ရည်ရွယ် အမျိုးဘာသာ သာသနာခေါင်းစည်းနဲ့ နယ်ချဲ့သမားကို စွမ်းသလောက်အန်တုအာခံခဲ့ကြတာလည်း အဲ့ဒီ ကိုလိုနီပညာတတ်တွေပဲ မဟုတ်လား။ ကိုလိုနီခေတ်နှောင်းကာလမှာ ကိုလိုနီစနစ်ကြီးကို ဒုက္ခပြန်ပေးနိုင်ခဲ့တာလည်း အဲ့ဒီကိုလိုနီပညာတတ်တွေပဲ မဟုတ်လား။ ကျွန်ပညာရေးနဲ့ အမျိုးသားပညာရေးကိုအစားထို့ဖို့...

(ပြည်ဖျက်သူများ)မျိုးမြင့်ချို

0 comments
(ပြည်ဖျက်သူများ) ဘုန်းကြီးဆိုးဂိုဏ်းချုပ်က လူ့အန္ဓလက်မှတ် ၁,၃၃၅,၆ဝဝ ကိုင်ပြီး သိန်းစိန်+ရွှေမန်းတို့နဲ့ ပူးပေါင်းကြံစည်လိုက်တာ မျိုးစောင့်ဥပဒေဆိုပြီး ဘာသာအယူမတူသူတွေအပေါ် ပစ်မှတ်ထားဖိနှိပ်တဲ့ပြဌာန်းချက်ကြီး ထွက်လာပါတယ်။ ရည်ရွယ်ချက်ဆိုး သန္ဓေဆိုး ဉာဉ်ဆိုး အကျင့်ဆိုးတွေနဲ့ ဒါကြီးကို အကောင်အထည်ဖော်လိုက်တာ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်မစားနိုင်ဖြစ်သွားတယ်လို့ လုပ်ကြံဝန်ခံပြီးပြန်ရုပ်ဖို့ ထပ်ကြံစည်ရပြန်ပါတယ်။ ဗမာ့ဓလေ့ထုံးတမ်းမှာ တလင်တမယားပုံစံ အိမ်ထောင်ရေးဟာ အသားကျပြီးသားဖြစ်သလို အများလက်ခံကျင့်သုံးနေခဲ့တာဟာ...

လူထု ဒေါ်အမာ၏ဘဝနှင့် စာပေရက်စွဲများ

0 comments
လူထု ဒေါ်အမာ၏ဘဝနှင့် စာပေရက်စွဲများ  ၁ဝ၃နှစ်​​မြောက်​ အ​မေ လူထု​ဒေါ်အမာ​မွေး​နေ့ တောင်​​လေးလုံး​ကျောင်းတိုက်​ အမှတ်​တရ ၁၉၁၅ - မန္တလေးမြို့၊ ဂုန္ထာန်ရပ်၊ အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ နိုဝင်ဘာ ၂၉၊ တနင်္လာနေ့တွင် မွေးဖွားခဲ့၊ မွေးချင်း ၁၂ ယောက်ရှိပြီး စတုတ္ထသမီး။ အမည်ရင်း အမာ။ ၁၉၂ဝ - ၂၃ - တရုတ်တန်း အမျိုးသမီးနေရှင်နယ်ကျောင်းတွင် ဒုတိယတန်းအထိ ပညာသင်ခဲ့။ ၁၉၂၃ - ၃၁ - အမျိုးသမီးနေရှင်နယ်ကျောင်းပျက်၍ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့။ ၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းမှ ဆယ်တန်းအောင်။ ၁၉၃၃...

Thursday, November 29, 2018

(သမန်းဆိတ်နဲ့ဟစ်ပီအိုစုံတွဲ)မျိုးမြင့်ချို

0 comments
(သမန်းဆိတ်နဲ့ဟစ်ပီအိုစုံတွဲ) သမန်းဆိတ်မောင်နှမ အဲ့ဒါ ပင်န်ဆယ်လ်ဗေးနီးယားတောနယ်က ဟစ်ပီဟောင်းလင်မယားမွေးထားတဲ့ ဆိတ်တွေထဲက တစုံတွဲ။ အဲ့လို ဆိတ်တွေ၊ သိုးတွေ၊ မြင်းတွေ၊ နို့စားနွားမတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ကြက်ဆင်တွေ အကောင်ဗလောင်စုံအောင် မွေးထားတယ်။ သိတ်အများကြီးတော့ မဟုတ်ဘူး။ ခြံကလည်း ဧက ၇ဝ လောက်ကျယ်တယ်။ ပြောင်းချိန်ပြောင်း၊ ပဲပ်စပ်ချိန်ပဲပိစပ်၊ ပန်းနှမ်းချိန်ပန်းနှမ်း၊ ဆီထုတ်မုန်ညင်းချိန်မုန်ညင်း ရာသီအလိုက် စိုက်တယ်။ အဲ့ဒါတွေရိပ်သိမ်းတော့ လယ်ထွန်စက်လိုဟာနဲ့ တွဲပြီးဆင်ထားတဲ့ ရိပ်စက်နဲ့ရိပ်တယ်။ အခွံချွတ်တာ...

(ပြည်သူ့ပါတီ ဈေးကွက်တင်ပြီ)မျိုးမြင့်ချို

0 comments
(ပြည်သူ့ပါတီ ဈေးကွက်တင်ပြီ) ကိုကိုကြီး ပြည်သူ့ပါတီ (PP) အဝယ်လိုက်မယ့်သဘောရှိတယ်၊ အရောင်းသွက် ၁ဝ ထဲပါနိုင်တယ်၊ ဝယ်မယ့်သူတွေ၊ ဝယ်ရောင်းလုပ်မယ့်သူတွေကို ဈေးခေါ်ဖို့၊ ငွေအိပ်ဖွင့်ဖို့ အမျိုးသားရေးအမြည်းလေး ဟင်္သတကနေ စပေးပါပြီ၊ လက်ကြီးသမားတွေကတော့ ပုံအောပြီးလောင်းမယ့်လက္ခဏာ သိတ်မမြင်ဘူး။ လောလောဆယ်မှာ သေချာပေါက် ပေါက်ကောင်ကြီးက ရှိနေတုန်းဆိုတော့ "ရံ"ထားတဲ့သဘော "ကာ"ထားတဲ့သဘောတော့ ချထိုးထားကြမယ်ထင်ပါတယ်။ မဟန်တော့လည်း အရှူံးနည်းတာပေါ့။ အလျော်ရတော့လည်း မဆိုးဘူးပေါ့။ လစ်ဘရယ်လ်ဒီမိုကရေစီမှာ နိုင်ငံရေးသမားဆိုတာ...

Wednesday, November 28, 2018

(အမေရိကားပြည်ထောင်စုမှာ တရားဝင်အိမ်ထောင်ပြုမယ်ဆို) မျိုးမြင့်ချို

0 comments
(အမေရိကားပြည်ထောင်စုမှာ တရားဝင်အိမ်ထောင်ပြုမယ်ဆို) အမေရိကပြည်ထောင်စုမှာ မိဘသဘောတူညီချက်မလိုပဲ မိမိဆန္ဒအလျှောက် အိမ်ထောင်ပြုနိုင်တဲ့အသက်အရွယ် သတ်မှတ်ချက်ဟာ တပြည်နယ်နဲ့တပြည်နယ် ကွဲပြားပါတယ်။ ပြည်နယ် ၅ဝ အနက် ၄၈ ပြည်နယ်မှာတော့ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်တဲ့ မိန်းမယောက်ျားမဟူ မိဘသဘောတူညီချက်မလိုဘဲ အိမ်ထောင်ပြုလို့ရပါတယ်။ နီဘရားစကားပြည်နယ်မှာတော့ ၁၉ နှစ်ရောက်မှ အိမ်ထောင်ပြုခွင့်ရှိပြီး မစ်စစ္စပီပြည်နယ်မှက ၂၁ နှစ်ကျမှ အိမ်ထောင်ပြုလို့ရပါတယ်။ သတ်မှတ်ထားတဲ့အသက်တော့ မပြည့်ဘူး ဒါပေမယ့် မနေနိုင်တော့ပါဘူးဆိုရင်...

(မြန်မာ့စီးပွားရေး တက်နေလား ကျနေလား) Dr Tin Sein ရေးတဲ့စာ

0 comments
(မြန်မာ့စီးပွားရေး တက်နေလား ကျနေလား) Dr Tin Sein ရေးတဲ့စာ ဂျပန်ကုမ္ပဏီတွေ လူတိုးနေတယ်၊ အသစ်တွေ ထပ်ဝင်တယ်၊ စင်ကာပူက ထပ်ဝင်လာတယ်၊ ယိုးဒယား၊ မလေးရှားနဲ့ဗီယက်နမ် အသစ်တွေ တိုးလာတယ်။  ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေကကောက်လို့ရတဲ့ စာရင်းအင်းအချက်အလက်တွေပေါ်မူတည်ပြီး မြန်မာ့စီးပွားရေး 6% 7% နဲ့ တိုးတက်တယ်လို့ပြောပါတယ်။ အစိုးရကလည်း စီးပွားရေးတက်နေတယ်လို့ အခိုင်အမာပြောနေပါတယ်။ ဒါပေမဲ့ MMRD ကုမ္ပဏီက ပြည်တွင်းလုပ်ငန်းရှင်တွေကိုလေ့လာပြီးတော့ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ဆက်တိုက်ကျနေတယ်လို့...

ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့်တွေ့ဆုံခြင်း (အင်တာဗျူးပြုလုပ်သူ မန်းထိန်ဝင်းစိန်)

0 comments
ဗိုလ်လင်းထင်နဲ့နော်လီဇာဘင်ဆင် ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့်တွေ့ဆုံခြင်း အင်တာဗျူးပြုလုပ်သူ မန်းထိန်ဝင်းစိန် ၉-၄-၂ဝ၁၆ ဖားအံမြို့မှအပြန် သထုံမြို့နယ် မြသပိတ်တောင်ဘုရားလမ်းတွင်နေထိုင်သူ စောဂျူးထံ ဝင်ရောက်တွေ့ဆုံခဲ့သည်။ စောဂျူးသည် KNU ဗိုလ်ချုပ်ဟောင်းစောအုန်းဖေ၏သားဖြစ်ပြီး တစ်ချိန်က KNU တပ်မဟာ(၅) တပ်မင်းဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိလည်းဖြစ်ခဲ့သည်။ တပ်မဟာမှူးကို ယခင်အချိန်က တပ်မင်းဟုခေါ်ဝေါ်သုံးစွဲခဲ့သည်။ စောဂျူးအား KNU လက်နက်ကိုင်ထဲတွင် သူ ပါဝင်ပတ်သက်ခဲ့ဖူးသည့် အကြောင်းကို မေးမြန်းခွင့်ရခဲ့ရာ...