Saturday, March 30, 2019

ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂) ကျော်ဇောခိုင်

0 comments
ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂) အာမေဇုံတောနက်ထဲကပေးပို့ချက်များ ဘီလီယံနာသူဋ္ဌေးကြီး ဂျက်ဘီဇော့ဟာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သလို သူ့ကုမ္ပဏီဖြစ်တဲ့ အာမေဇုံဟာလည်း လက်ရှိအမေရိကန်နည်းပညာ ကုမဏီတွေထဲမှာ သုတေသနနဲ့ဖွံ့ဖြိုးရေး (R&D – Research & Development) အတွက်ရင်းနှီးထားတဲ့ငွေ အများဆုံးပါပဲ။ ဒုတိယ အချမ်းသာဆုံး ဘီလ်ဂိတ်ရဲ့ အရင်ကုမဏီကကောလို့မေးလာရင် မိုက်ခရိုဆော့ဖ်က သုတေသနမှာ ရင်းထားတာနံပါတ်လေးဖြစ်တယ်။ ဒါဆိုကြားထဲက ၂ နဲ့ ၃ကို သိချင်လာကြပါလိမ့်မယ်။ အယ်ဖာဘက် (Alphabet - အက္ခရာ)ကုမဏီနဲ့ ကွန်ပြူတာရဲ့ဦးနှောက်လို့ခေါ်တဲ့...

Friday, March 29, 2019

(သိမ်းပါပြောကြည့်)

0 comments
(သိမ်းပါပြောကြည့်) ၆၂ တုန်းကလုပ်ခဲ့တာက ဟိုတုန်းကပြည်တွင်းအခြေအနေနဲ့ ကမ္ဘာ့အခင်းအကျင်းကြောင့်ဖြစ်ပါတယ်။ စစ်အေးကနဦးကာလများဆီက နေတိုး/ဝါဆောစစ်စာချုပ်ကြီးတွေအတွက် တပ်သားသစ်စုနေချိန်ကြီးဖြစ်နေပါတယ်။ ခုနေ ကြိုက်သလောက်တိုက်တွန်း စစ်တပ်က သူ့သဘောနဲ့သူ ၆၂ တုန်းကလို အာဏာဘယ်တော့မှ မသိမ်းပါဘူး စိတ်ချပါ။ သိမ်းဖို့သွားပြောလို့ ပြောတဲ့လူ ပစ်အသတ်မခံရရင်ကံကောင်းပြောရမယ်ထင်ပါတယ်။ ရခိုင်အင်န်အယ်လ်ဒီကိုကိုင်ဖို့ ရိုဟင်ဂျာမျိုးဖြုတ်ဖို့ ဒေါက်တာအေးမောင်တို့ အဲ့သဘောမျိုးလုပ်ခဲ့တာပါပဲ။ နောက်ဆုံး အေးမောင် ဘာဖြစ်သွားလဲ။ ဖြစ်သွားတာကြည့်ပြီး...

(နှစ်နံမည်နဲ့နေ့) မျိုးမြင့်ချို

0 comments
(နှစ်နံမည်နဲ့နေ့) မိမိအစိုးရဖြစ်နေတုန်းမှာ မတ် ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့လို့တရားဝင်ဘာလို့ပြန်မပြောင်းတာလဲ၊ လွှတ်တော်ထဲမှာရော ဘာလို့ NLD အမတ်တွေ ဒီအကြောင်း အဆိုမတင်တာလဲ။ အစိုးရထဲက ဝန်ကြီးတယောက်ယောက်ကရော ဘာလို့ အဆိုပြုတာတွေဘာတွေ မလုပ်တာလဲ။ ကာကွယ်ရေးဝန်ကြီးက စစ်ဗိုလ်မို့လို့ဆို တခြားစစ်ဗိုလ်မဟုတ်တဲ့ တယောက်ယောက်ကရော ဘာလို့မတင်တာလဲ။ ဒေါ်စုကိုယ်၌ကရော ဘာလို့ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေနေ ရသလဲ။ အနိမ့်ဆုံးအဆင့် လွှတ်တော်အတွင်းမှာ ခြေခြေမြစ်မြစ် ကျိုးကြောင်းသင့်သင့် ခိုင်ခိုင်မာမာ ဘာလို့မဆွေးနွေးကြတာလဲ။   “ကျနော်တို့က အစိုးရဆိုပေမယ့်……”...

(ကမ္ဘာဆိုတာ တပြည်တည်းနဲ့တည်ထားတာမဟုတ်တော့) မျိုးမြင့်ချို

0 comments
(ကမ္ဘာဆိုတာ တပြည်တည်းနဲ့တည်ထားတာမဟုတ်တော့) နိုင်ငံကြီးတွေက ရွှေတွေဝယ်လှောင်နေကြတယ်။ အဝယ်လိုက်ရင် ဈေးတက်ဖို့ကောင်းတဲ့ရွှေဟာ ဈေးကျနေပြီး လူအယုံအကြည်နည်းနည်းလျော့လာတယ်ဆိုတဲ့ အမေရိကန်ဒေါ်လာခေါ်တဲ့ ငွေမာဟာ ဈေးတက်လာတယ်။ ရွှေဈေးကွက်မှာ လူတွေ ကြိတ်ကြိတ်တိုးနေတယ်။ ဝယ်လက်တွေ ပျားပန်းခပ်ပြီး ရွှေဈေးကွက်ကြီး ဟီးဟီထနေတယ်ရလို့ World Gold Council ကမ္ဘာ့ရွှေကောင်စီက အံ့အားတကြီးကြေညာပါတယ်။ ရွှေဝယ်လှောင်ရာမှာ အမေရိကန်အစိုးရထုတ်ရောင်းထားတဲ့ နှစ်ရှည်ငွေချေးစာချုပ်တွေနဲ့ ငွေချေသူတွေက ချေနေကြတယ်။ ရွှေထုတ်ရောင်းနေတာက...

Wednesday, March 27, 2019

(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ) မျိုးမြင့်ချို

0 comments
(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ) စစ်ပွဲဆိုတာ သေနတ်နဲ့တိုက်တာ။ သေနတ်ဟာ လူသေတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့လူကို အလောင်းကောက်မီရင် ကောက်တယ်။ သင့်တော်ရာမှ အလံအုပ်မြေမြှုပ်လိုက်တယ်။ ပြီးပြီ။ အလောင်းကောက်မမီရင် လက်နက်အပါမခံပဲ အလောင်းကို လက်လွှတ်လိုက်ရတယ်။ အလောင်းရော လက်နက်ပါ ပြန်ကောက်ချိန်မရရင်တော့ ထားခဲ့တော့ ဒီအတိုင်းပဲ။ ဒါ ကျသွားတဲ့ စစ်သားအလောင်းအတွက် အပြီးသတ်အဖြေပဲ။ ဒဏ်ရာ ရတဲ့လူကျတော့ ဖြစ်နိုင်သမျှ ပြန်ဆွဲရတယ်။ မသေမရှင်ဖြစ်နေရင်တောင် ကိုယ့်လက်ထဲမှာ သေဖို့လုပ်ရတယ်။ မဆွဲနိုင်လို့ ဒဏ်ရာရတဲ့လူချန်ခဲ့ရပြီး...

Tuesday, March 26, 2019

(စာနာစိတ်ဟာ စာနာစိတ်ကထွက်ပါတယ်) မျိုးမြင့်ချို

0 comments
(စာနာစိတ်ဟာ စာနာစိတ်ကထွက်ပါတယ်) ရခိုင်စစ်ပြေးဒုက္ခသည်တွေအတွက် အထောက်အပံ့အကူအညီနဲ့ လူ့အခွင့်အရေး လူသားချင်းစာနာရေးရှုထောင့်ကနေ အကာအကွယ်ပေးမှုတွေအတွက် ရခိုင်အမျိုးသားတွေ ရှေ့မျက်နှာနောက်ထားပြီး မျက်နှာအောက်ချပြီး(တချို့ကတော့ မျက်နှာဗြောင်တိုက်ပြီး) နိုင်ငံတကာကို တိုးလျှိုးနေကြတာတွေ့တော့ စိတ်ထိခိုက်မိသလို စိတ်လည်းမကောင်းဘူး။ တပြိုင်တည်းမျာ အံ့အားလည်းသင့် မင်လည်းသက်မိပါတယ်။ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ကိုဝင်ခွင့်ပေးဖို့ကိုလည်း အားကြိုးမန်တက် ဆန္ဒတွေပြကြ၊ နိုင်ငံရေးသမားတွေချဉ်းကပ်ပြီး လော်ဘီတွေလုပ်နေကြတယ်။...

(တောမှောက်နေကြဦးမှာလား) မျိုးမြင့်ချို

0 comments
(တောမှောက်နေကြဦးမှာလား) ရိုဟင်ဂျာအရေးတုန်းကလည်း အမေရိကန်နေ ရခိုင်အမျိုးသားတချို့ အိမ်ဖြူတော်ရှေ့ လွှတ်တော်ရှေ့ ယူအင်န်ရုံးရှေ့၊ မြန်မာသံရုံးရှေ့တွေ သွားပြီးဆန္ဒပြကြတယ်။ ခု AA အရေးပေါ်လာတော့လည်း အမေရိကန်နေ ရခိုင်အမျိုးသားအချို့ အဲ့ဒီနေရာတွေ သွားပြီးဆန္ဒပြကြပြန်တယ်။ မတူတာက ကြွေးကြော်သံတွေ ပြောင်းပြန်နီးနီးဖြစ်သွားပါတယ်။ ဆန္ဒပြသမားတွေဆိုပေမယ့် ဒီလူတွေထဲမှာ ဘယ်နှရာခိုင်နှုန်းက ဘယ်လောက်အားကိုးတကြီး ရှိမရှိကတော့ ရင်ထဲဝင်ကြည့်မှသိရမှာမို့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာက သတိမူလာစေ့ချင် အာရုံစိုက်လာစေ့ချင်ရုံလောက်သာ...

Friday, March 22, 2019

“အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ”

0 comments
“အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ” အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကိုပျက်အောင်လုပ်နေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင်လုပ်နေသညဟု နိုင်ငံစုံဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့်နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။ ယင်းမှာ ဆင်းရဲမွဲတေသည့် အာဖရိကတိုက်တွင်သာမဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြေက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄ နာရီအတွင်း ကွန်ပြူတာဖြင့် အရောင်းအဝယ်လုပ်၍ အရင်းအနှီးများ တင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအခြင်းအရာသည်...