ငြင်းပယ်ခြင်း၏အလှ၊
ဖြစ်တည်မှုဒဿနနိဒန်း(မောင်ကြည်သစ်၁၆)
ဖြစ်တည်မှုဝါဒီတို့အလိုအရ လူ့ဘဝဟူသည် ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ကိုယ်တိုင တည်ဆောက်ထားသည့်အရာဖြစ်၏။ ထို့ကြောင့် လည်း မိမိဘဝအတွက် မိမိသာတာဝန်ယူရ၏။ လွတ်လပ်မှုနှင့်အတူ တာဝန်သည်ကပ်ပါလာ၏။ မိမိဘဝ မလုံခြုံမှုအတွက် စိုးရိမ်ပူပန်သောက ရောက်ကြရ၏။ ဘဝ မတည်ငြိမ်မှုအတွက် ဝမ်းနည်းကြေကွဲရ၏။ စိုးရိမ်အားငယ် ရ၏။ ယင်းတို့သည် လွတ်လပ်မှု၏ ဖွားဖက်တော်များ ဖြစ်ကြ၏။ ဤသို့သော လွတ်လပ်မှု၏ရက်စက်ဖိစီးမှုဒဏ်ကို လူသားများသည် ကြံ့ကြံ့ခံ ရင်မဆိုင်ဝံ့ကြပေ။ ထို့ကြောင့် လူတို့သည် စစ်မှန်သည့်လူ့ဘဝကို မရရှိကြ။ လူသား၏ လွတ်လပ်မှုအရသာကို မခံစားကြရဟု ဆာ့တ်က ဆိုပေသည်။
လွတ်လပ်မှုမှထွက်ပြေးခြင်း။
လူတဦးတယောက်သည် စားပွဲထိုးဖြစ်သည်(သို့မဟုတ်)မန်နေဂျာဖြစ်သည်။
(သို့မဟုတ်) ဆီးမိုက်လူမျိုးဆန့်ကျင်ရေးသမား(AntiSemite) ဖြစ်သည်ဟုပြောဆိုလိုက်ခြင်းနှင့်
ဤလူသည် မျက်လုံးပြာ၏။ အသားဖြူ၏ (သို့မဟုတ်)ဤလူသည် ဆီးမိုက်လူမျိုးဖြစ်၏ဟုပြောဆိုခြင်းတို့မှာ
ခြားနားကြပေသည်။ မျက်လုံးပြာခြင်း၊ အသားဖြူ့ခြင်း၊ ဆီးမိုက်လူမျိုးဖြစ်ခြင်းတို့သည်
လူတဦးကို နဂိုမူလ လူ့ဘဝဖြစ်တည်လာကတည်းက သတ်မှတ်ပြီးသားဖြစ်၏။ ပကတိအတိုင်း ရှိနေကြခြင်းသာဖြစ်၏။
သို့သော် စားပွဲထိုးဖြစ်ခြင်း၊ မန်နေဂျာဖြစ်ခြင်း၊ ဆီးမိုက်ဆန့်ကျင်ရေးသမား ဖြစ်ခြင်းတို့ကမူ
နဂိုမူလကတည်းက သတ်မှတ်ထားသည် မဟုတ်ပေ။ လူတဦးတယောက်အနေဖြင့် မိမိဘာသာမိမိ ရွေးချယ်ဆောင်ရွက်၍
ဖြစ်ပေါ်လာသော ဂုဏ်အရည်အချင်း သဘောလက္ခဏာများသာ ဖြစ်ပေသည။်
လူတဦးတယောက်သည် သူ့မျက်လုံးအရောင်ကို
မနှစ်သက်သော်လည်း ရှိနေသည့်အတိုင်းသာ လက်ခံထားရသည်။ အခြားအရောင်သို့ ပြောင်းပစ်၍မရနိုင်ပေ။
သို့သော် သူ၏အကျင့်စရိုက်၊ လက္ခဏာ၊ ဂုဏ်အရည်အသွေး၊ အရောင်အဆင်းကိုမူ ပြုပြင်ပြောင်းလဲယူနိုင်ပေသည်။
မျက်စိအရောင်၊ အသားအရောင်တို့သည် မျိုးရိုးဗီဇသဘောအရ ပုံသေသတ်မှတ်ထားပြီးသားဖြစ်၏။
မိမိဘာသာ မိမိ ပကတိတည်ရှိနေသော အရာများဖြစ်၏။ စရိုက်၊ လက္ခဏာ၊ ဂုဏ်အရည်အသွေးကမူ ပုံသေသတ်မှတ်ထားသောအရာများ
မဟုတ်ကြပေ။ အမြဲတမ်းရှင်သန် ပြောင်းလဲ နေ၏။ လူပုဂ္ဂိုလ်၏အပြုအမူ ဆောင်ရွက်ချက် အလုပ်အကိုင်ကိုလိုက်၍
ပြောင်းနေမည်သာဖြစ်၏။ မိမိဘာဖြစ်သည်ဆိုသည်မှာ မိမိ၏ လုပ်ဆောင်မှုသာ ဖြစ်၏။ ဘယ်သူမပြုမိမိမှုသာ
ဖြစ်ပေ၏။ လူသည် မိမိကိုယ်ကိုမိမိ တန်ဖိုးဖြတ်သတ်မှတ် နေကြသည်သာဖြစ်၏။ ထို့ကြောင့်လည်း
ဖြစ်တည်မှုဝါဒီတို့က ဤလောကတွင် လူ့သဘောလူ့သဘာဝကဲ့သို့သောအရာဟူသည် လုံးဝမရှိဟု ဆိုကြခြင်းဖြစ်၏။
မျက်မှောက်ခေတ် စပိန်ဒဿနဆရာ
အော်တေဂါအီဂါဆေ(Ortegay Gasset) က “လူသားတွင် သဘောသဘာဝ လက္ခဏာဟူသည်မရှိ၊ ဖြစ်စဉ်သမိုင်းသာ
ရှိ၏”ဟု မိန့်ဆိုလေသည်။
လူသားသည် ကိုယ့်ဘဝကိုယ်
တည်ဆောက်ရ၏။ ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်သမိုင်းကိုယ်ရေးကြရ၏။ ကိုယ်ရွေးသောလမ်း၊
ကိုယ် ရေးသောသမိုင်းတွင်လည်း တာဝန်ယူရ၏။ ကိုယ့်သမိုင်းကိုယ်ရေး၍ ကိုယ့်ဘဝကိုယ်တည်ဆောက်ကြရာတွင်
ရလာ ရောက်လာသော ဘဝနှင့် ပိုင်ဆိုင်လာသောဂုဏ်ရည်တို့သည် တည်မြဲကြသည်မဟုတ်ပေ။ လုပ်ဆောင်ချက်
အပြုအမူကိုလိုက်၍ အစဉ်ပြောင်းနေမည်သာ ဖြစ်၏။ ထို့ကြောင့်လည်း လူ့ဘဝသည် တည်ငြိမ်မှုရှိသည်
မဟုတ်ပေ။ လုံခြုံမှုရှိသည် မဟုတ်ပေ။ မတည်ငြိမ်မလုံခြုံသောဘဝ၊ ကိုယ့်တာဝန် ကိုယ်ယူနေရသောဘဝဟူသည်
လူတို့ မုချရင်ဆိုင်ရမည့်အခြေအနေသာ ဖြစ်သည်။ မည်သူမျှရှောင်လွှဲ၍ရမည်မဟုတ်ပေ။ အရေးကြီးသည်မှာ
မိမိဘဝအတွက် မိမိဘာသာ တာဝန်ယူဆောင်ရွက်စိတ်မွေးကြရန် ဖြစ်သည်။ ကိုယ့်လမ်း ကိုယ်ရွေးပြီး
ကိုယ့်သမိုင်း ကိုယ်ရေးမည်ဟူသော အယူရှိကြရန် ဖြစ်သည်။ သို့မှသာ လူသားသည် မိမိ၏လွတ်လပ်မှုကို
ဖောေ်ဆာင်နိုင်ပေမည်။ မိမိဘဝဖြစ်တည်မှုကို စစ်စစ်မှန်မှန် တည်ဆောက်နိုင်မည်ဖြစ်၏။
ယန်းပေါဆာ့တ်က လူသည်
ထာဝရဘုရား၏ဖန်ဆင်းမှုကြောင့် လူ့ဘဝသို့ရောက်ရှိလာသည် မဟုတ်။ မိမိဘာသာမိမိ လွတ်လွတ်လပ်လပ်
ရောက်ရှိလာခြင်းဖြစ်၏။ မည်သို့သောအရာ၏ အကြောင်းပြုပြဌာန်းမှုကြောင့်မျှ မဟုတ်ပေ။ ထို့ကြောင့်
လူသည် လွတ်လပ်သူဖြစ်၏။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရသူဖြစ်၏။ ထို့ပြင် လူ၏လွတ်လပ်ခြင်းသည်
လူဖြစ်လာပြီးနောက်မှ ပေါ်လာသည့်အရာ မဟုတ်ပေ။ လူဖြစ်ခြင်း၌ပင် လွတ်လပ်ခြင်းသည် ထက်ကြပ်မကွာရှိနေ၏။
လူဖြစ်ခြင်းသည်ပင် လွတ်လပ်ခြင်းဖြစ်၏။ လူဖြစ်ခြင်းနှင့်လွတ်လပ်ခြင်းသည် ထပ်တူထပ်မျှ
သဘောဖြစ်၏ဟု ဆိုခဲ့ပေသည်။
သို့သော် လူအတော်များများသည်
မိမိ၏လွတ်လပ်မှုကို မျက်ကွယ်ပြုကြ၏။ ငြင်းပယ်ကြ၏။ အဘယ်ကြောင့်နည်း။
ဖြစ်တည်မှုဝါဒီတို့အလိုအရ လူ့ဘဝဟူသည် ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ကိုယ်တိုင တည်ဆောက်ထားသည့်အရာဖြစ်၏။ ထို့ကြောင့် လည်း မိမိဘဝအတွက် မိမိသာတာဝန်ယူရ၏။ လွတ်လပ်မှုနှင့်အတူ တာဝန်သည်ကပ်ပါလာ၏။ မိမိဘဝ မလုံခြုံမှုအတွက် စိုးရိမ်ပူပန်သောက ရောက်ကြရ၏။ ဘဝ မတည်ငြိမ်မှုအတွက် ဝမ်းနည်းကြေကွဲရ၏။ စိုးရိမ်အားငယ် ရ၏။ ယင်းတို့သည် လွတ်လပ်မှု၏ ဖွားဖက်တော်များ ဖြစ်ကြ၏။ ဤသို့သော လွတ်လပ်မှု၏ရက်စက်ဖိစီးမှုဒဏ်ကို လူသားများသည် ကြံ့ကြံ့ခံ ရင်မဆိုင်ဝံ့ကြပေ။ ထို့ကြောင့် လူတို့သည် စစ်မှန်သည့်လူ့ဘဝကို မရရှိကြ။ လူသား၏ လွတ်လပ်မှုအရသာကို မခံစားကြရဟု ဆာ့တ်က ဆိုပေသည်။
ပြီးခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း
လူသားတို့သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများနှင့် နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရ၏။
ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကိုလည်း မချိမဆန့်ခံစားကြရ၏။ ထိုအခြေအနေတွင် မိမိတို့သည်
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရင်း အသက် စွန့်ကြသည်။ လွတ်လပ်ရေးအတွက် တိုက်ခိုက်ရင်း သေဆုံးခဲ့ကြသည်ဟု
ပြောဆိုခဲ့ကြ၏။ အသံကောင်းဟစ်ခဲ့ကြ၏။ ထိုအချိန်မှာပင် အမှန်စင်စစ်လူတို့သည် လွတ်လပ်မှုမှ
ရှောင်ပြေးသည့်အတွက် (ဝါ)လွတ်လပ်မှုကိုငြင်းပယ်ခဲ့ကြသည့်အတွက်ကြောင့်သာ သေဆုံးခဲ့ကြခြင်း
ဖြစ်သည်ဟုအဆိုပြုထားသော စာအုပ်တစ်အုပ်ထွက်လာခဲ့သည်။ ထိုစာအုပ်၏ အမည်အမှာ “လွတ်လပ်မှုမှထွက်ပြေးခြင်း(Escape
From Freedom)” ဖြစ်၏။ စာရေးသူမှာ စိတ်ပညာရှင် အားရစ်ဖရွမ်း (Erich Fromm) ဖြစ်၏။ယန်းပေါဆာ့တ်သည်
ဖရွမ်းနှင့်သဘောထား တူမျှခဲ့၏။
0 comments:
Post a Comment