(ဗိုလ်)ခင်ညွန့်နိုင်ငံရေးထဲဝင်မှာကို
ခါးခါးသီးဖြစ်နေသူတွေကို နားလည်လို့မရပါ။ သူနိုင်ငံရေးထဲဝင်ရင် တုန်လှုပ်ဖို့ကောင်းတာက “ဥပဒေအထက်မှာဘယ်သူ့မှမရှိ” လို့ကြွေးကြော်ပြီး စားခွက်လုခဲ့ကြတဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့
(ဗိုလ်)သိန်းစိန်အပါအဝင် ဗိုလ်ဟောင်းတွေပဲဖြစ်ရမှာပါ။ အဲ့ဒီ စားမန်ခုတ်ပွဲမှာ (ဗိုလ်)ခင်ညွန့်က
တပ်မရှိလို့ခံလိုက်ရတာပါ။ သူ့ရှိတဲ့တပ်က စစ်တိုက်တဲ့တပ် မဟုတ်ပါ။ စစ်အုပ်စုကြီးတစုလုံးမှာ သူက ကိုင်းဖျားကိုင်းနားပါ။ တစုလုံးရဲ့အကျိုး စီးပွားကြီးကို သူနဲ့သူ့နောက်လိုက်တွေက
အဆင့်တနေရာမှာတာဝန်ယူ
ကာကွယ်တာပါ။ တစုလုံးအကျိုးစီးပွားဆိုတော့ သူတို့အကျိုးစီးပွားလည်းဖြစ်နေ လို့ပါ။ အခု လွှတ်တော်နဲ့၊ ဖွဲ့စည်းပုံနဲ့၊ ရွေးကောက်ပွဲနဲ့၊ “ပါတီတွေရှိစေ”လုပ်ထားတာနဲ့၊
”ဦးပိုင်” စစ်စီးပွားရေးကြီးနဲ့အာဏာအထိုင်ကျနေတဲ့ စစ်အုပ်စုကြီးတစုလုံးကိုတောင် ”ယုံတယ်“ဆိုနေသူတွေက (ဗိုလ်)ခင်ညွန့်ကျမှ ဘယ့်နှယ်လို့ ”မယုံဘူး“ ဖြစ်ရပြန်လဲ။ “ယုံတယ်”တွေ ”ပေးပါရစေ“
လို့တောင်မပြောဝံ့တဲ့ “လွတ်ငြိမ်းချမ်းသာ”လည်း သူတို့ဘာသာ ၂ဝဝ၈ နဲ့ယူပြီးသားပါ။ ကိုယ့်အမှုကိုကိုယ်ပြန်စီရင်ပြီး
ကိုယ့်ကိုယ် ကို”လွတ်စေ“ပေးထားတာကိုတောင် ကြည်ဖြူနေပြီပဲဟာ (ဗိုလ်)ခင်ညွန့်လည်း “ယူစေ”လို့သဘောထားလေး
အကြီးမပြကြတာကရော ဘာသဘောလဲ။ သွေးရိုးသားရိုး မကျေနိုင်မချမ်းနိုင်ဖြစ်တာရော ဟုတ်ရဲ့လား။
မေတ္တာတရားကြီးမားပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရှေ့ တင်ပြီး၊ စစ်အုပ်စုတစုလုံးကိုတောင်ခွင့်လွှတ်နေပြီး ခု သူ့ တစ်ယောက်ကျမှ ပစ်မှတ်ထားပြီး ”ရွေးပစ်“ကြ တာကရော ဘယ်လိုသဘောထားလဲ။
သွေးရိုးသားရိုးပဲလား။ စစ်အုပ်စု(အာဏာကိုင်ထားတဲ့) ကို မျက်စပစ်ပြနေတာလား။ တခုခုများ
”မျှော်”နေတာလား။ “မျှော်ပစ်“ ပစ်ပြနေကြတာများလား။ မရောင်းဘူးပြောနေတာကို ”ချိန်သာချိန်ပါ”
လုပ်နေကြတာများလား။ နောက်ပြီး သူ့ကို ”တဦးတည်းပြိုင်ဘက်ကင်း“ ရာဇဝတ်ကောင်ကြီးလို့
လက်ညှိုးထိုးနေကြတာကရော နိုင်ငံရေးအရ ကြိုတင်လုပ်ကြံနေကြတာများလား။ သွေးရိုးသားရိုးမှဟုတ်ရဲ့လား။
“အယုံခံ”ရသူတွေ ကိုယ့်ကို”ယုံ“အောင် ”ယုံလုံး”ထွင် နေတာများလား။ အယုံတွေအကြိုက် ”ယုံအောင်”လိုက်လုပ်ပေးနေကြတာလား။
အယုံခံတွေအာဏာရှိနေလို့၊ မပြောဝံ့လို့ “နန်းကျကြီး”ကို ဝိုင်းထောင်းတာဆိုရင်ရော ကျင့်ဝတ်
Ethic အရ သင့်မသင့်ပြန်မတွေးသင့်ဘူးလား။ အမှုတွဲတွေအကုန်ထဲမှာ သူတယောက်တည်းပဲ ”ခေါင်းခံ”
ဖြစ်သလား။ သူတယောက်ပဲ “ပေါက်ကောင်“ဖြစ်ရသလား။ ခုနေ သူ “ဖော်ကောင်”ဖြစ်လာမှာကို အလန့်ဆုံးက
ဘယ်သူတွေလဲ။ ပြန်စဉ်းစားကြဖို့ပါ။ ဖော်ရင် အမှုတွဲဖိုင်လ်တွေ လူထုရှေ့ရောက်လာမှာကို
အကြောက်ဆုံးကဘယ်သူတွေလဲ။ သူ့ကို ”လေးပစ်သူ“လို့မြင်ရင် ”အသွားစေခိုင်းသူ“ ”အစွယ်လိုသူတွေ“ပါ ကြံပါရာပါတွေအဖြစ် မြင်နိုင်ရမှာပေါ့။
အာဏာရှိတုန်းက စစ်အုပ်စုရဲ့ တစုံလုံးဆိုင်ရာအကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး သူ့သဘောသူဆောင်လုပ်ခဲ့တာ
တခုတလေများရှိရင်လည်း ထုတ်လည်းပြကြစေချင်ပါရဲ့။ ခုတော့ဗျာ လေးပစ်သူတယောက် တည်းအပေါ်မှာ
ငါးတကာယိုတဲ့ချေး(ချီး)ပုဇွန့်ခေါင်းလာပုံနေတာတွေမြင်တော့ သူ့အတွက်ရင်မနာဘူး။ စိတ်မကောင်းလည်း
မဖြစ်ဘူး။ ပုဇွန့်ခေါင်းတခေါင်းတည်းမှာ သွားပုံနေကြတဲ့လူတွေကြည့်ပြီး ရင်ထုမနာဖြစ်ရတယ်။
ကျနော်လည်း တတိုင်းပြည်လုံးကလူတွေလိုပဲ သူနဲ့သူ့နောက်လိုက်တွေလုပ်တာ ခံဖူးသူတွေထဲပါတယ်။
နိုင်ငံရေးအကျဉ်းသားမှ ခံရတာမဟုတ်ဘူး။ တတိုင်းပြည်လုံး ခံခဲ့ရတာ။ ခံရတာ။ ခံနေရတာ။ အဲ့ဒါ..သူနဲ့သူ့လူတွေချည်း
လုပ်ခဲ့တာမဟုတ်ပါဘူး။ သူမခိုင်းရင် သူ့ကောင်တွေမလုပ်ဘူး။ စစ်အုပ်စုက မခိုင်းရင် သူလည်းမလုပ်ဘူး။
စစ်အုပ်စု၊ စစ်အာဏာ၊ စစ်အကျိုးစီးပွားကခိုင်းလို့ သူတို့အတူလုပ်ကြတာပဲ။ ခုမှ သူ့တယောက်တည်း
ဝိုင်းလက်ညှိုးထိုးနေတာ တရားမကျဘူးထင်တာပဲ။ သွေးရိုးသားရိုး မဟုတ်ဘူးထင်တာပဲ။ နိုဝင်ဘာ ၃ ၂ဝ၁၂
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2012
(351)
-
▼
November
(30)
- ဦးပိုင်လူများ မမြင်ချင် (ငြိမ်းချမ်းအေး)
- သမ္မတကြီးအမိန့်မပေးဘူးနှင့်ပေးတယ် (မျိုးမြင့်ချိ)
- ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃ဝ (မျိုးမြင့်ချို)
- မြို့တော်ခန်းမထက်ကအလံတော်-၃ (မောင်လှဝင်း-မြင်းခြံ)
- ပြည်သူတွေကိုကာကွယ်ပါ(ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)
- မြို့တော်ခန်းမထက်ကအလံတော်(မောင်လှဝင်း-မြင်းခြံ) အပ...
- မြို့တော်ခန်းမထက်ကအလံတော် (မောင်လှဝင်း-မြင်းခြံ)
- အာဆီယံ (သို့မဟုတ်)တရုတ်နှင့် အမေရိကန်တို့၏သတ်ကွင်း...
- ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၂၉ (မျိုးမြင့်ချို)
- အာဆီယံ(သို့မဟုတ်)တရုတ်နှင့် အမေရိကန်တို့၏သတ်ကွင်း-...
- အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ [ပ/ဒု] (ငြိမ်းချ...
- အာဆီယံ (သို့မဟုတ်) တရုတ်နှင့် အမေရိကန်တို့၏သတ်ကွင်...
- တိုင်းရင်းသားတွေအတူတကွနေနိုင်တဲ့ဥပဒေတရပ် လိုပါတယ်
- အာဆီယံ(သို့မဟုတ်)တရုတ်နှင့် အမေရိကန်တို့၏သတ်ကွင်း-...
- ဖက်ဒရယ်စနစ်ပေါ် ၈၈ တို့သဘောထား (ကိုမြအေးဆွေးနွေးချက်)
- ငြိမ်းချမ်းရေးပဲ့တင်သံ-အပိုင်း(၂၈) (မျိုးမြင့်ချို)
- ရုရှားဆိုရှယ်ဒီမိုကရက်တစ် အလုပ်သမားပါတီ၏ လုပ်ငန်းစ...
- တော်ရာမှပျော်အောင်နေရတယ် (ဖိုးသံ-လူထု)
- ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၂၇) မျိုးမြင့်ချို
- ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၂၆ (မျိုးမြင့်ချို)
- ကန်ထဲမှာ စားဖား ဘယ်နှကောင်မွေးထားသလဲ (နောင်ကျော်)
- ပုဇွန့်ခေါင်းနန်းကျပေါက်ကောင်အဆက်ပါ။ တွေးမိတဲ့ နော...
- ပုဇွန့်ခေါင်း နန်းကျပေါက်ကောင် (မျိုးမြင့်ချို)
- သူမိုက်၊ သူညံ့၊ သူတတ်နှင့် သူတိုင်တို့အကြောင်း (မျ...
- ဦးခင်မောင်မြင့်(သို့မဟုတ်)ရှားရှားပါးပါး သံမဏိနိုင...
- Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ...
- Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအားနိုင်ငံရေးအရ ...
- အင်တာနက်ပေါ်စဉ်ကျသွားတဲ့ ဝိဉာဉ်ကြိုစင်ပေါ်က အမင်န်ဒါ...
- ခေတ်မောင်းအတွဲ- ၆၊ အယ်ဒီ့တာ့အာဘော်
- Politicide(သို့)လူ့အဖွဲ့အစည်းတစ်ခုအားနိုင်ငံရေးအရ ...
-
▼
November
(30)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Saturday, November 3, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment