Thursday, May 23, 2013

“တိုင်းရင်းသားလက်နက်ကိုင်ပြဿနာသည် အစိုးရအဆက်ဆက်သွေးခွဲမှုကြောင့်ဖြစ်..”

0 comments

“တိုင်းရင်းသားလက်နက်ကိုင်ပြဿနာသည် အစိုးရအဆက်ဆက်သွေးခွဲမှုကြောင့်ဖြစ်..” ဟု စစ်ရေးလေ့လာသူပြော။
မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် သပ်လျှိုသွေးခွဲကာ အပေါ်စီးမှချုပ်ကိုင်အုပ်ချုပ်ခဲ့သလို လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း အဆိုပါနည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံးဆဲဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကဆိုသည်။
ယခုလ ၁ဝ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဒုဥက္ကဌဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန်ဆန်းမြို့တွင်တွေ့ဆုံခဲ့စဉ် UWSA က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုလိုက်သည့်အပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇော အား သီးခြားတွေ့ဆုံမေးမြန်းရာတွင် သူက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

“ဗမာအစိုးရအဆက်ဆက်က တိုငိးရင်းသားလူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီးကနေချုပ်ကိုင်ထားတယ်။ အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲဆက်လုပ်နေတယ်။ တပြည်လုံးအတိုင်းအတာနဲ့ လူမျိုးကြီးတွေနဲ့လူမျိုးငယ်တွေကြားထဲမှာ သွေးထိုးသပ်လျှိုထားတယ်။ သျှမ်း၊ ကချင် ဘယ်နေရာမှာပဲကြည့်ကြည့် လူမျိုးစုငယ်တွေကြားထဲမှာ ပြဿနာတွေဖြစ်အောင် လုပ်ထားတယ်။ စစ်မှန်တဲ့ဖက်ဒရယ်လ်ပြည်ထောင်စုစနစ်ကိုသွားမယ်လို့ ဆိုလို့ရှိရင် အစိုးရရဲ့ ဒီအခြေခံကျတဲ့ Mind Set ကိုဖြုတ်ရမယ်”ဟုဆိုသည်။
UWSA ဝ တပ်ဖွဲ့က ပြည်နယ်အဆင့်တိုးတောင်းသည့်ကိစ္စမှာလည်း အစိုးရတွင်သာအဓကတာဝန်ရှိပြီး ပြဿနာအားလုံးကို နိုင်ငံရေးအရ တာဝန်ယူဖြေရှင်းရန်လိုအပ်ကြောင်း သူကဆက်ပြောသည်။

“ဒါနဲ့တဆက်တည်းပဲ ဝသပ က လက်နက်အင်အားတွေဖြည့်ဆည်းတယ်။ ပြန်ကြည့်ရင် ပဏာမအပစ်အခတ်ရပ်စဲရေးအဆင့် ခိုင်မာတဲ့အဆင့် မဟုတ်သေးဘူး။ ဒီကနေ့ MPC ရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်၊ အစိုးရရယ် ဒီအဖွဲ့အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ ဖက်ဒရယ်လ်ပြည်ထောင်စုဖော်ဆောင်ပြီးတော့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒမရှိဘူး။ လှည့်လိုက် ဖဲ့လိုက်အမျိုးမျိုးမီးထိုးပြီးတော့ သဏ္ဍန်မျိုးနဲ့ပြည်တွင်းစစ်ကို ဆက်ပြီးမွေးထားတာ နှစ်လုံးထဲပြောရရင် Devide in Rule ပဲ”ဟုဆိုသည်။

အကျိုးဆက်အားဖြင့် အစိုးရ၏လုပ်ရပ်အပေါ်ယုံကြည်မှုမရှိသဖြင့် ကိုယ့်ဒေသ ကိုယ်ကာကွယ်ရန်အတွက် ဝတပ်ဖွဲ့အပါအဝင် တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့များက လက်နက်အင်အားများကို ဖြည့်တင်းနေကြခြင်းဖြစ်သည်ဟုဆိုသည်။ ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ဝတပ်ဖွဲ့နှင့်ပတ်သက်၍ သူက ဆက်ပြောရာတွင် “ဝသပ အာဏာသိမ်းစတုန်းက အင်အား ၂ သောင်းကျော်ပဲရှိတယ်။ ဒီနေ့ ၃ သောင်းကျော် သွားပြီ။ ဘာ့ကြောင့်လဲ။ ၁၉၉၅ ခုနှစ်လောက်က အစိုးရရဲ့မူအောက်ကနေ ဗိုလ်ခင်ညွန့်က ဝ တပ်ဖွဲ့ကို လွယ်လန်းကိုတိုက်ခိုင်းတယ်။ ဝ ကလည်း သူ့ကျိုးစီးပွားအတွက် တိုက်တယ်။ အစိုးရကလည်း ခွန်ဆာကိုသူတို့တိုက်မရလို့ တိုက်ခိုင်းတယ်။ မကြားဖူးတဲ့ဇာတ်လမ်းတွေ ကြားရတယ်။ နှစ်ပေါင်း ၂ဝ လောက် အစိုးရစစ်တပ်ကိုတိုက်ခဲ့တဲ့ဝတပ်ဖွဲ့က ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ၊ မိတ္ထီလာနဲ့တောင်ကြီးစစ်ဆေးရုံ တွေကိုပို့ပြီး ကုသပေးခဲ့တယ်။ လက်နက်ကျည်ဆန် အားလုံးထောက်ပံ့ပေးခဲ့တယ်။ ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း မလွဲသာမရှောင်သာပဲ ဒီဒေသတွေကို ဝသပကို ပေးလိုက်ရတယ်။ ဗိုလ်ခင်ညွန့် ထပ်ပြီးဘာလုပ်သလဲဆိုရင် တရုတ်နဲ့ပေါင်းပြီး ဝလူမျိုး ရှစ်သောင်းကျော်ကို တောင်ပိုင်းကိုပို့လိုက်တယ်”ဟုဆိုသည်။

ဝများ၏ အသက်သွေးချွေးများဖြင့်ရယူထားသော အဆိုပါ ဝတောင်းဒေသမှ ဝတပ်ဖွဲ့အား အစိုးရဘက်က ဖိအားပေးပြောင်းရွှေ့ခိုင်းမည်ဆိုပါက ဝအနေဖြင့် ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၎င်း၏အမြင်ကိုဆက်ပြောသွားသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းစစ် (စစ်တကယ်စဖြစ်တာက ၁၉၄၇ မို့ ခုလိုပြောတာဖြစ်)စတင်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၆ဝ ကျော်လာသည့်တိုင်အောင် တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်လ်ပြည်ထောင်စုအား အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

ယူတာက ဒီနေရာကဖြစ်ပါတယ်။ http://www.burmese.panglong.org/news/85-2008-08-01-03-14-40/4108-2013-05-23-06-33-58.html

0 comments:

Post a Comment