Thursday, May 30, 2013

“သွေးသန့်တယ်အမျိုးစစ်တယ်”ဆိုတာနဲ့စပ်လို့ လင်အေးထင်ရဲ့အမြင်နဲ့ ဆွေးနွေးချက်အကျဉ်း

0 comments
“သွေးသန့်တယ် အမျိုးစစ်တယ်”ဆိုတာနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု တိုင်းကျိုးပြည်ကျိုးပြုမှုတို့ဟာ ဘယ်ညီမျှခြင်းချလို့ သင့်တော်ပါ့မလဲ။ မွတ်ဆလင်တွေကို မွတ်ဆလင်ဖြစ်ရခြင်းအတွက် ခွေးကုလား နိုင်ငံခြားသား အမျိုးမစစ် မိစ္ဆာစာရင်း အော်တိုငုပ်တုပ်သွင်းကြလွန်းလို့သာ ဟိုသမိုင်းထဲ ဟိုနေရာကပါခဲ့သူဟာ (ဗမာပြည်ကမွတ်ဆလင် ဗမာမွတ်ဆလင်လို့မကြိုက်ရင်လဲ မသုံးတော့ပါဘူးဗျာ) ခင်ဗျားတို့ပြောတဲ့ မွတ်ဆလင်ကုလားပါလို့ အမျိုးတွေစပ်ပြနေရတာ။
ဘယ်သူကတော့ ကုလားသွေးပါတယ် ဘယ်သူကတော့ မွတ်ဆလင်ဟေ့ပြောရတာကိုက စောက်ရေးသိပ်မပါလှ။ ရလေးဂျီးယပ်စ်ဖြစ်သူမဟုတ်တဲ့မောင်သော်ကကိုလက်ညှိုးထိုးပြီး မွတ်ဆလင်နော် အိုင်ဒဲန်ဒတီဖော်ပြရတာ သိပ်အဓိပ္ပာယ်မရှိလှ၊ သူ့လူရည်လူသွေးက မွတ်ဆလင်ဖြစ်ခြင်းမှာတည်မှီခြင်းမရှိ၊ မွတ်ဆလင်ဖြစ်ခြင်း မဖြစ်ခြင်းက အများနဲ့မသက်ဆိုင်သောသူ့ပုဂ္ဂိုလ်ရေးမဟုတ်လား။
မွတ်ဆလင်ကောင်းဖြစ်လို့ မဖြစ်လို့ တိုင်းပြည်သားကောင်းဖြစ်တယ် မဖြစ်တယ် မယူဆမသုံးသပ်အပ်၊ ဒီလိုပဲ ယုံကြည်တယ်။ မောင်သော်ကလိုပဲ ထောင်ထဲကျဆုံးရတဲ့နီအောင်မေသု၊ မလေးစားသူ ဘယ်သူရှိလဲ၊ ထောင်တွင်းနောက်ဆုံးအချိန်တွေမှာ ဘာသာရေးဘက် ကိုင်းညွတ်မိကောင်း ကိုင်းညွတ်မိမယ်၊ သို့ပေသိ သူရဲကောင်းရဲဘော်နီအောင်မေသုရရဲ့အကြီးမြတ်ဆုံးလူ့ဂုဏ်ရည်ဟာ ရန်သူအပေါ် တစ်သက် ဦးမညွတ်ဒူးမထောက်ခဲ့တဲ့ သူ့ရဲ့ခမ်းနားတဲ့နိုင်ငံရေး လက်ဝဲစံနှုန်းတန်ဖိုးတွေကြောင့်ပဲ။
ဒါ့ကြောင့် ဦးရာဇတ်ကိုကြည့်ပါ ကိုအောင်ထွန်းကိုကြည့်ပါ ဘယ်သူ့ကိုကြည့်ပါ ဘယ်ဝါ့ကိုကြည့်ပါလို့ပြောပြီး ဒီတိုင်းပြည်အပေါ် ဗမာအမျိုးမစစ်တဲ့ဗုဒ္ဓဘာသာမဟုတ်သူများလည်း ဘယ်လိုအကျိုးဆောင်ခဲ့တယ်ဆိုပြီး အယူတော်မတင် မဝင်ချင်၊ အဲဒီ့လူအစားအမျိုးတွေက ဗမာပြည်မှာမှမဟုတ်၊ ဘယ်အရပ်မှာလူဖြစ်ဖြစ် မှန်တဲ့ဘက် တရားတဲ့ဘက် အားနည်းတဲ့ဘက် အဖိနှိပ်ခံရတဲ့ဘက်က ဝင်ရပ်မှာပဲ။ ဂျူးအသတ်ခံရတဲ့အရပ်မှာ ဂျူးဘက်က၊ မွတ်ဆလင်အသတ်ခံရတဲ့အရပ်မှ မွတ်ဆလင်၊ ခရစ်ယာန်အနှိပ်ကွပ်ခံရတဲ့အရပ်မှာ ခရစ်ယာန်ဘက်က မားမားကြီးဝင်ရပ်မယ့်သူတွေ။
ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းအတွင်းတရားသဘော လေ့လာလိုက်စား ကျင့်ကြံပွားများတဲ့သူတွေ လောကီလူ့ဘောင်မှာ လူတော်လူကောင်းအဖြစ် လူ့အသိုင်းအ၀ိုင်းကိုကောင်းကျိုးပြုတဲ့အခါမှာတော့ သူ့ရဲ့တည်ရာမှီရာလိုက်နာရာဘာသာတရားရဲ့ အကျိုးကျေးဇူးကြောင့်လို့ ချီးပခြင်းအပေါ်လည်း သဘောမမျှစရာ မရှိ၊ ဦးသန့်ရဲ့စိတ်အေးချမ်းတည်ကြည်ဖြောင့်မတ်မှုကို သူအလေးထားကျင့်ကြံရာဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့ စိတ်အလေ့အကျင့်တရားများရဲ့အကျိုးသက်မှုများစွာရှိကြောင်း ရှူထောင့်အမြင်ချည်းကပ်မှုအပေါ် အငြင်းပွားဖွယ်ရာမရှိ၊ အဲ... သွေးသန့်အမျိုးသန့်တရားဘက်တော့ ဆွဲမယူလေနဲ့၊ ဦးသန့်အဖေက ကုလားကြီး၊ ကုလားကြီးမှ မွတ်ဆလင်ကြီးဗျား။
https://www.facebook.com/linayehtin?hc_location=stream

0 comments:

Post a Comment