Thursday, May 23, 2013

"မျက်နှာမွဲနိုင်ငံရေးသမားများဒုက္ခ" မူရင်းလင့်ခ်ကိုစာအဆုံးမှာဖော်ပြထားပါတယ်။

0 comments
"မျက်နှာမွဲနိုင်ငံရေးသမားများဒုက္ခ" မူရင်းလင့်ခ်ကိုစာအဆုံးမှာဖော်ပြထားပါတယ်။
- မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလွန်းတော့ ဆင်သွားမှလမ်းဖြစ်တဲ့ပြဿနာ ရှိနေတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်တာမျိုးက မြန်မာ့နိုင်ငံရေးအမှန်တရားတစ်ခုလိုပဲ။
- အမှန်တကယ်က အခုဖြစ်ထွန်းနေတဲ့ အစိုးရနဲ့အတိုက်အခံလမ်းကြောင်းမျိုးကို G7 အုပ်စုလို့ခေါ်တဲ့ ရှေးဦး NLD အုပ်စုက ၁၉၉ဝ နှောင်းပိုင်းမှာဖေါ်ဖို့ ကြိုးစားခဲ့ဖူးတာပဲ..။ ခုလို ၂၆ နှစ်ကြာမှဖြစ်လာတာကလည်း မျက်နှာမွဲပြောရင်အမှန်မထင်ကြတဲ့ ဓလေ့ကြောင့်။
- ခုလည်း KIA, SSA, UWSA စတဲ့ပြဿနာတွေအားလုံးရဲ့အဖြေက ဖက်ဒရယ်ပဲ။ ဒီမှာလည်း ရှမ်း၊ ကချင်တို့မြင်တဲ့ ဖက်ဒရယ်ဆိုတာထက် အမေရိကန်လို ဖက်ဒရယ်တိုင်းပြည်ကြီးရဲ့နမူနာအတိုင်း တိုင်းနဲ့ပြည်နယ်တွေရဲ့နာမည်ကို ပထ၀ီဝင်နာမည်ပေးခြင်းကနေ စရမယ်…။ ဒါတွေကို လုပ်ဖို့လိုအပ်တယ်ဆိုတာကို NLD ခွဲထွက် NDF အုပ်စုကပဲ အသံထွက်လာတာတွေ့ရပြီး ဒေါ်စုကတော့အရေးကြီးတယ်လို့ယူဆပုံမပေါ်..။
- ဒီလူမျိုးစွဲအတားအဆီးတွေကိုကျော်လွှားနိုင်ဖို့ PR က တစိတ်တပိုင်း အကျိုးပြုနိုင်တာပဲ..။ အနည်းဆုံးတော့ အမျိုးသားလွှတ်တော်အတွက် ဒီစံနစ်ကိုကျင့်သုံးသင့်တာပဲ..။ ဒါကိုလည်း PR စံနစ်ကို မသင့်တော်သေးလို့ပြောကြပေမယ့် ပေးကြတဲ့အဖြေက ဒီစံနစ်ကရှုပ်ထွေးလို့တဲ့။ မိုးကြိုးပစ်ထန်းလက်ကာ။ ဒီကနေ့လို အိုင်တီခေတ်ကြီးမှာ ဒီမဲပေးစံနစ်က ရှုပ်ထွေးလွန်းသတဲ့လား။ ဒီစံနစ်မှာ နားလည်ဖို့အများကြီးအားထုတ် စရာမလိုတဲ့ပုံစံတွေရှိနေတာပဲ။ အမေရိကန်ဟာ သမ္မတကိုတိုက်ရိုက်ရွေးချယ်လို့ ဒီစံနစ်ကိုသုံးဖို့မလိုတာ။ အင်္ဂလန်လို ဘိုးအေ ဒီမိုကရေစီ ကြီးရဲ့ unitary state ကိုရောလိုက်လို့ဖြစ်မတဲ့လား။ တကယ့်တကယ် ဒီစံနစ်ကို ဆန့်ကျင်ကြတဲ့အကြောင်းက Non-NLD ဒီမိုအုပ်စုက တင်ပြလာလို့ပဲ။ NLD သာလျှင် ကယ်တင်ရှင်အဖြစ် မြင်နေကြတဲ့အမြင်ကိုကျော်လွှားဖို့ဆိုတာ ကြံ့ဖွံ့အမတ်တွေ လွှတ်တော်ထဲက ထွက်သွားနိုင်အောင်လုပ်ဖို့လောက် ခက်နေတယ်။
-၂၀၀၈ ကိုပြင်ဖို့ဆိုတာ ဒေါ်စုသမ္မတဖြစ်ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်အပြင် တခြားမရှိတော့ဘူးလား။ အခြေခံဥပဒေဆိုတာ ပြင်တိုင်းရော ကောင်းတဲ့အရာလား။ ဖက်ဒရယ်တိုင်းပြည်တစ်ခုရဲ့အခြေခံဥပဒေဟာ စိတ်မထင်တိုင်း ထပြင်နေရရင်ဖြင့် ခတ်ကွင်းပြင်နေတာနဲ့ပဲ ရွာသစ်ကြီးကို ကျော်သွားတော့မယ်။
- ၂ဝ၂ဝ လောက်ရောက်ရင်တော့ NLD နဲ့ ဒေါ်စုသာကယ်တယ်ရှင်ဖြစ်စေချင်ကြတဲ့အမြင်ဟာ တိုင်းပြည်အတွက် ပေးဆပ်စရာတစ်ခုလို့ မြင်လာကြမယ်ထင်တယ်။
ဒီစာကို ဒီမှာတွေ့ပြီးယူတင်တာဖြစ်ပါတယ်- https://www.facebook.com/socretes.athensian?hc_location=stream
(ဒီစာမှာ ကျနော်အဓိကသတိပြုခဲ့တာက ခုတလော ကျနော်တင်နေတဲ့ PR ကိစ္စခတ်ပါးပါးပြောထားတာဖြစ်ပါတယ်။ ဒီလက်က ဘာလက်၊ ဘယ်ရပ်ခံချက်ဖြစ်တာကို ပြောမှာမဟုတ်/ပြောတာမဟုတ်ပဲ PR ကိစ္စပြောဖြစ်ဆိုဖြစ်ကြတဲ့အခါ ယူပြောရမယ့်စာလို့မြင်ပြီး မျှဝေတာဖြစ်ပါတယ်)

0 comments:

Post a Comment