Friday, April 29, 2016

ဗမာ-ဗမာခြင်းဂုတ်သွေးမစုပ်နဲ့တဲ့လား(မျိုးမြင့်ချို)

0 comments
ဓနရှင်လူတန်းစားကို သွားပြီး ဗမာ ဗမာခြင်း ဂုတ်သွေးစုတ်တာတော့မကောင်းပါဘူး ပြောတဲ့လူလောက် ဉာဏ်တိမ်တာရှိဦးမလား။ ဓနရှင်လူတန်းစားဆိုတာ ဖိနှိပ်ခံတွေအပေါ်မပြောနဲ့ သူတို့ ဓနရှင်ဓနရှင်ခြင်းတောင် ဂုတ်သွေးပြန်ပြန်စုပ်ကြလို့ ကမ္ဘာစစ် ၂ ကြိမ်ဖြစ်ခဲ့ရပြီးပြီ။ ဓနရှင်လူတန်းစားမှာ လူမျိုးတူခြင်းမပြောနဲ့ ဆွေမျိုးတောင် မရှိဘူး။ အရထူးရင် ဘနဖူး သိုက်တူးတာချည်းပဲ။ နောက်တချက်က လူမျိုးအစွဲကြီးအမြင်နဲ့ဆိုင်တယ်။ ဗမာ-ဗမာခြင်း မစုပ်နဲ့ဆိုတော့ ဗမာမဟုတ်တဲ့ ဘယ်သူ့ကို စုပ်စုပ် ကောင်းတယ်ပေါ့။ အတော်အောက်တန်းကျတဲ့ လောကအမြင်ပဲ။ ပြည်ချစ်အရင်းရှင်ဆိုတာ...

ထမိန်ခြုံမယ့် ကလိန်ခြုံ(မျိုးမြင့်ချို)

0 comments
သူ့ဆွေသူမျိုး၊ သူ့မဲဆန္ဒနယ်ကတောင် အကျင့်တန်တဲ့ကောင်ဆိုပြီး မောင်းထုတ်လိုက်တာကို ကိုယ်က နိုင်ငံရေးအရာသွင်းပြီး လွှတ်တော်ထဲဇွတ်ဆွဲသွင်းပြီး ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌခန့်တာက ကိုယ့်ဘက်က နသားပါယားအလုပ်များသွားတာလို့ ပြောရမှာပါ။ ကိုယ်ပလူးတာက အရေးမကြီး၊ သူ့ကို အာဏာအဝန်းအဝိုင်းထဲ မမြင်ချင်တော့လို့ မဲမပေးခဲ့တဲ့လူတွေစိတ်ထဲ ဘယ်လိုခံစားရမလဲဆိုတာလောက်တော့ ထောက်ထောက်ညှာညှာတွေးဖို့ လိုလိမ့်မယ်။ သူဟာ တကယ်ပဲ အမှားမြင် အမှန်ပြင်လာတဲ့၊ ပြည်သူဘက်ကို နိုင်ငံရေးအရရော စိတ်ဓာတ်ရေးအရရော...

လူကျင့်တရားနဲ့ကိုယ်ကျင့်တရား(မျိုးမြင့်ချို)

0 comments
ခင်ဗျားဟာခင်ဗျား ဘာလူမျိုးဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘာသာသာ ကိုးကွယ်ကွယ် မကွယ်ကွယ်၊ ဘယ်နိုင်ငံသား ခံယူယူမယူယူ ကမ္ဘာမြေရဲ့တနေရာရာမှာ မတရားမှု နိုင့်ထက်စီးနင်းမှု မမျှတမှု လူမဆန်မှုတွေမြင်နေပါရက်နဲ့ အားနည်းသူ ဖိနှိပ်ခံရသူ မတရားအလုပ်ခံရသူ အနိုင်ကျင့်နှိပ်စက်ခံရသူဘက်က အနိမ့်ဆုံးအဆင့် စာနာပေးတာ သနားကရုဏာသက်တာလောက်တော့ လူသိရှင်ကြား လုပ်အပ်တာပါပဲ။ ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေဘက်က ရပ်တည်ပေး အရေးဆိုပေးတာ ကူညီထောက်ပံ့ပေးတာတွေလုပ်ပေါ့။ ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေအတွက် အဲ့ဒီလူတွေနဲ့အတူ တိုက်ပွဲဝင်ပေါ့။  ကိုယ်နိုင်သလောက်...

နိုင်ငံရေးထဲ အင်န်ဂျီအိုဝင် ဂလောင်ဂလင် သေးနဲ့ပန်းထုတ်(မျိုးမြင့်ချို)

0 comments
ဒီနေ့ မိတ်ဆွေတယောက်ဆီက အတွင်းသတင်းတခုကြားလို့ပါ။ Union Ceasefire Joint Monitoring Committee (UJMC) အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်(နိုင်တိုင်ပင်)တွေ့တော့ ဒီပရောဆက်တခုလုံးမှာ ပါဝင်သင့်ပါဝင်ထိုက်သူများကိစ္စဆွေးနွေးကြတာလည်း ပါပါတယ်။ သတင်းတွေမှာ အသေးစိတ်အချက်အလက် အစည်းအဝေးမှတ်တမ်းတွေ ထုတ်ပြန်ရိုးမရှိတာမို့ ဒီသတင်းက အပြင်တော့ တရားဝင်ထွက်လာဖို့ မရှိသေးပါ။ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရပ်ဘက်ကလူတွေပါ ပါနေတာတွေ့လို့ ဝမ်းသာကြောင်းနဲ့ ပါဖို့လိုအပ်ကြောင်းကို အလေးအနက်ထောက်ပြသွားသလို...

မတော်ရာခွတဲ့အမှု (မျိုးမြင့်ချို)

0 comments
“ခွင့်ပြုထားတဲ့နေရာနဲကြွေးကြော်သံတွေမဟုတ်တာကြောင့် အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကို တရားစွဲမယ်“ဆိုပဲ သဘောက “ဘာသာရေးလူမျိုးရေး ခွဲခြားဆက်ဆံမှုတွေတော့ လုပ်လို့ရတယ် ခွင့်ပြုတဲ့နေရာမှာဆန္ဒမပြလို့ ပြခွင့်လာတင်တုန်းက ပြောခဲ့တဲ့ကြွးကြော်သံတွေ မဟုတ်လို့သာ“တရားစွဲမယ့် သဘောပဲ။ ဒီ့ထက်မပိုဘူး။ ဒီလိုပုဒ်မနဲ့တရားစွဲမှာဆို ဘယ်သူ့ကိုစွဲစွဲ လက်ခံစရာအကြောင်းကို မရှိဘူး။ ခုလိုဆိုတော့ “လူပဲကွာ သူ့ဆန္ဒ သူ့ဘာသာ ဘယ်နေရာပြပြ ဘယ်သူ့ဆီကမှ ဘာခွင့်ပြုချက်မှတောင်းစရာမလိုသလို ကြွေးကြော်သံလည်း သူတိုင်ချင်ရာ တိုင်မှာပေါ့“လို့...

ယောမင်းကြီး ဦးဖိုးလှိုင်နှင့်ရာဇဓမ္မသင်္ဂဟကျမ်း

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ယောမင်းကြီး ဦးဖိုးလှိုင်နှင့်ရာဇဓမ္မသင်္ဂဟကျမ်း ယောမင်းကြီးဦးဖိုးလှိုင်ဟုခေါ်သော ယောအတွင်းဝန်ဦးဖိုးလှိုင်သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသောပညာရှင်တစ်ဦးပင် ဖြစ်သည်။ ယောမင်းကြီးသည် သူ၏တီထွင်မှုများစွာကိုပြုလုပ်ခဲ့သော်လည်း ကြွားဝါခြင်းမရှိသူတစ်ယောက်ဖြစ်သည်။ သူ၏များပြားလှစွာသော စာအုပ်စာတမ်းများကိုရေးသားခဲ့သည်။ ယခုခေတ်နှစ်တစ်လီနှစ်ဟုခေါ်သော...

ကုလားကြီးနဲ့အရာကြီးကိစ္စ(မျိုးမြင့်ချို)

0 comments
လူတဦးတယောက်ကို ပစ်မှတ်ထားပြီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါဥပဒေပုဒ်မကို မပြင်နိုင်လို့ လူအမည်တပ်ပြီး နောက်ဥပဒေတခု ထပ်ပြဌာန်းတယ်ဆိုတာ နိုင်ငံရေးအရ မလျော်ကန်ဘူးလို့ ယေဘုယျသဘောပြောလို့ရပါတယ်။ စစ်တပ်ငြိုငြင်မခံနိုင်လို့ မလွန်ဆန်အားလို့ သစ္စာခံပြီးသား ၂ဝဝ၈ နဲ့ ကျမ်းမစူးအောင် ရှောင်ကာတိမ်းကာ ကွေ့ကာပတ်ကာ ကျော်ကာခွကာနဲ့ လုပ်နေရတဲ့အဖြစ်ကိုလည်း ပြည်သူတွေစိတ်လက်မသက်မသာနဲ့ ကြည့်နေရတာပါ။ တလျှောက်လုံး စစ်ပါးဝစစ်အာဏာပြနေတဲ့လွှတ်တော်ထဲက စစ်အမတ်တွေကို နှိပ်ကွပ်နိုင်လိုက်လို့ ဒီမိုကရေစီနည်းကျမဲခွဲဆုံးဖြတ်နိုင်ခဲ့လို့...

Wednesday, April 27, 2016

ချိုးငှက်ကိုဒုံးပျံနဲ့ပစ်ချနေတဲ့စစ်အုပ်စု

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ချိုးငှက်ကိုဒုံးပျံနဲ့ပစ်ချနေတဲ့စစ်အုပ်စု ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲတွေထဲက ကောင်းတာတခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်မှုထဲက အက်ကွဲကြောင်းကြီး ထင်ထင်ရှားရှား ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းအပါ ကြံ့ဖွတ်ထိပ်သီး ၁၇ ယောက်ကြီးများတောင် “အနားယူခွင့်”(ထုတ်ပစ်) ပေးလိုက်တာပါ။  သူတို့လည်းလေ...

Friday, April 22, 2016

သိက္ခာရှိရှိအိမ်ပြန်ချင်သတဲ့လား(မျိုးမြင့်ချို)

0 comments
(သိက္ခာရှိရှိအိမ်ပြန်ချင်သတဲ့လား) သိန်းစိန် အရေခွံလဲပြီး သမ္မတတက်လုပ်လာကတည်းက “ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ သိက္ခာရှိရှိအိမ်ပြန်ဖို့“ဆိုတဲ့ဝေါဟာရ တယ်ခေတ်စားတာကလား။ ပြောသူတွေက အဖွဲ့လိုက်ကြီးတွေကိုညွှန်းနေတာလား တယောက်ခြင်းတွေကို ပြောနေတာလားလည်း မကွဲပြားဘူး။ လက်နက်ချပြီးပြန်ချင်တာလား၊ အခွင့်လွှတ်ခံအဖြစ်နဲ့ အညံ့ခံချင်တာလားလည်း မကွဲပြားဘူး။ အလားတူပဲ သိန်းစိန်လက်ထက်မှာ ပြည်နိုင်ငံတွေဆီ ရေသွန်သလို တရဟောထွက်ခွင့်ရလာသူတွေနှုတ်ကနေ သံယောင်လိုက်ပြီး ကြိုက်လုံးတွေပစ်ပစ်ပြီး ချူဆီသွင်းသွားတာတွေလည်း...

ဘာမှ မလုပ်ရသေးတဲ့အရပ်တပိုင်းအစိုးရ(မျိုးမြင့်ချို)

0 comments
(ဘာမှ မလုပ်ရသေးတဲ့အရပ်တပိုင်းအစိုးရ) ကျနော်က (ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဦးထင်ကျော်ဦးစီးတဲ့ အရပ်တပိုင်းအစိုးရ ဘာမှမလုပ်ရသေးဘူး)လို့ပြောတာကို အနက်ကောက် အံချော်သူတွေအတွက် ဒါကိုရေးတာဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပြဌာန်းတာတို့၊ နိုင်ကျဉ်းလွှတ်တာတို့၊ လက်ဆောင်ပစ္စည်းလက်ခံခြင်းဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်တာတို့။ လဘ်ပေးလဘ်ယူပညာပေးတာတို့၊ ရက် ၁ဝဝ စီမံချက်တို့စတာတွေဟာ တိုင်းပြည်နဲ့ချီတော့ ဘာမှဒီလောက် နိုင်ငံရေးစကားလုပ် ပြောနေရမယ့်ကိစ္စတွေမဟုတ်ပါ။ ဆိုပါတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ...

Thursday, April 21, 2016

နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်(ဗကပ ဝဘ်ဆိုက်မှ)

0 comments
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ် ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေပေါ်နေတာဟာ ဒီနေ့အထိဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ...