Friday, April 29, 2016

နိုင်ငံရေးထဲ အင်န်ဂျီအိုဝင် ဂလောင်ဂလင် သေးနဲ့ပန်းထုတ်(မျိုးမြင့်ချို)

0 comments
ဒီနေ့ မိတ်ဆွေတယောက်ဆီက အတွင်းသတင်းတခုကြားလို့ပါ။ Union Ceasefire Joint Monitoring Committee (UJMC) အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်(နိုင်တိုင်ပင်)တွေ့တော့ ဒီပရောဆက်တခုလုံးမှာ ပါဝင်သင့်ပါဝင်ထိုက်သူများကိစ္စဆွေးနွေးကြတာလည်း ပါပါတယ်။

သတင်းတွေမှာ အသေးစိတ်အချက်အလက် အစည်းအဝေးမှတ်တမ်းတွေ ထုတ်ပြန်ရိုးမရှိတာမို့ ဒီသတင်းက အပြင်တော့ တရားဝင်ထွက်လာဖို့ မရှိသေးပါ။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရပ်ဘက်ကလူတွေပါ ပါနေတာတွေ့လို့ ဝမ်းသာကြောင်းနဲ့ ပါဖို့လိုအပ်ကြောင်းကို အလေးအနက်ထောက်ပြသွားသလို “အရပ်ဘက်အဖွဲ့အစည်း(သူတို့ပြောတဲ့ စီအက်စ်အို)ကလူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ပါစရာ မလိုအပ်ကြောင်း“ ပြောသွားတယ်လို့ဆိုပါတယ်။

ဒီနေရာမှာတွေးရမှာ ဒီကိစ္စဟာ ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ် ဆိုတာရယ် ပြည်သူတရပ်လုံး တက်တက်ကြွကြွ မပါဝင် ပါဝင်လာအောင် အစိုးရဘက်က ဖွင့်ပေးထားရမယ် ဖိတ်ခေါ်ရမယ်ဆိုတာရယ်ကို လေးနက်ဖို့ပါ။ တကယ်တမ်းဆုံးဖြတ်ချက်တွေချတဲ့အခါမှာတော့ ပြည်သူ သန်း ၆ဝလုံး(ပဲထားပါ) ပါလို့မရပေမယ့် ပြည်သူအများတကာ့အများစုကြီးရဲ့သဘောထားတွေ လိုအင်ဆန္ဒတွေကိုထင်ဟပ်တဲ့ အဆုံးအဖြတ်တွေပဲဖြစ်ရမှာပါ။

ပြည်တွင်းစစ်ဟာ အကြီးဆုံးပြသနာပါ။ အကျေလည်ဆုံး မှန်မှန်ကန်ကန် တာဝန်ခံမှုရှိရှိဖြေရှင်းနိုင်မှ ရမယ့်ကိစ္စပါ။ တိုင်းပြည်ရဲ့ သေရေးရှင်ရေးပါ။ ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုခေါင်းဆောင်များကသာ လူထုဆန္ဒကိုထင်ဟပ်ပြီး ဆုံးဖြတ်ရမှာပါ။

ကူညီပေးသူ၊ ဝန်းရံပေးသူ၊ သက်သေလုပ်ပေးသူ၊ ကြားဝင်ညှိနှိုင်းပေးသူ စောင့်ကြည့်ပေးသူ စတာတွေလိုပေမယ့် ဒီလူတွေဟာ အဆုံးအဖြတ်ပြုရမယ့်သူတွေ မဟုတ်ပါ။ အဲ့ဒီလူတွေထဲမှာ အင်န်ဂျီအိုတွေ(စီအက်စ်အို)ကလူတွေလည်း ပါနိုင်ပါတယ်။ ဒီလူတွေဟာ ဒီဖြစ်စဉ်ကြီးမှာ ပေါ်လစီမိတ်ကားစ်တွေမဟုတ်သလို ဒဇီးရှင်န်မိတ်ကားစ်တွေလည်း မဟုတ်ပါ။
ဒါ့ကြောင့် ဒီလူတွေကို ဒီဖြစ်စဉ်ရဲ့ မူချမှတ်သူ ဆုံးဖြတ်ချက်ချမှတ်သူနေရာတွေမှာ ထားလို့မရပါ။ ထားဖို့မလိုပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “စီအက်စ်အိုကလူတွေ ပါစရာမလို“လို့ပြောတာ ဖြစ်နိုင်ပါတယ်။

ဟုတ်တယ်ဆို ကောင်းပါတယ်။ ဒေါ်စုပြောတဲ့အတိုင်း ၂၁ ရာစုပင်လုံညီလာခံဟာ ဒေါ်စုပြောသလို ဖုတ်ပူမီးတိုက်လုပ်လို့ရ/မရ၊ လုပ်ဖို့လို/မလို၊ လက်တွေ့ကျ/မကျ။ ဖြစ်နိုင်ခြေရှိ/မရှိတွေက တပိုင်းပါ။
ကျနော်ကတော့ ဒီဖြစ်စဉ်ကြီးရဲ့ ပေါ်လစီမိတ်ကား ဒါမှမဟုတ် ဒဇီးရှင်န်မိတ်ကားလိုနေရာမျိုးတွေမှာ စီအက်စ်အို(အင်န်ဂျီအိုလိုလို)၊ နိုင်ငံရေးလိုလို၊ ၈၈ မျိုးဆက်ကြီးတခုလုံးကိုပဲကိုယ်စားပြုသလိုလိုနဲ့ စစ်အုပ်စုကြိုက် ငြိမ်းပွင့်ခေါင်းဆောင်ဦးကိုကိုကြီးမှမဟုတ် အခြားသူလိုလူတွေ ဘယ်သူပါပါ မနှစ်မြို့ပါ။ မျိုးမြင့်ချို ဧပြီ ၂၈ ရက်၊ ၂ဝ၁၆

0 comments:

Post a Comment