ဦးထင်ကျော်ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လုပ်နေတဲ့ အရပ်သားတပိုင်းအစိုးရလက်ထက်မှာ
ဗကသရဲ့တရားဝင်တည်ရှိမှုကို အသိအမှတ်ပြုတာမျိုး၊
ကျောင်းသားသမဂ္ဂအဆောက်အဦဆောက်ပေးတာမျိုး၊ အရင်ရွှေမန်းလွှတ်တော်ထဲမှာ
ဇေယျာသော်နှုတ်ကတဆင့် “သမဂ္ဂ”ကို ကျောင်းသားနဲ့ခွဲပြစ်ဖို့အားထုတ်ခဲ့တာကို
ကြေရာကြေကြောင်း ပြန်ဖြည်ပေးတာမျိုးတွေလုပ်မယ်ဆို
အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲ။
ဒီမိုကရေစီပညာရေးစနစ်ဖော်ဆောင်ရေးလည်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းသွားကြမယ်ဆိုပေမယ့် အဆုံးအဖြတ်ပေးနိုင်မှုဟာ ကျောင်းသားဘက်မှာမရှိတာမို့ အစိုးရဘက်ကပြုလာမယ့် ကတိကဝတ်တွေ တည်တည်ကြည်ကြည်နဲ့ ခိုင်ခိုင်မာမာအကောင်အထည်ဖော်မှာတွေ မြင်ပါရစေ။
နှစ်ကူးဆန္ဒပြုမိတာပါ။
ဧပြီ ၁ဝ၊ ၂ဝ၁၆

0 comments:
Post a Comment