Friday, April 29, 2016

လူကျင့်တရားနဲ့ကိုယ်ကျင့်တရား(မျိုးမြင့်ချို)

0 comments
ခင်ဗျားဟာခင်ဗျား ဘာလူမျိုးဖြစ်ဖြစ် မဖြစ်ဖြစ်၊
ဘာသာသာ ကိုးကွယ်ကွယ် မကွယ်ကွယ်၊
ဘယ်နိုင်ငံသား ခံယူယူမယူယူ
ကမ္ဘာမြေရဲ့တနေရာရာမှာ မတရားမှု နိုင့်ထက်စီးနင်းမှု မမျှတမှု လူမဆန်မှုတွေမြင်နေပါရက်နဲ့
အားနည်းသူ ဖိနှိပ်ခံရသူ မတရားအလုပ်ခံရသူ အနိုင်ကျင့်နှိပ်စက်ခံရသူဘက်က အနိမ့်ဆုံးအဆင့် စာနာပေးတာ သနားကရုဏာသက်တာလောက်တော့ လူသိရှင်ကြား လုပ်အပ်တာပါပဲ။

ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေဘက်က ရပ်တည်ပေး အရေးဆိုပေးတာ ကူညီထောက်ပံ့ပေးတာတွေလုပ်ပေါ့။

ဒီ့ထက်ပိုရင်တော့ အဲ့ဒီလူတွေအတွက် အဲ့ဒီလူတွေနဲ့အတူ တိုက်ပွဲဝင်ပေါ့။ 
ကိုယ်နိုင်သလောက် ထမ်းရုံပေါ့။

ဒါဟာ လူကျင့်တရားပဲ။ လူကျင့်ဝတ်ပဲ။ လူဆန်မှုပဲ။ လူ့မေတ္တာတရားပဲ။

ကိုယ်ကျင့်တရားဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပညတ်တော်ဆယ်ပါးတွေ၊ ပရောဖက်မိုဟာမက်ဒ်ပြောတာတွေ၊ ဆယ်ပါးသီလတွေ စောင့်ထိန်းကျင့်ကြံလိုက်တော့နာပါရဲ့ မိမိမျက်မှောက်တင် မတရားမှုထင်ရှားရှိပါလျက် ဥပက္ခောသဘောရော လျစ်လျူရှုတဲ့သဘောရောဆောင်ပြီဆို ဒီလူဟာ လူကျင့်လူကြံမကြံသူ လူကျင့်တရားပျက်သူ
လူစိတ်မရှိသူ လူမဆန်သူပဲ။

သူ့ဟာသူ ဘာစကားပြောပြော၊ သူ့ဟာသူ ဘာကိုယ်ကျင့်တရားပြောပြော၊ သူ့ဟာသူ ဘာအရေခြုံထားခြုံထား။ မျိုးမြင့် ဧပြီ ၂၈၊ ၂ဝ၁၆

0 comments:

Post a Comment