
ကျနော်တို့ဆီက ပဒေါင်လူမျိုးတွေအကြောင်းနှင့် သူတို့ဆီက ရက်ဒ်အင်ဒီယန်းတွေဘဝကို ကျနော့်အား မေးပြောပြောပြောနေသူကို နှုတ်ဆက်ကာ ထို Field Museum ပြတိုက်ကြီးမှ အတွေးတွေတသီတတန်းနှင့် ကျနော်ပြန်ထွက်ခဲ့၏။ ပြတိုက်အပြင်မှာတော့ မိုးကခတ်ဖွဲဖွဲ၊ လေက ဟူးဟူး ရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။ တက္ကစီတစင်းခေါ်ပြီး Willis Tower သွားမယ်ဆိုကာ မောင်းထွက်လာ၏။ ကားထွက်တော့ တက္ကစီဆရာက ဒီကနေ Willis Tower ကို ဘယ်လမ်းကအနီးဆုံးဖြစ်မလဲဟုမေး၏။ ကျနော့်စိတ်ထဲ ဒီလူ့နှယ် ဒီမြို့မှာတက္ကစီမောင်းနေပြီး ဒါလေးတောင်မသိရကောင်းလားဟု စိတ်တွင်မှတ်နေဆဲ။...