Saturday, March 3, 2012

နွေဥကပေါက်တဲ့ကဗျာ (သစ်ကောင်းအိမ်)

0 comments

နွေဥပေါက်

လက်ပံပင်ထိပ်ဖျားမှာ

ဥသြဟာဆွေစဉ်မျိုးဆက်ဇာတ်နာလို့
နွေဥပေါက်


နွေတပြောက်ထိုးရုံနဲ့
ပလက်ဖောင်းပေါ် ကြိုးလက်ဆွဲပြီး
ခွေးကျောင်းထွက်လာတဲ့
နွေဥပေါက်

မလုံ့တလုံအရေပြားတွေပေါ်မှာ
မလုံ့တလုံအဝတ်အစားတွေပြန်ရောက်လာပြီ
နွေဥပေါက်

ဓာတ်ဆီဈေးအတက်အကျမှာ
ဘဝကိုချိန်ဆလို့
ပင်လယ်ကွေ့မျက်နှာကြည့်နေရတဲ့
နွေဥပေါက်

ဖုံတလုံးလုံးထဲ
လိမ့်နေတဲ့ဘောလုံးနောက်
လူလုံးကြီးပြေးလိုက်လို့
မူလတန်းဘောလုံးပွဲကြည့်ရသလို
နွေဥပေါက်

ကားကြိတ်သွားတဲ့ခွေး အသက်ငင်သလို
တအင်အင်သရဇ္ဖယ်ကြ
“..သမတကြီးက…သမတကြီးက…”
ငါထဆဲလိုက်ရ … သမတကြီးက
နွေဥပေါက်

တံဆိပ်တွေ့သွားမလှန်နဲ့
အမေရိကန်အလံလည်း
မိတ်အင်ချိုင်းနား
နွေဥပေါက်

သမိုင်းမှာ
နှောင်းလူတို့ကျက်မှတ်စရာ
ပြည်တော်သာခေတ်ပြီးတော့
ပြည်တော်ပြန်ခေတ်ရောက်ပြီ
နွေဥပေါက်

ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့
နွေဥပေါက်
ခေတ်ကောင်းပြီဆိုပြီး ရူးချင်ယောင်ဆောင်နေပြန်တဲ့
နွေဥပေါက်

ဘက်မလိုက်ဘူး
CASH နောက်ပဲလိုက်တဲ့
နံပါတ်ဖိုးသမား
နွေဥပေါက်

ဖောက်ထွင်းဝိဇ္ဖာကနေ
သော့ပြင်ဆရာအလုပ်ပြောင်းသွားတဲ့
နွေဥပေါက်

ဆုပ်ထားတဲ့လက်သီးတွေ
ကျုံ့ထားတဲ့မျက်မှောင်တွေ
ပြေကျလို့
ကမ္ဘာကြေခဲ့ပြီလား….
နှင်းယွန်းဂိမာန်
နွေဥပေါက်

နပိုလီယန်စစ်ရှုံးမယ့်ဆောင်းကို
ဖြတ်မောင်းမယ်ဆိုတဲ့အင်ဂျင်ကြီး
တွန်းနှိုးနေတုံး
နွေဥပေါက်


သစ်ကောင်းအိမ်
(၀၃.၀၂.၂၀၁၂)

0 comments:

Post a Comment