ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်အတွင်း ဟောပြောမည့်စင်တွင် ခြယ်မှုန်းထားသည့်ပန်းချီကားသည် မန္တလာသူ မန္တလာသားတို့၏ ရင်ထဲ၌ဖြစ်ပေါ်နေသောခံစားချက်ကို ပီပြင်စေသည်။ နဂါးကြီးက အန္တရာယ်ကိုစိုးရိမ်ထိတ်လန့်သည့် အခြေအနေကို ထင်ဟပ်နေသည့် ပန်းချီကားချပ်ဖြစ်သည်ဟုသုံးသပ်မိသည်။
အာရှ-ပစိဖိတ်၏အင်အားကြီးနိုင်ငံအဖြစ်ထွက်ပေါ်လာနေသည့် တရုတ်နိုင်ငံသည် စီးပွားရေးတဟုန်ထိုး တိုးတက်လာသည့်အမျှ အိမ်နီးချင်းများနှင့်ဆက်ဆံရေးတွင်လည်း စီးပွားရေးကိုဇောင်းပေးလာသည်။ အစဉ်အလာအရ တရုတ်ယဉ်ကျေးမှုလွှမ်းမိုးသော ဗီယက်နမ်-တရုတ် တို့၏ဆက်ဆံရေးသည် အခြားသောအိမ်နီချင်းနိုင်ငံငယ်လေးများဖြစ်သည့် လာအို၊ မြန်မာ၊ ကာဂျစ်စတန်တို့ အနေဖြင့် လေ့လာသင့်သောအချက်ပင်ဖြစ်သည်။
တရုတ်-ဗီယက်နမ် ဆက်ဆံရေး
အမေရိကန်တို့၏ကျူးကျော်စစ်ကိုအောင်မြင်ခဲ့သောဗီယက်နမ်သည် အိမ်နီးချင်းတရုတ်နိုင်ငံက သင်ခန်းစာပေးတဲ့စစ်ဆင်မှုကို ၁၉၇၉ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ရင်ဆိုင်ရသည်။ ခေတ်သစ် တရုတ်နိုင်ငံထူထောင်ရေးခေါင်းဆောင်ကြီး တိန်ရှော့ပင်၏စကားအရဆိုပါက Teach Vietnam a lesson သင်ခန်းစာပေးစစ်ဆင်ရေးဟု အမည်တတ်ထားခြင်းပင်ဖြစ်သည်။ ဗီယက်နမ်စစ်ပွဲကာလတွင် ကွန်မြူနစ်တရုတ်သည် မြောက်ဗီယက်နမ်ကို စစ်လက်နက်၊ စစ်သင်တန်းနှင့် အခြားသောအကူအညီ အများအပြားကိုပေးအပ်ခဲ့သည်။ သို့ရာတွင် မြောက်ဗီယက်နမ် ကွန်မြူနစ်အစိုးရသည် နှစ်ပေါင်းထောင်ချီ ကြာညောင်းခဲ့သောသမိုင်းအထောက်အထားများကိုအခြေပြုကာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် သံသယကြီးစွာထားရှိခဲ့သည်။
ကမ္ဘောဒီးယားပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လာသည့်ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ဒေါသကို နှိုးဆွပေးခဲ့သည်။ ဗီယက်နမ်စစ်ပွဲအပြီးကာလ ၁၉၇၆ ခုနှစ်တွင် ဗီယက်နမ်သည် ခမာကွန်မြူနစ်အုပ်ချုပ် သည့်ကမ္ဘောဒီးယားနိုင်ငံကိုကျူးကျော်ခဲ့သည်။ ခေတ်ဟောင်းသမိုင်းတွင် အင်ဒိုချိုင်းနားသုံးနိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည် ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ၁၉၇၀ ကျော်ခုနှစ်များအတွင်း ဗီယက်နမ်ရှိ တရုတ် Hoa မျိုးနွယ်စုအပေါ် ဗီယက်နမ်အစိုးရ၏ဖိနှိပ်မှုကို တရုတ်အစိုးရမှ အခဲမကျေဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်၏မဟာမိတ်ကမ္ဘောဒီးယားကို ကျူးကျော်ခြင်းသည် တရုတ်နိုင်ငံအဖို့လက်မခံနိုင်စရာဖြစ်လာကာ ၁၉၇၉ ခုနှစ်တွင် တရုတ်ကျူးကျော်မှု ပေါ်ပေါက်လာရခြင်းဖြစ်သည်။
အမေရိကန်တို့၏ကျူးကျော်စစ်ကိုအောင်မြင်ခဲ့သောဗီယက်နမ်သည် အိမ်နီးချင်းတရုတ်နိုင်ငံက သင်ခန်းစာပေးတဲ့စစ်ဆင်မှုကို ၁၉၇၉ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ရင်ဆိုင်ရသည်။ ခေတ်သစ် တရုတ်နိုင်ငံထူထောင်ရေးခေါင်းဆောင်ကြီး တိန်ရှော့ပင်၏စကားအရဆိုပါက Teach Vietnam a lesson သင်ခန်းစာပေးစစ်ဆင်ရေးဟု အမည်တတ်ထားခြင်းပင်ဖြစ်သည်။ ဗီယက်နမ်စစ်ပွဲကာလတွင် ကွန်မြူနစ်တရုတ်သည် မြောက်ဗီယက်နမ်ကို စစ်လက်နက်၊ စစ်သင်တန်းနှင့် အခြားသောအကူအညီ အများအပြားကိုပေးအပ်ခဲ့သည်။ သို့ရာတွင် မြောက်ဗီယက်နမ် ကွန်မြူနစ်အစိုးရသည် နှစ်ပေါင်းထောင်ချီ ကြာညောင်းခဲ့သောသမိုင်းအထောက်အထားများကိုအခြေပြုကာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် သံသယကြီးစွာထားရှိခဲ့သည်။
ကမ္ဘောဒီးယားပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လာသည့်ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ဒေါသကို နှိုးဆွပေးခဲ့သည်။ ဗီယက်နမ်စစ်ပွဲအပြီးကာလ ၁၉၇၆ ခုနှစ်တွင် ဗီယက်နမ်သည် ခမာကွန်မြူနစ်အုပ်ချုပ် သည့်ကမ္ဘောဒီးယားနိုင်ငံကိုကျူးကျော်ခဲ့သည်။ ခေတ်ဟောင်းသမိုင်းတွင် အင်ဒိုချိုင်းနားသုံးနိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည် ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ၁၉၇၀ ကျော်ခုနှစ်များအတွင်း ဗီယက်နမ်ရှိ တရုတ် Hoa မျိုးနွယ်စုအပေါ် ဗီယက်နမ်အစိုးရ၏ဖိနှိပ်မှုကို တရုတ်အစိုးရမှ အခဲမကျေဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်၏မဟာမိတ်ကမ္ဘောဒီးယားကို ကျူးကျော်ခြင်းသည် တရုတ်နိုင်ငံအဖို့လက်မခံနိုင်စရာဖြစ်လာကာ ၁၉၇၉ ခုနှစ်တွင် တရုတ်ကျူးကျော်မှု ပေါ်ပေါက်လာရခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ သုံးပတ်ကြာကျူးကျော်ရေးစစ်ပွဲတွင် တရုတ်တပ်သား ၂၅၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၅၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံအပေါ်သင်ခန်းစာပေးလိုသောတရုတ်နိုင်ငံသည် ဗီယက်နမ်၏သင်ခန်းစာပေးခြင်းကို လှလှကြီးခံလိုက်ရပေသည်။ ၂၀ ရာစုအတွင်းရရှိခဲ့သော ဗီယက်နမ်တို့၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွေ့အကြုံများသည် တရုတ်ကျူးကျော်မှုကိုတွန်းလှန်နိုင်ခဲ့သည်။ နှစ်ပေါင်းတထောင်ကျော် တရုတ်လက်အောက်ကျရောက်ခဲ့သည်ဗီယက်နမ်အဖို့ ၁၉၇၉ စစ်ပွဲ အောင်မြင်မှုသည် ဗီယက်နမ်တို့၏သမိုင်းကြောင်းဆိုင်ရာ မဟာအောင်မြင်မှုဖြစ်သည်။ တရုတ်-ဗီယက်နမ် ဆက်ဆံရေး၏အပိုင်းအခြားကိုကြည့်မည်ဆိုပါက ၁၉၄၇ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိကာလကို ၀ါဒရေးရာ မိတ်ဆွေများအဖြစ် တွေ့မြင်နိုင်သည်။
ဒုတိယပိုင်းတွင် ဗီယက်နမ်မှတရုတ်ကျောထောက်နောက်ခံပြုထားသည့် ကမ္ဘောဒီးယားကိုကျူးကျော်ခြင်းနှင့် ဗီယက်နမ်-တရုတ်တို့၏ ထိပ်တိုက်တွေ့မှုများကို တွေ့ရသည်။ တရုတ်နှင့်ဗီယက်နမ်တို့၏ ထိပ်တိုက်တွေ့မှုသည် ၁၉၉၀ ခုနှစ်တွင်အဆုံးသတ်ပြီး ခေတ်သစ်စီးပွားရေးအကျိုးတူပူးပေါင်း ဆောင်ရွက်မှုဆီသို့ ဦးတည်စေခဲ့သည်။
ထိပ်တိုက်တွေ့မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့်ထိမ်းညှိမှုများ
ပထ၀ီအနေအထားအရ ဗီယက်နမ်နိုင်ငံသည်သေးငယ်ပြီး လူဦးရေအဆမတန်များပြားသော အင်အားကြီးနိုင်ငံနှင့်ယှဉ်တွဲနေထိုင်ရသည့်အတွက် အင်အားကြီးနိုင်ငံတို့ နိုင်ငံငယ်များအပေါ် လွှမ်းမိုးရန်ကြိုးပမ်းမှုကို အမြဲရင်ဆိုင်ရသောနိုင်ငံဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကျော် တရုတ်လက်အောက် (သို့) လက်ဆောင်ပဏ္ဏာဆက်နိုင်ငံအဖြစ်ဖြင့် နေခဲ့ရသည့်နိုင်ငံဖြစ်သည်။ စစ်အေးခေတ်ကုန်ဆုံးမှုနှင်အတူ ဥရောပရှိ ကွန်မြူနစ်ဝါဒ ပြိုကွဲပြီး ဈေးကွက်စီးပွားရေးခေတ်ရောက်ရှိလာမှုနှင့်အတူ ကမ္ဘာတ၀ှမ်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
၁၉၉၀ နှောင်းပိုင်းကာလများတွင် ဗီယက်နမ်၏နိုင်ငံခြားရေးမူဝါဒ သိသိသာသာပြောင်းလဲလာခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲသည် အမေရိကန်နှင့်ဆက်ဆံရေးပုံစံသစ်ကို ဖြစ်ပေါ်စေခဲ့ပြီး၊ အာဆီယံတွင်လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
၂၀၁၀ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မကြာခဏ ဖြစ်ပေါ်ခဲ့သည့် တောင်တရုတ်ပင်လယ်ရှိ စပရစ်တလီကျွန်းစုအရေးအခင်းကြောင့် တရုတ်-ဗီယက်နမ်ဆက်ဆံရေးကို တင်းမာစေခဲ့သည့်အပြင် ပြည်သူများအကြားတွင်လည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် ပိုမိုကြီးထွားလာခဲ့သည်။
အစိုးရမှ ဗီယက်နမ်ပြည်သူ ငါးဖမ်းသမားများအား အငြင်းပွားမှုဖြစ်နေသည့်ရေပိုင်နက်အတွင်း ဆက်လက်ငါးဖမ်းရန်တိုက်တွန်းခဲ့ပြီး၊ စစ်ရေးတည်ဆောက်မှုကိုပါ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံနှင့် ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုသည် အမေရိကန်-ဗီယက်နမ်တို့၏ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေသော အကြောင်းအရင်းဖြစ်သည်။
မကြာခဏ ထိပ်တိုက်တွေ့မှုများမှအခြားတဘက်တွင်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးအရအရေးပါမှုကို ဗီယက်နမ်က အမိအရဖမ်းဆုတ်နိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗီယက်နမ်၏ပြောင်းလဲလာသောနိုင်ငံခြားရေး မူဝါဒအရ တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးကို စတင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ် လာရေးအတွက် တရုတ်-ဗီယက်နမ် အပြန်အလှန်ထောက်ခံခဲ့ကြသည်။
၁၉၉၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးကျန်ဇီမင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးတို့သည် နှစ်နိုင်ငံဆက်ဆံမှုကောင်းမွန်ရေးအတွက် စကားလုံး (၁၆) လုံးပါ လမ်းညွန်မှုသဘောတူညီချက်ကို ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၃၂ သန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်အရောက်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဘိုး ဒေါ်လာ ၂၅ ဘီလီယံထိ ရောက်ရှိခဲ့သည်။
ကုန်သွယ်မှုမြင့်တက်လာနေသော်လည်း တဖက်တွင် တရုတ်နိုင်ငံ၏အင်အားကြီးထွားမှုကိုထိန်းညှိနိုင်ရန် ၂၀၁၁ ခုနှစ် ဇွန်လတွင် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် စပရစ်တလီကျွန်းစုအနီးတွင် ဗီယက်နမ်မှ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ ဗီယက်နမ်ခေါင်းဆောင်တို့၏ နိုင်ငံရေးလိမ္မာပါးနပ်မှုနှင့် အမျှော်အမြင်ကြီးမားမှုကို ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့်ထိစပ်နေသည့်နိုင်ငံများအဖို့ လေ့လာသင့်သည့် သင်ခန်းစာတရပ်ဖြစ်သည်။
ဗီယက်နမ်၏ပထ၀ီနိုင်ငံရေး၊ မြန်မာအတွက် သင်ခန်းစာဖြစ်နိုင်သလား
နိုင်ငံအဖြစ်ပေါ်ပေါက်လာခြင်း၊ ပျက်သုန်းခြင်းတို့သည် (Geopolitical resources) ပေါ်တွင် အများကြီး တည်မှီနေပြီး၊ ၄င်းနိုင်ငံအနေဖြင့် ယင်း၏ပထ၀ီဝင်နိုင်ငံရေးသယံဇာတကို မည်ကဲ့သို့ထုတ်ယူသုံးစွဲသည် ဆိုသောအချက်သည် ထိုနိုင်ငံ၏ကံကြမ္မာပင်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကင်ဆင်ဂျားမှ ပြောဆိုခဲ့ဖူးသည်။
နိုင်ငံတခု၏ပထ၀ီနိုင်ငံရေး သယံဇာတအရေးပါမှုကိုထင်ဟပ်သည့် တွေးခေါ်မှုသီအိုရီတခုဖြစ်သည်။ ယနေ့အချိန်တွင် ဗီယက်နမ်၏ပထ၀ီနိုင်ငံရေးသည် အမေရိကန်၊ ဂျပန်နှင့်အိန္ဒိယတို့၏ တရုတ်အင်အား ထိန်းညှိရေးတွင် အချက်အချာကျသောနေရာဖြစ်လာခဲ့သည်။
အတိတ်သမိုင်းကြောင်းအရ ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့်ခါးသီးသောအတွေ့အကြုံရှိသည့်နိုင်ငံဖြစ် သည်။ ယခင်က တရုတ်နိုင်ငံအဖို့ ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်ထွက်ပေါက်အဖြစ် တည်ရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဗီယက်နမ်ပိုင်နက်အဖြစ်ကြေငြာထားသည့် တောင်တရုတ်ပင်လယ်ရှိ Paracel ကျွန်းများကို တရုတ်ကသိမ်းပိုက်ခဲ့သည်။ စပရစ်တလီကျွန်းစုပိုင်ဆိုင်ရေး အငြင်းပွားမှုသည် တရုတ်၏မဟာဗျူဟာအပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကိုဖြတ်ပြီးဖေါက်လုပ်မည့်ရေနံပိုက်လိုင်းနှင့်ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့သည် ဗီယက်နမ်နှင့် အခြားသောအရှေ့တောင်အာရှနိုင်ငံတို့၏အရေးပါမှုကို လျှော့ချလိုက်သည့် မဟာဗျူဟာပထ၀ီနိုင်ငံရေးပြောင်းလဲမှုအဖြစ်တွေ့မြင်နိုင်သည်။
ဂျပန်နှင့်တရုတ်နိုင်ငံတို့သည် စက်မှုလုပ်ငန်းအတွက်လိုအပ်သည့်လောင်စာကို တောင်တရုတ်ပင်လယ်ကိုဖြတ်ကာ တင်သွင်းနေရသည့်နိုင်ငံများဖြစ်သည်။ တောင်တရုတ်ပင်လယ်သည် ပစိဖိတ်-အိန္ဒိယသမုဒ္ဒရာဆက်သွယ်ရေးအတွက် အရေးပါလှသည့်အပြင် အရှေ့အာရှနိုင်ငံများ၏ အဓိကစီးပွားရေးလမ်းကြာင်းဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ၏မဟာဗျူဟာကျသောနေရာဖြစ်လာ ခဲ့သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်နှင့်အနီးဆုံးတည်ရှိနေသည့်ဗီယက်နမ်သည် အမေရိကန်၏ အဓိကမဟာမိတ် ဖြစ်လာခဲ့သည်။ အမေရိကန်၊ ဂျပန်နှင့်အရှေ့အာရှနိုင်ငံများ၏ ကွင်းလယ်ဖန်တီးရှင်သည် ဗီယက်နမ်ဖြစ်လာခဲ့သည့်နည်းတူ တရုတ်နိုင်ငံ၏ ကြီးမားသောစီးပွားရေးအခွင့်အလမ်းကို ဆုတ်ကိုင်နိုင်သောနိုင်ငံအတခုအဖြစ် တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံသည် အိန္ဒိယနှင့်တရုတ် အင်အားကြီးနိုင်ငံနှစ်ခုကြားတွင်ကျရောက်နေပြီး တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ဆယ်စုနှစ်တခုအတွင်း ဖန်တီးခဲ့သည်။ သမိုင်းကြောင်းအရဗီယက်နမ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအပေါ်တွင် တရုတ်၏အနိုင်ကျင့်ဗိုလ်ကျခြင်း အနည်းအကျဉ်းမျှသာ တွေ့နိုင်ပေသည်။
တရုတ်နိုင်ငံသည် Yuan မင်းဆက်(၁၂၇၁-၁၃၆၈) မွန်ဂိုလက်အောက်ကျရောက်ခဲ့စဉ်က ပုဂံကို ၁၂၈၇ တွင် ကျူးကျော်ခဲ့သည်။ မွန်ဂိုကျူးကျော်မှုကြောင့် ပုဂံပျက်ကာ နိုင်ငံငယ်လေးများပေါ်ပေါက်ခဲ့သည်။ ၁၉၆၀ ကျော်ခုနှစ်များအတွင်း တရုတ်ဖြူကျူးကျော်မှုနှင်အတူ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် တရုတ်-မြန်မာအပြန်အလှန်ကုန်သွယ်ရေးပမာဏသည် ဒေါ်လာ (၄.၇) ဘီလီယံကျော်ရှိခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း ဒေါ်လာသန်း ဆယ်ဂဏန်းသာရှိခဲ့သော တရုတ်နှင့်မြန်မာတို့၏ အပြန်အလှန်ကုန်သွယ်ရေးသည် ခေတ်သစ်တခုကိုရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အတွင်း ထုထည်ကြီးမားသောရင်းနှီးမြုပ်နှံမှုများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆက်သွယ်ရေးပိုးလမ်းမ သစ်၏ အခြေစိုက်စခန်းတခုကို အောင်မြင်စွာအကောင်အထည် ဖေါ်နိုင်ခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာ့လွတ်တော်ဆွေးနွေးပွဲတွင် တရုတ်အထောက်အပံ့ဖြင့် အကောင်အထည် ဖေါ်နေသောစီမံကိန်းများအားလုံးရပ်ဆိုင်းရေး အဆိုတင်သွင်းမှုများကို တွေ့မြင်နိုင်ပေသည်။ ၂၁ ရာစုသည် အမေရိကန်၏ ပစိဖိတ်စိုးမိုးရေးဖြစ်ကြောင်း ကြေငြာထားသကဲ့သို့ လက်တွေ့အကောင်အထည်ဖေါ်မှုများ ရှိလာခဲ့သည်။ မြန်မာနိုင်ငံ၏ပထ၀ီနိုင်ငံရေးသည် (၂၁) ရာစု အမေရိကန်၊ အိန္ဒိယနှင့်တရုတ်တို့၏ ကစားကွင်းတခု ဖြစ်လာခဲ့သည်။
မြန်မာခေါင်းဆောင်တို့အနေဖြင့် မိမိနိုင်ငံ၏ (Geopolitical Resources) ကိုမည်ကဲ့သို့ ထုတ်ယူသုံးစွဲမည်ကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်ရမည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးနှစ်ခုကြားတွင်ကျရောက်နေသည့် မြန်မာနိုင်ငံအဖို့ ကွင်းလယ်ဖန်တီးရှင်အဖြစ် မည်ကဲ့သို့ ကစားမည်ကို မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ထားပြီးပြီဟု ယုံကြည်ရသည်။
ဗီယက်နမ်နိုင်ငံသည် မိမိနိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့်ဖွံ့ဖြိုးမှုကိုခြိမ်းခြောက်နိုင်သည့်အချက်များကို စနစ်တကျလေ့လာပြီး အမျိုးသားအကျိုးစီးပွားကိုကာကွယ်နိုင်သကဲ့သို့ တရုတ်အင်အား ထိန်းညှိထားနိုင်ရေး ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယတို့နှင့် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းကစ်ဆင်ဂျားမှ နိုင်ငံအဖြစ်ပေါ်ပေါက်လာခြင်း၊ ပျက်သုန်းခြင်းတို့သည် (Geopolitical resources) ပေါ်တွင် အများကြီးတည်မှီနေပြီး၊ ၄င်းနိုင်ငံအနေဖြင့် ပထ၀ီဝင် နိုင်ငံရေးသယံ ဇာတကို မည်ကဲ့သို့ထုတ်ယူသုံးစွဲသည်ဆိုသောအချက်သည် ထိုနိုင်ငံ၏ကံကြမ္မာပင် ဖြစ်သည်ပြောဆို ခဲ့သည်။ (၂၁) မြန်မာနိုင်ငံရင်ဆိုင်ကြုံတွေ့နေရသော New order of Geopolitical resources သည် အနာဂါတ်မြန်မာနိုင်ငံ၏ကံကြမ္မာပင်ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။
လှရွှေ
(ဒီနေရာကယူပါတယ်) http://www.maukkha.org/index.php/feature-article/1933-maukkha-sino-vietnam-relations-in-the-21th-century References;
(ဒီနေရာကယူပါတယ်) http://www.maukkha.org/index.php/feature-article/1933-maukkha-sino-vietnam-relations-in-the-21th-century References;
- 1.Vietnam’s security challenges; Hanoi’s new approach to National Security and Implication to Defense and foreign policy.
- 2.Vietnam’s Geopolitical resources.
- 3.Sino-Myanmar relations; analysis and prospect.
- 4.Sino-Vietnam relations in the 21th century.
0 comments:
Post a Comment