အောက်တိုဘာလလည်ပိုင်းမှာရေးတဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
အရင်တခါလည်း
ကျနော်ပြောခဲ့ဖူးပါတယ်။ "မင်းက စာဘယ်လောက်ဖတ်လို့လဲ"
ဆိုတာနဲ့ပတ်သက်လို့ပါ။ ခုလည်း ထပ်ပြောပါရစေ။ ကျနော် စာအများကြီးမဖတ်ပါဘူး။
(စာဘယ်လောက်ဖတ်သလဲကိုဘာနဲ့တိုင်းရမှန်းမသလို အများကြီးကိုလည်း
ဘာနဲ့တိုင်းမလဲမပြောတတ်ပါ) ကျနော့်အတွက် လိုအပ်မယ်ထင်တဲ့စာလောက်တော့(တတ် နိုင်သလောက်)မပြတ်ဖတ်ပါတယ်။
ဖတ်ပြီးရင်ကိုယ့်ဟာဖြစ်အောင်လုပ်ယူဖို့ လုပ်တတ်ဖို့အမြဲ(လိုလို)တွေးပါတ ယ်။
လုပ်ယူပြီးရင် "သူ့အမြင်ပေါ်အခြေခံတဲ့
ကိုယ့်အတွေး"ကို
ချရေးချပြောလုပ်(တဲ့အခါလုပ်)ပါတ ယ်။ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
စာဘယ်လောက်ဖတ်ဖူးလို့လဲတို့ ဘာစာအုပ်ဖတ်ဖူးလားတို့မေးနေမယ့် အစား
ကိုယ်နိုင်သလောက် ဖတ်ကြပါ။ စာဆိုတာဖတ်နိုင်လေကောင်းလေပါ။ ဖတ်ပြီးတဲ့အခါ
ကိုယ့်အမြင်ကိုယ့်အတွေးလေးတွေပြ န်ပြော ပြန်ရေးကြတာကရော ကိစ္စကောင်းမဟုတ်လားဗျာ။
(စာဖတ်တာနဲ့စပ်လို့)
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အဖိနှိ ပ်အခံရဆုံး
အောက်ခြေလူထုကို ဖွဲ့စည်းပုံပြင်ဖို့ ဘယ်လိုသဘောထားရှိသလဲလို့မေးတာဟာ
စစ်ဒဏ်ကို အလူးအလဲအပြင်းထန်ဆုံးခံစားနေရတဲ့လူတွေကို
ငြိမ်းချမ်းရေးလိုချင်သလားလို့ သွားမေးနေတာနဲ့ဘာများထူးသလဲ။ ထွက်လာမယ့်အဖြေက
(၂)ခုပဲရှိမယ်မှတ်တယ်။ တစ်ခုက "အနိုင်တိုက်"။ နောက်တစ်ခုက
"တိုက်မနေနဲ့တော့" ပဲဖြစ်လိမ့်မယ်။ အဲ့သလိုပဲ ဖွဲ့စည်းပုံကိစ္စမှာလည်း
"အသစ်ပြန်ရေး"နဲ့ "လုပ်မနေနဲ့တော့" ပဲဖြစ်မယ်မှတ်တယ်။
စစ်ကိုအနိုင်တိုက်မလား ဆက်မတိုက်တော့ဘူးလား၊ အသစ်ပြန်ရေးမလား ပေးသမျှယူမလားဆိုတာက
လူတွေကိုဘာလုပ်ရင်ကောင်းမလဲ လိုက်မေးနေသူတွေကဆုံးဖြတ်ရမယ့်ကိစ္စမျှသာ။
(ပြင်မယ် သစ်မယ်ဆိုသူတွေကိစ္စ)
လူထုကြွယ်ဝဖို့နဲ့
တိုင်းပြည်ခေတ်မီဖို့ ရှေ့တဆင့်တွန်းတင်ကြဆိုတဲ့ပြောသံကြားတိုင်း
တောင်အတက်ကုန်းစည်းပြတ်တဲ့လှည်း နဲ့၊ နှာခေါင်းပြတ်အောင်ရုန်းတဲ့နွား နဲ့၊
ပြန်လန်ကျသွားတဲ့ဦးစီးနဲ့ချည်း တွေ့တွေ့နေရတယ်။ တွန်းတင်ချင်စိတ်ရှိတာလည်းကောင်းတာပဲ၊
တွန်းတင်တာလည်းကောင်းတာပဲ။ တွန်းလည်းတင်နေတာပဲ။ ဒါပေမယ့်
စစ်ဗိုလ်တွေသာဘဏ္ဏာနဲ့ဓနပြည့်စုံ ပိုလျှံဖို့၊ တိုင်းပြည်က
"ခေတ်မမီ"ပဲ "စစ်မှီ"ဖို့သာတွန်းကြေးဆို အသံကောင်းဟစ်ပြီးကူတွန်းနေမယ့်အစား
လွှတ်သာပေးလိုက် သူ့ဘာသူ ပြန်လန်ကျသွားလိမ့်မယ်ထင်တာပဲ။ ခုတော့
သူခိုးကိုကမ်းမိတဲ့ဓါးရိုးက ကိုယ့်နောက်ကျောထိုးဖို့ဖြစ်နြေ ပီလား။
(တွန်းတင်မယ့်သူတွေကိစ္စ)
ဘယ်သူကစတီထွင်တယ်သာမသိတာ။
စတုတ္ထမဏ္ဍိုင်လို့ဆိုလိုက်ရင် ဘာပြောမှန်း လူတိုင်းသိပါတယ်။ ကျနော်ကြီးလာမှ
မဖြစ်ချင်တာတွေထဲမှာ မီဒီယာသမားဆိုတာလည်း ပါပါတယ်။ အာရ်အက်ဖ်အေမှာ(ပြင်ပဆောင်းပါးရှင်အနေနဲ့)အသံလွှင့်ခဲ့တာကို
မီဒီယာအလုပ်လုပ်နေတယ်လို့ မြင်သူတွေလည်းရှိ၊ မသဲကွဲသူတွေလည်းရှိပါတယ်။ နောက်တချက်က
ပြည်တွင်းပြည်ပ (ကမ္ဘာ့သတင်း မြန်မာ့သတင်း)က ထူးခြားသတင်းနဲ့အကြောင်းအရာတွေကို
ဘလော့ဂ်မှာ၊ ဖေ့စ်ဘွတ်ခ်မှာ တင်ပေး ရှယ်ပေးတာ၊
ကိုယ်တိုင်လည်း နည်းနည်းပါးပါးရေးတာ၊ သူများရေးတာတွေထဲကကြိုက်တာ တူတာတွေကို
ပြန်ကူးယူဖော်ပြတာတွေလုပ်လို့ စီတီဇင်ဂျာနယ်လစ်လို့ ကင်ပွန်းတပ်သူက တပ်ပါတယ်။
မီဒီယာသမားပြောပြော စတုတ္ထမဏ္ဍိုင်ဆိုဆို ဆိုသူများအဖို့အရေးမကြီးပါ။
ကျနော့်အဖို့တော့ မဖြစ်ချင်ဆုံးဘဝမို့ အထင်ခံရတာနဲ့တင် တွန့်ပါတယ်။
”မီဒီယာဆိုတာဘက်မလိုက်ရဘူး”များ တကယ်ရှိခဲ့ရင် ကျနော်မဖြစ်ချင်တဲ့အရာ ထဲကနေ
မီဒီယာသမားဆိုတာကို ထုတ်လိုက်မယ်တွေးထားပါတယ်။ ”စတုတ္ထမဏ္ဍိုင်”ပြောပြီး
”စတုတ္ထဒေါက်တိုင်”တွေလုပ်ရင်း ”ပဉ္စမံတပ်သားတွေ”ချည်းလိုလို တွေ့ရဖန်များတော့
”မီဒီယာဆိုတာ ဘက်လိုက်မှရတယ်”ဆိုတဲ့အယူဟာ ကျနော့်မှာ ခုတိုင် ခိုင်ကျည်နေတုန်း။
စွဲနစ်နေတုန်း။ မြဲနေတုန်း။ (ဘယ်ဘက်ကိုလိုက်မလဲကတော့ ဘယ်ဘက်ကရပ်သလဲနဲ့
တိုက်ရိုက်ဆိုင်ပါတယ်။ ကျနော် ဘက်လိုက်ပါတယ်) (မီဒီယာနဲ့စပ်မိစပ်ရာ)
The Light of
Asia ထဲမှာ ကျနော်ကြိုက်တဲ့ အဖွဲ့အနွဲ့တွေပြောရရင်မကုန်ဘူး။ ဒီနေရာလေးလည်း
အလွန်ကြိုက်တယ်။ မောင်သာနိုးက ”သစ္စာရှာဖို့ မြင်းစီးမယ်”လို့ ပြန်သွားတာလည်း
သဘောကျတယ်။
Fondly Siddartha drew the proud head down,
Patted the shining neck, and said, "Be still,
White Kantaka! be still, and bear me now
The farthest journey ever rider rode;
For this night take I horse to find the truth,
And where my quest will end yet know I not,
Save that it shall not end until I find.
၉၆၉ လူသတ်အကြမ်းဖက်သင်္ကန်းခြုံတွေမြင်တော့
”အမုန်းတရားဟောဖို့ဘုန်းကြီးဝတ် မယ်”လို့များပြောရမလောက်ပဲ
ရွှေပြည်ကြီးရဲ့ဖြစ်အင်တွေ။ (သင်္ကန်းခြုံအကြမ်းဖက်ဝါဒီတွေကိစ္စ)
Fondly Siddartha drew the proud head down,
Patted the shining neck, and said, "Be still,
White Kantaka! be still, and bear me now
The farthest journey ever rider rode;
For this night take I horse to find the truth,
And where my quest will end yet know I not,
Save that it shall not end until I find.
၉၆၉ လူသတ်အကြမ်းဖက်သင်္ကန်းခြုံတွေမြင
တချို့က
စာရေးဆရာကျော်ဝင်းကို ဖက်ဒရယ်လ်မောင်မောင်တုပ်လို့ ကွယ်ရာမှာခေါ်တာကြားတယ်။ ထူးတာက
ရနောင်မောင်မောင်တုတ်လို ”တုတ်”က ”တသတ်”တုတ်မဟုတ်ပဲ ”ပသတ်” တုပ်ဖြစ်နေတယ်။
ဘာ့ကြောင့် ပသတ် ”တုပ်”ရသလဲ ဗျာတို့။ သိသူများဖြေကြပါလေကုန်။ တချို့ကျတော့
”ကျင်းဝေါ်”တဲ့။ ဒါကျတော့ တရုတ်အမည်လိုလို ဘာလိုလိုနဲ့ တမျိုးတော့တမျိုးပဲ။ ဒိုင်းခင်ခင်၊
သီပေါ၊ စုဖုရားလတ်၊ (လူပျိုတော်) ရနောင်မောင်မောင်တုတ်တို့ရဲ့
လေးပွင့်ဆိုင်ဇတ်လမ်းက ဖီးလ်ဒင်းဟော်လ်ရေး(ဆရာပါရဂူဘာသာပြန်)
သီပေါ၏မဟေသီမှာနဲ့ ဗမာဆရာတွေရေးတာတွေထဲမလည်းဖတ်ဖူး ကြမှာ။ ဇာတ်သိမ်းတော့
ဒိုင်းခင်ခင်ဘာဖြစ်၊ မောင်မောင်တုတ်ဘာဖြစ်။ စုဖုရားလတ် ဒါးထက်၊
သီပေါအရူးကွက်အမြီးကုပ်နဲ့ ဇာတ်သိမ်းတယ်ဟုတ်။ ပါးစပ်ရာဇဝင်တွေကရှိသေး။
(ကျော်ဝင်းကိစ္စ)
ကိုမင်းကိုနိုင်မွေးနေ့အဖို့
တွေးမိတဲ့စကား- ”(၅၁)နှစ်စာရိုးသားစင်ကြယ်မှုနဲ့နေခဲ့သူလို့ ထင်မှတ်ရစေတော့”
စိန်ပွင့်ဖြစ်သွားတဲ့ ကာဗွန်တွေဟာ ဖိအားနဲ့အပူဒဏ်လုံလောက်တဲ့အထိခံပြီးမှဖြစ်လာရသလို အဲ့ဒီစိန်ပွင့်တွေကို လုံလောက်တဲ့အပူချိန်ရှိတဲ့ မီးပုံထဲပစ်ထည့်လိုက်ရင် ဘာတွေဖြစ်ကုန်သလဲဗျာ။ ကျနော်ကတော့ စိန်ပွင့်တွေကို ဘယ်သူမှမီးပုံထဲပစ်မထည့်စေချင်သလို စိန်ပွင့်တွေကိုယ်တိုင် မီးပုံထဲကိုခုန်ချကြ ခုန်ဆင်းကြမှာလည်း မမြင်ချင်ပါ။ ကျနော့်စိန်ပွင့်တွေ ဘယ်တော့မှ မီးပုံထဲပစ်အထည့်မခံရစေနဲ့... ကျနော့်စိန်ပွင့်တွေ ဘယ်တော့မှမီးပုံထဲ ခုန်မဆင်းကြစေနဲ့။ စိန်ပွင့်တွေ အသက်ရှည်သမျှအနာကင်းကြစေ။ (စိန်ကိုမီးဖုတ်ခြင်းကိစ္စ)
စိန်ပွင့်ဖြစ်သွားတဲ့ ကာဗွန်တွေဟာ ဖိအားနဲ့အပူဒဏ်လုံလောက်တဲ့အထိခံပြီးမှဖြစ်လာရသလို အဲ့ဒီစိန်ပွင့်တွေကို လုံလောက်တဲ့အပူချိန်ရှိတဲ့ မီးပုံထဲပစ်ထည့်လိုက်ရင် ဘာတွေဖြစ်ကုန်သလဲဗျာ။ ကျနော်ကတော့ စိန်ပွင့်တွေကို ဘယ်သူမှမီးပုံထဲပစ်မထည့်စေချင်သလို စိန်ပွင့်တွေကိုယ်တိုင် မီးပုံထဲကိုခုန်ချကြ ခုန်ဆင်းကြမှာလည်း မမြင်ချင်ပါ။ ကျနော့်စိန်ပွင့်တွေ ဘယ်တော့မှ မီးပုံထဲပစ်အထည့်မခံရစေနဲ့... ကျနော့်စိန်ပွင့်တွေ ဘယ်တော့မှမီးပုံထဲ ခုန်မဆင်းကြစေနဲ့။ စိန်ပွင့်တွေ အသက်ရှည်သမျှအနာကင်းကြစေ။ (စိန်ကိုမီးဖုတ်ခြင်းကိစ္စ)
”မင်းတို့ဖို့တ်ဝိန်းကို
မင်းကိုနိုင်(ပေါ်ဦးထွန်း)လာတုန်းက မွန်တွေနဲ့ခိုးတွေ့သွားသေးတယ်ဆို
ဟုတ်သလားကွ”လို့ မေးတဲ့လေသံကိုထောက်ပြီး မေးသူ့အနေအထားကို
နည်းနည်းမှန်းကြည့်နိုင်ပါတယ်။ အမည်ရှေ့မှာ(မောင်/ကို/ဦး) စတာတွေမပါတဲ့အတွက်
လူရင်း၊ ကြီးသူ၊ ရွယ်တူ (ခေတ်ပြိုင်နိုင်ငံရေးထဲက)ဖြစ်စရာရှိသလို၊
တမင်ရင့်သီးတာနဲ့တင်စီးတာလည်း ဖြစ်နိုင်ပါတယ်။ မလိုလားမှန်းသိအောင်ဖော်ပြတဲ့
ဖော်ပြချက်လည်းဖြစ်နိုင်ပါတယ်။ ”မွန်တွေ” ဆိုတဲ့ နာမ်စားသုံးစွဲမှုကလည်း
”မွန်အမျိုးသားတွေ၊ မွန်တိုင်းရင်းသားတွေ၊ မွန်လူမျိုးစုတွေ” ဆိုတာနဲ့ယှဉ်တွေးကြည့်ရင်
ဘယ်လိုစိတ်စေ့ဆော်မှုအခံနဲ့ပြောသလဲပေါ်လွင်မှာပါ။ ”တွေ့”ဆိုတဲ့စကားလုံးမှာ
”ခိုး”ဖြည့်စွက်လိုက်တာဟာ အမှတ်မဲ့အလွှတ်မဲ့တော့ဟုတ်ဟန်မတူပါ။ ရည်ရွယ်ချက်ပါပါ
ဖော်ပြချက်ပါပါ အသုံးအနှုန်းလို့ယူဆစရာဖြစ်ပါတယ်။ မေးသူဟာ ကျနော်နဲ့
လူချင်းမသိမရင်းတဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေပါ။ တခါတလေ သူနဲ့ကျနော် နိုင်ငံရေးမှာ၊
လောကအမြင်မှာ ဆန့်ကျင်ဘက်သဘောနီးနီးအထိ ရှိသူပါ။ ဒါပေမယ့် စကားပြောဖြစ်
ငြင်းခုန်ဖြစ် ဆွေးနွေးဖြစ်၊ ကျေလည်ဖြစ်၊ မကျေလည်ဖြစ်ပါပဲ။ ရန်သူတော့မဖြစ်ကြသေးပါ။
သူသိချင်တာတွေရှိရင်မေးတတ်သလို တချို့ကိစ္စတွေကျ အတွင်းစကားတွေတောင်
ပါပါနေတာမို့ ဓါတ်သိအတွင်းလူတယောက်လို့လည်း ထင်ရပါတယ်။ မေးတဲ့အခါတိုင်း
အပေါ်စီးလေသံလိုလို တရားခံစစ် စစ်တာလိုလိုအပြင် ”ငါ သိပြီးသား”ဆိုတဲ့သဘောပါအောင် မေးလေ့ရှိပါတယ်။
တခါတလေကျ ထော်လော်ကန့်လန့်တွေလည်း ပါပါတယ်။ သူ ဘယ်အရွယ်ကျနော်မသိပေမယ့်
ကျနော့်ကိုတော့ စကားပြောရင် ”မင်းနဲ့ ငါနဲ့”ပဲပြောပါတယ်။ ဒါလည်း
ကိစ္စမရှိပါ။ ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးလာတော့ ကျနော်လည်း
သွားတွေ့နှုတ်ဆက်သူတွေထဲပါပါတယ်။ စကားတော့ မယ်မယ်ရရ ဘာမှမပြောခဲ့ပါ။ ကျနော့်ဘက်မှာ
ပြောစရာလည်းထွေထွေထူးထူးမရှိသလို သူတို့ဆီက ထူးထူးခြားခြားကြားစရာလည်း
ဘာမှမရှိမှန်းသိနေတာနဲ့ သတ်သတ်တွေ့ဖို့ပြောဖို့ မစဉ်းစားမိခဲ့ပါ။ (အဲ့ဒီအကြောင်း
နည်းနည်းပါးပါး ရေးလည်းရေးခဲ့ပါတယ်)နောက်ပြီး သူတို့ခရီးစဉ် ဘယ်တော့စ ဘယ်တော့ဆုံး
ဘာတွေစီစဉ် ဘယ်သူတွေနဲ့တွေ့ စတာတွေလည်းမမေးမိခဲ့ပါ။ မသိပါ။ ကိုယ့်ဆီလာလည်တဲ့
ခံဖော်ခံဖက်ခေတ်ပြိုင်”နိုင်ငံရေးလူ”တွေအဖြစ် ပျူပျူငှာငှာနှုတ်ဆက်
ဖက်လှဲတကင်းတော့ရှိတာအမှန်ပါ။ တချိန်တုန်းကတော့ ”ခေတ်ပြိုင်လူ”ကနေ
”ကိုယ့်ခေါင်းဆောင်”တွေအဖြစ်ပုံဖော်ပြီး စိတ်ကူးယဉ်တော့ကြည့်ခဲ့ဖူးပါတယ်။ ခုတော့
သူတို့သွားနေတဲ့ သူတို့ယုံကြည်ရာနိုင်ငံရေးနဲ့ ကျနော်နဲ့က ပြဒါးတစ်လမ်းသံတစ်လမ်း မဟုတ်ပေမယ့် ရထားသံလမ်းလိုဖြစ်နေတာပါ။
အခြေခံမှာတူနေသေးတယ်ဆိုရင် မိမိဖြစ်စေချင်တာမလုပ်ရကောင်းလား မဖြစ်ရကောင်းလားစိတ်ဟာ
နိုင်ငံရေးမှာမထားအပ်မှန်းကို အတွေးအခေါ်အရသိတာမို့ မိမိအမြင်အတွေးအယူဆကိုချပြပြီး
ဝေဘန်စရာလို့မြင်ရင်ဝေဘန်ပါတယ်။ ဆိုတော့ ကျနော်နဲ့ သူတို့အဆက်အစပ်က
ဒါလောက်ပါပဲ။ သူတို့ ဘာလူမျိုး ဘာ ဘာသာစတာတွေ ဘယ်တုန်းကမှ မသိသလို
မေးလည်းမမေးကြည့်ဖူးသလို သိလည်းမသိချင်ပါ။ သိစရာလို့လည်း ခုချိန်ထိ မထင်မိပါ။
နိုင်ငံရေးအဆက်အစပ် နိုင်ငံရေးရပ်ခံချက်နဲ့ နိုင်ငံရေးဘဝတွေကိုပဲ စိတ်ဝင်စားပါတယ်။
စကားပြန်ကောက်ရရင် မင်းကိုနိုင် ”မွန်အမျိုးသား”ဟုတ်မဟုတ် ကျနော် မသိပေမယ့်
ခုတစ်ခေါက်ပြန်လွတ်လာပြီး မွန်အမျိုးသားဝတ်စုံ(ပုဆိုး)အဝတ်များများလာတာတော့
သတိပြုမိပါတယ်။ နောက်ပြီး ဟိုနေရာ ဒီနေရာမှာ ပြောတာတွေထဲ သူလည်းလူမျိုးစုတိုင်းရင်းတစ်ဦး(မွန်) ဖြစ်ကြောင်းပြောတာလေးတွေ
တွေ့ရကြားရပါတယ်။ သတိထားမိပါတယ်။ သူ့မှာ မွန်သွေးဘယ်လောက်ပါလို့
မွန်ဘယ်လောက်စစ်ကို ကျနော်စိတ်မဝင်စားပေမယ့် ကိုယ့်ကိုယ်ကို
လူမျိုးစုတစ်ခုခုရဲ့အနွယ်ဝင်ဥပဓိ Identity ကို ပြပြလာတာတော့ စိတ်ဝင်စားမိပါတယ်။ သူ
ဘာ့ကြောင့် ခုလိုပြသလဲ ဖော်ထုတ်လာရသလဲဆိုတာတော့ သူ့နိုင်ငံရေးနဲ့
တိုက်ရိုက်အဆက်အစပ်ဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်။ ဗမာ့နိုင်ငံရေးလက်တွေ့နဲ့နိုင်ငံရေးသမိုင်းဖြစ်ပေါ်တိုးတက်မှုတွေကြည့်ရင်
ကျောင်းသားနိုင်ငံရေးဘဝမှာ (ဗမာ မဟုတ်တဲ့)
လူမျိုးစုနွယ်ဝင်တစ်ဦးဦးဖြစ်ခြင်း/မဖြစ်ခြင်းက သိတ်မသိသာလှပေမယ့်၊ (အကောင်း/အဆိုး)
အကျိုးသက်ရောက်မှု သိတ်မကြီးလှပေမယ့် ပရော်လ်ဖက်ရှင်နယ်လ်နိုင်ငံရေးကျ အဲ့ဒါက အလွန်အရေးပါနေပါတယ်။
ဒါ့ကြောင့် ကျောင်းသားနိုင်ငံရေးတုန်းက ရှေ့တန်းမတင်ခဲ့တဲ့ကိစ္စကို ခု
လိုအပ်ပြီယူဆလို့ ပွဲထုတ်ပြင်ဆင်လာတာရောမဖြစ်နိုင်ဘူးလားလို့ တွေးကြည့်ပါတယ်။
တိုက်ဂါးဝုဒ်
ကမ္ဘာကျော်ဂေါက်သမားဖြစ်လာတော့ ထိုင်းတွေကလည်း ငါတို့လူမျိုး၊ အမေရိကန်တွေကလည်း
ငါတို့လူမျိုး..တဲ့။
မျိုးမြင့်ချို (မွန်ခြင်း
မမွန်ခြင်းနဲ့စပ်လို့)
အောက်တိုဘာ ၁၈။ ၂၀၁၃
ဟိုနေ့က
ရဲမော်ထူးနဲ့ ရောက်တတ်ရာရာပြောရင်း အသွင်မတူအိမ်သူမဖြစ်သဘောသွားနဲ့ စပ်လို့
သူ့အမြင်ကို “အခြားအသေးအမွှားတွေမှာ တူတူ/ မတူတူပေါ့အကိုရာ။
အဓိကကျတဲ့ကိစ္စတွေမှာတော့ တူရတယ်ဗျ။ တူမှရတယ်ဗျ။ အစက မတူထားခဲ့ဘူးဆိုလည်း
နောက်ပိုင်း တဖြည်းဖြည်းအတိုးအလျှော့နဲ့ တူအောင်လုပ်ယူရတာပဲဗျ။
ဒါမှဖြစ်မှာကိုး”လို့ ပြောတယ်ဗျ။ ကျနော့်စိတ်ထဲ လက်ကနဲတစ်ချက် ဖြစ်သွားတယ်။
အိမ်ထောင်ရေးကိစ္စတော့မဟုတ်ပါ။ ဗမာ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကြီးနဲ့စပ်လို့ပါ။
အဲ့ဒီနေ့ကအထိတော့ အပစ်အခတ်ရပ်တို့၊ ငြိမ်းချမ်းရေးတို့၊ အပြုသဘောချဉ်းကပ်မှုတို့၊
ပူးပေါင်းဆောင်ရွက်တယ်တို့ စသည်ဖြင့်(ပြောရရင်များမှာပါ) ဆိုင်းဘုတ်တွေထောင်ပြီး
ပြည်တော်ဝင်၊ ပြည်တော်ပြန်နဲ့(တချို့လည်း ဝင်စို့ထွက်စို့အခါခါ) ပြည်တွင်းနေ(ထောင်ထွက်ရင်လည်းထွ က်မယ်
မထွက်ရင်လည်းမထွက်ဘူးတွေ)၊ ပါတီလိုလို၊ အင်န်ဂျီအိုလိုလို၊ နိုင်ငံရေးလိုလို၊
လူမှုရေးလိုလိုနဲ့ ပြည်တော်သာနေကြသူတချို့လောက်ပဲ တူတာကိုမြင်ရသေးတယ်။ ဒီနေ့တော့
ပိုရှင်းသွားတယ် “တူမှရတယ်ဗျ”ဆိုတဲ့အနက်ကို။ ခု ဗုံးတွေကွဲပြီ။ တဝုန်းဝုန်းပဲ။
ဘယ်သူ့လက်ချက် ဘယ်ဝါ့လက်ချက်လို့ သိန်းစိန်တို့ကတောင် တရားဝင်မစွပ်စွဲသေးဘူး။
သတင်းစာရှင်းလင်းပွဲ မလုပ်သေးဘူး။ သိန်းစိန်တို့နဲ့ တူသွားကြတဲ့ သူတွေက
ထပြောနေပြီ။
“ဒါ အပစ်အခတ်ရပ်လက်မှတ်ထိုး၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ တိုင်းပြည်တည်ငြိမ်တိုးတက်နေတာေ တွ
ထိခိုက်ပျက်ပြားအောင်လုပ်နေတဲ့ တတိယအင်အားစုတွေ၊ ပြည်ပအဖျက်သမားတွေ၊ သောင်းကျန်းသူတွေလက်ချက်။ ဒီလူတွေက သူတို့အစိုးရနဲ့
အပစ်ရပ်ပြီး ငြိမ်းချမ်းအေးဆေးနေကြတာကို မနာလိုမရှုစိမ့်သူတွေ၊ အစိုးရနဲ့ပေါင်းပြီး
အဲ့ဒီကဖျက်ယဖျက်တွေကိုတိုက်မယ်။ ပြစ်တင်တယ်။ ရှုတ်ချတယ်”ဆိုပြီး အချက်အလက်မရှိ
တော်ရမ်းမယ်ဘွဲ့ သခင်အားရကျွန်ပါးဝသံတွေ စီကနဲထွက်လာတယ်။ စစ်အာဏာရှင်တွေနဲ့
ပုလင်းတူဗူးဆို့မဖြစ်ခင်တုန်းကများဆို ဝုန်းကနဲထပေါက်လိုက်တာနဲ့
ယမ်းငွေ့တောင်မပျယ်သေးဘူး “ဒါ မင်းတို့လက်ချက်” ဆိုပြီး
ဒက်ကနဲစွပ်စွဲခံခဲ့ရတဲ့အယိုးစွပ်ခံတွေက ခုတော့ ယိုးစွပ်သူပြန်လုပ်ပြီး
မျက်နှာလိုအားရလုပ်ပြတာပဲ။
“ဒါ အပစ်အခတ်ရပ်လက်မှတ်ထိုး၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ တိုင်းပြည်တည်ငြိမ်တိုးတက်နေတာေ
ဒါမှလည်း
“ကျနော်တို့လည်း ခင်ဗျားတို့နဲ့တူပါတယ်”ဆိုတာ ထင်ရှားမှာမဟုတ်လား။
ဟုတ်တယ်မော်ကြီးရေ။ အိမ်ထောင်ရေးမှာမှ မဟုတ်ဘူး နိုင်ငံရေးမှာလည်းအဓိကကျတဲ့ကိစ္စ တွေမှာ တူမှဖြစ်တာကိုး။ တူကုန်ကြပြီကိုး။
ဟုတ်တယ်မော်ကြီးရေ။ အိမ်ထောင်ရေးမှာမှ မဟုတ်ဘူး နိုင်ငံရေးမှာလည်းအဓိကကျတဲ့ကိစ္စ
0 comments:
Post a Comment