ကိုလိုနီခေတ်မတိုင်မီ
ဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-ဃ)
ဒုတိယသင်ခန်းစာမှာ ခေတ်မှီစစ်တပ်ကိုအသုံးပြူပြီးဖိနှိပ်အုပ်ချုပ်နေသည့်နယ်ချဲ့အစိုးရကို အနိုင်တိုက်ချင်လျှင် ခေတ်မှီအမျိုးသားတပ်မတော်တစ်ရပ်ထူထောင်ရမည်။ လက်နက်မဲ့ရင်ဆိုင်လျှင်လုံးဝ အနိုင်မရနိုင်ဘူးဆိုသည့်သင်ခန်းစာများဖြစ်ပါသည်။ သခင်အောင်ဆန်း၏ ဂုဏ်ကျေးဇူးသည် ထိုအရာနှစ်ခုကို ရရှိလာအောင်ထူထောင်ခဲ့သူများအနက် ရှေ့ဆုံးတန်းကပါဝင်ခဲ့သည့်ကောင်းမှုဖြစ်သည်။ ထိုအရေးကြီးသင်ခန်းစာများအပြင် စည်းရုံးနိုင်သည့်အင်အားများကို အကျယ်ပြန့်ဆုံးစည်းရုံးထား သည့် တော်လှန်သည့်တပ်ပေါင်းစုရှိရမည်ဆိုသော သင်ခန်းစာကိုလည်း ရရှိလိုက်သေးသည်။
ဖက်ဆစ်ဂျပန်များသည် စစ်အောင်နိုင်ရေးအတွက် ၎င်းတို့၏ စစ်စီးပွားရေးစီမံကိန်းလုပ်ငန်းများတွင် လူထုကို အဓမ္မလုပ်အားခိုင်းစေမှုများကိုြုပလုပ်ခဲ့ကြသည်။ ချွေးတပ်နှင့် ဟေးဟိုးတပ် (အလုပ်သမားတပ်) (He-ho-Labour Corps)များဖွဲ့စည်းပြီး လူထုကို ညှင်းပန်းနှိပ်စက်ကာ လုပ်အားအဓမ္မခိုင်းစေမှုများ လုပ်ခဲ့ကြသည်။ မီးရထားလမ်းများဖောက်လုပ်ခြင်း၊ လေယာဉ်ကွင်းများဖောက်လုပ်ခြင်းများတွင် အများဆုံး အသုံးပြုသည်။ မဟာမိတ်စစ်သချိင်္ုင်းင်းကော်မရှင်၏စာရင်းဇယားတွင် ချွေးတပ်သား (၁၃ဝဝဝဝ)ယောက် ထက်ပိုပြီး အသုံြးုပခဲ့သည်။ ထွက်ပြေးလွတ်မြောက်သူ (၄ဝဝဝဝ)ယောက်ရှိခဲ့ပြီး၊ သေဆုံးသူ(၈ဝဝဝဝ)ကျော် ရှိခဲ့သည်။ နေအိမ်သို့ပြန်လည်ရောက်ရှိသူ(၁၃ဝဝဝ)ခန့်သာ ရှိသည်ဟု ဖော်ပြထားသည်။
ပထမသင်ခန်းစာမှာ အင်အားအဆမတန်ကြီးမား သည့်
ခေတ်သစ်နယ်ချဲ့သမားကို အနိုင်တိုက်ဖို့ဆို လျှင်“တော်လှန်ရေးသဘောတရားလက်နက်” တပ်ဆင်ထားသည့်၊
စည်းကမ်းတင်းကြပ်သည့် ပါတီတရပ်၏ခေါင်းဆောင်မှုရှိရမည်။ အမျိုးသားရေးဝါဒသက်သက်ကို လမ်းညွန်ထားကာ
လျော့ရဲရဲဖွဲ့စည်းထားသည့်ပါတီ၏ခေါင်းဆောင်မှုမျိုးဖြင့်တိုက်ပွဲဆင်လို့မရနိုင်ဆိုသည့်
သင်ခန်းစာဖြစ်သည်။
ဒုတိယသင်ခန်းစာမှာ ခေတ်မှီစစ်တပ်ကိုအသုံးပြူပြီးဖိနှိပ်အုပ်ချုပ်နေသည့်နယ်ချဲ့အစိုးရကို အနိုင်တိုက်ချင်လျှင် ခေတ်မှီအမျိုးသားတပ်မတော်တစ်ရပ်ထူထောင်ရမည်။ လက်နက်မဲ့ရင်ဆိုင်လျှင်လုံးဝ အနိုင်မရနိုင်ဘူးဆိုသည့်သင်ခန်းစာများဖြစ်ပါသည်။ သခင်အောင်ဆန်း၏ ဂုဏ်ကျေးဇူးသည် ထိုအရာနှစ်ခုကို ရရှိလာအောင်ထူထောင်ခဲ့သူများအနက် ရှေ့ဆုံးတန်းကပါဝင်ခဲ့သည့်ကောင်းမှုဖြစ်သည်။ ထိုအရေးကြီးသင်ခန်းစာများအပြင် စည်းရုံးနိုင်သည့်အင်အားများကို အကျယ်ပြန့်ဆုံးစည်းရုံးထား သည့် တော်လှန်သည့်တပ်ပေါင်းစုရှိရမည်ဆိုသော သင်ခန်းစာကိုလည်း ရရှိလိုက်သေးသည်။
အထက်ပါသင်ခန်းစာများနှင့်
အတွေ့အကြုံများအရ နယ်ချဲ့စနစ်နှင့်ပဒေသရာဇ်မြေရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို ပြတ်သားစွာဆင်နွှဲနိုင်ရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ပါတီတည်ထောင်စဉ်က
အဖွဲ့ဝင်(ရ)ဦးဖြင့် ပါဝင်ဖွဲ့စည်းခဲ့သည်။ ပါတီစတင်တည်ထောင်သူများမှာ သခင်အောင်ဆန်း၊
သခင်ဗဟိန်း၊ သခင်လှဖေ၊ သခင်စိုး၊ သခင်ဘို၊ ရဲဘော်ဘတင်(ဂိုရှယ်)နှင့်ရဲဘော်ထွန်းမောင်(ဒေါက်တာနတ်)တို့ဖြစ်သည်။ သခင်အောင်ဆန်းသည် ပါတီ၏ ပထမဆုံးအထွေထွေအတွင်းရေးမှုးချုပ်ဖြစ်သည်။ ပါတီ၏နိုင်ငံရေးအရဦးဆောင်မှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွဲကာ
ဗမာပြည်ကို ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်စေခဲ့သည်။ ထိုပါတီသည် ယနေ့အချိန်အထိ
ဗမာပြည်အုပ်စိုးသူလူတန်းစားအဆက်ဆက်ကို ဆန့်ကျင်တိုက်ခိုက်နေသည်။ အလုပ်သမားလူတန်းစားလွတ်မြောက်ရေးတပ်ဦးပါတီအဖြစ်
ဆက်လက် တိုက်ပွဲဝင်နေသည်။ ဗမာပြည်ရှိနိုင်ငံရေးပါတီများအနက် သက်တမ်းအရှည်ကြာဆုံးနိုင်ငံရေးပါတီ တခုလည်းဖြစ်သည်။
မြေအောက်နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်နေသည်။
ဖတပလ(နောင် ဖဆပလ)ဖွဲ့စည်းခြင်း၊
မျိုးချစ်ဗမာ့တပ်မတော်နှင့် ရဲခေါင်ပျောက်ကြားတပ်ဖွဲ့စည်းခြင်း တို့သည် ထိုအရေးတော်ပုံ၏သင်ခန်းစာများနှင့်အတွေ့အကြုံများအရ ဖွဲ့စည်းခြင်းဖြစ်သည်။
(၁၉၃၉ -၁၉၄၅) ဒုတိယကမ္ဘာစစ်ကာလတွင်
နားလည်ထားသည့်အယူအဆများကို လက်တွေ့ ကျင့်သုံးနိုင်ခဲ့သည်။ လက်တွေ့ကျင့်သုံးနိုင်သဖြင့်
မနည်းလှသောအကျိုးအမြတ်များကိုလည်း ရရှိစေလိုက်သည်။ ရန်/ငါ အခြေအနေနှင့်အချိုးအစား ပြောင်းပြန်လှန်၍ပြောင်းသွားခဲ့သည်။
(၁၃ဝဝ)ပြည့်အရေးတော်ပုံကြီး
ရှုံးနိမ့်သွားခဲ့သော်လည်း၊ ရှုံးနိမ့်မှုအပေါ် မှန်မှန်ကန်ကန်သုံးသပ်နိဂုံးချုပ်ပြီး သင်ခန်းစာကောင်းများထုတ်ယူနိုင်ခဲ့ကြသည်။ ပြင်ဆင်သင့်တာပြင်ဆင်၊ မရှိတာကို ရှိအောင်လုပ်ခြင်းဖြင့် နောက်ဆုံးတွင်အောင်မြင်မှုရရှိခဲ့သည်။
(၁၃ဝဝ)ပြည့်အရေးတော်ပုံ (၁ဝ)နှစ်ပြည့်မြောက်သည့်အခါ ကျနော်တို့ဗမာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့ထမ်းပိုးအောက်မှ
လွတ်မြောက်လာခဲ့ပါသည်။ ထိုအရေးတော်ပုံကပေးလိုက်သောသင်ခန်းစာများနှင့် အတွေ့အကြုံများကို
မှန်မှန်ကန်ကန်တန်ဖိုးမထားခဲ့လျှင် (၁၉၄၈)ခုနှစ်တွင် အောင်ပွဲရနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်
လူမှုတော်လှန်ရေးတရပ်တွင် သမိုင်းသင်ခန်းစာများကိုမှန်ကန်စွာထုတ်ယူပြီး လက်တွေ့ကျင့်သုံးတတ်ဖို့
အလွန်အရေးကြီးပါသည်။
အရေးတော်ပုံပြီးနောက်
အလုပ်သမားလူတန်းစားလှုပ်ရှားမှုအခြေအနေ
၁၃ဝဝ ပြည့်အရေးတော်ပုံပြီးနောက်
(၁၉၄ဝ)ခုနှစ်တွင် ရန်ကုန် အင်းစိန်နှင့် စက်မှုလုပ်ငန်းဒေသများ မြို့ကြီးများတွင် အလုပ်သမား၏စည်းရုံးမှုအခြေအနေ တိုးတက်ကောင်းမွန်လာသည်။ (၁၉၄၁)ခုနှစ်တွင် အလုပ်ရုံစက်ရုံပေါင်း(၁ဝ)ခု
သပိတ်မှောက်ကြသည်။ (၁၉၄၁) ခုနှစ်တွင် ငွေစက္ကူစက်ရုံသပိတ်၊ တရုတ်ပြည်တင်သွင်းသည့် မော်တော်ကားတပ်ဆင်ရေးလုပ်ငန်းများသပိတ်နှင့်
ဧရာဝတီဆိပ်ကမ်း ကုန်တင်ကုန်ချလုပ်ငန်းသပိတ်စသည်တို့ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ (၁၉၄ဝ)ခုနှစ် ဒီဇင်ဘာလတွင်
အိန္ဒိယအလုပ်သမားသပိတ်နှင့်ပတ်သက်ပြီး၊ အိန္ဒိယအလုပ်သမားခေါင်းဆောင်များဖြစ်ကြသည့် ဂိုရှယ်၊
မူဂါရှီ၊ မွန်ရှိနှင့် ဒေါက်တာနတ်တို့ကိုဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးလိုက်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း
တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းတော်များကိုဖမ်းဆီးလိုက်ကြသည်။
ပုဒ်မမ ၂၆၊ ၃၈ ဖြင့် လူ(၁ဝဝဝ)ခန့်ဖမ်းဆီးခံရသည်။
(၁၉၄၁)ခုနှစ်ဒီဇင်ဘာ
၂၃ ရက်တွင် ရန်ကုန်မြို့ကို ဂျပန်လေတပ်ဖြင့်ဗုံးစတင်ကြဲသည်။ ဤမှစ၍ ကိုလိုနီဘဝမြန်မာနိုင်ငံသည်
ဒုတိယကမ္ဘာစစ်ကြီးနှင့် ပတ်သက်လာရတော့သည်။ အိင်္ဂလိပ်တို့လည်း အိန္ဒိယသို့ဆုတ်ခွာပြေးကြရသည်။
ပြည်သူလူထုသည် ဝရုဏ်းသုံးကားဖြစ်နေခဲ့သည်။ အလုပ်သမားစည်းရုံးရေးလုပ်ငန်းသည်လည်း အားပျော့သွားသည်။
ဖက်ဆစ်ဂျပန်ခေတ်(၁၉၄၂-၁၉၄၅
) အလုပ်သမားများ၏ ဘဝအခြေအနေ
(၁၉၄၂-၁၉၄၅)ခုနှစ်
ဒုတိယကမ္ဘာစစ်အတွင်း ဗမာပြည်သည် ဖက်ဆစ်ဂျပန်တို့၏အုပ်စိုးမှုအောက်သို့ ကျရောက်ခဲ့သည်။
ဂျပန်တို့၏ အရှေ့တောင်အာရှထိုးစစ်ကြောင့် အင်္ဂလိပ်တို့သည် မြန်မာပြည်မှအိန္ဒိယသို့ အမြန်ဆုံးဆုတ်ခွာကာ နယ်မြေများကိုလက်လွတ်လိုက်ရသည်။
မြန်မာပြည်မှ မဆုတ်ခွာမီ
ဆုတ်လမ်းတလျှောက်ကို မြေလှန်စနစ်ကျင့်သုံးခဲ့သည်။ အင်္ဂလိပ်ပိုင်မီးရထား၊ မီးသင်္ဘော၊ မော်တော်ယာဉ်၊
ကြေးနန်းရုံး၊ တယ်လီဖုန်းများအပြင် ချောင်းကူး၊ မြစ်ကူးတံတားကြီးများ၊ ပင်လယ်ဆိပ်ကမ်းနှင့်လေယာဉ်ကွင်းများကို ဖျက်ဆီးမီးရှို့ခဲ့ကြသည်။ ထို့အပြင် ရေနံ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊
ဆန်စက်၊ သစ်စက်နှင့်အခြားအရေးကြီးသောစက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူနေအဆောက် အဦးများ၊
ကုန်လှောင်ရုံများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။ ထိုအကျိုးဆက်ကြောင့် စက်ရုံအလုပ်ရုံအချို့ ကျန်ရှိနေခဲ့သော်လည်း
ကုန်ကြမ်းရှားပါးခြင်း၊ အပိုပစ္စည်းများအခက်အခဲတွေ့လာရခြင်း၊ စစ်ဘေး ဒုက္ခတွေ့ကာ အလုပ်မလုပ်နိုင်ပဲ
စက်ရုံများပိတ်ထားလိုက်ရခြင်းများကို ဖြစ်ပေါ်စေသည်။ ဖရိုဖရဲပြိုကွဲပျက်စီးနေသောပြည်တွင်းနိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေးများအောက်တွင် အလုပ်သမားများသည် အလုပ်လက်မဲ့ဘေးဆိုးကြီးကို
ကြောက်မက်ဘွယ်ရင်ဆိုင်လိုက်ရသည်။
စစ်ဘေးဒုက္ခများကြောင့်
အိန္ဒိယအလုပ်သမား(၄ဝဝဝဝဝ)ကျော်တို့ မြန်မာနိုင်ငံမှ ဖြစ်သလို ထွက်ခွာသွားကြသည်။ ထွက်ခွာသူများထဲက
(၁ဝဝဝဝဝ)ခန့်သည် ဝမ်းရောဂါ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အခြားဘေးအန္တရာယ်များကြောင့် သေဆုံးကြရသည်။
တရုတ်အလုပ်သမားများမှာမူ တရုတ်ပြည်တွင်းစစ်ပြဿနာကြောင့် ရှောင်တိမ်းခြင်းမရှိခဲ့ပါ။
ဖက်ဆစ်ဂျပန်များသည် စစ်အောင်နိုင်ရေးအတွက် ၎င်းတို့၏ စစ်စီးပွားရေးစီမံကိန်းလုပ်ငန်းများတွင် လူထုကို အဓမ္မလုပ်အားခိုင်းစေမှုများကိုြုပလုပ်ခဲ့ကြသည်။ ချွေးတပ်နှင့် ဟေးဟိုးတပ် (အလုပ်သမားတပ်) (He-ho-Labour Corps)များဖွဲ့စည်းပြီး လူထုကို ညှင်းပန်းနှိပ်စက်ကာ လုပ်အားအဓမ္မခိုင်းစေမှုများ လုပ်ခဲ့ကြသည်။ မီးရထားလမ်းများဖောက်လုပ်ခြင်း၊ လေယာဉ်ကွင်းများဖောက်လုပ်ခြင်းများတွင် အများဆုံး အသုံးပြုသည်။ မဟာမိတ်စစ်သချိင်္ုင်းင်းကော်မရှင်၏စာရင်းဇယားတွင် ချွေးတပ်သား (၁၃ဝဝဝဝ)ယောက် ထက်ပိုပြီး အသုံြးုပခဲ့သည်။ ထွက်ပြေးလွတ်မြောက်သူ (၄ဝဝဝဝ)ယောက်ရှိခဲ့ပြီး၊ သေဆုံးသူ(၈ဝဝဝဝ)ကျော် ရှိခဲ့သည်။ နေအိမ်သို့ပြန်လည်ရောက်ရှိသူ(၁၃ဝဝဝ)ခန့်သာ ရှိသည်ဟု ဖော်ပြထားသည်။
0 comments:
Post a Comment