Thursday, October 17, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ(၂)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ
-ပြည်ချစ်ဝါဒကိုစွဲကိုင် -ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး အတွက်တိုက်ပွဲဝင်ကြ
(ခွဲခွဲပြီးတင်ပါ့မယ်။ ဒါက ခွဲတင်ပိုင်း အမှတ်(၂)ပါ)


တောင်သူလယ်သမားများနဲ့ လယ်ယာအခြေအနေ
အပိုင်း (က)
နိုင်ငံလူဦးရေရဲ့(၇ဝ ရာခိုင်နှုန်း) မှီခိုနေရတဲ့ လယ်ယာကဏ္ဍမှာ လယ်ယာသာ လုပ်ကိုင်အသက်မွေးနေသူက (သန်း ၃ဝ ခန့်)ရှိတယ်လို့ စစ်တမ်းတခုက ဖော်ပြတယ်၊ တပြည်လုံးလူဦးရေရဲ့ ထက်ဝက်ခန့်ရှိနေတဲ့သဘောပဲ။ ဒါ့ကြောင့် ဒီလူတန်းစားဟာ ဗမာပြည်နိုင်ငံရေး။ စီးပွားရေးနဲ့လူမှုရေးကိစ္စအဝဝမှာ အရေးပါတဲ့အခန်းကပါဝင်နေတာကို တွေ့နိုင်တယ်၊
ဒါပေမယ့် လယ်သမား (၄၆ ရာခိုင်နှုန်း)ဟာ ဆင်းရဲနွမ်းပါးနေကြတယ်လို့ စာနယ်ဇင်းတွေမှာဖော်ပြတာဖတ်နေရတယ်၊ လယ်သမားအိမ်ထောင်ဦးစီးတဝက်ကျော်ဟာ စာရေးစာဖတ်နိုင်ရုံအဆင့်ပဲရှိတယ်၊ ကျေးလက်ဒေသများဟာ ဆင်းရဲမှုအနက်ရှိုင်းဆုံးနေရာများ ဖြစ်နေတယ်၊
သမ္မတလုပ်သူက ဆင်းရဲမှုလျှော့ချမယ်ပြောပြီးအုပ်ချုပ်လာတာ(၂ နှစ်)ကျော်ပြီ။ ဒါပေမယ့် ဆင်းရဲသူက ပိုများလာတယ်၊ အလတ် လယ်သမားက ဆင်းရဲလယ်သမားဖြစ်ပြီး။ ဆင်းရဲလယ်သမားက လယ်မဲ့ယာမဲ့ဖြစ်။ လယ်မဲ့ယာမဲ့တွေက ကျေးလက်မှာဆက်မနေနိုင်တော့ဘဲ နှင်ထုတ်ခံရသလိုဖြစ်ကုန်ပြီ။ မြို့ပြတွေရောက်။ နယ်စပ်ဒေသရောက်ဖြစ်ကုန်တာတွေဟာ ဒီနေ့ဗမာပြည်ရဲ့လက်တွေ့မြင်ကွင်းပဲ၊ လယ်သမားတွေ လယ်မပိုင်တော့ဘူး၊ လယ်ယာလုပ်သားတွေဖြစ်ကုန်ကြတယ်၊ စိုက်ပျိုးရေးသက်သက်နဲ့ရပ်တည်နိုင်တဲ့ ချမ်းသာတဲ့လယ်သမား ရှားသွားပြီ။
ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေတဲ့လယ်ယာကဏ္ဍမှာရင်ဆိုင်နေကြရတာက ကောက်စိုက်ချိန် ကောက်စိုက်သမ မရှိတာ။ ကောက်ရိတ်ချိန် ကောက်ရိတ်လုပ်သားရှာမရတာတွေ ဖြစ်လာတယ်၊ လယ်ယာမြေတွေဟာလည်း တဖြည်းဖြည်း လူနည်းစုလက်ထဲစုပြုံရောက်လာနေပါပြီ၊
လယ်ယာတွေ ဘယ်ရောက်ကုန်သလဲ။ (၂ဝ၁ဝ ဇန်နဝါရီလ)အတွင်း ထုတ်ပြန်ခဲ့တဲ့ လယ်/ဆည်ဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ တစိတ်တပိုင်း တွေ့နိုင်တယ်၊
“ကုမ္ပဏီပေါင်း (၂၁၆ ခု)တို့သည် လယ်မြေဧကပေါင်း ၁ ဒသမ ၇၅ သန်း (၇ဝ၈,၂ဝဝ ဟက်တာ) ကို နိုင်ငံတော်ကပေးအပ်သော အထူးအခွင့်အရေးဖြင့်သိမ်းယူပြီးဖြစ်ကြောင်း”လို့ တင်ပြထားပါတယ်၊ ဒါတွေဟာ စစ်တပ်ကိုယ်တိုင် သို့မဟုတ် စစ်တပ်နဲ့အကျိုးတူပေါင်းစည်း ထားတဲ့ကုမ္ပဏီများကသိမ်းဆည်းထားတဲ့ တရားဝင်ထုတ်ပြန်ချက်ပဲရှိသေးတယ်၊ တရားမဝင် လက်သိပ်ထိုးသိမ်းတာတွေလည်း အများကြီး ရှိပါတယ်။ လိုချင်တဲ့မြေယာကို လက်ညှိုးထိုးပြီးယူတဲ့ “လက်ညှိုးထိုးမြေယာ” တွေပါ၊ ဒီလိုနဲ့ စစ်အာဏာပိုင်တွေနဲ့အုပ်ချုပ်ရေးပိုင်းက စစ်ဗိုလ်လူထွက်တွေရဲ့ သားသမီး။ ဆွေမျိုးသားချင်းနဲ့ခရိုနီတွေဟာ မြေရှင်သစ်တွေဖြစ်လာတယ်၊ တွေ့ရတာက လယ်သမားတွေဆီက မြေယာကိုအဓမ္မနည်းနဲ့လည်းကောင်း။ ဥပဒေကို လက်တလုံးခြားလုပ်၍လည်းကောင်း အကြောင်းအမျိုးမျိုးပြသိမ်းဆည်းနေကြတာလည်း သူတို့ပဲ။ မြေယာပေါ်ကအမြတ်ထုတ် ငွေတိုးချေးစား။ နောက်ဆုံးလယ်သမားတွေ ကြွေးသံသရာထဲနစ် လယ်မြေလက်လွတ်ဆုံးရှုံးရတာလည်း သူတို့လက်ချက်ပဲ။ စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ဈေးဖျက်ဈေးနှိမ် ဈေးကစား။ ပို့ကုန်သွင်းကုန်လိုင်စင်တွေ ဖောဖောသီသီရပြီး ကြီးပွားနေတာလည်း သူတို့ပဲ။
ကျော်မကောင်းကြားမကောင်းတွေဖြစ်လာတော့ လွှတ်တော်ထဲမှာတောင် ရောင်ပြန်ဟပ်လာတာတွေ့ရတယ်၊ ကိုယ်စားလှယ်တဦးက ‘တပြည်လုံးမှာ လယ်သမားတွေကို လမ်းဖောက်ဖို့ဆိုပြီးမြေသိမ်းတယ်၊ တပ်စခန်းတွေဆောက်ဖို့ဆိုပြီးမြေသိမ်းတယ်၊ ဆည်မြောင်းဖောက်ဖို့ဆိုပြီး မြေသိမ်းတယ်၊ လျော်ကြေးပေးတာ မဟုတ်ဘူး၊’ လို့ ထုတ်ပြောခဲ့တယ်။ ဒါတွေအပြင် စက်မှုဇုန်အတွက်ဆိုပြီးသိမ်းတာတွေ အမြောက်အမြားရှိပါသေးတယ်၊
အစိုးရစီမံကိန်းအတွက် နံမည်တပ်သိမ်းထားကြပြီး လုပ်လည်းမလုပ် ပြန်လည်းမပေးလို့ အဟောသိကံဖြစ်နေတဲ့လယ်ယာတွေရဲ့ အကျယ်အဝန်းထုတ်ဖော်ကြရပါလိမ့်မယ်၊ 
အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တွက်ပြတာက မြေဧရိယာဟက်တာ (၆၈ သန်း)တွင် ၁၈ ရာခိုင်နှုန်းသာ သီးနှံထုတ်လုပ်ရေးအတွက် အသုံးပြုနေကြောင်း။ စိုက်ပျိုးရေးကဏ္ဍမှာ စီးပွားရေးထွက်ကုန် တခုလုံး(၃၆)ရာခိုင်နှုန်း။ ပို့ကုန်စုစုပေါင်း(၂၅)ရာခိုင်နှုန်းမှ(၃ဝ)ရာခိုင်နှုန်းအထိ ရှိကြောင်း ပြောပါတယ်၊
မြေယာတွေလျော့နည်းလာတာမှာ ငွေပိုရှိတဲ့သူတွေ။ ဘဏ်တိုက်ကငွေတွေ အလွယ်တကူချေးယူနိုင်တဲ့ခရိုနီတွေက ကြိုပြီးမြေငှားတာ။ မြေဝယ်တာတွေ လုပ်ထားကြတာလည်းပါတယ်။ တကယ်က မြေတွေရဲ့(၄ ပုံ ၁ ပုံ)လောက်ပဲ အသုံးချထုတ်လုပ်နေတာဖြစ်တယ်၊ အမေရိကန်။ အီးယူ အစရှိတဲ့နိုင်ငံတွေကကုမ္ပဏီတွေ ဗမာ့မြေယာတွေ ဘယ်လောက်ယူငင်အသုံးချမလဲ မပြောတတ်သေး။ အာရှက တရုတ်။ ဂျပန်။ တောင်ကိုးရီးယား။ အိန္ဒိယရဲ့စာရင်းတွေတော့ ပြောနိုင်ကြပြီ၊ ခု ဗီယက်နမ်က အမေရိကန်ဒေါ်လာ (သန်း ၁ဝဝ ဖိုး) ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့်သတင်း ဝင်လာပြန်ပြီ။ ပြောချင်တာက ပြည်ပကုမ္ပဏီတွေဝင်လာရင် လယ်သမားတွေရဲ့မြေယာပိုင်ဆိုင်မှုတွေ ဒါ့ထက် ထိုးပြီးကျဆင်းသွားမှာသေချာတယ် ဆိုတာပဲ၊
ခုတောင် လယ်သမားတွေရဲ့ဘဝက လယ်လုပ်ရင်း ကြွေးတင်ကျွန်ဖြစ်။ ငွေရှင်ကြေးရှင်တွေဆီ လယ်ယာတွေထိုးအပ် ဖြစ်နေကြတယ်၊ စိုက်ပျိုးစရိတ်ကကြီး။ အစိုးရချေးငွေက မလောက်မင။ ပြင်ပချေးငွေအတိုးက ကြီးပြန်ဆိုတော့ ဆပ်နိုင်စရာအကြောင်းမရှိတော့ဘူး၊ သူတို့ လုပ်နိုင်တဲ့လမ်းကြောင်းက မြေရှင်ဆီ ဒါမှမဟုတ် စစ်တပ်ပိုင်မြေယာတွေမှာဖြစ်ဖြစ် ကုမ္ပဏီကြီးတွေပိုင်တဲ့မြေယာတွေမှာဖြစ်ဖြစ် အလုပ်ဝင် လုပ်ရင်လုပ်။ ဒါမှမဟုတ် ပြည်ပထွက် ဈေးပေါတဲ့လုပ်သားအဖြစ် ကြုံရာကျပန်းအလုပ်လုပ်ဖို့ပဲ ရှိပါတော့တယ်၊ ပြည်ပရောက်သွားတဲ့သူ စုစုပေါင်းဟာ(၆ သန်းခန့်)ရှိတယ်လို့ ခန့်မှန်းကြတယ်၊
ဝန်ထမ်းက(၁ ဒသမ၂ သန်း)။ ဘုန်းကြီးရဟန်းက(၅ သိန်းကျော်)။ ကလေးသူငယ်နဲ့ကျောင်းသားတွေ။ အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေနှုတ်လိုက်ရင် ပြည်တွင်းကုန်ထုတ်စွမ်းအားစုဟာ အတော့်ကိုလျော့နည်းသွားပါပြီ။ ဒါပေမယ့် တည်ဆဲအစိုးရကတော့ အလုပ်လုပ်နိုင်တဲ့အသက်အရွယ်အချိုးအစားဦးရေက နှိုင်းယှဉ်ချက်အားဖြင့် မြင့်နေဆဲဖြစ်တယ်လို့ထုတ်ပြန်နေပါတယ်၊ လုပ်အားတွေ ဘယ်နေရာရောင်းစားရမလဲစဉ်းစားနေပုံပဲ၊

လက်ငင်းအခြေအနေ - စိုက်ပျိုးစရိတ်တွေကတက်။ ကုန်ကျစရိတ်တွေများပြားလာပုံဟာ ကြောက်ခမန်းလိလိပဲ၊ ပိုဆိုးတာက မိုးဖျက်တာ ခံရတယ်၊ လယ်တွေပျက်ကြတယ်၊ ရေကြီးတာက ၂ဝဝ၄ ခုနှစ်နောက်ပိုင်း အဆိုးဆုံးပဲ၊ ရေမြုပ်စပါး ဧက (၂၆၇, ဝဝဝ)ရှိပြီး ဧက ၆ သိန်းကျော် ထိခိုက်ခဲ့တယ်၊ ဒီကြားထဲ စပါးဈေးက ထိုးကျလာတယ်၊
ဥတုဖျက်လို့ အပူပိုင်းဒေသစပါးအထွက်ကလည်း (၇ဝ ရာခိုင်နှုန်း)အထွက်ကျကြောင်း နှမ်းနဲ့နေကြာလည်းမစိုက်ရဲလောက်အောင် ထိုးကျနေကြာင်း သတင်း။ ဆန်စပါး တန်ချိန်(၇ သိန်း)အထိ ဝယ်မယ်ပြောထားတဲ့ တရုတ်ကလည်း အရည်အသွေးမမီလို့ဆိုပြီးမဝယ်နိုင်ဘူး ဖြစ်နေတဲ့သတင်းတွေ ထွက်လာတယ်၊
ဒီတော့ ဆန်စပါးအထူးပြုကုမ္ပဏီတွေ လုပ်ငန်းရပ်ဆိုင်းလုနီးပါးအခက်ကြုံနေရတယ်၊ အထူးပြုကုမ္ပဏီတွေ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ရုံတင်မက လယ်သမားတွေမှာ ဖွတ်မရဓားမဆုံးဆိုသလို မိမိလယ်တွေ ကုမ္ပဏီက ဦးပိုင်စာရင်းပေါက်ပြီးသိမ်းတာ ခံလိုက်ရတယ်၊ ဒါ့ကြောင့် ထွန်တုံးတိုက်ပွဲတွေ တခြိမ်းခြိမ်းပေါ်ပေါက်လာတယ်၊ နောက် ကမ္ဘာ့ဆန်ဈေးကွက်ထဲ အိန္ဒိယဆန်(တန်ချိန် ၈ သန်း) တင်ပို့ လာနေမှုက တုံ့ဆိုင်းနေတဲ့ဗမာ့ဆန်ဈေးကွက် ထပ်မံအကျပ်အတည်းတွေ့မယ့်ကိန်း ဆိုက်နေတယ်၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဥက္ကဌကိုယ်တိုင်က ‘ဆန်စပါးစီးပွားရေးမျက်နှာစာမှာ ကျဆင်းနေသည်ကိုအားလုံးအသိဖြစ်တယ်’လို့ ထအော်လာရပါတော့တယ်၊
ပြည်တွင်းအခြေအနေ

0 comments:

Post a Comment