(၆)စစ်ပြီးကာလမှ လွတ်လပ်ရေးရသည်အထိ
(၁၉၄၆ -၁၉၄၈) အလုပ်သမားလှုပ်ရှားမှုများ။
စစ်ပြီးစမြန်မာနိုင်ငံမှ ပြည်သူလူထုသည် နိုင်ငံရေးအရနိုးကြားတက်ကြွဆုံးအချိန်နှင့် ညီညွတ်မှုအား အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် တိုင်းပြည်တွင် အုပ်ချုပ်ရေးမတည်ငြိမ်သောအချိန်လည်းဖြစ်သည်။ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ၏အခြေအနေသည် အလွန်ဆိုးဝါးသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက်အရင်းအနှီးမရှိ၊ ကူးသန်းရောင်းဝယ်မှုအလုပ်အကိုင်များတုံ့ဆိုင်းနေသည်။ လူသုံးကုန်ပစ္စည်းများရှားပါးပြီး ကုန်ဈေးနှုန်းများကမတန်တဆမြင့်တက်နေသည်။
ဤအခြေအနေအောက်တွင် ဗြိတိသျှအုပ်ချုပ်မှုဗျူရိုကရေစီယန္တယားအတွင်း နှစ်များစွာသစ္စာခံခဲ့သည့် အမှူထမ်းအရာထမ်းများလည်း နိုင်ငံရေးနိုးကြားမှုဖြစ်ပေါ်လာခဲ့ကြသည်။ အမျိုးသားရေးလှုပ်ရှားမှုကြီး တခုဖြစ်သည့် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်လာခဲ့ကြသည်။ (၁၉၄၆)ခုနှစ်စက်တင်ဘာ အထွေထွေသပိတ်ကြီးသည် စစ်ပြီးခေတ်သပိတ်များအနက် အကြီးအကျယ် ဆုံးနှင့် လေးနက်မှုအရှိဆုံးသပိတ်ကြီးတခုဖြစ်သည်။ အထွေထွေသပိတ်တွင် အင်္ဂလိပ်အစိုးရ၏အမှုထမ်း၊ အရာထမ်းများစွာပါဝင်သည့် အမှုထမ်းသပိတ်လည်းဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးသမိုင်းတွင် ပထမဆုံး ဆင်နွှဲသောအမှုထမ်းသပိတ်ဖြစ်သည်။
၁၉၄၆ ခုနှစ်အမှုထမ်းသပိတ်တွင်ပါဝင်သော ဌာနပေါင်းစုံအမည်နှင့်အင်အားပြစာရင်းဇယား
ထိုအထွေထွေသပိတ်နှင့်ဆန္ဒပြပွဲများသည် စစ်ပြီးခေတ်တွင် အလုပ်သမားအင်အားစုများ၏ ပွဲဦးထွက်နိုင်ငံရေးတိုက်ပွဲဖြစ်သည်။ အထွေထွေသပိတ်တိုက်ပွဲကြောင့် ဗြိတိသျှစစ်အုပ်ချုပ်ရေးစနစ် ပျက်သလောက်အထိဖြစ်ခဲ့ရသည်။ ဘုရင်ခံချုပ်ဆာဒေါ်မင်စမစ် (Sir. Dorman Smith) အစား ဆာဟူးဘတ်ရန့်စ်(Sir. Hubert Rance)နှင့် ချက်ခြင်းအစားထိုးလိုက်ရသည်။ ထိုနောက် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဘုရင့်အတိုင်ပင်ခံကောင်စီ၌ ဖဆပလကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယ သဘာပတိအဖြစ်လက်ခံလိုက်ရသည်။ အထွေထွေသပိတ်၏ အကျိုးရလဒ်လည်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့တွင် သပိတ်ကိုယ်စားလှယ်များနှင့် အစိုးရအာဏာပိုင်များ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲရလဒ်အဖြစ် အောက်တိုဘာ ၅ ရက်နေ့တွင် သပိတ်တောင်းဆိုချက် ၅ ချက်မှ ၃ ချက်ကို လိုက်လျောလိုက်ပြီး၊ နိုင်ငံရေးတောင်းဆိုချက် ၂ ချက်ကိုမူ ဖဆပလအဖွဲ့ချုပ်မှ လွှဲပြောင်းတာဝန်ယူ လိုက်သည်။
နောက်ဆက်တွဲ အကျိုးဆက်အဖြစ်၊ အောင်ဆန်း-အက်တလီစာချုပ်(Aung San- Attlee Treaty)၊ သခင်မြ-ကရွမ်းဝဲလ်စာချုပ်(Thakhin Mya-Cromwell Pact)၊ လက်ျာဖရီးမင်းစာချုပ်(Let yar-Freeman Pact)၊ နု -အက်တလီစာချုပ် (Nu-Attlee Treaty)စာချုပ်များ ဆွေးနွေးချုပ်ဆိုခြင်းဖြင့် စက္ကူဖြူစီမံကိန်းများ ပျက်ပြယ်ခဲ့သည်။ ထို့အပြင် အထွေထွေသပိတ်၏ သြဇာသက်ရောက်မှုသည် အခြေခံနိုင်ငံရေး အပြောင်းအလဲများ (တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူပေးရခြင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာပေး ရခြင်း)ကို ဖြစ်ပေါ်လာစေဖို့တွန်းအားတရပ်လည်းဖြစ်ခဲ့သည်။ အမှုထမ်းသပိတ်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ၁၉၄၆ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့တွင် ကွန်မြူနစ်ပါတီ (အေတီဘီယူစီ)၏ ခေါင်းဆောင်မှုဖြင့် သံလျင်ရေနံချက်စက်ရုံအလုပ်သမားများ၊ ဓနိတောဘီအိုစီကုမ္ပဏီအလုပ်သမားများ၊ စတီးဘရားသား ကုမ္ပဏီအလုပ်သမားများနှင့်ပီဒဗလျူဒီ(Public Work Department) မီးပြတိုက်အလုပ်သမားစုစုပေါင်း အင်အား (၅ဝဝဝ)တို့ကလည်း သပိတ်တိုက်ပွဲဆင်နွဲခဲ့ကြသေးသည်။ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဖက်ဆစ်ဂျပန်လက်အောက်ကျရောက်ခဲ့ရသော (၃)နှစ်တာကာလအတွင်း
အလုပ်သမားလှုပ်ရှားမှု၏ သမိုင်းမှတ်တမ်းမှတ်ရာများ မတွေ့ရသလောက်ဖြစ် သည်။
ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲအတွင်းမှ
ပြည်သူ လူထုသည် မကြုံစဘူးသောအမျိုးသားသွေးစည်း ညီညွတ်ရေးကိုရရှိခဲ့သည်။ ထိုညီညွတ်ရေး
စိတ်ဓါတ်ဖြင့်ပင် ကိုလိုနီဟောင်းဗြိတိသျှနယ်ချဲ့သမား၏လက်အောက်မှ လွတ်လပ်ရေးရရှိရန်ဆက်လက် တိုက်ပွဲဝင်ရပြန်သည်။
ဗြိတိသျှနယ်ချဲ့တို့သည်
စစ်ပြီးမြန်မာနိုင်ငံကို မည်သို့ဆက်လက်အုပ်ချုပ်မည်၊ စီးပွားရေးလုပ်ငန်းများကို မည်သို့သွေးစုပ်ချယ်လှယ်မည်ဆိုသည့်စီမံကိန်းများကို တင်ကြိုပြီးရေးဆွဲထားသည်။ ထိုစီမံချက်ကို ဆင်းမလားစီမံကိန်း
Simla Scheme)ဟု အမည်တွင်သည်။
စစ်ပြီးစမြန်မာနိုင်ငံမှ ပြည်သူလူထုသည် နိုင်ငံရေးအရနိုးကြားတက်ကြွဆုံးအချိန်နှင့် ညီညွတ်မှုအား အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် တိုင်းပြည်တွင် အုပ်ချုပ်ရေးမတည်ငြိမ်သောအချိန်လည်းဖြစ်သည်။ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ၏အခြေအနေသည် အလွန်ဆိုးဝါးသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက်အရင်းအနှီးမရှိ၊ ကူးသန်းရောင်းဝယ်မှုအလုပ်အကိုင်များတုံ့ဆိုင်းနေသည်။ လူသုံးကုန်ပစ္စည်းများရှားပါးပြီး ကုန်ဈေးနှုန်းများကမတန်တဆမြင့်တက်နေသည်။
ထိုအခြေအနေများအောက်တွင်
ဗြိတိသျှစစ်အစိုးရနှင့် ၎င်း၏စီးပွားရေးပရိုဂျက်အဖွဲ့များသည် အလုပ်သမားနှင့်အမှုထမ်းများအား
ယခင်လစာနှုန်းများအတိုင်းပေးရန်အပြင်၊ ရှားပါးစရိတ်များကိုလည်း ထပ်လောင်းပေးခဲ့သည်။
သို့သော် လုံလောက်မှုနှင့်မျှတမှုမရှိခဲ့ပေ။
ဤအခြေအနေအောက်တွင် ဗြိတိသျှအုပ်ချုပ်မှုဗျူရိုကရေစီယန္တယားအတွင်း နှစ်များစွာသစ္စာခံခဲ့သည့် အမှူထမ်းအရာထမ်းများလည်း နိုင်ငံရေးနိုးကြားမှုဖြစ်ပေါ်လာခဲ့ကြသည်။ အမျိုးသားရေးလှုပ်ရှားမှုကြီး တခုဖြစ်သည့် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်လာခဲ့ကြသည်။ (၁၉၄၆)ခုနှစ်စက်တင်ဘာ အထွေထွေသပိတ်ကြီးသည် စစ်ပြီးခေတ်သပိတ်များအနက် အကြီးအကျယ် ဆုံးနှင့် လေးနက်မှုအရှိဆုံးသပိတ်ကြီးတခုဖြစ်သည်။ အထွေထွေသပိတ်တွင် အင်္ဂလိပ်အစိုးရ၏အမှုထမ်း၊ အရာထမ်းများစွာပါဝင်သည့် အမှုထမ်းသပိတ်လည်းဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးသမိုင်းတွင် ပထမဆုံး ဆင်နွှဲသောအမှုထမ်းသပိတ်ဖြစ်သည်။
၁၉၄၆ ခုနှစ်အမှုထမ်းသပိတ်တွင်ပါဝင်သော ဌာနပေါင်းစုံအမည်နှင့်အင်အားပြစာရင်းဇယား
စဉ် ရက်စွဲ သပိတ်အမည် သပိတ်ခေါင်းဆောင်အမည် အင်အား သပိတ်စခန်းအမည်
သပိတ်ပြန့်နှံ့သည့်ဧရိယာ
၁ ၅.၉.၄၆ ပုလိပ်အမှုထမ်း ဦးဝမ်းမောင် ၃ဝဝဝ ရွှေတိဂုံဘုရား၊ မန်းတလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဟင်္သာတ
၂ ၁၇.၉.၄၆စာတိုက်အမှုထမ်း ဦးထွန်း ၆ဝဝ - တနိုင်ငံလုံးသို့ကူးစက်
၃ ၂၃.၉.၄၆မီးရထားအမှုထမ်း ဦးမောင်မောင်(မစ္စတာဘားနတ်)၅ဝဝဝ ` ကြီးမြင်တိုင်၊ကိုးထပ်ကြီးဘုရား-
၎ ရုံးအမှုထမ်းပေါင်းစုံ - ၇ဝဝဝ ရွှေဂုံတိုင်၊ လွင် ရုပ်ရှင်ရုံ
၅ ရန်ကုန်၊ ဆိပ်ကမ်း (အလုပ်သမား) - ၁၃ဝဝဝ ဗဟန်း၊
ရွှေကျင်ကျောင်းတိုက်
၆ ကြေးနန်းဆက်သွယ်ရေး ၆၅ဝ - -
၇ ဗဟိုစာပုံနှိပ်တိုက် ၆ဝဝ အလယ်တောရကျောင်းတိုက် -
၈ စည်ပင်သာယာအလုပ်သမား ၂ဝဝဝ ရွှေတိဂုံ၊
မြေစာရင်းဇရပ်
အမှုထမ်းသပိတ်များမှ
တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်ပြေးလစာ (၃)လနှင့်အညီ
လစာပြန်ထုတ်ပေးရန်။
၂။ လစာရင်းနှင့်ရှားပါးစရိတ်များကို
ပြင်ဆင်၊ တိုးမြင့်သတ်မှတ်ပေးရန်။
၃။ လုပ်ခဝင်ငွေနှင့်ကိုက်ညီမျှတအောင်
အချိုးကျကုန်ဈေးနှုန်းအမြန်ချပေးရန်။
၎။ စက္ကူဖြူစီမံကိန်းများအားလုံးရုပ်သိမ်း၊
ပယ်ဖျက်ပစ်ရန်။
၅။ မြန်မာ့လွတ်လပ်ရေးကို
အမြန်ဆုံးအသိအမှတ်ပြုရန်တို့ဖြစ်သည်။
(၁၉၄၆)ခုနှစ် စက်တင်ဘာ၂၁၊
၂၃ ရက်များတွင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်မှုကိုခံယူသော အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ်(Trade Union of
Congress-Burma) တီဘီယူစီဘီမှ အလုပ်သမား(၁၅ဝဝဝ)နှင့် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကိုခံယူသော
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ(All Burma Trade Union Congress) အေဘီတီယူစီမှ
အလုပ်သမားပေါင်း (၁ဝဝဝဝ)ကျော်တို့က ကန်တော်မင်ပန်းခြံနှင့် မဟာဗန္ဓုလပန်းခြံတို့တွင်စုဝေးဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ ဗြိတိသျှစစ်အစိုးရ၏ ဆင်းမလား (စက္ကူဖြူ)စီမံကိန်းအားကန့်ကွက်ခြင်း၊
အမှုထမ်းသပိတ်ကိုအလေးနက်ပြုထောက်ခံခြင်းတို့ဖြစ်သည်။
ထိုအထွေထွေသပိတ်နှင့်ဆန္ဒပြပွဲများသည် စစ်ပြီးခေတ်တွင် အလုပ်သမားအင်အားစုများ၏ ပွဲဦးထွက်နိုင်ငံရေးတိုက်ပွဲဖြစ်သည်။ အထွေထွေသပိတ်တိုက်ပွဲကြောင့် ဗြိတိသျှစစ်အုပ်ချုပ်ရေးစနစ် ပျက်သလောက်အထိဖြစ်ခဲ့ရသည်။ ဘုရင်ခံချုပ်ဆာဒေါ်မင်စမစ် (Sir. Dorman Smith) အစား ဆာဟူးဘတ်ရန့်စ်(Sir. Hubert Rance)နှင့် ချက်ခြင်းအစားထိုးလိုက်ရသည်။ ထိုနောက် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဘုရင့်အတိုင်ပင်ခံကောင်စီ၌ ဖဆပလကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယ သဘာပတိအဖြစ်လက်ခံလိုက်ရသည်။ အထွေထွေသပိတ်၏ အကျိုးရလဒ်လည်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့တွင် သပိတ်ကိုယ်စားလှယ်များနှင့် အစိုးရအာဏာပိုင်များ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲရလဒ်အဖြစ် အောက်တိုဘာ ၅ ရက်နေ့တွင် သပိတ်တောင်းဆိုချက် ၅ ချက်မှ ၃ ချက်ကို လိုက်လျောလိုက်ပြီး၊ နိုင်ငံရေးတောင်းဆိုချက် ၂ ချက်ကိုမူ ဖဆပလအဖွဲ့ချုပ်မှ လွှဲပြောင်းတာဝန်ယူ လိုက်သည်။
နောက်ဆက်တွဲ အကျိုးဆက်အဖြစ်၊ အောင်ဆန်း-အက်တလီစာချုပ်(Aung San- Attlee Treaty)၊ သခင်မြ-ကရွမ်းဝဲလ်စာချုပ်(Thakhin Mya-Cromwell Pact)၊ လက်ျာဖရီးမင်းစာချုပ်(Let yar-Freeman Pact)၊ နု -အက်တလီစာချုပ် (Nu-Attlee Treaty)စာချုပ်များ ဆွေးနွေးချုပ်ဆိုခြင်းဖြင့် စက္ကူဖြူစီမံကိန်းများ ပျက်ပြယ်ခဲ့သည်။ ထို့အပြင် အထွေထွေသပိတ်၏ သြဇာသက်ရောက်မှုသည် အခြေခံနိုင်ငံရေး အပြောင်းအလဲများ (တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူပေးရခြင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာပေး ရခြင်း)ကို ဖြစ်ပေါ်လာစေဖို့တွန်းအားတရပ်လည်းဖြစ်ခဲ့သည်။ အမှုထမ်းသပိတ်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ၁၉၄၆ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့တွင် ကွန်မြူနစ်ပါတီ (အေတီဘီယူစီ)၏ ခေါင်းဆောင်မှုဖြင့် သံလျင်ရေနံချက်စက်ရုံအလုပ်သမားများ၊ ဓနိတောဘီအိုစီကုမ္ပဏီအလုပ်သမားများ၊ စတီးဘရားသား ကုမ္ပဏီအလုပ်သမားများနှင့်ပီဒဗလျူဒီ(Public Work Department) မီးပြတိုက်အလုပ်သမားစုစုပေါင်း အင်အား (၅ဝဝဝ)တို့ကလည်း သပိတ်တိုက်ပွဲဆင်နွဲခဲ့ကြသေးသည်။ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
၁။ လုပ်ခတိုးမြှင့်ပေးရန်။
၂။ အစိုးရအမှုထမ်းများနည်းတူ
အပိုရှားပါးစရိတ်ဖြည့်စွက်သတ်မှတ်ပေးရန်။
၃။ စစ်မဖြစ်မှီက ကုမ္ပဏီအလုပ်သမားဟောင်းများအား
စစ်ပြေးလစာ ၃ လအတွက်ပေးရေး။
၎။ အလုပ်ချိန် လျော့ပေါ့
ပြင်ဆင်သတ်မှတ်ပေးရေး။
၅။ အလုပ်သမားသမဂ္ဂများအား
အစိုးရနှင့်အလုပ်ရှင်များက တရားဝင်အသိအမှတ်ပြုရေးတို့ဖြစ်သည်။ အောက်တိုဘာ၊ နိုဝင်လများတွင်လည်း
ဘီတီယူစီ (ဆိုရှယ်လစ်ပါတီ)ကဦးဆောင်ပြီး သင်္ဘောကြီးကုန်တင်ကုန်ချအလုပ်သမားများ၊ စဥ့်ငူစွပ်ကျယ်စက် အလုပ်သမားများ၊
ဗားကရာဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်သမားများ၊ ရန်ကုန်မြူနီစပါယ်အလုပ်သမား များ၊ မလွှကုန်းသစ်စက်အလုပ်သမားများနှင့်
အစိုးရသိုလှောင်ရေး၊ ဆေးပစ္စည်းသိုလှောင်ရေးဌာနမှ အလုပ်သမားစုစုပေါင်း(၆ဝဝဝ)တို့ကလည်း
သပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသေးသည်။
စတီဗီဒို(ကုန်တင်ကုန်ချ)သင်္ဘောကြီးအလုပ်သမား
(၂ဝဝဝ)ကျော်တို့ကလည်း ၄၆ ခုနှစ်၊ သြဂုတ်၊ ဒီဇင်ဘာလများတွင် သပိတ်များ ဆင်နွှဲခဲ့သည်။
ပထမတိုက်ပွဲမှ အလုပ်ချိန်လျော့ချရေးတိုက်ပွဲနှင့် လုပ်အားခတိုးမြှင့်ရေးတိုက်ပွဲအနိုင်ရလိုက်သည်။
ဒုတိယတိုက်ပွဲမှ မတရားအလုပ်ထုတ်ခံရသည့်သူများ အလုပ်ပြန်လည်ရရှိခဲ့သည်။ အလုပ်သမားများ၏နစ်နာချက်များကို
နည်းပါးသွားစေရန်၊ တရားသော အခွင့်အရေးများနှင့်တောင်းဆိုချက်များရရှိရန် အလုပ်ရှင်အလုပ်သမားနှစ်ဘက်ဆွေးနွေးဖြေရှင်းကြဖို့
စုံစမ်းရေးကော်မရှင်ဖွဲ့ခဲ့သည်။ နိုင်ငံရေး အခြေအနေကြောင့် ထိရောက်စွာမဖြေရှင်းနိုင်ခဲ့ပါ။
အလုပ်သမားလှုပ်ရှားမှုများကတော့ ဆက်လက်ဖြစ်ပေါ်တိုးပွားလျက်ရှိသည်။
0 comments:
Post a Comment