Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၆(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၆(မျိုးမြင့်ချို)
(ငြိမ်းပွင့်ချင်းအတူတူ)
၈၈-ငြိမ်း/ပွင့်ခေါင်းဆောင်ချင်းလည်းအတူတူ၊ ကိုပါကြီးကိစ္စပြောကြတာချင်းလည်းအတူတူ ကိုကိုကြီးပြောတာကိုတရေးတယူလုပ်ပြီး မင်းကိုနိုင်ပြောတာကြတော့ တခုတ်တရမလုပ်ကြပါလားဆိုလို့။
မင်းကိုနိုင်က နိုင်ငံရေးသဘောနဲ့နိုင်ငံရေးအနှစ်အသားပါပါပြောတာထက် စီအက်စ်အိုခေါင်းဆောင်တယောက်ပြောရတဲ့အကန့်အသတ်ကို လွန်ထွက်မသွားအောင် ထိန်းပြောသွားတယ်မြင်လို့မပြောတာပါ။ ဒီစကားတွေ သူပြောလို့ လူတွေနားထောင်တာပဲ၊ လူတွေကြားချင်တာပဲ။ လက်ခုပ်တီးတာပဲ။ ကျနော်သွားပြောကြည့် ဘယ်သူမှ
လှည့်တောင်မကြည့်ဘူး။ မင်းကိုနိုင်မို့လို့။
ကိုကိုကြီးပြောတာကြတော့ နိုင်ငံရေးသမားအဖြစ်နဲ့ နိုင်ငံရေးအရပြောတာပဲ။ နိုင်ငံရေးစကားပဲ။ နိုင်ငံရေးအပြည့်ပါတာပဲ။ ကြိုက်ကြိုက်/မကြိုက်ကြိုက်၊ လက်ခံခံ/မခံခံ၊ သူ့အယူအဆသူ့အတွေးအခေါ် သူ့ရပ်ခံချက်သူပြောတာပဲ။ သူ့စကားသူ တာဝန်ယူနိုင်လို့ လူသိရှင်ကြားပြောတာပဲ။ မကြိုက် ဆန့်ကျင်ရုံပဲ။ ကြိုက် ထောက်ခံပါဝင်ပံ့ပိုးရုံပဲ။ နိုင်ငံရေးပဲ၊ ပုဂ္ဂိုလ်ဆိုင်ရာရဲ့အတွေးအမြင်အယူအဆနဲ့ ရပ်ခံချက်ကိစ္စပဲ၊ ဘာဆန်းသလဲ။ ပြောစရာရှိလည်း ပြောကြရုံပဲ။ အချင်းချင်းဒီလောက်မှ မပြောကြလို့မှမဖြစ်တာပဲ။ ပြောတာနဲ့တုန့်ပြန်တာမှာ နိုင်ငံရေးကျကြဖို့ပဲလိုပါတယ်။
ကျနော့်အမြင်ကတော့ ခု ဒီပွဲမှာ ၈၈-ငြိမ်း/ပွင့်တွေထွက်လာတာကို ကြိုဆိုတယ်။ အသံလည်း ပီပီမြည်မြည်ပြန်ဖြစ်လာတယ်လို့ ယုံကြည်တယ်။ ကိုကိုကြီးပြောတာတွေ ခြုံပြောရရင်သဘောတူတယ်။ သူ့ အယူအဆဖြစ်တဲ့ တပ်နဲ့အစိုးရခွဲတာကို ဘဝင်မကျဘူး။ စစ်တပ်ကသတ်သတ် အစိုးရကသတ်သတ်ဖြစ်နေဆိုတဲ့အမြင်ကို မနှစ်ခြိုက်ဘူး။ တပ်ခေါင်းဆောင်တွေနဲ့ တပ်ဟာရွေးကောက်ခံတွေမဟုတ်လို့ တပ်ကိစ္စတပ်ကပဲပြင်ရမယ်ဆိုတဲ့အကောက်အယူက သိတ်ဟန်မကျဘူး။ စစ်မိန့်နာခံမှု စစ်စည်းကမ်း စစ်ဥပဒေ စစ်တိုက်ပုံတိုက်နည်း စတာတွေအပြင် စစ်တပ်နဲ့ဆိုင်တဲ့အလုပ် စစ်တပ်ကလုပ်တာနဲ့ တပ်ပြုပြင်ပြောင်းလဲရေး (Army Reform)လုပ်တာနဲ့ကမတူဘူး။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ တပ်က သူ့ဘာသာသူလုပ်ရမယ့်ကိစ္စမဟုတ်ဘူး။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာနိုင်ငံရေးထဲဝင်မပါနဲ့၊ လူထုအစိုးရအမိန့်ကိုနာခံ၊ စစ်တပ်ပီပီသသ စစ်သားပီပီသသနေဒါပဲ။ အဲ့ဒီ တပ်ပြုပြင်ပြောင်းလဲရေးကို တပ်ချည်းပဲလုပ်မရဘူး၊ လုပ်လို့လည်း မရဘူး။ အစိုးရ၊ တပ်၊ လူထု သုံးဦးသုံးဖလှယ် ပါမှရမယ်။ ပါလည်း ပါရမယ်။ မပါလို့ ဘယ်တော့မှမရ။ အဲ့သလိုမဟုတ်ရင် ဘယ်တပ်ကိုမှ ပြုပြင်ပြောင်းလဲ Army Reform လုပ်လို့မဘူး။ ဒါက ကမ္ဘာအနှံ့ ဒီမိုကရေစီနိုင်ငံတွေမှာဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ တပ်ပြုပြင်ပြောင်းလဲရေးအခြေခံပါ။
ဗမာ့နိုင်ငံရေးလက်တွေ့ကနေပြောရရင်တော့ တပ်ပြုပြင်ပြောင်းလဲရေးဟာ အစိုးရ လွှတ်တော်စတာတွေရဲ့ပြုပြင်ပြောင်းလဲရေးပဲ။ တပ်ကရွေးကောက်ခံမဟုတ်သလို အစိုးရ လွှတ်တော်စတာတွေကလည်း စစ်စစ်မှန်မှန်ရွေးကောက်ဖွဲ့စည်းခံတွေမဟုတ်ဘူး။
အဲ့ဒါတွေနဲ့တပ်ကို ခွဲပြောလို့မရဘူး။ ခွဲခြားလို့လည်းမရဘူး။ တပ်ပြုပြင်ပြောင်းလဲရေးလို့ပြောရင် ဗမာ့နိုင်ငံရေးမှာ လက်ရှိအာဏာကိုင်ထားသူတွေရဲ့ တစုံလုံးဆိုင်ရာပြုပြင်ပြောင်းလဲရေးလို့ပဲ မြင်ပါတယ်။
ချုပ်ရရင် ဒီပွဲမှာ ၈၈-ငြိမ်း/ပွင့်တွေထွက်လာတာ ကြိုဆိုတယ်။ ကိုကိုကြီးရဲ့တပ်ပြုပြင်ပြောင်းလဲရေးကိစ္စအမြင်ကလွဲလို့
ကျန်တာတွေသဘောကြတယ်။
သဘောလည်းတူတယ်။
ဒီလောက်ပါပဲ။

(ခုတုန်းလုပ်တဲ့မီဒီယာ)
"မီဒီယာခုတုံးလုပ်နိုင်ငံရေးသမားများအလိုမရှိ" ခေါင်းစဉ်နဲ့
ဆန္ဒပြကြမယ်လို့ကြားနေတယ်။
ဘယ်လောက်ဟုတ်မဟုတ်
နောက်လိုက်ဘယ်လောက်ရှိမရှိ
ဘယ်သူ့စနက်ဘယ်သူ့လက်ဆိုတာမသိပေမယ့်အဲ့ဒီစလိုဂန်နဲ့ အဲ့ဒီအကောက်အယူကို မကြိုက်ဘူးအထူးသဖြင့် ခုတုံးလုပ်ဆိုတဲ့ဝေါဟာရကိုပဲ။
မီဒီယာကိုအသုံးပြုတာ
မီဒီယာကလည်းအပြန်အလှန်အသုံးပြုတာ
ခုမှမဟုတ်ဘူး
နိုင်ငံရေးသမားမှမဟုတ်ဘူး
လူထုလူတန်းစားအလွှာအသီးသီးပဲ
ဒီနေရာမှာ
အသုံးပြုတာနဲ့အသုံးချတာ
ဘယ်လောက်ကွာမှန်း
ဘယ်လောက်တာသွားမှန်းသိကြတာပဲ
အသုံးချဆိုတဲ့စကားက
လက်တွေ့အရဟုတ်နေဦးတောင်
မကောင်းတဲ့အနက်ထွက်တာပဲ
ခုတုံးလုပ်ဆိုရင်တော့
ပြောစရာတောင်မလိုတော့ဘူး
မီဒီယာကိုင်ပြီး
မီဒီယာကိုအသုံးချပြီး
မီဒီယာကိုခုတုံးလုပ်ပြီး
မီဒီယာသမားကိုပင်းပြီး
ကိုယ်တိုင်မီဒီယာလုပ်ပြီး
ဝါဖြန့်မှိုင်းတိုက်ဖိနှိပ်နေသူကိုတော့
မျက်မွှေးထော်မော်မကြည့်ဝံ့ပဲ
နိုင်ငံရေးသမားကို
လာမျက်စောင်းထိုးတာ
သွေးရိုးသားရိုးမဟုတ်ဘူး

(နိုင်ငံရေးနဲ့ဥပဒေ)
ကိုပါကြီးကိစ္စတောင်းဆိုကြတာမှာ စစ်တပ်ကကျူးလွန်တဲ့အမှုကို စီရင်ပိုင်ခွင့်အာဏာဟာ ကာချုပ်လက်ထဲမှာ(တနည်းပြောရရင် စစ်တပ်လက်ထဲမှာ)ဆိုတာ သတိရှိကြမှာပါ။ ဘယ်လိုအမှုမျိုး(ရာဇဝတ်မှုအကြီးအသေး)ကို အရပ်ဘက်တရားရုံး (နယ်ဘက်တရားစီရင်ခွင့်)အောက်ထည့်ထားသလဲ လွှဲပေးသလဲဆိုတာလည်း သေချာသိမှဖြစ်မယ်။ ဒါကလည်း နိုင်ငံရေးသမားတွေကတရားမျှတမှုတို့ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူပေးဖို့တို့ ဥပဒေကြောင်းအရတို့ တရားဥပဒေစိုမိုးရေးတို့စတဲ့စကားတွေပြောနေလို့သာ ဝင်ပြောရတာပါ။
တကယ်က ဒါဟာ နိုင်ငံရေးပါ။ နိုင်ငံရေးအရ နိုင်ငံရေးစကားပဲ ပြောရမယ်မြင်ပါတယ်။ ဒါ လူသတ်အလောင်းဖျောက်တဲ့ သာမန်ရာဇဝတ်မှုအကြီးစားတခုအဖြစ်လောက်ပဲကွက်မြင်တယ်ဆို စစ်အုပ်စုနှစ်ခြိုက်မှာပါ။ သူတို့အကြိုက် ကြိုက်လုံးပစ်သလိုနေမှာပါ။ ဗိုလ်သိန်းစိန်အစိုးရကလည်း အဲ့ဒီဂွင်ထဲပဲဝင်သွားစေချင်မှာပါ။ ရာဇဝတ်မှုလောက်လို့မြင်တာကို သူတို့သိတ်ကြိုက်မှာသေချာပါတယ်။ ဥပဒေသမား (ရှေ့နေရှေ့ရပ်)စတာတွေက ဥပဒေစကားပြောပြီး ဥပဒေတွင်းကသွားတာ သူတို့အလုပ်ပါ သူတို့ကိစ္စပါ။
နိုင်ငံရေးသမားက လူထုဘက်ကရပ်ပြီး နိုင်ငံရေးအရ မူရှိရှိ ရပ်ခံချက်ရှိရှိ ရှင်းရှင်းလင်းလင်းပြောမှရပါမယ်။ အဲ့သလိုမဟုတ်ပဲ ရာဇဝတ်မှုနဲ့နိုင်ငံရေးပြသနာကို ပြည်သူတွေကြား ဘူးလုံးနားမထွင်းဖြစ်အောင်လုပ်ကြတယ်ဆို ဘာနဲ့တူသလဲဆိုတော့ (ကျနော်တို့အမှုတွဲထဲကတယောက် ထောင်ချခါနီး စစ်ခုံရုံးက စစ်ဗိုလ်ကမေးတယ် အပြစ်ရှိလား မရှိဘူးလားဆိုပြီး။ ဒီတော့ အမှုတွဲကဖြေတယ် ဥပဒေအရအပြစ်ရှိပါတယ်။ နိုင်ငံရေးအရတော့ အပြစ်မရှိပါ)ဆိုပြီး။
ခုလည်း ဒီကိစ္စကို လူသတ်အလောင်းဖျောက်တဲ့ရာဇဝတ်မှုအထိပဲမြင်ပြတာဆိုဥပဒေအရအပြစ်ရှိပါတယ် နိုင်ငံရေးအရတော့ မရှိဆိုတာမှာ အဆုံးသတ်သွားမှာပါ။ နောင်တော့ ဖြည်ဖြည်ဖြန့်ဖြန့်လေးရေးပါဦးမယ်။

(ပါကြီးအောင်သင်း)
ကိုပါကြီးကိစ္စကြ တရစပ်ပြောပြီး
ဆရာအောင်သင်းသေတာကြ
ပါးစပ်မဟပါလားဆိုလို့။
ဦးအောင်သင်းကဘဝကိုဝအောင်နေပြီးသဘာဝအရသေသွားတာ
ပါကြီးက
ဘဝ မဝရေစာနဲ့
အသတ်ခံရတာ
သေတာနဲ့အသတ်ခံရတာ
အဲ့ဒါခြားနားတယ်
ယောက်လုံး
လောကချမ်းသာရှိစေချင်တာမှာ တူမယ်
တန်ဖိုးရှိတာမှာ တူမယ်
ကျနော့်ကရုဏာက

အသတ်ခံရသူအပေါ် ပိုတယ်

0 comments:

Post a Comment