Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၄(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၄(မျိုးမြင့်ချို)
အမြင့်စံထိကရုန်း
ရီတော့ မရီနဲ့ဗျာ ဒါပေမယ့်ပြောမယ့်အထဲမှာ ရီစရာတော့ပါတယ်။ ဒီမှာ ဆောင်းတွင်းဆို နှင်းဒဏ်မခံနိုင်တဲ့အပင်ငယ်မှန်သမျှ အိမ်ထဲသွင်းထားရတယ်။ ဗမာပင်တွေထဲကဆို စံပယ်တို့ သနပ်ခါးပန်းတို့ ဇီဇဝါတို့ ရှောက်ပင်တို့ ကင်ပွန်းချဉ်တို့ဘာတို့ပေါ့ဗျာ၊ နောက်နှစ် နွေဦးပေါက်လည်လောက်မှ အပြင်ပြန်ထုတ်ရပါတယ်။ အိုးထည့်စိုက်တဲ့အပင်တွေဆိုတော့ ကြမ်းပေါ် အိုးလိုက် ဒီအတိုင်းကြီး ချထားပြန်တော့လည်း ရေလောင်းတာအစိုပြန်တာနဲ့ အခင်းကော်ဇောပျက်တတ်တာမို့ ရေမပေါက်နိုင်တဲ့ အခင်းတခုခုအောက်ကခံပြီးမှ ချရင်လည်းချ။ ခုံတန်းလို စားပွဲပုလိုဟာပေါ် တင်ချင်လည်းတင်ပေါ့ဗျာ။
အဲ့ဒါ ခု ဆောင်းဦးမပေါက်တပေါက်ထဲက ကျနော်တို့အပင်လေးတွေ အထဲသွင်းရင် တင်ဖို့ ခုံတန်းရှည်လိုဟာမျိုး အဟောင်းဆိုင်တွေမှာလိုက်ရှာဝယ်တာ စိတ်ကြိုက်မတွေ့ဘူး။ တွေ့တဲ့ဟာကြတော့လည်း ဈေးကကြီးနဲ့ မဝယ်ဖြစ်ဘူး။ ဇနီးဘက်က အဖိုးတစ်ယောက် လက်ဆောင်ပေးထားတဲ့ သမင်သားရေအုပ် ရှေးဟောင်းစားပွဲပေါ် တင်ထားရတာဆိုတော့ စားပွဲလေးပျက်စီးသွားရင်ခက်ရချည်ရဲ့အတွေးကလည်း ယောက်လုံးမှာရှိနေတယ်။ ဒါနဲ့ မထူးဘူးကွာ ကိုယ့်ဖါ့သာလုပ်ကြတာပေါ့တိုင်ပင်ပြီး အိမ်သုံးပစ္စည်းအဟောင်းဆိုင် တဆိုင်ကိုသွား သစ်သားတံခါးရွက်လိုဟာ တစ်ခုကို ဒေါ်လာနဲ့ဝယ်၊ လက်သမားသုံးပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကိုသွား သစ်သားပွတ်လုံး ခုံခြေထောက်လေးတွေ တစ်ချောင်းကို ဒေါ်လာနဲ့ ခြောက်ချောင်းဝယ်။ တံခါးရွက်လိုဟာကို ပတ္တာတွေ မျောက်လက်တွေ ဖြုတ်ဖြက်၊ ရှိပြီးသားတဲ့သစ် အရောင်တင်ဆီတွေဘာတွေ ပွတ်ပက်၊ သစ်ကပ်ကော်နဲ့ သေချာကပ်ကက်ပြီးလုပ်လိုက်တာ မြင်တဲ့အတိုင်းပဲ စားပွဲရှည်လေးဖြစ်သွားတာပဲ။ ၁၇ ဒေါ်လာနဲ့ပွဲပြတ်သွားတာပဲ။ မဆိုးဘူး တောင့်လည်း တောင့်တယ်။ အနည်းဆုံး နှစ်လောက်တော့နေပေရော့ပဲ။
ဒါနဲ့ပန်းအိုးလေးတွေ အဲ့ဒီအပေါ်တင်ရင်း မြေအိုးထဲ တကူးတက ထည့်စိုက်တားထဲ့ ထိကရုန်းပင်မြင်တော့ ပြုံးမိတယ်။ ထိကရုန်းပင်ဆိုတာ ဗမာပြည်သားတိုင်းလိုလို သိကြတာပဲ။ ဘောလုံးလို လုံးလုံးမွှားမွှားအဝါလေးတွေ အဖြူလေးတွေပွင့်တတ်တဲ့၊ ဆူးလေးတွေရှိတဲ့၊ သူ့သွားထိလိုက်ရင် အရွက်လေးတွေအကုန် ငိုက်ကြသွား ပိတ်ကြသွား အိပ်သွားတဲ့၊ လမ်းဘေးပေါက် မြေကပ်ပင်ငယ်လေးတွေပါ။ ဗမာပြည်မတော့ နေရာတကာတွေ့ရပြီး ကျနော်တို့ငယ်ငယ်ကဆို ကျောင်းသွားရင်းလမ်းတလျှောက် ရှူးရှူးနဲ့ကော့ကော့ပန်းပြီး လွယ်အိပ်နဲ့လှည့်လှည့်ရမ်းပြီး အအိပ်ခိုင်းခဲ့ဖူးတာပဲ။ ပန်းရာအသွင်းမခံရတဲ့အပင်။ အုတ်ကြားမြက်လိုအပင်။
မနှစ်က နွေတနေ့မှာ ဇနီး၊ သူ့အမေနဲ့ ကျနော် ယောက်သား ပန်းပျိုးပင်တွေရောင်းတဲ့ဆိုင်ကြီးတဆိုင်ကိုသွားကြတယ်။ တနေရာရောက်တော့ ဘွားတော့်အင်္ကျီက အပင်တခုခုနဲ့ငြိသွားလို့ ကျနော်က ကူဖြုတ်ပေးတယ်။ ငြိတာက မြေအိုးလေးတွေအစီအရီနဲ့ လူ့ခါးစောင်းလောက်မြင့်တဲ့စင်တွေပေါ်မှာတင်ထားတဲ့ ထိရုန်းပင်လေးတွေနဲ့။ သူ့ ဆူးငြိနေတာဖြုတ်နေရင်း ဘွားတော်က အံ့သြတဲ့အသံနဲ့ ကြည့်စမ်းကြည့်စမ်း ဒီအပင်လေးက အရွက်ခက်ကလေးတွေ ကျိုးကျကုန်ပြီ၊ ဟာကျိုးကျတာမဟုတ်ဘူး၊ ခေါက်သွားတာ၊ ဘာဖြစ်သလဲ မသိဘူးဆိုပြီးပြောတာ။ ဒါနဲ့ ကျနော်က ဘာမှမဖြစ်ဘူး ခနအိပ်သွားတာ ပြီးရင်ပြန်နိုးလာလိမ့်မယ်ဘာညာနဲ့ ပါးစပ်ကလည်းပြော လက်ကလည်း ဘေးက မအိပ်သေးတာလေးတွေ လိုက်လက်ထိပြတာပေါ့။ သူလည်း ကျနော့်လိုလိုက်ထိကြည့်ပြီး သဘောတွေကျနေတာမှ တပြုံးပြုံးနဲ့။ သူ့ကြည့်ရတာ ဒီအပင်မျိုးတခါမှမမြင်ဖူးတဲ့သဘောရှိတယ်။ အဲ့နားက ထွက်သွားခါနီးလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ လုပ်နေသေးတယ်။ ပြီးတော့ ဝယ်စရာရှိတာဝယ်။ ဆိုင်အလုပ်သမားကို သူ့ကားပေါ်ပန်းအိုးတွေတင်ခိုင်း ကျနော်တို့နောက်ကမောင်းပြီး အိမ်အထိလိုက်လာတယ်။
အိမ်ရောက်တော့မှ ကျနော်တို့ကို နင်တို့လည်း ဒါလေးတအိုးယူ ငါ့အတွက်လည်းတအိုး..တဲ့ဆိုပြီး ထိကရုန်းပင်တအိုးပေးတယ်။ ဒါနဲ့ ယူရင်း ကပ်ထားတဲ့ဈေးကိုကြည့်တော့ ၁၉ ဒေါ်လာနဲ့ ၉၉ ဆင့်တဲ့။ ၂ဝ ပဲထားပါတော့။ ဝယ်ခွန်က တဒေါ်လာမှာ ဆင့်ဆိုတော့ ဒေါ်လာ ၂ဝ အတွက် တစ်ဒေါ်လာနဲ့ ဆင့်လေးဆယ်။ စုစုပေါင်း ၂၁ ဒေါ်လာ ဆင့်လေးဆယ်။ စိတ်ထဲက ဘွားတော်ကို နားရင်းကြီးသာ အုပ်ထည့်လိုက်ချင်တော့တာပဲ။ ထိကရုန်းတပင်ကို ၂၁ ဒေါ်လာပေးပြီး ဝယ်ရပါ့မလားဆိုပြီး။ ဒါပေမယ့် ပါးစပ်ကတော့ ကျေးဇူးတင်ပါတယ် ဘာညာပေါ့ဗျာ။
အဲ့ဒီနည်းနဲ့ အဲ့ဒီထိရုန်းပင်က ဆောင်းဆို ဧည့်ခန်းမှာအမြိုင့်သား စံပယ်တော်မူပြီး နွေဆို
အပြင်ထွက်တော်မူတယ်။ ဗမာပြည်သားတွေ အိမ်လာလည်ရင်းမေးရင် ပြောပြရင်း ရီစရာတခုလိုဖြစ်နေတာပေါ့။ ဇနီးရှေ့တော့ မပြောပါဘူး။ တော်ကြာနေ သူပါ စိတ်မကောင်းဖြစ်မစိုးလို့။ သူ့အမေကြီးက မှတ်မှတ်ရရပေးထားတဲ့လက်ဆောင် မဟုတ်လား။ ဘွားတော်ကလည်း အိမ်လာတိုင်း အပင်လေးကို လက်နဲ့ထိလိုက် အရွက်လေးတွေ အိပ်သွားတာမြင်ရင် သဘောကျလိုက်နဲ့ပေါ့။ မဆိုးပါဘူး စိတ်လက်တော့ကြည်နူးစရာပဲ။
ဒါပေမယ့် ကျနော်ကတော့ တခါတခါ သွင်းရထုတ်ရအလုပ်ရှုပ်တဲ့အခါ
ငယ်ငယ်ကလို ရှူးရှူးနဲ့သာ ကော့ကက်ပြီး ပန်းလိုက်ချင်တော့တာပဲ။
အဲ့ဒီအမြင့်စံမင်းသားက ပုံထဲမှာ ဘယ်ဘက်ကနေစရေရင် အိုးမြောက် ကြယ်ပုံလေးနဲ့အိုးထဲမှာ။


0 comments:

Post a Comment