Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၅(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၅(မျိုးမြင့်ချို)
(အမျိုးသားရေးစစ်)
မျိး/ ပြဌာန်းရေးအပါအဝင် ဘာသာလူမျိုးကြီးအုပ်စိုးဗိုလ်ကျတဲ့ကိစ္စက အမျိုးသားရေး မဟုတ်ဘူး။ အမျိုးသားရေးဟာ ခေတ်တိုင်းမှာရှိတယ်။ တပြည်လုံးကျွန်သဘောက်ဖြစ်ပြီးပြီးခြင်း အမျိုးသားရေးဟာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငန်းနဲ့ မင်းလောင်းမျှော်အတွေးအခေါ်ပဲ။
ပဒေသရာဇ်စနစ် ပြန်တည်ယူဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမှာ အသစ်ဖြစ်ထွန်းလာတဲ့ တိုင်းရင်းသားဓနရှင်တွေနဲ့ အင်္ဂလိပ်ကျောင်းထွက် ခေတ်ပညာတတ်တွေရဲ့ ဝံသာနုခေတ် အမျိုး ဘာသာ ပညာကြွေးကြော်သံနဲ့လှုပ်ရှားမှုဟာ အမျိုးသားရေးပဲ။ နောက် စက်မှုလည်းအတန်ငယ်ထွန်းကားလာ နယ်ချဲ့အကြီးစားတွေရဲ့ ချယ်လှယ်အုပ်စီးမှုလည်းများလာရော အမျိုးဘာသာပညာနဲ့ ဝံသာနုနေရာက ပြည်တွင်းဖြစ်ကိုအားပေးပါဖြစ်လာ၊ အဲ့ဒီကနေမှ တဖြည်းဖြည်းသခင်မျိုးဟေ့ဒို့ဗမာ ဗမာစာသည်ဒို့စာ မီးဒုတ်မီးဒုတ်ရှို့ရှို့လည်း အမျိုးသားရေးပဲ။ နောက်တော့ လုံးဝလွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးစတာလည်း အမျိုးသားရေးပဲ။ လွတ်လပ်ရေးရပြီးတော့ တရုပ်ဖြူကျူးကျော်မှုအပါအဝင် ပြည်တွင်းစစ်ဆန့်ကျင်ရေး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားစက်မှုနိုင်ငံ တည်ဆောက်ရေး စတာတွေလည်းအမျိုးသားရေးပဲ။ ဆိုတော့ ခေတ်တိုင်းမှာ အမျိုးသားရေးရှိတယ်၊ မင်းလောင်းမျှော်ခေတ် ဝိုင်အမ်ဘီအေခေတ် ဂျီစီဘီအေခေတ် ဒို့ဗမာအစည်းအရုံးခေတ် ဖဆပလခေတ် စတဲ့ခေတ်တွေမှာ။
စစ်အုပ်စုဗိုလ်စကြတဲ့ ၁၉၆၂ ကနေ ဒီနေ့ခေတ်အထိအမျိုးသားရေးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လူမျိုးစုအားလုံးတန်းတူရည်တူ သွေးစည်းညီညွတ်ရေးပဲ။
ကျနော်တို့ အဲ့ဒီကနေသွေဖည်လို့မဖြစ်ဘူး။
စစ်အာဏာရှင်ကို မျက်ခြေပြတ်လို့မဖြစ်ဘူး။
ဒီနေ့ခေတ် ကျနော်တို့အမျိုးသားရေးဟာလည်း
စစ်အာဏာရှင်ဆန့်ကျင်ရေး၊
ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေး၊
လူမျိုးစုအားလုံးတန်းတူရည်တူသွေးစည်းညီညွတ်ရေးပဲ။
သူတို့လှုံ့ဆော်မှိုင်းတိုက်နေတဲ့ အမျိုး ဘာသာ သာသနာဟာ အမျိုးသားရေးမဟုတ်ဘူး။ သူတို့ပုံသွင်းနေတဲ့ လူမျိုးရေး ဘာသာရေးအစွန်းရောက်မှုဟာ အမျိုးသားရေးမဟုတ်ဘူး။

(အမေ့သွားမေး)
ရယ်စရာပြောတာမဟုတ်သလို ရယ်ပွဲဖွဲ့တာလည်းမဟုတ်ပါ။
ကရုဏာစကားဆိုပေမယ့် ရယ်စရာလိုဖြစ်သွားရင် ကျနော်မပြောတတ်လို့ပါ။
ဖို့တ်ဝိန်းကို ဒုက္ခသည်အနေနဲ့ရောက်လာတဲ့အထဲက အသက်ခတ်ကြီးကြီး အဒေါ်တယောက်လည်း ကျနော်လိုက်ကူညီနေသူတွေထဲမှာပါတယ်။ စာဆို ဘာစာမှမတတ်ရှာဘူး။ ဗမာစကားတောင် သိတ်အရည်လည်အောင် မပြောတတ်ဘူး။ ရိုးတာအတာကတော့ ယောက်မရှိဘူးဆိုတဲ့အထဲကပဲ။
သူရောက်ပြီးသိတ်မကြာဘူး ဆေးခန်းအပွိုင်မင်န်တခုရှိလို့ လိုက်သွားပေးတယ်။ဟိုရောက် ဆရာဝန်မကြည့်ခင် သူနာပြုနဲ့တွေ့ ဘာဘာညာညာမေးစရာတွေမေး ဖြည့်စရာရှိတာတွေဖြည့်တော့ သူ့မွေးနေ့သက္ကရာဇ်သိဖို့လိုလာတယ်။ကျနော်ကလည်း ကိုယ့်လက်ထဲ သူ့ အိုင်ဒီကဒ်လေးရှိရက်နဲ့မေ့ပြီး အဒေါ့်မွေးနေ့မှတ်မိလားပြောပါဆိုတော့ "ဟဲ့..ငါ့မွေးတဲ့နေ့ ငါဘယ့်နှယ်လုပ်မှတ်မိပါ့မလဲ၊ ငါ့အမေအဖေပဲ သိမှာပေါ့။ သူတို့မေးကြည့်မှ သိမှာပေါ့ဟဲ့။ငါ့မွေးတဲ့အချိန်က ငါက ငယ်ငယ်လေးပဲဟာ.."တဲ့။
ကျနော်လည်း ဟားကနဲပါးစပ်ကအသံထွက် လက်ကလည်း
နဖူးကို ဖန်းကနဲရိုက်မိပြီး တော်တော်ကျယ်ကျယ်ရယ်မိသွားတယ်။
သူနာပြုမက ဒီ ၂ယောက် ဘာများဖြစ်ကြသတုန်းအမူအယာနဲ့
မျက်လုံးမျက်ဆန်ပြူးနဲ့။
ခင်ဗျားရော ကိုယ့်မွေးနေ့ အမေ့မေးရမှာလား။

(နိုင်ငံရေးသီလကြောင်)
နိုင်ငံရေးသမားတွေကို မယုံဘူး။ အဲ့ဒီအထဲမှာ ဦးသိန်းစိန်အစိုးရလည်းပါတယ်ဆိုပြီး ပြောသံကြားတယ်။
ပြောသူ အရေးမပါဘူးပဲထားဦး ပြောတဲ့အနက်နဲ့အဓိပ္ပါယ်ကအရေးကြီးတယ်။
သိန်းစိန်တို့လို အရေခွံလဲထားတဲ့စစ်အာဏာရှင်ပဲဖြစ်ဖြစ်
တေဇတို့ ခင်ရွှေတို့လို ငွေထုပ်ဖင်ခုထိုင်ပြီး နိုင်ငံရေးထဲဝင်လာတဲ့ကောင်ပဲဖြစ်ဖြစ် အဲ့သလိုအမျိုးစားတွေနဲ့ အဲ့နည်းဆန်ဆန်လူတွေကိုနိုင်ငံရေးသမားလို့ခေါ်တာသတ်မှတ်တာ ကိုယ့်တယောက်ချင်းကိစ္စ။
ဒါပေမယ့် ယုံကြည်ချက်အပေါ်ခိုင်ခိုင်ကြည်ကြည် မူရှိရှိ လူထုဘက်ကနေ တပြားသားမှရွေ့မသွားတဲ့ ဘယ်တုန်းကမှ စစ်အာဏာရှင်ထဲမပါဖူးတဲ့ ခေတ်ပျက်သူဌေးမဖြစ်ဖူးတဲ့
ဘဝတွေ အသက်တွေ သေကွဲရှင်ကွဲတွေနဲ့လူထုကြားထဲကနိုင်ငံရေးသမားတွေကိုပါ မယုံဘူးလို့သိမ်းကြုံးပြောတဲ့အထဲပါလေသယောင်ယောင် အနက်ထွက်အောင် ရည်ရွယ်ချက်ရှိရှိအသံထုတ်တာဆို
ပြောသူကို ရှုတ်ချတယ်။ ဆန့်ကျင်တယ်။
ယူနီဖေါင်းချွတ် ကြိုးကြီးချိတ်ကောက်ဝတ် ခေါင်းပေါင်းကောက်စွပ် ဗိုလ်ကနေ ဦးပြောင်းတိုင်း သမ္မတဖြစ်တိုင်း အမတ်ဖြစ်တိုင်း ပါတီထောင်တိုင်း နိုင်ငံရေးသမားခေါ်လို့ သတ်မှတ်လို့မရဘူး။ ခရိုနီကနေ ငွေထုတ်ကိုင်ပြီး နိုင်ငံရေးထဲအယားပြေဝင်လာသူဟာ နိုင်ငံရေးသမားမဟုတ်ဘူး။ နှစ်မျိုးနှစ်စားလုံးဟာ ကိုယ်ကျိုးစီးပွားသမားတွေပဲ။ တူတဲ့ကိုယ်ကျိုးစီးပွားကို မတူတဲ့နည်းနာခွဲပြီး ကာကွယ်နေကြသူတွေပဲ။
အဲ့ဒီလူတွေနဲ့ လူထုနိုင်ငံရေးသမားကို တတန်းတည်းထားပြောတာဟာ
နိုင်ငံရေးမသမာမှုပဲ။
နိုင်ငံရေးအကျင့်တန်မှုပဲ။
နိုင်ငံရေးလီဆယ်မှုပဲ။
နိုင်ငံရေးသီလကြောင်ပဲ။

ရန်မိတ်လုပ်တဲ့ မိတ်ရန်တေါ)
ရန်သူကိုမိတ်ဆွေလုပ်တာနဲ့
ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာမှာ
ဖြစ်အောင်တစ်လုံးခြားတယ်
ရန်သူကိုမိတ်ဆွေလုပ်မယ်ဆိုမိတ်ဆွေတွေကို ရန်အရင်လုပ်ရတယ်
ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်မယ်ဆို
မိတ်ဆွေတွေမပါပဲ လုပ်မရဘူး
အဲ့ဒီ ဖြစ်အောင်တစ်လုံးကပဲ
မိမိ နိုင်ငံရေးနဲ့
မိမိလက်နက်ကို
နေရာချပေးလိမ့်မယ်

(မိတ်လိုက်ပွဲ)
မိတ်ဆွေအချင်းချင်း
ထောက်ခံရာမှာတောင်
ကြိုဆိုရာမှာတောင်
သတိလေးကပ်ထားရတုန်း
ကြပ်ကြပ်ဆင်ခြင်ရတုန်း
ကျွဲ တကယ်ခတ်လို့
မြေစာမြက်ပြတ်တာက
ဖြေလို့တတ်တယ်
ခုဟာက
မိတ်လိုက်တာလား
မြိုင်ထတာလား
အဲ့ဒီကျွဲတွေ
ခွဲခြားနေရတုန်း

(ကြီးပေါကြာကြောင်ကြီးများ)
ကီးက အခု ( )ကြီးတောင်ဖြစ်နေပြီတဲ့။ ကြီးတွေ တဖြည်းဖြည်းကြီးလာလိုက်တာ ကြီးဖောင်းပွနာများ ဖြစ်တော့မလားတောင်မှတ်ရတာပဲ။ ဒီအတိုင်းဆို ရှီကားဂိုးက ကိုချက်ကြီးလည်း မျှော်လင့်လို့ရပြီ။ မဲဆောက်က ပေါကြီးလည်း ချန်ထားလို့မဖြစ်ဘူး။လမ်းထဲက ကြီးကြီးဒေါ်ခင်သန်းလည်း ထည့်မှနဲ့တူတယ်။ အင်း...ဘာပဲဖြစ်ဖြစ် ကြီးတွေ ငယ်မသွားကြဖို့ပါပဲ။ တွေ့ကြတယ်၊ ဓါတ်ပုံတွေရိုက်ကြတယ်။ ဟေးလားဝါးလားတွေလုပ်ကြတယ်၊ စားကြတယ်သောက်ကြတယ်၊ အလွတ်သဘောတွေပြောကြတယ်၊ ကျနော်ကျမတို့ တယောက်ကိုတယောက် ခုဆိုပိုလို့တောင်ခင်သွားကြပြီဆိုပြီး ပြီးသွားမယ်ဆိုရင်တော့ ကြီးတွေ ကြာလေပေါလေဖြစ်မှာပဲထင်တယ်။
ထောင်ထဲမှာပြောတာရှိတယ် ထောင်ထဲအနေကြာပြီး ပေါတောတောလူတွေကိုကြီးပေါကြာကြောင်ကြီး(ဂျီး)”တွေ ဆိုပြီး။ ခုကြီးတွေကိုလည်း အဲ့ဒီကြီးတွေလို လူတွေကထင်လာမြင်လာမှာတော့စိုးတယ်။ တွေ့ကြပါ။ ပြောကြပါ။ အရေးဆိုကြပါ။ လူထုဘက်ကိုငဲ့ကြပါ။ ကျနော်ကတော့ ဇော်ကြီး(သစ်ကောင်းအိမ်)ကဗျာထဲကလိုဥဿဘတွေများလွန်းလို့ ဘယ်နွားနောက် လိုက်ရမှန်းတောင်မသိအဖြစ်မျိုး ပြည်သူတွေဖြစ်မှာစိုးတာပါပဲ။ သြော်...မေ့လို့ သစ်ကောင်းအိမ်အမည်နဲ့ ကဗျာရေးတဲ့ ဇော်ကိုကိုထွဋ်ကိုလည်း ကျနော်တို့က ဇော်ကြီးလို့ခေါ်တာပဲ။
အင်း..သူလည်း ကြီး ကြီးပဲ။

(မြက်မြေစာ)
ပြည်တွင်းစစ်အကြောင်းပြောတဲ့အခါ ပြည်သူတွေရဲ့အနေအထားကို လူတချို့ပြောလေ့ရှိတယ်ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေဆိုပြီး။ အခု အဲ့ဒီကျွဲတွေ မိတ်လိုက်ကုန်ကြတော့ရော ပြည်သူတွေက မြေစာပင်ပဲမဟုတ်ဘူးလား။ ဆိုတော့ ကျွဲတွေ ခတ်ပဲ ခတ်ခတ်၊ မိတ်ပဲလိုက်လိုက် ပြည်သူတွေဘဝက မြေစာပင်လို ထောင်းလမောင်းကြေနေတုန်းပဲဆို ခတ်တာနဲ့မိတ်လိုက်တာမှာ ဘာကွာမလဲ။ တခုပဲ တကယ်ခတ်လို့ မြေစာပင်ဖြစ်ရတာကမှ ဖြေမယ်ဆိုကြံဖန်ဖြေသာသေးတာပဲ။

(ပဏ္ဍိတ်ထွန်းနိုင်ငံရေး...တဲ့)
ဖြူနှင်းထွေးကိစ္စအကြောင်းခံပြီး ဗကသဥက္ကဌ ကိုကျော်ကိုကိုနဲ့အင်တာဗျူးမှာ သူက

၈၈-ငြိမ်း/ပွင့်ကို အားမရဘူးအပါအဝင် နိုင်ငံရေးအရ ဝေဘန်ထောက်ပြသွားတာတွေပါပါတယ်။ အဲ့ဒါကို ၈၈-ငြိမ်းပွင့် ပဏ္ဍိတ်ထွန်းက သရော်စာလိုလိုဘာလိုလိုပြန်ချေပတယ်။ အဲ့ဒါလည်း ထွက်ပြီးရော တနေ့ ဒီကလူတချို့နဲ့ ကိုပါကြီးအကြောင်းခံနိုင်ငံရေးကိစ္စပြောတဲ့ဝိုင်းမှာ အမြီးအမောက်မတည့်ပြောနေတဲ့တယောက်ကို နောက်တယောက်ကဖြတ်ပြီးမင်းကလည်းကွာ ပဏ္ဍိတ်ထွန်းနိုင်ငံရေးလောက်နဲ့ ငါ့လာလုပ်နေသေးတယ်လို့ဆိုတော့ တဝိုင်းလုံး ပွဲကျသွားတယ်။ နိုင်ငံရေးဟာသဝေါဟာရတခုများ တိုးလာပလားမှတ်ရတာပါပဲ။

0 comments:

Post a Comment