Thursday, November 6, 2014

အရည်မရအဖတ်မရသမ္မတ (မျိုးမြင့်ချို)

0 comments
ီးနိတ်နဲ့ကွန်ဂရက်စ် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပါတ်ဘလီကင်န်က အနိုင်များပြီး လွှတ်တော် ရပ်လုံးကို မဲနဲ့စီးထားလိုက်နိုင်ပြီလို့ ဆိုရမယ်။ အိုဘားမား သမ္မတလုပ်ဖို့က နှစ်စာ ကျန်နေသေးတယ်။ သမ္မတက ဒီမိုကရက်၊ လွှတ်တော်တွေကိုကြီးစိုးမှာက ရီပတ်ဘလီကင်န်။ 

ရန်သူတွေတော့ မဟုတ်ကြဘူး။ အမေရိကန်တန်ဖိုးနဲ့ အကျိုးစီးပွားတွေကို နည်းနည်းကွဲတဲ့လုပ်ဟန်နဲ့ အသေအချာကာကွယ်ကြတာမျိုးပါ။ ငြင်းကြခုန်ကြ ညစ်ကပ်ကပ်လုပ်ကြတာလေးတွေ ရှိပေမယ့် တမျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ တစ်သံတည်းထွက်သလို တက်လက်အကုန်ညီတာပါပဲ။

အိုဘားမားမဲဆွယ်ပွဲတွေမှာ Change ဟစ်ကြွေးသံ တာစားခဲ့သလို နိုင်ငံခြားရေးပေါ်လစီမှာ စမတ်ပါဝါ Smart Power ဆိုပြီးလည်း လူသိများခဲ့တယ်။ ဘယ်နေရာတွေမှာ ချိန်းဂ်ျပြီး ဘာတွေမှာ စမတ်သွားလားဂွပ်သွားလားတော့ လူတိုင်းသိကြတာပါပဲ။ သူဝင်တဲ့ရွေးကောက်ပွဲက ထူးခြားတယ်။ မက်ကိန်းနိုင်ခဲ့ရင် အသက်အကြီးဆုံး သမ္မတ၊ Sarah Palin နိုင်ခဲ့ရင် ပထမဆုံး အမျိုသမီးသမ္မတ၊ သူနိုင်တော့ ပထမဆုံး လူမည်းသမ္မတဖြစ်သွားတယ်။

ရွေးကောက်ပွဲမှာ လူမည်းတွေ သည်းသည်းလှုပ်လှုပ်ပဲ။ လှုပ်လည်းလှုပ်ချင်စရာပါပဲ။ ကျနော်တောင် ဖို့တ်ဝိန်းကသူတို့ပါတီရုံးခန်းနဲ့ အခြားနေရာတွေမှာလုပ်တဲ့ ရန်ပုံငွေပွဲနဲ့ဖျော်ဖြေပွဲတွေ - ကြိမ်လောက် ရောက်ဖူးတယ်။ ပျော်ဖို့ကောင်းတယ်။ အစားအသောက်အခမဲ့ကျွေးတာမျိုး အတီးအမှုတ် အကအခုန်တွေလည်းပါဆိုတော့ နိုင်ငံရေးပါတီတခု စည်းရုံးရေးဆင်းနေတာနဲ့မတူပဲ လူမှုရေးအပျော်ပါတီတခုပေးနေသလို မို့ စိတ်အကျဉ်းအကြပ် ဘယ်သူမှမဖြစ်ကြဘူး။ အိုဘားမားလာတုန်းကလည်း သူလိုကိုယ်လို သာမန်လူလို လာသွားတာပါပဲ။ သမ္မတလောင်းမို့ ခရီးဦးကြိုပြုတာကလွဲ့လို့ ဘာကြီးကြီးကျယ်ကျယ်မှ မရှိဘူး။ လက်မောင်းအပတ်တွေနဲ့ စည်းကမ်းထိန်းတွေ ဘာတွေလည်း မရှိပါဘူး။ အဲ့ဒီပွဲမှာလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ မူးပြီးကနေလို့လည်း ဘာမှမဖြစ်ဘူး။ ဘယ်သူကမှလည်း စင်ပေါ်တက်ပြီး နိုင်ငံရေးစကားတွေပြော တရားတွေတက်ဟောလည်းမရှိဘူး။

အဲ့ဒါတွေမှာ လူမည်းကအများစုဆိုပေမယ့် တကယ်ကအဖြူတွေနဲ့ ဆတူလောက်ပဲ။ အဲ့ဒီတုန်းကအမေရိကန်လူဖြူတွေစိတ်မှာ အိုဘားမားကိုမဲပေးကြမှာက နိုင်ငံရေးအရ ပေါ်လစီအရကြိုက်တာ/မကြိုက်တာထက်အမေရိကန်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုပြဖို့ Discrimination မရှိဘူးလို့ပေါ်လွင်ဖို့ဆိုတဲ့သဘောမျိုး ခံစားမှုမျိုးပိုကဲတာ သတိထားမိ တယ်။ ပြီးတော့ ရီပါတ်ဘလီကင်န်တွေကို တူးတူးခါးခါးဖြစ်နေချိန်လည်းဖြစ်တယ်။ အမေရိကန်လူမည်းတွေစိတ်ထဲ ဘယ်လိုနေမယ်ဆိုတာတော့ ဇာချဲ့နေဖို့လိုမယ်မထင်ပါ။

အိုဘားမားဆိုတာကလည်း တော်ကီကောင်းကောင်း အာဝဇန်းရွှင်ရွှင်လူမျိုး။ လူကောင်ပိန်ပိန်ပါးပါး မျက်နှာရွှင်ရွှင်ပြပြနဲ့ ဖျတ်ဖျတ်လတ်လတ်ရှိတယ်။ လေယဉ်အတက်အဆင်းတွေတောင် တခါတလေ အပြေးကလေး လုပ်တတ်တယ်။ အမေရိကန်လူမည်းတွေကြားမှာ သူ့ဆံပင်ပုံခေတ်စားသွားတယ်။ အဖြူတွေကြားမှာ သူ့လေသံနဲ့စကားပြောဟန် တုတာတွေလည်း(နည်းနည်းပါးပါး)ရှိတယ်။ အသားအရောင်ရှေးရိုးစွဲအခံကျွတ်တမ်းမဝင်သေးတဲ့အဖြူတွေကြားမှာတော့ အိုဘားမားလည်း သမ္မတမကလို့ ဘာကောင်ဖြစ်ဖြစ် နီဂရိုးလို့ပဲ (တိုးတိုးတိတ်တိတ်)ခေါ်ကြတယ်။

အမေရိကန်သမ္မတတွေကို ရွှေပြည်ကြီးကလူတချို့ (အထူးသဖြင့်လက်ယာနိုင်ငံရေးသမား တချို့)က စကြာဝတေးမင်းလောက် ထင်တာတောင်ရှိတယ်။ တချို့များ ကယ်တင်ရှင်လိုလို ဘာလိုလိုတွေအထိ ယောင်ယောင်ကန်းကန်းဖြစ်ကြတယ်။ ခုချိန်ထိ နိုင်ငံငယ်လေးတွေရဲ့ အပြောင်းအလဲနဲ့ကံကြမ္မာကိုဖန်တီးနိုင်စွမ်းဟာ နိုင်ငံကြီးတွေလက်ထဲမှာရှိနေသေးတာကို အသိအမှတ်မပြုလို့မရဘူးဆိုပေမယ့် နိုင်ငံကြီးတွေမှာလည်း သူ့အကြပ်အတည်းနဲ့သူမို့ လက်ညှိုးညွှန်ရာရေတော့ မဖြစ်နိုင်သေးဘူး။ လက်ညှိုးကတော့ ညွှန်နေမှာပါပဲ။
အမေရိကန်သမ္မတတွေ အလုပ်များတာ အလုပ်ရှုပ်တာတော့အမှန်ပဲ။ တခါတလေများ ကမ္ဘာကြီးတခုလုံး သူ့လုပ်စာထိုင်စားနေကြတဲ့အပေါက်မျိုး သူ့ပခုန်းပေါ်ထမ်းထားရတဲ့ အချိုးမျိုးနဲ့ ပိုင်စိုးပိုင်နင်းပြောတတ်သလို ကျားစီးဖါးစီးလည်းလုပ်တာပဲ။ 

တက်လာကာစ နုပျိုလန်းဆန်းနေတဲ့သမ္မတတွေဟာ သမ္မတသက်တမ်းလေးနှစ်မှာတင် အတော်အိုစာသွားတာ ကျသွားတာမြင်ရမှာပါပဲ။ ဝေးဝေးမကြည့်နဲ့ ကလင်တန်ကိုကြည့် ခု အိုဘားမားကိုကြည့်။ အဖိုးကြီးအိုကြီးရုပ် ပေါက်သွားတာပဲမဟုတ်လား။ အလုပ်က ခေါင်းစားတာကိုး၊ သမ္မတကိုး။ တိုင်းပြည်မှာ သူ့ထက်ကြီးတာ ဘာကောင်မှ မရှိတော့တာကိုး။

ဒါ့ကြောင့်ဖြစ်မယ်။ မိတ်ဆွေတစ်ယောက်ရဲ့မိတ်ဆွေကပြောတာသမ္မတတို့ဘာတို့တော့ မလုပ်ချင်ပါဘူးကွာ၊ အလကား ဘာတက်လမ်းမှ မရှိတဲ့အလုပ်ဆိုပြီး။ ဟုတ်တော့လည်း ဟုတ်သား ရာထူးဆုံးနေတဲ့အလုပ်ကိုး။ ဒါပေမယ့် ရွှေပြည်ကြီးမှာ ဟိုစစ်ဗိုလ်ယုတ်ဟောင်း ခုခေါင်းပေါင်းနဲ့ လွှတ်တော်ဥက္ကဌဆိုတဲ့သကောင့်သားကသမ္မတထက်ကြီးတာရှိတောင် လုပ်လိုက်ချင်သေးလို့ကြွေးကြော်တယ်ဟုတ်။ အဲ့ဒီ အမျိုးကောင်းသားများ သမ္မတဖြစ်ရင် သမ္မတချုပ်မှူးကြီးရာထူး ထွင်ပြီး ယူချင်ပုံရတယ်။

ဘာမှမဟုတ်ပါဘူး တီဗီက အမတ်မဲရေတွက်တဲ့အကြောင်းတွေပြနေတာထိုင်ကြည့်ရင်း ပေါင်ပေါ်စက်တင်ပြီး ထွေလီကာလီတွေ အရေမရအဖတ်မရ လျှောက်ပြောနေတာပါဗျား။

0 comments:

Post a Comment