
ဆီမီးဆင်ဖိုနီ၊ နီတျာတျာ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်ဟုဆိုသောအခါ(ဆူးငှက်)လိုက်ကာ အဖြူစလေးက ရှားရှားပါးပါးလေမှာ ကော့ခနဲ တစ်ချက်လန်သွားသည်။ မှန်ပြတင်းက ခပ်ဝါးဝါးမြင်လိုက်ရသော စိန်ပန်းပင်အိုကြီးက သူ၏ရောင်ဝတ်စုံတွင် အနီရောင်ဘော်ကြယ်များခပ်စိပ်စိပ်ထိုးထား၏။စိန်ပန်းပွင့်နီနီ။ကျွန်တော်သည် မြမန္တလာဟိုတယ်၏ အရှေ့ဘက်အစွန်ခပ်ကျကျအခန်းအတွင်းမှ အပြင်ဘက်ရှိ စိန်ပန်းပွင့်များကို ငေးရီကြည့်နေမိ၏။ ဆရာဒဂုန်တာရာက ၁၉၅ဝ ခု ဒီဇင်ဘာလ စာဆိုတော်ရက်ကာလအတွင်း မန္တလေးရောက်သည့်ခရီးစဉ်ကို တူးဆွပြနေသည်။ လူထုဇနီးမောင်နှံ၊...