Saturday, March 14, 2015

၄၉ ရက် စတုတ္ထကျောင်းသားသပိတ်ဖြိုခွဲခံရမှုအပေါ် ဗမှာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

0 comments
၄၉ ရက် စတုတ္ထကျောင်းသားသပိတ်ဖြိုခွဲခံရမှုအပေါ် ဗမှာပြည်ကွန်မြူနစ်ပါတီ၏ထုတ်ပြန်ကြေညာချက်
စတုတ္ထကျောင်းသားသပိတ်။
ရဲစိတ်ရဲမှာန်အပြည့်နဲ့လျှောက်လမ်းခဲ့တဲ့ ၄၉ ရက်ကြာခရီးကြမ်းဟာ မှော်ကွန်းထိုးရမယ့်ခရီး ဖြစ်တယ်။
ဒီခရီးအတွင်း အရပ်ဝတ်စစ်အစိုးရရဲ့ခြိမ်းခြောက်မှု၊ ကလိမ်ကျမှု၊ ကောက်ကျစ်မှုတွေ ပွင့်ကျပြီးရင်း ပွင့်ကျကုန်ခဲ့တယ်။ ပြည်သူတွေရဲ့
ထောက်ခံမှု၊ အားပေးဝန်းရံမှုတွေ ကြီးထွားသထက် ကြီးထွားလာခဲ့တယ်။
အကြံကုန်လာတဲ့အခါ သူတို့ကျင့်သုံးလေ့ရှိတဲ့အကြမ်းဖက်နည်းကို
လူမြင်ကွင်းမှာ ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြလုက်တာပဲ ဖြစ်တယ်။
(၂)
ဓမ္မန့အဓမ္မကြားမှာ လူထုက ကြားမနေဘူး။
သပတ်စစ်ကြောင်းကို ဖြိုခွဲလိုက်နိုင်လို့ အရပ်ဝတ်စစ်အစိုးရ လက်မထောင်ဝံ့ရဲ့လား။ ညွှန်ကြားစေခိုင်းခံရတဲ့အရာရှိတွေဟာ
ပြောစရာစကားမရှိ ကြံဖန်ခုခံကာကွယ်ပြီး ပြောနေရတယ်။ ကျောင်းသားတွေကဖိအားပေးလို့ အချက်(၁၁)ချက်က လက်ခံလိုက်ရတာပါလို့အရပ်ဝတ်စစ်အစိုးရက ပြောတယ်။
လွှတ်တော်ကို ဖိအားမပေးသင့်ဘူးလို့ ဆိုသူကဆိုတယ်။ လိမ်ညာရလွန်းလို့ မျက်နှာထူနေပြီဖြစ်တဲ့ပြန်ကြားရေးဝန်ကြီးဆိုသူကလည်း ကတုန်ကယင်နဲ့ မျက်နှာပြောင်တိုက် ဖာထေးရှင်းလင်းနေရတယ်။ ဒါပေမယ့် သူတို့ရဲ့ဖြေရှင်းချက်တွေက
ပြည်သူတွေကို ပိုဒေါသထွကစေရုံကလွဲပြီး ဘာမအရာထင်ခဲ့တာ မဟုတ်ပါဘူး။
သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေ၊ သံဃာတော်တွေက ကိုယ်တွေ့ဖြစ်ကြောင်းကုန်စင် ရှင်းလင်းပြသလို ဘေးက တွေ့နေမြင်နေရတဲ့ မီဒီယာသမားတွေနဲ့ ဒေသခံပြည်သူတွေက အခိုင်အမာဖွင့်ချခဲ့ကြတယ်။ ပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ထင်မြင်ချက်တွေ၊
မေးခွန်းထုတ်မှုတွေ၊ စွဲဆိုချက်တွေ ပလူပျံအောင်ထွက်လာတယ်။ နိုင်ငံအသီးသီးနဲ့ ကုလသမဂ္ဂကပင် ကျောင်းသားတွေမမှားကြောင်း၊ အစိုးရလွန်ကြာင်း ထောက်ပြလာခဲ့ကြတယ်။
ရိုက်တုန်းက ပြောင်ပြောင်တင်းတင်း ရိုက်ရဲကြပြီး အမှုစစ်တော့ ညအချိန်မှောင်ခိုပြီး စစ်ရဆေးရ၊ စွဲချက်တင်နေရတာကက သူတို့မူမမှန်တာ သိပ်ထင်ရှားနေပါပြီ။ ခုတော့ သူတို့ရဲ့နောက်ဆုံးခံတပ်လွှတ်တော်မှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို သွားဆွေးနွေးပါဆိုတဲ့လမ်းကြောင်းဆီတွန်းပို့နေတယ်။
တဖက်မှာ ကျောင်းသားတွေရဲ့ဂုဏ်သိက္ခာ အလွန်အမင်းထိုးတက်သွားပါတယ်။ သူတို့တတွေဟာ အခက်အခဲ အကျပ်အတည်းတွေကြားထဲက ထိုးထွင်းကြံဆမှုနဲ့ အကြိမ်ကြိမ်ဖောက်ထွက်လာနိုင်ခဲ့ကြတယ်။ သူတို့ရည်မှန်းချက် ရန်ကုန်ကိုပင်မစစ်ကြောင်း
မရောက်ရောက်အောင် ချီတက်ပြလိုက်တယ်။
သူတို့တတွေဟာ အစားပျက်အအိပ်ပျက်ခံပြီး ဘာမထီစိတ်ဓာတ်နဲ့ ပင်ပင်ပမ်းပမ်းချီတက်ခဲ့ကြသူတွေ ဖြစ်တယ်။ ရဲဆိုသူတွေက
လူဆိုးဂိုဏ်းဆန်ဆန် ပြောင်ပြောင်တင်းတင်းရိုက်နှက်ရဲ၊ မိုက်ရိုင်းရဲကြပြီး ထိပ်တိုက်ရင်ဆိုင် အဖြိုခွဲခံရတော့လည်း ကျောင်းသားတွေက မူကိုကိုင်စွဲပြီး လက်တုန့်မပြန် အေးအေးဆေးဆေးအဖမ်းခံခဲ့ကြတယ်။ တည်တည်ငြိမ်ငြိမ်အနာခံပြီး အရိုက်ခံခဲ့ကြတယ်။ သူတို့ကိုယ်နဲ့မကွာပါလာတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို လုယူ၊ သုံးလာတဲ့မှော်တော်ယာဉ်တွေကို ချိုးဖဲ့ဖျက်ဆီးပစ်နေတာကိုလည်း နှမြှောမနေခဲ့ကြဘူး။
လူဆိုး၊ သူခိုး၊ ဓားပြတွေရဲ့အလုပ်ဟာ ဒါပဲဆိုတာ သူတို့ကြုံထားသိထားကြပြီးဖြစ်တယ်။ ဒါပေမယ့် ခွပ်ဒေါင်းအလံတော်ကို ရိုင်းရိုင်းစင်းစိုင်း မြေမှာချပြီးဆောင့်နင်းတာ၊ တက်ခုန်တာကိုတော့ သူတို့ခံပြင်းကြတယ်။ ခိုင်းစေသူအရပ်ဝတ်စစ်အစိုးရရဲ့ညွှန်ကြားချက်က သပိတ်စစ်ကြောင်း ပြိုကွဲသွားဖို့အဓိက၊ ကွဲတာပြဲတာ၊ သေကြေအနာတရဖြစ်တာအကြောင်းမဟုတ်ဆိုတဲ့ အကြမ်းဖက်နည်းဖြစ်တယ်။ သူတို့ပစ္စည်းတွေ (ထုံးစံအတိင်း)မင်းတို့စိတ်ကြိုက် ခန့်ခွဲနိုင်တယ်။ ယူလိုယူဖျက်လုဖျက်ဆိုတဲ့သဘောပဲ။ ကျောင်းသူကျောင်းသား ညီအစ်ကိုမှောင်နှမတတွေရဲ့ စိတ်ရှည်မှု၊ သည်းခံနိုင်မှုနဲ့ခံနိုင်ရည်ရှိမှု စတာတွေကတော့အံ့မခန်းပါပဲ။ ခေါင်းဆောင်တွေရဲ့စကားကို လေးလေးစားစား နားထောင်လိုက်နာကြတာကလည်း အတုယူဖွယ်အဖြစ် ထင်းကျန်ခဲ့တယ်။
(၃)
ကျောင်းသားတွေ ချီတက်မယ့်လမ်းကြောင်း။
သူတို့အနေနဲ့ လှုပ်ရှားမှုဆက်လုပ်မယ်၊ တိုက်ပွဲဝင်သွားမယ်လို့ အဖမ်းမခံလိုက်ရသူရော၊ ထောင်ကလွတ်လာသူတွေကပါပြောနေကြတယ်။ ဒါက ပွဲမပြီးသေးဘူးဆိုတာ ပြလိုက်ခြင်းဖြစ်တယ်။ သူတို့ဟာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်ကို ဆက်လက်ကိုင်စွဲထားကြတယ်။
လွှတ်တော်တက်ပြီးဖြေရှင်းရလည်း ပြဿနာမရှိ၊ ဒါပေမယ့် လွှတ်တော်တက်ရမယ့် ဗကသ ကိုယ်စားလှယ်တွေလွှတ်ပေးရမယ်။ ကျန်တဲ့ဖမ်းထားသူအားလုံးကိုလည်း လွှတ်ပေးမှဖြစ်မယ်လို့ သူတို့ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ထားတယ်။ သူတို့အနေနဲ့ ၉ဝ ခုနှစ် ရလဒ်လိုမျိုး အဖြစ်ခံနိုင်ကြပုံမပေါ်။
သူတို့တတွေဟာ ထောင်ထဲရောက်သွားသူက ရောက်သွားတဲ့အလျှောက်၊ အပြင်မှာရှိနေသူတွေက ရှိနေသည့်အလျှောက် ရရာပုံစံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြမယ်လို့ ယုံကြည်တယ်။
(၄)
ထောက်ခံအားပေး ကူညီပံ့ပိုးသူများ။
ကျောင်းသားတွေ မှန်တယ်ဆိုတဲ့ဘက်ကရပ်ခံပြီးး သဘောထားကြေညာချက်ထုတ်ကြတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ တိုင်းရင်းသား နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အများအပြားပါဝင်နေတာ ထူးထူးခြားခြားတွေ့ရတယ်။
ဗိုလ်ခင်ညွန့်လက်ထက်တုန်းက ကတိတလုံးနဲ့ လိမ်လုံးညာလုံးတွေအောက်ရောက်သွားတဲ့ တချိက တိုက်ဖော်တိုက်ဖက်ဖြစ်ခဲ့ဖူးသူမိတ်ဆွေတွေကို ကျွန်တော်တို့သတိပေးခဲ့တာ တခုရှိခဲ့တယ်။ ကျွန်တော်တို့က ဒီစစ်အုပ်စုနဲ့ အနှစ် ၄ဝ လောက် လက်နက်ကိုင်တိုက်ခဲ့ရလို့
သူတို့သဘောသဘာဝ သိပါတယ်။ သူတို့အတွင်းသရုပ်စစ်ဗီဇ ပြောင်းမှာမဟုတ်ဘူး၊ ခင်ဗျားတို့ကိုခွင့်ပြုထားတာက ယာယီပါ၊ တချိန်ချိန်မှာ
ဒါတွေ ပြန်ရုပ်သိမ်းလိမ့်မယ်လို့ပြောခဲ့တယ်။ ဒါတွေ သူတို့ သိနေကြပြီဖြစ်တယ်။
ခုဆို ပိုသိပြီပေါ။ လက်နက်ဆို အပ်တိုတချောင်းတောင်မကိုင်တဲ့ ကျောင်းသားတွေတောင် ဒီလောက် ရက်ရက်စက်စက်လုပ်ပစ်မှတော့ သေနတ်လွယ်ထားတဲ့ ငါတို့ဆိုရင်ကောဆိုတဲ့စဉ်းစားချက် ပေါ်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာဖြစ်ပါလိမ့်မယ်။ လက်ပံတန်းဖော်ပြချက်က NCCT ဆွေးနွေးပွဲတွေအထိ အကျိုးသက်ရောက်မှုရှိနေမှာပါ။ သူတို့လုံခြုံရေးအတွက် ပိုသတိထားကြပါလိမ့်မယ်။
ပြည်သူတွေ လှုပ်လာကြပြီ၊ လှုပ်ရာက တင်းလာရင် ဒီမင်းခုံင်ပါ့မလား။
(၅)
ကျောင်းသားထု ဘယ်တော့မှ မှမရှုံးနိုင်။
၎ ပွင့်ဆိုင်သဘောတညီချက်ကိုတော့ သူတို့တတွေ မျက်နှာပြောင်စွာ၊ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ကတိမတည်ဖောက်ဖျက်ခဲ့ပြီ။
ဒါပေမယ့် ကျောင်းသားထုကတော့ လူထုမေတ္တာကိုသိမ်းကြုံးရရှိလိုက်တယ်။ သိန်းစိန်အစိုးရအပေါ် စက်ဆုပ်ရွံရှာ အော့နှလုံးနာကုန်ကြပါပြီ။
စစ်အစိုးရရဲ့ ဘက်စုံအကျပ်အတည်း ကြီးမားသထက်ကြီးမားပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတာကို မြင်တွေ့ခဲ့ကြပြီ။
အစိုးရ၊ လွှတ်တော် စစ်ဗျုရိုကရေစီယန္တရားဖြစ်တဲ့ စစ်တပ်၊ ရဲတပ်၊ တရားရုံး၊ ထောင်တို့ဟာ ၂ဝဝ၈ အောက်မှာ တကြိတ်တည်းတဉာဏ်တည်းပါကလားဆိုတာ အထင်အရှားပွင့်ကျသားပါပြီ။
ကျောင်းသားတွေတောင်းဆိုတဲ့ ဒီိုကရေစီပညာရေးဟာ အနှစ်သာရအားဖြင့် လူထုပညာရေးဖြစ်တယ်။ သန်း ၅ဝ ကျော် လူထုကြီးက
တခဲနက်ထောက်ခံကြတယ်။
၂ဝဝ၈ - ၂ဝ၁ဝ ပြုပြင်ရေးမှိုင်းဟာလည်း ကွာကျသလောက်ရှိခဲ့ပြီ။
၂ဝ၁၅ အိပ်မက်ကလည်း မရေမရာဖြစ်နေပြီ။
နာကြည်းမှုကို အင်အားအဖြစ်ပြောင်းပြီး ပေါ်ပေါက်လာတော့မယ့် ဘက်စုံလူထုတိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ပဲ လိုပါတော့တယ်။
ဗဟိုစည်းရုံးရေးကော်မတီ။
ဗမာပြည်ကွန်မြူနစ်ပါတီ။
၁၃၇၆ ခု၊ တပေါင်းလဆုတ် (၁ဝ) ရက်။
၂ဝ၁၅ မတ်လ၊ ၁၄ ရက်။
(ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ကူးယူဖော်ပြသည်)


0 comments:

Post a Comment