Monday, February 6, 2012

ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည် (by ဟန်တင်အောင်)

0 comments
ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည်(အခြေခံဥပဒေပြင်ဆင်ရေး သုံးသပ်ချက်) 
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့အမတ်နေရာ ၄၈ နေရာလုံးပြိုင်မယ့်ပါတီကြီးဆိုလို့ ကြံ့ဖွံ့ပါတီနဲ့ အန်အယ်ဒီသာရှိပါတယ်။ လစ်လပ်သွားတဲ့အမတ်နေရာတွေဟာ ကြံ့ဖွံစည်းရုံးထားတဲ့ မဲဆန္ဒနယ်တွေဖြစ် တယ်။ ဒါကြောင့် ကြံ့ဖွံ့ပါတီဘက်ကလဲ သူ့ မဲဆန္ဒနယ်တွေလက်မလွတ်အောင် နည်းမျိုးစုံနဲ့ (မတရားနည်းဖြစ် ဖို့များတယ်) နိုင်အောင်ကြိုးစားမှာဖြစ်တယ်။ ညစ်ပတ်မှုကင်းပြီး သမာသမတ်ရှိတဲ့ကြားဖြတ်ရွေးကောက် ပွဲမျိုးသာဆိုရင် ဒေါ်စုအရှိန်အ၀ါနဲ့အန်အယ်ဒီဘက်က အများစုနိုင်မှာမုချဧကန်ပါ။

ဒါပေမဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံအရ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဆိုတာဘာ လဲ။ ဘယ်ပေတံနဲ့တိုင်းမလဲဆိုတာက အရေးကြီးတယ်။ အနောက်နိုင်ငံတွေဘာပြောပြော ဒီအစိုးရဟာ သူ့ကိုယ်ပိုင်ပတံဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေအဖွဲ့အစည်းတွေကို ဖင်ခုထိုင်ထားတဲ့အစိုးရဆိုတာ မမေ့ဖို့လိုတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဂျပိုးကိုလိပ်ဖြစ်အောင်လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ နိုင် သူ တွေရှုံးခဲ့တဲ့ သာဓကတွေရှိတယ်။
ဒါကြောင့် အန်အယ်ဒီ အလွယ်တကူနိုင်မလားဆိုတာ စိတ်ကူးယဉ်လို့မရ။ နိုင်ပြီဆိုဦးတော့ လွှတ်တော် ထဲမှာ ဘယ်လောက်ထိပြောခွင့်ရှိမလဲပါ တွက်ကြည့်ဖို့လိုတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ
ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာအနိုင်ရပြီး အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ဒုဝန်ကြီးဖြစ်သွားသူတွေ၊ သမ္မတ ဒုသမ္မတ ဖြစ်သွားသူတွေကြောင့် လစ်လပ်သွားတဲ့အမတ်နေရာတွေအတွက် သီးသန့်ရွးကောက်တင်မြှောက်တဲ့ပွဲမို့ ကြားဖြတ်ရွေးကောက်ပွဲ လို့ခေါ်တယ်။ စောစောကရာထူးတွေရသူအားလုံးဟာလဲ ကြံ့ဖွံ့အမတ်တွေသာဖြစ်တဲ့အတွက် လစ်လပ်နေတဲ့ ကြံ့ဖွံ့အမတ်နေရာ ၄၈ နေရာဟာ ကြံ့ဖွံ့မဲဆန္ဒနယ်တွေမှာသာလစ်လပ်တဲ့ ၄၈ နေရာဖြစ်တယ်။ ပြောရရင် ကြံ့ဖွံ့ပေးကမ်းထားတဲ့မဲဆန္ဒနယ်တွေဆိုတာ မမေ့ဖို့လိုတယ်။ ဒီနေရာတွေကို အန်အယ်ဒီ အမတ်လောင်းတွေ ပြိုင်ရမှာဖြစ်တယ်။
နောက်တချက်က လက်ရှိ ဦးသိန်းစိန်အစိုးရ နှစ် သက်တမ်းဟာ နောက်ထပ် နှစ်သာကျန်တော့ တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီနိုင်ရင်လဲ လွှတ်တော်ထဲမှာ နှစ်အပြည့်လုပ်ခွင့် မရတော့ဘဲ နှစ်သာ လုပ်ကိုင်ခွင့်ရမှာဖြစ်တယ်။ အထူးသဖြင့် ၂၀၁၂ ခုအတွက် လွှတ်တော်အစည်း အဝေးတွေကို ခေါ်ယူနေပြီမို့ ဧပြီလ() ရက် ကြားဖြတ် ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ခေါ်စရာ အကြောင်းမရှိတာ့ပါ။
ဒါကြောင့် ဧပြီ() ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့အန်အယ်ဒီအမတ်တွေ နိုင်ခဲ့ရင် ၂၀၁၂ ကုန်တဲ့ ထိ အိမ်မှာငုတ်တုတ်ထိုင်နေပြီး လာမယ့်၂၀၁၃ ခုနှစ် လွှတ်တော်အစည်းအဝေးမှသာ လွှတ်တော်ထဲရောက် မှာဖြစ်တယ်လို့ အစိုးရလက်ဝေခံဘလော့ဆိုက်တချို့က ငေါ့တော့တော့လိုလို အတည်လိုလိုရေးကြတယ်။
အန်အယ်ဒီနိုင်ရင် ဘာလုပ်နိုင်မလဲ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၈ နေရာ ပြိုင်ရမယ်။ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၄၀ ရှိပြီး အမျိုးသားလွှတ်တော်မှာ နေရာနဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေမှာ နေရာ လစ်လပ်တယ်။ ဒါကြောင့် လစ်လပ်နေရာအများဆုံးရှိတဲ့ ပြည်သူ့ လွှတ်တော်နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အန်အယ်ဒီက အနိုင်ရအောင် ကြိုးစားရမှာဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက အများစုနိုင်လို့ ပြည်သူ့ လွှတ်တော်မှာဘာလုပ်ခွင့်ရမလဲဆိုတာ မဆွေးနွေးခင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ရဲ့အနေအထားကို အရင်ဆုံး သိထားဖို့လိုတယ်။ ပုံ() ကိုကြည့်ပါ။

ပုံ() မှာပြထားတဲ့အတိုင်းဆိုရင် လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံ့ အမတ်ဦးရေက ၅၉ %နဲ့ အများစုရထားပြီး ကျန်ပါတီတွေက ၁၆% သာ ရှိတယ်။ အခြေခံဥပဒေအရ စစ်ဗိုလ်အမတ်က ၂၅% အလိုလိုရထား တယ်။
ဒီနေရာမှာ စဉ်းစားရမဲ့အပိုင်းက အရေးပါတဲ့ပြည်သူ့လွှတ်တော်လစ်လပ် နေရာ ၄၀ လုံး အန်အယ်ဒီကနိုင်မလားဆိုတဲ့အချက် ဖြစ်တယ်။ လက်တွေ့ မှာမဖြစ်နိုင်ပေမယ့် ပြည်သူ့လွှတ်တော်အမတ်နေရာ ၄၀လုံးကို အန်အယ် ဒီနိုင်တယ်လို့သဘောထားတဲ့ Scenario ဆင်နာရီယိုနဲ့ကြည့်ရင် ပြောင်းလဲ သွားမဲ့ ပြည်သူ့လွှတ်တော်အနေအထားကို အောက်ပါ ပုံ() မှာပြထားတဲ့ အတိုင်း တွေ့ရမှာဖြစ်တယ်။
ပုံ () မှာ ပြထားတာက ပြည်သူ့လွှတ်တော် နေရာ ၄၀ လုံးကို အန်အယ် ဒီနိုင်ရင်တောင် အန်အယ်ဒီဟာ ပြည်သူ့လွှတ်တော်အမတ်ဦးရေအားလုံးရဲ့ % သာရှိမှာဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီအမတ်က ၅၀% စစ်ဗိုလ်အမတ်က ၂၅% နဲ့ ကျန်ပါတီအမတ်တွေက ၁၆% ဘဲ ရှိနေမှာဖြစ်တယ်။ ၁၆% ကျန်တဲ့ပါတီတွေကလည်း အများစုကကြံ့ဖွံ့ပါတီနဲ့ တနည်းနည်းဆက်စပ်နေ တာမို့ အတိုက်အခံအနေအထားက ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာလည်း ပြည်သူ့လွှတ်တော်မှာမရှိသလောက် အားနည်းနေဦးမှာဖြစ်တယ်။
ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက % သာရှိမယ်ဆိုတာ လစ်လပ်တဲ့ပြည်သူ့လွှတ်တော်နေရာ၄၀လုံး နိုင်တယ် ဆိုတဲ့ ဆင်နာရီယိုအပေါ် အခြေခံတွက်ထားတာဖြစ်တယ်။ ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီ နိုင်တဲ့ အမတ်နေရာ ၄၀ ထက်လျော့လေ အန်အယ်ဒီရဲ့ပြည်သူ့လွှတ်တော်အနေအထားက %  အောက် ကျလေဖြစ်မှာသေချာနေတယ်။
ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက လစ်လပ်နေရာ၄၀လုံး နိုင်တောင် ကြံ့ဖွံ့အမတ်တွေက ၅၀% နဲ့ ပြည်သူ့လွှတ်တော်ကို ဆက်ပြီးလွှမ်းမိုးထားဦးမှာဖြစ်တယ်။ ဒါကြောင့် အန်အယ် ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်လစ်လပ်နေရာ ၄၀လုံး နိုင်မယ်ဆိုရင်တောင် ပြည်သူ့လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရမှာသေချာနေတယ်။ ဒီအချက်က အန်အယ်ဒီဟာ အတိုက်အခံ အနေအထားနဲ့ ပြည်သူ့လွှတ်တော်မှာ မရပ်တည်နိုင်တာညွှန်ပြနေတယ်။
ဆိုလိုတာက ပြည်သူ့လွှတ်တော်မှာ စုစုပေါင်းအမတ်ဦးရေရဲ့ အများဆုံး % (လက်တွေ့မှာ ဒီ့ထက်နည်းနိုင်) ထက်ပိုမရနိုင်တဲ့ အန်အယ်ဒီက အခြေခံဥပဒေ ၂၀၀၈ ကို လွှတ်တော်ထဲကနေပြင်မယ်ဆိုတာ ဖြစ်နိုင်ချေရှိ မရှိ စဉ်းစားဖို့ဖြစ်တယ်။
သေချာတာကတော့ လွှတ်တော် ပထမ နှစ်သက်တမ်းရဲ့ ကျန်တဲ့ ၃နှစ်တာကာလအတွင်းမှာ အန်အယ်ဒီ က အခြေခံဥပဒေပြင်ဆင်ရေးလုပ်ဖို့အခွင့်အလမ်းမရှိတာ ရှင်းနေတယ်။ ဒါက လွှတ်တော်တွင်း အတိုက်အခံ အင်အားမရှိတဲ့ရှုထောင့်ကနေ သုံးသပ်ထားတာဖြစ်တယ်။ ( ဥပဒေကြောင်းအရ ဘာကြောင့်အခြေခံဥပဒေ ပြင်ဆင်ရေးမလုပ်နိုင်သလဲ အသေးစိတ်ကိုနောက်ပိုင်းမှာ ရှင်းထားတယ်)
အခြေခံဥပဒေ ဘယ်လိုပြင်မလဲ
ဒေါ်စုက အခြေခံဥပဒေပြင်ဆင်ရေးကြွေးကြော်နေချိန်မှာ ကြံ့ဖွံပါတီခေါင်းဆောင်ဦးဌေးဦးကလည်း အခြေခံ ဥပဒေ ၂၀၀၈ မှာ ပြင်စရာမရှိဘူးလို့ချေပပြောဆိုပါတယ်။ အခြေခံဥပဒေနဲ့ပတ်သက်ပီး အန်အယ်ဒီ ခေါင်းဆောင်ဒ်ါစုနဲ့ကြံ့ဖွံပါတီခေါင်းဆောင်ဦးဌေးဦးတို့ ခေါင်းနဲ့ပန်းလို အမြင်ဘာကြောင့်ခြားနားနေရသလဲ။ အဓိကခြားနားချက်က ဒေါ်စုက ဒီမိုကရေစီရေးလိုလားသူတွေကို ကိုယ်စားပြုပေမယ့် ဦးဌေးဦးက အခြေခံ ဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းမျိုးစုံနဲ့ညစ်ပတ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ပိုင်းကို ဆက်ပြီးကိုယ်စားပြု သူမို့ဖြစ်တယ်။
အခြေခံဥပဒေပြင်စရာရှိတယ်ဆိုတဲ့ ဒေါ်စုအပိုင်းမှာ အဓိကအားနည်းချက်ရှိတယ်။ ဒါကတော့ အခြေခံဥပဒေ ၂၀၀၈ ရဲ့ ဘယ်ပုဒ်မတွေ ပြင်ထိုက်တယ်။ ဘာကြောင့်ပြင်ထိုက်တယ်ဆိုတာကို ပြည်သူတွေနားလည်အောင် ရှင်းမပြနိုင်တဲ့အချက်ဖြစ်တယ်။ အခြေခံဥပဒေမှာ ပြည်သူအကျိုးမပြုတဲ့ပုဒ်မတွေပါနေတယ်လို့ ဒေါ်အောင် ဆန်းစုကြည်ပြောပေမယ့် လူထုအကျိုးပြုတာမပြုတာကို ဘာစံနဲ့အကဲဖြတ်သလဲဆိုတာတော့ပြောမသွားပါ။ တဘက်ကလည်း ဒီအခြေခံဥပဒေဟာ စစ်တပ်ကိုအာဏာအလွန်အကျွံပေးထားတယ်လို့ မကြာခင်ကပဲ ၀ါရှင်တန်ပို့စ်သတင်းစကို ဒေါ်စုပြောခဲ့တယ်။
အမှန်မှာ ဒေါ်စုက အဆင့်တွေကျော်ပြီး ပြောနေတာဖြစ်တယ်။ အခြေခံဥပဒေ ၂၀၀၈ မှာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မတွေပါနေတယ်။ ဒီပုဒ်မတွေကြောင့် အခြေခံဥပဒေမှာ စစ်တပ်ကိုအာဏာ အလွန်အကျူးပေးထားတာတွေ ဖြစ်နေတယ်။ ဒီမိုကရေစီရေးနဲ့ဆန့်ကျင်နေတဲ့အချက်တွေကို မပြင်နိုင်သမျှ ဒီမိုကရေစီပန်းတိုင်ကို သွားလို့ရမှာမဟုတ်ဘူးလို့ ဒေါ်စုဘက်က ရဲရဲတင်းတင်းပြောသင့်တယ်။
ဘာကြောင့် အခြေခံဥပဒေ ၂၀၀၈ ဖြစ်ရသလဲ
အခြေခံဥပဒေ ၂၀၀၈ ပေါ်ပေါက်လာတဲ့အကြောင်းရင်းကိုပြန်ကြည့်ရင် ၉၀ ရွေးကောက်ပွဲရလာဒ်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ အချုပ်ပြောရရင် ၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီကအပြတ်အသတ်နိုင်တယ်။ လူထုက ပြတ်တယ်။ စစ်အစိုးရကိုမကြိုက်လို့ တိုင်းပြည်ကိုအုပ်ချုပ်ပါတော့ဆိုတဲ့ မင်းဒိတ်ပေးတဲ့သဘောနဲ့ အန်အယ်ဒီကို အပြတ်မဲပုံအောခဲ့တာ။ အန်အယ်ဒီနိုင်ရင် စစ်အစိုးရကလွှတ်တော်ခေါ်ပြီး အာဏာလွှဲပေးရ မှာ။ ဒါပေမယ့် အာဏာမလွှဲချင်တော့ အခြေခံဥပဒေသစ်ရေးရမယ်လို့ စစ်အစိုးရကပြောတယ်။ အခြေခံ ဥပဒေသစ်ကို အန်အယ်ဒီကဆွဲမယ်ဆိုတော့လဲ ငါဘဲဆွဲမယ်။ မင်းတို့မဆွဲရလို့ စစ်အစိုးရအမိန့်ထုတ်တယ်။
ဒီမှာတင် အန်အယ်ဒီကိုလည်းအာဏာမလွဲရအောင် ကိုယ်ရေးတဲ့အခြေခံဥပဒေနဲ့ ကိုယ်ကြိုက်တဲ့ကြံ့ဖွံ့အစိုး ရဖြစ်အောင် တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အခြေခံဥပဒေ ၂၀၀၈ ကိုရေးဆွဲဖို့အတွက် ၁၉၉၃ခုနှစ်မှာ စစ်အစိုးရက ညောင်နှစ်ပင်အမျိုးသားညီလာခံ စတင်ကျင်းပတယ်။
ဒါပေမဲ့ ဒီအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမဲ့မူ ၁၀၄ ချက်ဆိုတာ လက်ခံရမယ်လို့စစ်အစိုးက တဆင့်တိုး လာတယ်။ တခါ အခြေခံရမဲ့မူတွေချမှတ်ဖို့ဆွေးနွေးရာမှာလည်း အောက်ပါဦးတည်ချက် ချက်ဘောင်ထဲက သာဖြစ်ရမယ်ဆိုပြီး နောက်ထပ် ၀က်အူထပ်ရစ်ပြန်ပါတယ်။

()     ပြည်ထောင်စု မပြိုကွဲရေး၊
()     တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊
()     အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊
()     စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊
()     နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊
()     အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးလို့ပါရှိပါတယ်

အန်အယ်ဒီအပါအ၀င် ညီလာခံတက်တဲ့ကိုယ်စားလှယ်တွေအနေနဲ့ 
ဒီ ချက်ထဲက ပထမ ချက်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ နံပတ် အချက်ဖြစ်တဲ့ အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်း ဆောင်ရေး  ဆိုတဲ့အချက်ကိုတော့ အန်အယ်ဒီအပါအ၀င် တခြား တိုင်းရင်းသားပါတီတွေပါ ခါးခါးသီးသီးလက်မခံတဲ့ပြင် နောက်ဆုံး အန်အယ်ဒီကအမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တယ်။ အန်အယ်ဒီ ညီလာခံဆက်တက်လဲ အန်အယ်ဒီကိုယ်စားလှယ်အင်အားက ၁၂% သာရှိတာမို့ပြောခွင့်မရှိဘဲ နာမယ်ပျက်ရုံသာအဖတ်တင်မယ်။ ပုံ()ကို ကြည့်ပါ။
စစ်တပ်နဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု
စောစောကပြောတဲ့ အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကိုကြည့်ရင် စစ်တပ်ဟာအနာဂတ်နိုင်ငံရဲ့ အမျိုး သားနိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ပါကိုပါရမယ်။ ပါတာတောင် နောက်နားကမဟုတ်ဘူး။ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုကဏ္ဍမှာကို ပါရမယ်လို့ကနဦးထဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေစစ်အစိုးရက အဓမ္မဖိအားပေးခဲ့ တာပါ။ ဒါကြောင့် ကနေ့ အခြေခံဥပဒေ ၂၀၀၈ ကိုကြည့်ရင် လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅%  အဓမ္မ နေရာယူထားတာဖြစ်တယ်။
အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့အကဲဖြတ်မယ်ဆိုရင် အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင် ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကိုအခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေ သမျှ ဒီမိုကရေစီပန်းတိုင်ကိုမရောက်နိုင်တာထင်ရှားနေတယ်။
ဒါကြောင့် အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို မုချပင်ဖို့လိုတယ်။ ဒီအချက်ကိုပြင်မယ်ဆိုရင်လည်း 
လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅ပါဝင်ရေးကို ပြင်မှဖြစ်မယ်။ ဒေါ်စုနဲ့အန်အယ်ဒီ ဒီအချက်ကိုပြင်နိုင် မလားဆိုတာ အလေးအနက်စဉ်းစားရမှာဖြစ်တယ်။ အခြေခံကျတဲ့ဒီအချက်ကိုမပြင်ပဲ စစ်တပ်ကိုအာဏာ အလွန်အကျူးပေးထားတယ်အော်နေရုံနဲ့ အခြေခံဥပဒေ ၂၀၀၈ နဲ့ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် သွားနိုင်မှာ မဟုတ်ပါ။
နိုင်ငံရေးမှာ စစ်တပ်နဲ့လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ် တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့ အချက်ကိုလက်ခံတာနဲ့အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလို မျှော်လင့်ချက်တလွဲတွေပေးသလိုဖြစ်မယ်။
ပြင်လို့ရပါ့မလား
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ အခန်း ၁၂ မှာပါရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ အပိုင်းကိုကြည့်တဲ့အခါ ပြင်ဆင်ဘို့ခက်ခဲအောင် ဥပဒေတွေပြဌာန်းထားတာ တွေ့ရပါတယ်။ အထူးသဖြင့် စစ်တပ်ကို သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ပုဒ်မမျိုးတွေကို လုံးဝနီး ပါးပြင်လို့မရအောင် ပြဌာန်းထားတာတွေ့ရတယ်။
ဥပမာ ပုဒ်မ ၄၃၆ကိုကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုကို ပြင်ချင်သပဆိုရင်

၁။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့သဘောတူရမယ်-

၂။ ဒီပုဒ်မတွေပြင်ဘို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမယ်-

၃။ ဒြါ့ပင် မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာပြင်ရမယ်လို့ အဆင့်သုံးဆင့်ခွဲပြဌာန်းထားပါ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုထဲက တခုခုကိုပြင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး (စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့သဘောတူ ရမယ်ဆိုတဲ့အတွက် လက်တွေ့မှာစစ်တပ်ကိုထိခိုက်မယ့်ပုဒ်မကိုပြင်တာမို့ ၂၅ ရာနှုန်းစစ်သားအမတ် ၁၆၆ ဦးက သဘောတူမှာမဟုတ်ပါဘူး။ သဘောမတူတာထက် ဒီပုဒ်မ ၉၅ ခုကို ပြင်မယ်ဆိုရင် ကန့်ကွက်နိုင် အောင် စစ်ဗိုလ်အမတ် ၂၅% ကို တမင်လွှတ်တော်တွေမှာထဲ့ထားတာပါ။
တနည်းပြောရရင် စစ်ဗိုလ်အမတ်တွေရဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကလည်း သဘောတူမှာမဟုတ် ပါဘူး။ ဒါကြောင့် ကျန်တဲ့အရပ်သားအမတ် ၇၅% တင်းပြည့်ကျပ်ပြည့် အားလုံးထောက်ခံမယ်ဆိုရင်တောင် (လက်တွေ့မှာ မဖြစ်နိုင်) ပြင်လို့မရသေးဘဲ ၇၅% ကျော်ရမယ်ဆိုထားတဲ့အတွက် စစ်ဗိုလ်အမတ်ထဲက (အနည်းဆုံးတဦး) ထောက်ခံမှုရပါမှ ၇၅%ကျော်မှာဖြစ်ပါတယ်။
ဒါကြောင့် ၂၅% စစ်ဗိုလ်အမတ်တွေ လွှတ်တော်ထဲထားရတဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက် (Hidden agenda) က စစ်ခေါင်းဆောင်ပိုင်းကို တရားစွဲပြီးဒုက္ခပေးနိုင်တဲ့ပုဒ်မတွေပါတဲ့ ၉၅ ခုကို အရပ်သားအမတ် တွေ ရာသက်ပန်မပြင်နိုင်အောင်ကန့်ကွက်ဘို့အတွက် စနစ်တကျသင်္ချာနည်းနဲ့တွက်ပြီး လွှတ်တော်ထဲမှာ ထဲ့ထားတာဖြစ်တယ်လို့ တထစ်ချပြောနိုင်ပါတယ်။
ဒီ ပုဒ်မ ၉၅ ခုကိုသာပြင်နိုင်ရင် စစ်ခေါင်းဆောင်တွေ တချိန်ကကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို တရားစွဲခွင့်ရ သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပုဒ်မ ၉၅ ခုနဲ့ သူတို့စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်ကိုကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဒ်မတွေပြင်မယ့်သူမှန်သမျှ စစ်တပ်ရဲ့ရန်သူဖြစ်မှာသေချာနေ တယ်။ ဒေါ်စုဟာ စစ်တပ်ရဲ့ရန်သူဖြစ်အောင် ကြိုးစားမယ့်အနေအထားရှိသလား။ စစ်တပ်ကို စည်းရုံးနိုင်စွမ်းရှိ သလားဆိုတာ ဆန်းစစ်သင့်တယ်။
အခြေခံဥပဒေ ၂၀၀၈ ရဲ့ ပုဒ်မ ၄၅၇ ခုထဲက မပြင်နိုင်တဲ့ ပုဒ်မ ၉၅ ခုနှုတ်ရင် ပုဒ်မ ၃၆၂ ခုကျန်ပါတယ်။ ဒီနေ ရာမှာ ဒီပုဒ်မတွေကိုရော ပြင်နိုင်ခွင့်ရှိသေးတယ်ဆိုတဲ့သဘောလား။ ပြင်နိုင်ခွင့်ရှိတယ်ဆိုရင် ဘယ်လိုပြင်ရ မလဲဆိုတာလဲ မေးစရာဖြစ်တယ်။
ကျန်တဲ့ပုဒ်မ ၃၆၂ ခုထဲက တခုခု ပြင်ဆင်လိုတယ်ဆိုရင်
၁။ ဥပဒေမူကြမ်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို အရင်တင်သွင်းရမယ်။ ပြည်ထောင်စုလွှတ်တော်တခု လုံးရှိ စုစုပေါင်းကိုယ်စားလှယ်အားလုံးရဲ့ ၂၀% က တင်ပြမှသာ ဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် က လက်ခံဆွေးနွေးရမယ်လို့ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတယ်။
၂။ ဒါ့ပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ထောက်ခံမဲနဲ့သာပြင်ရမယ်လို့ ပြဌာန်းပါတယ်။
စစ်တပ်နဲ့မဆိုင်တဲ့ တခြားအခြေခံဥပဒေပုဒ်မတွေပြင်ချင်ရင် (လက်ရှိ လွှတ်တော်အမတ်ဦးရေအရ) ပြည်ထောင်စုလွှတ်တော်တခုလုံးရှိအမတ် ၁၃၁ ဦးက ပထမတင်ပြမှ လက်ခံဆွေးနွေးမှာဖြစ်ပါတယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်အမတ်အားလုံး(စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅% ကျော် (၄၉၄+=၄၉၅ ဦး) ရဲ့ ထောက်ခံဆန္ဒမဲနဲ့သာပြင်ဆင်ရမယ်လို့ ပုဒ်မ ၄၃၆()မှာ ပြဌာန်းထားပါတယ်။ ဆိုလိုတာက ကျန်တဲ့ပုဒ်မ ၃၆၂ ခုထဲက တခုခုပြင်ဆင်လိုတယ်ဆိုရင် စစ်ဗိုလ်အမတ် ၁၆၆ ဦး (၂၅%) ကို မစည်းရုံးနိုင်ခင် ၅၀% ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်အရပ်သားအမတ် ၃၂၇ ဦးလုံးရဲ့ ထောက်ခံမဲလိုပါတယ်။ ပြီးမှ စစ်ဗိုလ်အမတ် ၂၅% ကို စည်းရုံးရမှာဖြစ်ပါတယ်။ စစ်ဗိုလ်အမတ်ကလဲ ၁၆၆ ဦးလုံးသဘောတူရမယ်-အရပ်သားအမတ်ကလဲ ၃၂၇ ဦး (၅၀%) အားလုံးသဘောတူမှ ပြင်နိုင်တဲ့သဘောမို့ ဒါလဲ ပြင်ဘို့လွယ်ကူလှတယ်လို့ မပြောနိုင်ပါ။
ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိသလား
() တိတိကျကျပြောရရင် တိုင်းပြည်အရေးပေါ်အခြေအနေကြုံတဲ့အခါ အများထင်သလို ကာကွယ်ရေးဦးစီး ချုပ်က အာဏာသိမ်းရန်မလိုပါ။ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ တိုင်းပြည်မှာထိန်းမနိုင်သိမ်းမရဖြစ်ရင် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့တိုင်ပင်ပြီး အရေးပေါ်အခြေအနေ တနှစ်ကြေငြာနိုင် တယ်။
ပုဒ်မ ၄၁၈ အရ အရေးပေါ်အခြေအနေကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်အား အာဏာ ရပ်လွှဲအပ် ကြောင်းကြေငြာရမည်လို့ ပြဌာန်းပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်က အလုပ်ရှုပ်ခံအာဏာသိမ်းနေ စရာတောင်မလိုဘဲ အရေးပေါ်အခြေအနေကာလအတွင်း အခြေခံဥပဒေအရ သမ္မတကသာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ရပ်လွှဲပေးရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ထိုင်နေရုံပါဘဲ။
() ခုလို ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအလွန်အကျူးပေးထားတာကို ပြင်ချင်တယ်ဆိုရင်လည်း စောစောက ပြင်မရတဲ့ပုဒ်မ ၉၅ ခုအုပ်စုထဲမှာပါနေတာမို့ ပြင်ဖို့မဖြစ်နိုင်ပါ။ ဒီမှာတင် ဒီပြဌာန်းချက်ကိုလက်မ ခံနိုင်တဲ့အတွက်ဆိုပြီး ရလလဖ ခေါင်းဆောင်တချို့ အမျိုးသားညီလာခံကာလမှာ တောခိုခဲ့ပါတယ်။
အန်အယ်ဒီ(ဟောင်း)က အခြေခံဥပဒေ ဘယ်ပုဒ်မတွေကန့်ကွက်ခဲ့သလဲ
() ဖွဲစည်းပုံရေးဆွဲရာမှာ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံဦးတည်ချက် ချက် စစ်အစိုးရကသတ်မှတ်ပါ တယ်။ ဒီထဲမှာ အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ပါဝင် ထမ်းဆောင်ရေးဆိုတာကို အန်အယ်ဒီက ကန့်ကွက်တယ်။ (ပြင်မရတဲ့ပုဒ်မ ၉၅ အုပ်စုမှာပါပြီး) (ဒီအချက်ကို ဒေါ်စုက ဆက်ကိုင်စွဲမယ်ဆိုရင် စစ်တပ် ၂၅%  ကို ဒေါ်စုပြင်ရမှာဖြစ်တယ်။ စစ်တပ် ၂၅% ကို ပြင်လို့ရမရနဲ့ ပြင်ရင်ဖြစ်လာမယ့်အနေအထားကို အထက်မှာရှင်းခဲ့ပြီးဖြစ်တယ်)
() သမ္မတနဲ့ ဒုသမ္မတ အရည်အချင်းမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတာကို လက်မခံပါ။ (ဒီအချက်လည်း ပြင်မရတဲ့ပုဒ်မ ၉၅ ခုထဲမှာ ပါနေတယ်)
() လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅%  ထဲ့ထားတာကို ကန့်ကွက်ပါတယ်။ (နံပတ် ၁မှာ တပါ တည်း အကျုံးဝင်တယ်)
() ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုဒုဝန်ကြီးခန့်အပ်ခံရသူတွေကိုတော့ အမတ်အဖြစ်ကနှုတ်ထွက်ရမယ် လို့ အခြေခံဥပဒေကပြဌာန်းထားပီး လက်ရှိတာဝန်ထမ်းနေတဲ့ စစ်ဗိုလ်ချုပ်တွေသာခန့်ထားတဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနက ၀န်ကြီးတွေကျတော့ အမတ်အဖြစ်ကနှုတ်ထွက်ရန်မလိုဆိုတဲ့ ပုဒ်မ ၂၃၂ ()() ကိုလည်း ကန့်ကွက်ပါတယ်။
(ဒီ စစ်ဗိုလ်ဝန်ကြီး ပါးဟာ ရွေးကောက်ခံအမတ်မဟုတ်။ စစ်တပ်က တိုက်ရိုက်ခန့်တဲ့အမတ်တွေဖြစ်တယ်။ ဒါကြောင့် အခွင့်ထူးခံအနေနဲ့ စစ်တပ်ကဒီဝန်ကြီး ၃ပါးအတွက် အမတ်နေရာဆက်ယူထားတာဖြစ်တယ်။ တကယ်တော့ အန်အယ်ဒီက ဒီအချက်ကိုကန့်ကွက်လို့မရပါ။ တကယ်ကန့်ကွက်ရမှာ စစ်တပ်ကတိုက်ရိုက် ခန့်တဲ့ ၂၅% အမတ်တွေကို အခြေခံဥပဒေကဖယ်ရှားနိုင်အောင် ပြင်ဆင်ရေးကိုဦးတည်ရမှာ ဖြစ်တယ်။ ဒါကြောင့် အထက်က နံပတ် အချက်ကိုကန့်ကွက်ရင် နံပတ် ပါ အလိုလို ကန့်ကွက်ပြီးဖြစ်သွားတယ်။ တကယ်တော့ လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅% ထဲ့ထားတာကိုကန့်ကွက်ရုံနဲ့ မလုံလောက်ဘဲ ပြင်ဆင်နိုင်အောင်ကြိုးစားရမှာဖြစ်တယ်။ အဲသလိုမပြင်နိုင်ရင် ဒီမိုကရေစီပန်းတိုင်မရောက်နိုင်)
() ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးတွေအတွက် လျာထားတဲ့ တာဝန်ထမ်းဆောင်နေဆဲ စစ်အရာရှိစာရင်းကို ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားအမည်စာရင်းကို သမ္မတကရယူခြင်းဆိုတာကိုလည်း ကန့်ကွက်ပါတယ်။
() ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါတပ်မတော်သားဝန်ကြီး ဒုဝန်ကြီးတို့နှင့်ပတ်သက်လျင် သမ္မသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဆိုတာကိုလည်း ကန့်ကွက်ပါတယ်။
() အုပ်ချုပ်ရေးနဲ့စပ်လျဉ်းပြီး ပြည်နယ် တိုင်းဒေသကြီး ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင် စုတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမည်ဆိုတာကိုလည်း ကန့်ကွက်ပါတယ်။
() အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ၁၁မဲမှာ အများစု ၆ မဲကို စစ်တပ်က ယူထားတာကိုလည်း ကန့်ကွက်ပါတယ်။ (ဒါလဲ ပြင်မရတဲ့ပုဒ်မ ၉၅ ခုမှာ အကျုံးဝင်တယ်)
() တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲဆောင်ရွက်ခွင့်ရှိသည်ဆိုတာ လည်း ကန့်ကွက်ပါတယ်။
(၁၀) နိုင်ငံတွင်းရှိလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ကွပ်ကဲမှုအောက်မှာရှိရမယ်ဆိုတာ လည်း ကန့်ကွက်ပါတယ်။
(၁၁) အရေးပေါ်အခြေအနေပေါ်ပေါက်ရင် နိုင်ငံအာဏာကို ကာကွယ်ရေးဦးစီးချုပ်က ရယူသုံးစွဲခွင့်ရှိသည် ဆိုတာလည်း ကန့်ကွက်ပါတယ်။
(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တာကို ပြည်ထောင်စုလွှတ်တော်ရှိအမတ်အားလုံးရဲ့ ၇၅% ကျော်က ပြင်ဆင် ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုပြီး ပြင်ခွင့်မရအောင်သတ်မှတ်ထား တာကိုလည်း ကန့်ကွက်ပါတယ်။
အထက်ဖော်ပြပါ အခြေခံဥပဒေ ၂၀၀၈ ကန့်ကွက်ချက်တွေဟာ အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကနေ ၂၀၀၉  ခု ဧပြီ ၂၈-၂၉  မှာကျင်းပတဲ့ပြည်နယ်တိုင်းစည်းတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့တွေ့ ဆုံပွဲကိုတင်သွင်းတဲ့ အချက်တွေကို ကောက်နှုတ်ဖော်ပြခြင်းသာဖြစ်တယ်။
အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိနေတယ်လို့လတ်တလော ဒေါ်စုပြောနေတာတွေဟာ ဒီ ၁၂ ချက်ကို အခြေခံပြောနေသလား တခြားအချက်တွေကို ပြောနေသလားဆိုတာလဲ ရှင်းရှင်းလင်းလင်းမသိရပါ။ အခြေခံဥပဒေမှာ စစ်တပ် ၂၅% ပါနေတာကို ဒေါ်စုက ဦးတည်တောင်းဆိုရင် စောစောက အန်အယ်ဒီကန့် ကွက်ထားတဲ့ အခြေခံဥပဒေပါ ၁၂ ချက်က အလိုလိုအကျုံးဝင်ပြီး ဖြစ်တယ်။
သုံးသပ်ချက်
-အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိတယ်ဆိုတဲ့ ဒေါ်စု စကားဟာ မဲဆွယ်စကားလုံးထက်ပိုတဲ့ အဓိပ္ပါယ် မျိုးဆောင်တယ်ဆိုရင် ကြိုဆိုထိုက်တယ်။ ဒါပေမယ့် ပြည်သူအကျိုးမပြုတဲ့ ပုဒ်မတွေရှိနေတယ်လို့ ရောထွေးပြောမယ့်အစား ဒီမိုကရေစီနည်းမကျတဲ့ပုဒ်မတွေ undemocratic articles ဘာတွေဖြစ်တယ် ဆိုတာ တိတိကျကျထောက်ပြသင့်တယ်။
-အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့အကဲဖြတ်မယ်ဆိုရင် အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင် ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကိုအခြေခံတဲ့လွှတ်တော်နိုင်ငံရေးနဲ့သွားနေရင် ဒီမိုကရေစီပန်းတိုင်ကိုမရောက်နိုင်တာ ထင်ရှားနေတယ်။ ဒါကြောင့်အနာဂတ်နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး ကို ပြင်ရမယ်။ ဒါပြင်မယ်ဆိုရင် နောက်ထပ်အမျိုးသားညီလာခံတခုခေါ်မှဖြစ်မှာမို့ ဒေါ်စုနဲ့စစ်တပ် ထိပ်တိုက်ဖြစ်မယ်။ အဲသလိုထိပ်တိုက်ဖြစ်ရင် အာဏာသိမ်းတာမျိုးထိ ရောက်နိုင်တယ်။ ဒါကြောင့် လွှတ်တော်ထဲက စစ်ဗိုလ် ၂၅% ကိုဒေါ်စု စည်းရုံးနိုင်ဖို့လိုတယ်။
-လွှတ်တော်ထဲက စစ်ဗိုလ် ၂၅% ဆိုတာကလဲ ရွေးကောက်ခံအမတ်တွေမဟုတ်။ ကာချုပ်ကတိုက်ရိုက်ခန့် ထားသူတွေမို့ စိတ်မချရတဲ့စစ်ဗိုလ်အမတ်မှန်မျှကို ချက်ချင်းဖြုတ်ပြီးလူစားလဲခွင့်ရှိတာကို နားလည်ထားရင် လွယ်လွယ်စည်းရုံးလို့မရနိုင်ဆိုတာ ဒေါ်စုနားလည်ထားရမှာဖြစ်တယ်။
-ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့နေရာ ၄၀ လုံး အန်အယ်ဒီကနိုင်မယ်ဆိုရင်တောင် ပြည်သူ့လွှတ် တော်မှာ အန်အယ်ဒီရဲ့ပြောရေးဆိုခွင့်က အများဆုံး ၉ထိက မပိုနိုင်တာမို့ဒေါ်စုရဲ့အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးဟာဆောင်းအိပ်မက်လို့ လွှင့်ပါးပျောက်ကွယ်သွားမယ်။
-ဒီအတောအတွင်း ဒေါ်စုကို လွှတ်တော်အမတ်ဖြစ်ကနေဖြုတ်ချဖို့ ကြံ့ဖွံ့ပါတီဘက်က အချိန်မရွေးကြိုးပမ်း လာနိုင်တယ်။ (ဒေါ်စုကို အမတ်မဖြစ်အောင်ဖြုတ်ချနိုင်တဲ့ပုဒ်မတွေ ရွေးကောက်ပွဲဥပဒေမှာရော အခြေခံ ဥပဒေမှာပါရှိနေဆဲဖြစ်တယ်။) အဲသလိုဖြစ်လာရင် အန်အယ်ဒီပါတီပါ ရေစုန်မျောသွားနိုင်တယ်။ (အသေး စိတ်ကို သီးခြားဆောင်းပါးရးပါမယ်)
-အမတ်အဖြစ် ဆက်ရပ်တည်ခွင့်ရမယ်ဆိုရင်လဲ ဒေါ်စုရဲ့နိုင်ငံရေးအကျပ်အတည်းက ကြီးမားတယ်။ အခြေခံ ဥပဒေမှာ စစ်တပ်ကိုအာဏာအလွန်အကျွံပေးထားတဲ့အချက်တွေမပြင်နိုင်ရင် ပေးထားတဲ့ကတိပျက်ပြီး သိက္ခာကျမယ်။
-လက်ရှိ ဒီမိုကရေစီနည်းမကျတဲ့အခြေခံဥပဒေ ၂၀၀၈ အတိုင်းမျောလိုက်သွားရင်လည်း ဒေါ်စုကြွေးကြော် ထားတဲ့ ဒီမိုကရေစီပန်းတိုင်နဲ့ဆန့်ကျင်ဘက်ကို သွားနေသလိုဖြစ်မယ်။ လူထုကို တလွဲမျှော်လင့်ချက်ပေး ခေါ်သွားသလိုဖြစ်မယ်။
-နိုင်ငံရေးမှာ စစ်တပ်နဲ့လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လည်း လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ်နိုင်ငံတော် ၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့ အချက်ကိုလက်ခံတာနဲ့အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင်သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလိုဖြစ်ပြီး မျှော်လင့်ချက်တလွဲတွေပးသလိုဖြစ်မယ်။
-အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးရှုထောင့်ကနေကြည့်ရင် အန်အယ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးလည်း အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်သလို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၄၆ နေရာလုံးနိုင်လည်း လွှတ်တော်တွင်းအတိုက်အခံ တည်ဆောက်နိုင်အောင် အင်အားမရှိတဲ့အတွက် အရှုံးနဲ့သာရင်ဆိုင်ရမှာဖြစ် တယ်။
(ယူတာကဒီနေရာက) http://www.facebook.com/notes/swe-swe-kyi/ဘာပြင်မှာလဲ-ဒေါ်အောင်ဆန်းစုကြည်/166727930106461

0 comments:

Post a Comment