Wednesday, August 15, 2012

”ဗိုလ်ချုပ်ကြီးသူရတင်ဦးကာကွယ်ရေးဦးစီးချုပ်အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ”

0 comments

တိုက်ပုံနက်၊ မျက်မှန်နှင့် ဘယ်အစွန်လူ။
ဗိုလ်ချုပ်ကြီးသူရတင်ဦး ကာကွယ်ရေးဦးစီးချုပ် အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ
တစ်ချိန်က မြန်မာ့တပ်မတော်၌ ဒုတိယဗိုလ် အဆင့်မှစတင်ကာ မြန်မာနိုင်ငံ၏ ()ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်အထိ အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သော လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦး အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း (၁၉၇၆) ခုနှစ် မတ်လ (၆) ရက် ရက်စွဲပါ နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမှတ်(၂၆/၇၆)အရ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် (--၇၆) မှစတင်ကာ နှုတ်ထွက်ခွင့်ပြုကြောင်း (က-က-ထူး) (၂၀) ရာထူး()ဖြင့် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရပြီး နှုတ်ထွက်ခဲ့ ရသည့်အကြောင်းအရင်းအား ထိုစဉ်က နိုင်ငံပိုင်သတင်းစာအချို့နှင့် (၁၉၉၀) နောက်ပိုင်းထုတ်ဝေခဲ့သော တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်းစာအုပ်၌ဗိုလ်ချုပ်ကြီးတင်ဦး၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်တင်မိုးလွင်အနေဖြင့် လူကြီးမိသားစုလိုက်နာရမည့် စည်းမျဉ်းများကိုထိပါးမှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကိုပါကျူးလွန်ခဲ့သည့်အတွက် တာဝန်မှရပ်စဲသည့်အပြင် ထောင်ဒဏ်() နှစ်ပါကျခံစေရန် ချမှတ်အတည်ပြုခဲ့ကြောင်း” ရေးသားပါရှိခဲ့သည်။

ဦးနေ၀င်းအစိုးရမှကြေညာသကဲ့သို့ ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး၏ဇနီးသည် လူကြီးမိသားစုလိုက်နာရမည့် စည်းမျဉ်းများအားထိပါးခဲ့ခြင်းရှိ မရှိ၊ ဗိုလ်ချုပ်ကြီးသူရတင်ဦးသည်လည်း နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးနှင့်စပ်လျဉ်း၍ ထိန်ချန်မှုကိုကျူးလွန်ခဲ့ခြင်းရှိမရှိ သမိုင်းဖြစ်ရပ်အမှန်များအား ဗိုလ်ချုပ်ကြီး သူရတင်ဦးအားတွေ့ဆုံမေးမြန်းခဲ့ရာ

မေး- ဦးနေ၀င်းရဲ့အစိုးရက ကာကွယ်ရေးဦးစီးချုပ်ရာထူးကမဖယ်ရှားခင် ဘဘနဲ့ဦးနေ၀င်းနဲ့ကြားမှာ အဖုအထစ်တွေဘာတွေများရှိခဲ့ဖူးပါသလား။ အဲ့ဒီ အဖုအထစ်လေးတွေရှိမယ်ဆိုရင် သိပါရစေ။

ဖြေ- ပြောရရင် ဦးသန့်အရေးအခင်းတုန်းက ဦးသန့်အလောင်းကို ဟိုကနေပြီး အရုပ်ကလေးလို လှလှပပလေးလုပ်ပြီး ဒီကိုပို့လာတယ်။ ဒီမှာ ကျောင်းသားတွေ၊ ပြည်သူလူထုက ကြိုဆိုကြတာပေါ့။ ဒါပေမယ့် အစိုးရဘက်က လုံးဝမကြိုက်ဘူး။ အဲ့ဒီတုန်းက ဦးစန်းယုတို့ဘာတို့အပါအ၀င် ၀န်ကြီးတွေ (၁၄)ယောက်လောက်က ဦးသန့်အလောင်းကိုခမ်းခမ်းနားနားနဲ့ကြိုဖို့ သဘောတူညီချက်ရတယ်။ အဲ့သလို သဘောတူညီချက်ရပြီး ဦးစန်းယုက ဦးနေ၀င်းကိုသွားပြောတယ်။နိုင်ငံ့ဂုဏ်ဆောင်ခေါင်းဆောင် တစ်ယောက်ကို ခမ်းခမ်းနားနားကိုကြိုဆိုမယ်”ဆိုပြီးတော့ ဒီတော့ ဦးနေ၀င်းကပြောတယ်။မင်းတို့ လုပ်ချင်လုပ် ငါတော့မလုပ်ဘူး”ဆိုပြီး ပြောလိုက်တယ်။ သူ မလုပ်တော့ အခြေအနေတွေကအရမ်းဆိုးတယ်။ ပြီးတော့ ဦးသန့်အရေးအခင်းဖြစ်တုန်းမှာ ကျောင်းသားနဲ့လူထုအော်တာမကောင်းဘူး။ ဘာလဲဆိုတော့နေ၀င်းစန်းယုကျဆုံးပါစေ၊ တင်ဦးစိန်ဝင်း ကျန်းမာပါစေ”၊ ကိုစိန်ဝင်းဆိုတာ ၀န်ကြီးချုပ်ပါ။ ဘဘအနေနဲ့ကလည်း ဦးနေ၀င်းကို ခဏခဏပြောဖူးတယ်။ကျွန်တော်တို့ ဒီလိုနေရာတွေ၊ ရာထူးတွေရလာတာ ကျွန်တော်တို့တော်လို့တတ်လို့ ရောက်လာတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ကျေးဇူးနဲ့ ရောက်လာတာပါ။ ကျွန်တော်တို့မှာ ပြောစရာတွေရှိရင် ပြောပါ။ ပြင်ပါမယ်။ လိုအပ်ရင် တပ်မတော်က ထုတ်ပစ်ပါလို့”တောင် ခဏခဏပြောခဲ့ဖူးတယ်။

မေး- ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အချိန် တိုင်းပြည်မှာ မာရှယ်လောလည်းထုတ်ထားတဲ့အချိန်လည်း ဖြစ်နေတော့ ဘဘတပ်ကရဲဘော်တွေက ဦးနေ၀င်းရဲ့သား ကိုဖြိုးဆံပင်ကိုဖြတ်ပြီး တချို့လွန်တဲ့စကားတွေ ပြောခဲ့တာကို ဦးနေ၀င်းကတော်တော်စိတ်ဆိုးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အဖြစ်အပျက်လေးကိုလည်း သိပါရစေ။

ဖြေ- အဲဒီတုန်းက (၁၉၇၅) လောက်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန်။ ဒီရန်ကုန်တက္ကသိုလ် သမ ဆံပင်ညှပ်ဆိုင်မှာ ဦးနေ၀င်းရဲ့သား ကိုဖြိုးရဲ့ဆံပင်က ပခုံးနားထိရှည်တယ်။ အဲ့သလို ဆံပင်လာညှပ်တာကို ဘဘတပ်က ရဲဘော်တွေကတွေ့ပြီး "ဒါလမ်းသရဲပုံ"တဲ့။ အဲ့ဒါကို "တိုတိုညှပ်လိုက်"လို့ပြောတယ်။ ဒီတော့ ကိုဖြိုးက သူက "သမ္မတကြီးဦးနေ၀င်းရဲ့သားပါ"လို့ ပြန်ပြောတယ်။ အဲ့ဒီမှာ ရဲဘော်တွေကလည်း "ခု စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အချိန်"..တဲ့။ "တိုင်းပြည်ကို မင်းအဖေသမ္မတကြီးအုပ်ချုပ်နေတာ မဟုတ်ဘူး"..တဲ့။ ”ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ကြီးတင်ဦး အုပ်ချုပ်နေတာ”...တဲ့။ စစ်တပ်ဆိုတော့ ကိုဖြိုးကလည်း ကြောက်တာပေါ့။ အဲ့ဒါ အိမ်ပြန်ရောက်တော့ သူ့အဖေကိုတိုင်၊ သူ့အဖေက ဘဘကိုချက်ချင်းခေါ်တော့တာပဲ။ အဲ့ဒီညမှာ အခြေအနေက တော်တော်ဆိုးတယ်။ ဘဘတို့ လူကြီးအိမ်တွေမှာ လူကြီးအိမ်အချင်းချင်း ဆက်သွယ်ထားတဲ့စကားပြောစက်ကနေပြီးတော့ ဦးနေ၀င်းအသံကြီးထွက်နေတာကို အိမ်က သားက လာပြောလို့ သွားနားထောင်တော့ ဘဘကို ခ်ါတာဖြစ်နေတယ်။တင်ဦးကိုခေါ်လိုက်-တင်ဦးကိုခေါ်လိုက်” ဆိုပြီး အဲ့ဒါနဲ့ ဘဘလည်း ချက်ချင်း သူ့အိမ်ဘက်ရောက်လာတာပေါ့။ သူ့အိမ်ရောက်သွားတော့ သူဆင်းလာတယ်။ နှာခေါင်းက နှာရည်တွေထွက်ပြီး မျက်နှာကလည်း နီနေတယ်။ စကားလည်း တစ်လုံးမှမပြောဘူး။ မတ်တပ်ပဲရပ်နေတယ်။ သူကမှ ပေးမထိုင်တာ ကိုယ်က ဘယ်ထိုင်လို့ရမလဲ။ အဲ့ဒါသူက "ဟေ့ကောင်ထိုင်"..တဲ့ ပြီးတော့ ဘဘကိုမင်းကြားပြီးပြီလား။ မင်းတပ်ကကောင်တွေငါ့သားကို လုပ်လိုက်တာလေ”..တဲ့။ ဘဘကလည်း အဲ့ဒီအကြောင်းကိုမသိတော့ဘယ်လုပ်လိုက်လို့ပါလဲ”..ဆိုတော့ငါ့သားဆံပင်သွားညှပ်တဲ့ဟာကို မင်းတပ်ကကောင်တွေက လမ်းသရဲဆိုပြီး ဆံပင်ကိုဖြတ်လိုက်တယ်။ ပြီးတော့ မင်းကောင်တွေ ပြောသွားတဲ့စကားကမကောင်းဘူး။ ဒီမှာ မင်းအဖေ သမ္မတကြီးဦးနေ၀င်း အုပ်ချုပ်နေတာမဟုတ်ဘူးတဲ့။ တစ်တိုင်းတစ်ပြည်လုံးကို ဗိုလ်ချုပ်ကြီးတင်ဦးအုပ်ချုပ်နေတာတဲ့။ အဲ့ဒီ စကားအရမ်းဆိုးတယ်”...တဲ့။ ဘဘကလည်း ဦးနေ၀င်းကိုကျွန်တော့်မှာ ဒီစိတ်မျိုးမရှိပါဘူး။ သိလည်းမသိခဲ့ပါဘူး”...လို့ပြောတယ်။ အဲ့ဒီမှာသူက တေးထားတယ်။ နောက်အပြစ်ရှာတယ်။ ဒါပါပဲ။

မေး- ဘဘအပြစ်ရှာတယ်ဆိုတော့ ဘယ်ပုံစံမျိုးနဲ့ အပြစ်ရှာခဲ့တာလည်းသိပါရစေ။

ဖြေ- အမှန်တော့ ဘဘ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အချိန်ကပါ။ ကြာလည်း ကြာပါပြီ။ ဘဘကို ထောက်လှမ်းရေးကလူတွေပဲ လာကန်တော့ကြတာ။ ဘဘတို့နဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ စည်းမျဉ်းအရ ရသမျှလက်ဆောင်တွေကို အထက်ကိုစာရင်းနဲ့တကွ အတိအကျပြန်အပ်ရတယ်။ အဲ့ဒီတုန်းက ထောက်လှမ်းရေးက ဘဘကို လာကန်တော့တာ အခင်းပြားလေးပါ။ အဲဒါ ဘဘက ”ဟေ့ကောင်တွေ မင်းတို့ပေးတာကို ငါက အထက်ကိုစာရင်းနဲပြန်အပ်ရမှာ” အဲ့ သလိုပြောတော့ သူတို့ကဒီရေချိုးခန်း အခင်းက ဟောင်ကောင်က။ ဒါကြောင့် ဆရာ့ကို ကန်တော့တာပါ။ အထက်လည်းမတင်ပါနဲ့။ ကျွန်တော်တို့ ပြေလည်အောင် လုပ်ပေးမယ်”...လို့ပြေတယ်။ အဲ့ဒါ ဘဘ အမျိုးသမီးကလည်းသူတို့ပိုက်ဆံပေးပြီး ၀ယ်တာနော်”...ဆိုပြီးနေလိုက်တာ အဲ့ဒါကို ပြန်အပြစ်ရှာပြီး ဦးနေ၀င်းကတင်ဦး မင်းကစည်းမျဉ်းစည်းကမ်းကို ထိပါးတယ်။ ထွက်”...တဲ့ အဲ့သလိုအပြစ်ရှာခဲ့တာပါ။

မေး- ပြီးတော့ အဲ့သလို ရာထူးကနေ ဘဘကို ဖယ်ရှားပြီးတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုမှာ ထိန်ချန်မှုကိုကျူးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် ()နှစ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်ဟာကို အခြေခံပြီးတော့ ဘဘကို ပုန်ကန်မှုကိုထိန်ချန်ခဲ့တယ်လို့ စွပ်စွဲခဲ့ရတာလဲသိပါရစေ။

ဖြေ- သြော်..အဲဒါက ဘဘကိုရာထူးကနေဖယ်ရှားပြီးတော့ တိုင်းမှူးတွေကလာပြီးမခံဘူး။ ချမယ်”..ဆိုပြီး လုပ်ပါလေရော။ ဘဘကို သူတို့ကဗိုလ်ချုပ်မခံဘူး။ ကျွန်တော်တို့ချမယ်” ဒီတော့ ဘဘလည်းမင်းတို့ကလည်းတစ်မျိုး”...အဲ့ဒါ သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ်လိုက်တယ်။ အဲဒါကို ဦးနေ၀င်းကိုသိရဲ့သားနဲ့မပြောဘူး။ ပုန်ကန်မှုကိုထိန်ချန်တယ်”...ဆိုပြီး ထောင်ခုနစ်နှစ်ချလိုက်တယ်။

မေး- ဘဘကို ဖယ်ရှားခဲ့သလို -- ခေတ်က ကျန်အရာရှိကြီးတွေကိုလည်း ဦးနေ၀င်းအနေနဲ့ ဖယ်ရှားခဲ့တာမျိုးရှိပါသလား။

ဖြေ- သူလုပ်ခဲ့တဲ့အထဲမှာ ဘဘအပြင် ၀န်ကြီးဦးရွှေ၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ်မှူးကြီးစိန်မြ၊ ဗိုလ်မှူးကြီး တန်ယုဆိုင် ပြီးတော့ ဗိုလ်မှူးကြီးစံဝင်း အဲ့ဒီထဲက ဦးရွှေဆိုရင် အဲဒီတုန်းကသူက သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး သူ့သားက အလုပ်ကိစ္စနဲ့ဂျပန်သွားတယ်။ ဂျပန်ကလည်း ၀န်ကြီးသားဖြစ်တဲ့အတွက် သေသေချာချာ ကြိုဆိုတယ်။ သူကလည်း ဟိုရောက်တော့ အလုပ်လလေးဘာလေးလုပ်ဖို့ အတွက်ပေါ့နော်။ သူကလည်း သူ့အစီအစဉ်နဲ့သူ အလုပ်လုပ်ဖို့။ အဲ့ဒါ ဂျပန်မှာ နေရာလေးဘာလေးပဲ စီစဉ်ခိုင်းတာ။ အဲ့သလို သူ့သား လုပ်တာကိုဦးရွှေရဲ့အရှိန်ကိုသုံးတယ်” ပြီးတော့ အဲ့ဒါကို ဦးနေ၀င်းကလာဘ်ပေးလာဘ်ယူနွယ်တယ်။ ကိုယ်ရေးကိုယ်တာနွယ်တယ်၊ အဲ့ဒါမင်းထွက်”...တဲ့။ ၀န်ကြီးဦးရွှေကို အဲ့သလိုစွပ်စွဲပြီး တရားစွဲ။ အဲ့ဒီမှာ တရားရုံးကစစ်ဆေးတော့လည်း ဘာမှအပြစ်မရှိဘူးဆိုတာ ပြောတာပဲ။ တရားရုံးက လုံးဝအပြစ်မရှိဘူး ဆိုတာဆုံးဖြတ်ပြီးအမှုလွှတ်လာတာပဲ။ ဒါပေမယ့် ဦးနေ၀င်းက ”ပျက်သွားတဲ့ကြိုး ပြန်ဆက်ရင် အဖုအထုံးဖြစ်တယ်”အဲ့ဒါ မင်းထွက်”..ဆိုပြီးဖယ်လိုက်တာပဲ။ နောက်တစ်ယောက်က ကိုစံဝင်း။ ဘဘတို့ မဆလခေတ်တုန်းက ၀န်ကြီးဌာနတွေက အစိုးရတွေဆီကငွေချေးတဲ့အခါ ပြန်ဆပ်ရင် အမြတ် တစ်ကျပ် ပို့ပေးရတယ်။ တစ်ရာချေးရင် တစ်ရာ့တစ်ကျပ်ပေါ့နော်။ အမြတ်ကြိုက်သလောက်များ။ ဒါပေမယ့် တစ်ကျပ်အောက်တော့ လျှော့လို့မရဘူး။ အဲ့ဒီတုန်းက ကုန်သွယ်ရေးဝန်ကြီး ဦးစံဝင်းက လာမယ့် ဒီဇင်ဘာခရစ်စမတ်မှာ ကပွဲသဘောမျိုးလေးလုပ်ပြီး ပိုက်ဆံရှာမယ်ပေါ့။ အဲ့ဒါကို ၀န်ကြီးများအဖွဲ့ ကက်ဘိနက်အစည်းအဝေးကိုတင်ပြတော့လည်း ခွင့်ပြုတယ်။ အဲ့ဒါလုပ်တာက အင်းယားလိတ်မှာလုပ်တယ်။ အဲ့ဒါ သူ့အိမ်နဲ့လည်း နီးတယ်။ အဲဒီမှာ ဒီခရစ်စမတ်ပွဲကို သူ့သမီးတွေကိုမသွားဖို့သူက တားထားတယ်။ ဒါပေမယ့် သူ့သမီးတွေက သူမသိအောင် ခိုးထွက်ပြီးလာတာ ဦးနေ၀င်းသိလည်းသိရော သူ့တပည့်တွေခေါ် ဂျစ်ကားနဲ့သွားပြီးတော့ ကပွဲဝိုင်းမှာ ၀ိုင်းရိုက်ပါလေရော။ ”သမ္မတနဲ့လူကြမ်းအဖွဲ့”ဆိုတာ ကြားဖူးမှာပေါ့။ ဦးနေ၀င်းကိုယ်တိုင်ခေါင်းဆောင်ပြီး ၀င်ရိုက်တာတို့ ပစ္စည်းတွေရိုက်ချိုးတာတို့လုပ်။ အဲ့သလိုဖြစ်တုန်း ကလည်း လူထုက သိပ်ဘ၀င်မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ဒီကိစ္စ မင်းမှာတာဝန်ရှိတယ်”..ဆိုပြီး ကိုစံဝင်းကို ဖယ်လိုက်တာပါတဲ့။ ကိုစံဝင်းကိုယ်တိုင်လည်း ၀န်ကြီးများအဖွဲ့ခွင့်ပြုချက်နဲ့လုပ်ခဲ့တာပဲလေ။
မေးခွန်းများအား အထက်ပါအတိုင်း ပြန်လည်ပြောကြားပေးသွားခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည်
(၂၆--၁၉၄၆) ခုနှစ်မှစတင်ကာ ဒုတိယဗိုလ်အဆင့်မှစ၍ တာဝန်အသီးသီး ဒေသအသွယ်သွယ် တာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၇၆) ခုနှစ် မတ်လ ()ရက်နေ့၌ နိုင်ငံတော်ကော်စီ၏ကြေညာချက်အရ ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ ရပ်စဲခြင်းခံခဲ့ရပြီး ပြန်လည်တည်တော်လှန်ရန် လာရောက်ပြောကြားသော တိုင်းမှူးများအား ဖျောင်းဖျ၍ ငြိမ်းငြိမ်းချမ်းချမ်းနေရန် ပြောဆိုလွှတ်လိုက်သော်လည်း အထက်သို့ တင်ပြခြင်းမရှိခဲ့သည်ဟုဆိုကာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုအား ထိန်ချန်ခဲ့သည်ဟုစွဲချက်တင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၄) အရ အလုပ်နှင့်ထောင် ဒဏ် ()နှစ်ကျခံစေ၇န် (၁၁--၇၇) တွင် ဦးအုံးမောင် (တိုင်းတရားသူကြီးအဖွဲ့မှ) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တရားစီရင်ရေးအဖွဲ့မှ အပြစ်ကျခံစေရန်အမိန့်ချခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်ဦး၏ အယူခံတင်သွင်းချက်အားလည်း ဦးစိုးလှိုင်
(ပြည်သူ့တရားသူကြီးအဖွဲ့အဖွဲ့ဝင်မှ) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဗဟိုတရားစီရင်ရေးအဖွဲ့မှ(၂၀--၇၇) တွင်ပယ်ချခဲ့ပြီး အမိန့်နှင့်ပြစ်ဒဏ်များကို အတည်ပြုခဲ့သည်။

ခန့်ခန့် (မောရ၀တီ)
Hot News Weekly
(ယူတာကဒီနေရာက) http://www.facebook.com/photo.php?fbid=231164387006872&set=a.141443935978918.24474.100003399387424&type=1&theater

0 comments:

Post a Comment