Wednesday, August 8, 2012

၈၈၈၈ အပေါ်သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့စံတခုဖြစ်တယ် (ရဲဘော်ဖိုးသံချောင်း)

0 comments
နယူးဒေလီ (မဇ္ဈိမ) ။       ။ ၈၈၈၈ ခေါ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံပေါ်ပေါက်လာချိန်သည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)၏ တပါတီအာဏာရှင်စနစ်ဖြင့် တိုင်းပြည်အားအုပ်ချုပ်နေချိန်ဖြစ်သည်။ တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆိုအုံကြွကြသည့်ယင်းကာလမတိုင်မီ နိုင်ငံရေးပါတီဟူ၍ မြို့ပေါ်တွင် မဆလ၊ တောထဲတွင် ဗကပ ဟူ၍သာရှိခဲ့သည်။

ပြည်သူလူထုကြီး၏ ထိုအရေးတော်ပုံအား စစ်တပ်မှအကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အာဏာသိမ်းလိုက်သည်။ အာဏာသိမ်နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) စစ်ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့က ၎င်းတို့၏အကြိမ်ပေါင်းရာနှင့်ချီကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ထို ၈၈၈၈ အရေးတော်ပုံကြီးအား ဗကပ များ သွေးထိုးမြှောက်ပင့်၍ ဖြစ်လာရပြီး ဗကပ များ၏ နိုင်ငံတော်အာဏာသိမ်းပိုက်ရေးအကြံအစည်အဖြစ်ပုံဖော်ကာ စာအုပ်စာတမ်းများရောင်စုံထုတ်ဝေဖြန့်ချိခဲ့ကြသည်။

ထို့ကြောင့် ထို ၈၈၈၈ အရေးတော်ပုံကာလ ဗကပ ၏ အခန်းကဏ္ဍ၊ ၂၄ နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအပေါ်သုံးသပ်ချက်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့်နှိုင်းယှဉ်ချက်တို့ကိုသိရှိနိုင်ရန်အတွက် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္ဈိမကဆက်သွယ် မေးမြန်းထားသည်။

၈၈၈၈ အရေးအခင်းကို ဗကပတွေသွေးထိုးတာလို့ အာဏာသိမ်းအစိုးရက ပြောကြ၊ သတင်းစာရှင်းကြ၊ မှတ်တမ်းစာအုပ်တွေထုတ်ကြပါတယ်။ ဒီလိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗကပ အနေနဲ့ ဘယ်လိုတုန့်ပြန်လိုပါသလဲ။
ဖြေ။   ။ ၈၈၈၈ အရေးတော်ပုံကြီးဟာ ပြည်သူတရပ်လုံးရဲ့အရေးတော်ပုံကြီးပါ။ ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေကို ပြည်သူလူထုကြီးက တောင်းဆိုတိုက်ပွဲဝင်ကြတာပါ။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် တဦးတယောက်ကမှ ဒါ ငါတို့လုပ်တာ၊ ငါတို့လက်ရာလို့ အမှတ်မယူနိုင်ပါဘူး။ နောက်ပြီး ဒီ အရေးတော်ပုံကြီးဟာ သူ့ရှေ့ကပေါ်ခဲ့တဲ့ ၇ ရက် ဇူလိုင် အစချီတဲ့တိုက်ပွဲတွေနဲ့လည်း ဆက်နေပါတယ်။ ခွဲလို့မရပါဘူး။ ဒီအရေးတော်ပုံကြီးမှာ ဗကပဟာ သူတတ်နိုင်တဲ့အခန်းက အစွမ်းကုန်ပါဝင်ခဲ့ပါတယ်။ ပေးဆပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။ ဗကပသမိုင်းမှာ ဘယ်သူ့ကိုမှသွေးမထိုးခဲ့ပါဘူး။ ကိုယ့်သဘောထားကိုရှင်းပြခဲ့တာပဲရှိပါတယ်။ သွေးထိုးတယ်ဆိုတာက ၈၈၈၈ အရေးတော်ပုံတုန်းက ဆန္ဒပြကြသူတွေအကြားရှုပ်ထွေးအောင် ထောက်လှမ်းရေးကလုပ်တဲ့ မြှောက်ပေးနည်းမျိုးကိုသာ ပြောနိုင်ပါတယ်။ ဒီပဲယင်းအရေးတော်ပုံတုန်းကလည်း အရက်ကိုးမောင်းတိုက် သွေးထိုးခဲ့ပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့ တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေး ပါဘူး။


၈၈၈၈ အရေးတော်ပုံကို ၁၃၅၀ ပြည့်အရေးတော်ပုံ လို့လည်းခေါ်ကြပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ဒီ ၁၃၅၀ ပြည့်အရေးတော်ပုံနှစ်ခု တူညီချက်တွေနဲ့ထူးခြားချက်တွေ နှိုင်းယှဉ်ပြပေးပါ။
ဖြေ။  ။ ဗကပအနေနဲ့ ၁၉၈ဝ စုနှစ်များအစပိုင်းကစပြီး ၁၃ဝဝ ပြည့်နှစ်စိတ်ဓာတ်ကိုပြန်ဖော်ထုတ်ဖို့ လှုံ့ဆော်ခဲ့ ပါတယ်။ မြေအောက်ပုံစံနဲ့ပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံ မှာပါဝင်ခဲ့ဖူးသူတွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ အပြင် စာပေအနုပညာသည်တွေ၊ ကျောင်းသားခေါင်းဆောင်ဟောင်းတွေဆီကို လှမ်းဆက်သွယ်ပြီး ၁၃၀၀ ပြည့်နှစ်တုန်းကလိုပဲ တပြည်လုံးသွေးစည်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြဖို့တင်ပြခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံတို့ရဲ့တူညီချက်နဲ့ မတူညီတဲ့အချက်တွေကိုပြောရရင် တချက်က ၁၃ဝဝ ပြည့်အရေးတော်ပုံဟာဖြစ်ပေါ်ပြီး ကိုးနှစ်အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့တာတောင်မှ အသီးအပွင့်တွေကိုမမြင်ရသေးပါဘူး။
ငွေရတုပြည့်လုလု ၂၄ နှစ်အကြာမှာ ဒီ ၈၈၈၈ အရေးတော်ပုံအပေါ် ဘယ်လိုသုံးသပ်မိပါ သလဲ။ ရည်မှန်းချက်ကို ဘာ့ကြောင့်မရောက်နိုင်သေးရသလဲ။
ဖြေ။   ။ ၁၃ဝဝ ပြည့်အရေးတော်ပုံကာလတုန်းက နိုင်ငံကြီး 
ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာလို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါ တယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ
မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။

တွေဟာဒုတိယကမ္ဘာစစ်နဲ့ အကုန်အလုပ်များနေကြတာပါ။ သူများနိုင်ငံအရေးကို ဝင်မရှုပ်နိုင်ကြပါဘူး။ ဒီတော့ ဗမာပြည်သူတွေဟာ အင်္ဂလိပ်အခက်-ဗမာ့အချက်ဆိုတဲ့ ကြွေးကြော်သံကိုတင်ပြီး ကိုယ့်လွတ်လပ်ရေးအတွက် ကိုယ်လုပ်ခဲ့နိုင်ကြပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ ပြီးတဲ့အခါနဲ့ ဆိုဗီယက်အုပ်စုပြိုကွဲတာ၊ စစ်အေးစစ်ပွဲပြီး ဆုံးတာနဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒီတော့ နိုင်ငံကြီးတွေ သြဇာခံနယ်ပယ် အလုအယက်စည်းရုံးတိုးချဲ့နေတာနဲ့ ကြုံရပါတယ်။ ဒီအထဲမှာ ဗမာပြည်ဟာလည်း သီးခြား ကင်းလွတ်နေတာ မဟုတ်ပါဘူး။ နောက်တချက် ပြောသင့်တာက ၁၃ဝဝ ပြည့်အရေးတော်ပုံတုန်းက တိုက်ပွဲဝင်သူတွေအကြားမှာ တူညီတဲ့ဘုံလမ်းစဉ် ရှိခဲ့ပါတယ်။ နောက်ပြီး အမျိုးသားညီညွတ်ရေးလည်း ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပြောင်းပြန် ရှစ်လေးလုံးနောက်ပိုင်းမှာ တိကျတဲ့ဘုံလုပ်ငန်းစဉ်မရှိဘဲ သူတလူငါတမျိုး ဖြစ်နေခဲ့ပါတယ်။ တဆက်ထဲ အမျိုးသားညီညွတ်ရေးလည်း လျော့ရဲခဲ့ပါတယ်။
၈၈၈၈ နှစ်ပတ်လည်မှာ ဖြည့်စွက်ပြောလိုတာများ ရှိရင်ပြောပါ။
ဖြေ။   ။ အထက်မှာပြောခဲ့သလိုပဲ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ အောင်ပွဲမရသေးပါဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာရှုံးနိမ့်သွားပြီလို့ မဆိုနိုင်ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေဟာ ဒီနေ့အခါမှာလည်း တောင်းဆိုတိုက်ပွဲဝင်ရမယ့်တောင်းဆိုချက်တွေ ဖြစ်မြဲဖြစ်နေပါသေးတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပေါ် သစ္စာရှိမရှိဆိုတာ ဒီနေ့ နိုင်ငံရေးလုပ်သူတွေကိုတိုင်းတာမယ့်အရေးကြီးတဲ့ စံတခုဖြစ်ပါတယ်။ ဒီနေ့အခါမှာ ဦးသိန်းစိန်အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည်အခမ်းအနားကို ငွေလှူတာလိုအပေါ်ယံဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံးအလံကိုတောင်အပိုင်စီးတာ လုပ်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အဓိကအကျဆုံးစိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုတာ မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေထဲကဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင်လုပ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် ကျောင်းသား လူငယ်တွေရော၊ ရှစ်လေးလုံးတုန်းက ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူအများရော အခုအခါမှာ ရှစ်လေးလုံးအလံကို မြင့်မြင့်မားမားလွှင့်ထူပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးတော်ကိုဆက်လက်အကောင်အထည်ဖော်ရပါမယ်။ တဆက်ထဲမှာလည်း ရှစ်လေးလုံးအလံကိုဘယ်သူတဦးတယောက်၊ တဖွဲ့တပါတီကမှ လက်ဝါးကြီးအုပ်အမြတ်မထုတ်နိုင်အောင်လည်း သတိပြုရပါမယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးမြတ်တာဟာ လူထုကြီးတခဲနက်ပါဝင်ခဲ့လို့ပါ။ ဒီနေ့ ဗမာပြည်မှာ လိုအပ်နေတာကလည်း ဒီလိုပဲ လူထုကြီးတခဲနက်ပါဝင်တဲ့ တိုက်ပွဲတွေဖော်ထုတ်ဖို့ပါ။   ။

(ယူတာက)http://mizzimaburmese.com/interview/9826-2012-08-08-13-45-36.html

0 comments:

Post a Comment