Saturday, August 4, 2012

၁၉၀၈ ခုနှစ် မတရားသင်းဥပဒေဆိုင်ရာ ရှင်းလင်းချက်တွေဟာ တရားမျှတမှုရှိရဲ့လား။ အောင်ထူး (ဗဟိုတရားရုံးရှေ့နေ)

0 comments

၁၉၀၈ ခုနှစ် မတရားသင်းဥပဒေဆိုင်ရာ ရှင်းလင်းချက်တွေဟာ တရားမျှတမှုရှိရဲ့လား။ အောင်ထူး (ဗဟိုတရားရုံးရှေ့ေ)
ရှေ့နကြီးတဦးလဲဖြစ်၊ စစ်အစိုးရတည်ထောင်ထားတဲ့လွှတ်တော်ရဲ့ ကိုယ်စားလှယ်တဦးလဲဖြစ်တဲ့ ဦးသိန်းညွန့်က ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ဘာကြောင့်ဖျက်သိမ်းသင့်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့ညက ဘီဘီစီကနေ အချက်သုံးချက်နဲ့ရှင်းပြသွားပါတယ်။ ဥပဒေသမားတဦးက ထပြီးရှင်းပြလိုက်တယ်ဆိုတော့ စစ်အာဏာရှင်စနစ်ရဲ့ ဆယ်စုနှစ်ငါးစုကျော်အုပ်ချုပ်မှုအောက်မှာ ဥပဒေသုံးသပ်ချက်တွေနဲ့ ဝေးကွာအောင်လုပ်ထားခံခဲ့ရတဲ့လူထုအနေနဲ့ ဟုတ်နိုးနိုးနဲငိုင်သွားနိုင် ပါတယ်။ တချက်ခြင်းစီကိုသုံးသပ်ပြပါမယ်။

() ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေဟာ ကိုလိုနီခေတ်တုန်းက မြန်မာ့အမျိုးသားလွတ်မြောက်မှုကို ဖြိုခွဲဘို့ အသင်းအဖွဲ့တွေမလုပ်နိုင်အောင်ပြဌာန်းခဲ့တဲ့ဥပဒေ ဖြစ်ပါသတဲ့။

လွဲလိုက်လေ ဦးသိန်းညွန့်ရယ်လို့ပြောရမလိုပါဘဲ။ အဲသည် မတရားအသင်းဥပဒေတည်ရှိနေစဉ်မှာဘဲ လွတ်လပ်ရေးကိုးပမ်းမှုသမိုင်းမှာထင်ရှားခဲ့တဲ့ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တိုဗမာအစည်းအရုံးအပါအ၀င် အသင်းအဖွဲ့ပေါင်းများစွာနဲ့ကျေင်းသားသမဂ္ဂတွေဖွဲစည်းခွင့် လှုပ်ရှားခွင့်ရခဲ့တာပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့တဲ့အချိန်အထိလည်း အဲသည် ဥပဒေအောက်မှာဘဲ အသင်းအဖွဲ့ပေါင်းမြောက်များစွာ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ရခဲ့တာပါ။ ၁၉၀၈ခုနှစ် မတရားအသင်းဥပဒေရဲ့ ပင်ကိုယ်သဘောက ပြသနာမရှိပါဘူး။ စစ်အစိုးရ အဆက်ဆက်တက်လာပြီးတဲ့နောက် အဲသည်ဥပဒေကို မတရားအသုံးချခဲ့တာက ပြသနာဖြစ်ပါတယ်။ ဥပဒေပြသနာမဟုတ်။ ဥပဒေ စိုးမိုးရေးပြဿနာလို့ ပြောရမှာဖြစ်တယ်။

() အသင်းအဖွဲများဆိုင်ရာဥပဒေရှိနေပြီ။ မတရားအသင်းဥပဒေ မလိုတော့ဘူးတဲ့။

ဥပဒေသမားတဦးဖြစ်တဲ့ ဦးသိန်းညွန့်အနေနဲ့ စစ်အစိုးရပြဌာန်းထားတဲ့မတရားဥပဒေဘက်ကရပ်တာတော့ မသင့်တော်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ "၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ"နဲ့ "၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ" နှစ်ခုတို့ရဲ့ အနှစ်သာရတွေကိုနိုင်းယှဉ်ကြည့်ပါ။ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ ပုဒ်မ ၁၅ ()(က) မှာ အောက်ပါအတိုင်းပြဌာန်းထားပါတယ်။
မတရားအသင်းဆိုသည်မှာ "အကြမ်းဖက်မှုများနှင့်ခိမ်းခြောက်မှုများကိုကျူးလွန်ရန်ကူညီအားပေးသောအဖွဲ့အစည်း သိုတည်းမဟုတ် ထိုကဲ့သို့ပြုမူမှုများကိုကျူးလွန်လေ့ရှိသောအဖွဲ့ဝင်များပါဝင်သော အသင်းဖြစ်သည်" ။

လူ့အဖွဲအစည်းတခုလုံး လူထုတရပ်လုံးရဲ့ငြိမ်းချမ်းမှု (မတရားအသင်းဥပဒေ ပုဒ်မ ၁၆ အရ အင်္ဂလိပ်ဘာသာ နဲ့ Public Peace ) ကို အကြမ်းဘက်မှုနဲခြိမ်းခြောက်တဲ့ အယ်လ်ကိုင်းဒါးလို အဖွဲ့အစည်းတွေပေါ်လာရင် သည်လိုဥပဒေရှိမှသာ အရေးယူလိုရမှာဖြစ်တယ်။
အထက်ပါ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေပါ ပြဌာန်းချက်နဲ့ အောက်ပါ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ () ပုဒ်မခွဲ ()ကို ကြည့်ပါ။
နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားရှိ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုကိုထိခိုက်စေရန် သိုမဟုတ် ရပ်တန်သွားစေရန်အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးသော၊ ကူညီသော၊ ပြုလုပ်သောအသင်းအဖွဲ့ကို ဖွဲ့စည်းခြင်းမပြုလုပ်ရန်၊ ဖွဲ့စည်းထားပြီးဖြစ်လျှင်လည်း လှုပ်ရှားခြင်းမပြုလုပ်ရန် ဆက်လက်တည်ရှိခွင့်မရှိစေရန် တားမြစ်သည်။

တခွန်းထဲနဲချုပ်ပြီးပြောရရင် အစိုးရကိုဆန့်ကျင်တဲ့အသင်းဟာ အဲသည် ဥပဒေနဲညိသွားပြီ။ ဦးသိန်းညွန်က စစ်အစိုးရသက်ဆိုးရှည်စေမယ့်ဥပဒေမျိုးကိုတော့ထောက်ခံပြီး လူထုကြီးတရပ်လုံးငိမ်းချမ်းဘိုအတွက် အကြမ်းဘက်အဖွဲအစည်းတွေကိုအရေးယူလိုရတဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကိုတော့ ဘာကြောင့် ကန့်ကွက်နေသလဲ။

()  ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေဟာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို အဟန်အတားဖြစ်စေပါသတဲ့။
ဒီ အချက်မှာတော့ ဦးသိန်းညွန်ဟာ ဦးသိန်းစိန်ဦးဆောင်တဲ့စစ်အစိုးရသစ်က ဥပဒေချိုးဖေါက်နေတာကို သိပါရက်နဲ့ထုတ်မပြောတဲ့အပြင် ပြောင်ပြောင်တင်းတင်း ၀င်ကာလိုက်တာဖြစ်တယ်။ ဗိုလ်ချုပ်နေ၀င်းခေတ်ကစလို န၀တ နအဖ အလယ် အခုလက်ရှိ အစိုးရအထိ စစ်အစိုးရအဆက်ဆက်ဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကိုချိုးဖေါက်လာတာကြာပြီ။ သူတို့က မတရားအသင်းကြေငြာထားတဲ့ အသင်းအဖွဲ့တွေကို တွေမယ်ဆက်ဆံမယ် စကားပြောမယ်။ သူတိုခိုင်းတာလုပ်မယ့်အဖွဲတွေဆိုရင် ငွေကြေး၊ ရုပ်ဝတ္တုပစ္စည်း၊ လုပ်ပိုင်ခွင့်တွေ အားလုံးပေးမယ်။ အာဏာပိုင်တွေကသည်လို ဆက်သွယ်ဆောင်ရွက်တာတွေကိုတော့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေနဲအရေးမယူဘူး။
န၀တ ခေတ်မှာဆိုရင် ၁၉၈၉ ခုနှစ်ကစလို့ အဲသည်ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ပြီး အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာတာကြာပြီ။ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အသင်းတွေကိုတော့ ဘယ်တော့မှ တရားဝင်အသင်းဖြစ်အောင် လုပ်မပေးဘူး။ လူထုကနေ အဲသည် အသင်းအဖွဲ့တွေကို ထမင်းထုပ်ကလေးပေးမယ်၊ လမ်းပြတာလေး လုပ်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်၊ ငါးနှစ် စသဖြင့်ချတယ်။ အဲသည် ဥပဒေနဲ့ထောင်ချခံထားရလို့ အခုထက်ထိ ထောင်က မထွက်နိုင်သေးတဲ့လူထုတွေ 
ရှိသေးတယ်လို့ကြားရတယ်။
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်နေပါပြီဆိုပြီး အခု ဦးအောင်မင်းက ဟိုအဖွဲ့နဲ့တွေ့၊ ဆွေးနွေး၊ သည်အဖွဲကိုကူညီ စတာတွေလုပ်နေတာ ဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ချိုးဖေါက်နေတာဘဲ။ ဒါကို စစ်အာဏာပိုင်တွေ အုပ်ချုပ်ရေးအာဏာပိုင်တွေကိုယ်တိုင် သိတယ်။ သိသိကြီးနဲ့လုပ်နေကြတယ်။ ဥပဒေစိုးမိုးရေးက ဘယ်မှာလဲ။  သူတို့လုပ်ချင်တာ ဆက်လုပ်နိုင်ရေးမှာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေက အဟန့်အတားဖြစ်လာပြီဆိုတာ သတိပြုမိလာကြတယ်။ တရားဝင်တွေ့ခွင့် ဆွေးနွေးခွင့်ရအောင်လဲ တဖက်ကအဖွဲ့အစည်းတွေကို တရားဝင်အဖွဲ့တွေဖစ်လာအောင် လုပ်မပေးဘူး။
ဥပဒေသမားကြီးဖြစ်တဲ့ ဦးသိန်းညွန့်ဒါကို ကောင်းကောင်းသိတယ်။ သိရင် ဥပဒေသမားပီသစွာဦးအောင်မင်းနဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွဟာ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကိုချိုးဖေါက်နေပြီရယ်လို့ သတ္တိရှိရှိ ဘာဖြစ်လိုမပြောတာလဲ။ ဥပဒေချိုးဖေါက်သူတွေကိုတော့ အရေးယူဘိုမကြိုးစားဘဲနဲ့ လူ့အဖွဲ့အစည်းအတွက် အယ်လ်ကိုင်းဒါးလို အကြမ်းဘက်အဖွဲ့အစည်းတွေအန္တရယ်က ကာကွယ်ပေးမယ့် ဥပဒေမျိုးကိုတော့ဖျက်သိမ်းဘို့ ဘာကြောင့် ဥပဒေစတန့် ထွင်တာလဲ။
ဦးသိန်းညွန့်အနေနဲ့ တကယ်ဘဲ မတရားတဲ့ဥပဒေတွေရုပ်သိမ်းဘို့ စတင်ကြိုးစားပြချင်တယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာပါတဲ့နိုင်ငံတော်လုံခြုံရေး”  ဆိုတဲ့ စကားလုံးရယ်၊ အပြစ်မရှိတဲ့နိုင်ငံသားတွေကို အုပ်ချုပ်ရေးအာဏာပိုင်တွေက သံသယရှိရုံနဲတရားရုံးတင်စရာမလိုဘဲ ထောင်ထဲမှာ ငါးနှစ်အထိချုပ်ထားနိုင်တဲ့ ၁၉၇၅ ခုနှစ် "နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများအန္တရယ်မှကာကွယ်သည့်ဥပဒေ"ရယ်တို့ကို လုံးဝ ပျက်သွားအောင်ကိုးစားပြလိုက်စမ်းပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။  
အောင်ထူး
ဇူလိုင်လ (၁၈) ၂၀၁၂ ခုနှစ်
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/aung-htoo/၁၉၀၈-ခုနှစ်-မတရားသင်းဥပဒေ-ဆိုင်ရာ-ရှင်းလင်းချက်တွေဟာ-တရားမျှတမှုရှိရဲ့လား-အောင်ထ/486612924702098

0 comments:

Post a Comment