Friday, August 17, 2012

မွေးနေ့မွေးရက်များနဲ့ သူတို့ရဲ့ဂုဏ်သတ္တိတွေပါ..တဲ့။ (ကျနော်ဖတ်ပြီး ပြန်တင်မယ်ဆိုတော့ သူငယ်ချင်းက ရယ်(ရီ)တယ်ဗျ

0 comments

မွေးနေ့မွေးရက်များနဲ့ သူတို့ရဲ့ဂုဏ်သတ္တိတွေပါ..တဲ့။ 
ရတာက Chuu Eaint Zin ဆီက
တကယ်လို့..မင်းဟာ..လတွေရဲ့-1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. မင်းဟာ.. နံပါတ်()သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ.. နံပါတ်()သမား... တကယ်လို့..မင်းဟာ..လတွေရဲ့-3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်()သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်()သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်()သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်()သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်(၇) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ.. နံပါတ်(၈)သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့-9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..မင်းဟာ..နံပါတ်()သမား...
*******************************************


နံပါတ် ()
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်.. ခေါင်းမာတယ်.ရိုးသားတယ်.. တဖက်သားကို မနာလိုဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..
အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ
လွတ်လပ်မှုကို မြတ်နိုးတယ်..သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး...မိမိကိုယ်ကို ယုံကြည်တက်တဲ့လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တတ်ကြတယ်..ဒါပေမယ့်..ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ..... လက်ထပ်ဖြစ်ကြတာများပါတယ်..အမြင်မတူတဲ့သူတွေနဲ့ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..
အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်.....မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီး...
လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..
မင်းဟာ.နေရာစုံဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်..ရပ်ကွက်ထဲမှသည်..ဟိုအပေါ် ပါလီမန်တွေထိကို။
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲဆိုတော့.. ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိမ့်ကျသွားအောင်..
နာမည်ပျက်သွားအောင်လုပ်တာမျိုး..ကြုံရတတ်ပါတယ်...ဒါကလည်း မဆန်းပါဘူး... လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်..
မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီး.. ချစ်စဖွယ်သားသမီးတွေနဲ့နေထိုင်ရပါလိမ့်မယ်.. မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကိုမြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ.. မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!
***********
နံပါတ်()
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းကချစ်ကြပါတယ်..ဘာဖြစ်လို့လဲဆိုတော့..
မင်းဟာလ နဲ့ တူလို့ပါ.. လကိုလူတိုင်းက သဘောကျသလိုမျိုးပေါ့..ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူတစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကိုလိုက်ပြီး
မင်းဟာအမြဲတမ်းပြောင်းလဲနေတယ်..တကိုယ်ကောင်းဆန်ပြီး.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်..အပြောအဆိုညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင်ပျောက်မှ လထွက်လာသလိုမျိုး....လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို ရောက်လာပြီး..သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတတ်တယ်..
မင်းဟာ..ငြိမ်းချမ်းမှုကိုမြတ်နိုးတဲ့.ဒုတိယ ဂန္ဒီဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကိုဖျက်ဆီးမယ့်ဒုတိယ ဟစ်တလာလည်း ဖြစ်နိုင်ပါတယ်
(ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...
မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကိုကြိုပြီး ခံစားမိတတ်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မယ့်သူတစ်ဦးပါ...
မင်းဟာ အချစ်ကိုအရမ်းကြီးမယုံကြည်တတ်သူတစ်ဦးပါ..
မင်းလက်ထပ်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတတ်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောင်္ကျားလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကိုသယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတတ်ပါတယ်.. ဆိုလိုတာက.မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင်စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
***************
နံပါတ် ()
မင်းဟာနှလုံးသားမာကျောပြီး.. တကိုယ်ကောင်းဆန်တတ်တယ်.. ဒါပေမယ့်ဘာသာတရားကို ကိုင်းရှိုင်းတတ်သူတစ်ဦးပါ..
တိုးတက်မှုကိုမြတ်နိုးတဲ့သူတစ်ဦးပါ..
မင်းဟာ မိသားစုပြဿနာတွေကိုလျှော့ကျဖို့လိုလားပေမယ့်..ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတတ်တာများပါတယ်..မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကိုပိုင်ဆိုင်သူ တစ်ဦးပါ..ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့်ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကိုရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတတ်တယ်.. မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ..မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတတ်တယ်..ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူကရိုသေမှုပြသရတာကို မင်းဟာနှစ်သက်လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်..ဒါပေမယ့်..ယေဘုယျအားဖြင့်တော့..
မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း..
တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း.. မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတတ်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကိုရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ၊ ပြဿနာတွေအများကြီးရှိမယ်လို့ ထင်ရပေမယ့်..
အဲဒါတွေက ကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့..
မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပိုမက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..
အဆုံးမရှိ ကြိုးစားခြင်းတွေ၊ ရုန်းကန်ခြင်းတွေနဲ့..မင်းဟာနပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီးပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ၊ ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ).
ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုးစားမှုတွေနဲ့ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကိုမြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာမြေဆီကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူတစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
****************
နံပါတ် ()
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ကိစ္စတွေမှာတော့
ကံမကောင်းတတ်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတတ်သူဖြစ်ပေးမယ့်စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကိုစိတ်အနှောက်ယှက်ပိုဖြစ်စေပြီး၊ မင်းကိုထားပြီး အဝေးကိုပြေးသွားတတ်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ရော...
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့အချိန်ဖြုန်းနေတတ်ပြီး..အမျိုးသမီးငယ်တွေနဲ့ပျော်ရွှင်ရတာကို နှစ်သက်သူတစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီး...အဝေးကို ပြေးသွားတ်ကြပါတယ်..
အဲဒီခါကျရင်တော့..မင်းဟာ ခိုကိုးရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့..မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတတ်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကိုတွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံအဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့..
ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓိကသတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတတ်တဲ့စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီး အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.
သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
*****************
နံပါတ် ()
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကိုရနိုင်ပါတယ်..
မင်းဟာ စီးပွားရေးအမြင် စူးရှသူတစ်ဦးလည်းဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တတ်သူပါ..တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ့်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျကူညီတတ်သူတစ်ဦးပါ...
မင်းဟာ နည်းနည်းတော့ မြာပွေတတ်ပေမယ့်..ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက်ကြည့်ပြီးမှ
ရွှေးချယ်တတ်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ့်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့ မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ထိန်းချုပ်ရင်တော့..
အရာအားလုံးအဆင်ပြေနေပါလိမ့်မယ်...မင်းဟာ လူတိုင်းနဲ့ ပုလဲနံပသင့်ပါတယ်.. ဘာကြောင့်လည်းဆိုတော့.. နံပါတ် ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကိုတည်ဆောက်ရတဲ့သူဖြစ်ပြီး..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.
သင့်တော်တဲ့သူကတော့. 6, 8!!!
******************
နံပါတ် ()
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..
ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်းပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..
(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချောမောနေတတ်ပြီး.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေစုနေတတ်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုက်လှိုက်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထပ်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထပ်တာကို စောစောစီးစီး ရင်ဆိုင်ရတတ်ပါတယ်..
ကြင်နာတတ်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလည်းလေးပါပဲ... စာနာတတ်သူ...နှစ်သိမ့်မှုပေးနိုင်သူ... မျှတသူ.. အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...
ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
*******************
နံပါတ် ()
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တတ်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး...ပညာရေးမှာထူးချွန်သူ တစ်ဦးပါ.. ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်းထူးချွန်နိုင်သူပါ.. မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..
(ဆိုလိုတာက မိသားစုကိုအရမ်းတန်ဖိုးထားတတ်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်းမြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..
ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် () သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်.. အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကိုတည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေကလည်း ရှိနေတက်ပြန်ရော..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..
မင်းလို ထူးချွန်တဲ့သူ (၁၀၀) လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး
မသာယာတာမျိုးတွေ့ရတတ်ပါတယ်.. ဒါကြောင့် ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့လိုက်လျောညီထွေမယ့်သူကို စောစောစီးစီးရှာထားသင့်ပါတယ်...
အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကိုအထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..
ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော၊ ဖော်ရွှေသော၊ ယဉ်ကျေးသိမ့်မွေ့သော၊ ပျော်ပျော်နေတတ်တဲ့ လူတယောက်ပါ..
မင်းဟာဒီကမ္ဘာလောကကြီးကိုဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.
သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
**********************
နံပါတ် ()
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်။ ဘာကြောင့်ဆိုတော့ ဘယ်သူမှ မင်းကိုနားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကိုအပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်..
မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..အခြေအနေကမပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်..
ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..
ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ရော..
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတတ်ပြီး..
ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ..
ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့
(အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..
ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ရင်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေ့နိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..ခွန်အားဗလနဲ့ပြည့်စုံသူတစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓိကအစိတ်အပိုင်းတခုပါ..
အား အကိုးရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
********************
နံပါတ် ()
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကိုအရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီး.. အောင်မြင်မှုကိုလည်း ခက်ခဲစွာရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတတ်ပါတယ်..
ပြီးတော့ ဘ၀ဟာလည်း.ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်..
ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီး ပြိုင်ဘက်တွေကို အလဲထိုးနိုင်တဲ့သူတစ်ဦးပေါ့..
ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တတ်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတရတွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီး ယောင်္ကျားပီသစွာ နေထိုင်ပြန်ရော..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..
မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်..
ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်.
ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတတ်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်ခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကိုရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!တွေပါ
*******************
(ယူတာက) http://www.facebook.com/notes/chuu-eaint-zin/မွေးနေ-မွေးရက်များနဲ-သူတို-ဂုဏ်သိတ္တတွေပါ/261588037263215

0 comments:

Post a Comment