Friday, July 27, 2012

ကြက်ခြံထဲက သံပုရာခင်း (ဒေါင်းခေတ်)

0 comments

ကြက်ခြံထဲက သံပုရာခင်း
(ဒေါင်းခေတ်)

သူတလူ သူတမင်းလုပ်လိုက်တာ
ဘကြီးရဲ့ယာတော ပြောင်သလင်းကိုခါရော...

တပ်တော်ဦးဆီမျှော်လိုက်ပြန်တော့
တပ်ဦးကလဲ အကျွံ အလွန် အကျွံ...

ဂျာအေးကို သူ့အမေရိုက်လိုက်
မုန့်လုံးကိုစက္ကူကပ်လိုက်နဲ့
ပုလ္လင်ပေါ်မှာ မျောက်တွေထိုင်နေတုန်း...

ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတဲ့
လှေသူကြီးနဲ့ တလှေထဲစီးပြီး
တခရီးထဲသွားတာ(ငါးပါးမှောက်)..

ဒီလမ်းကိုလျှောက်မှတော့
ဒီတောစောင့်တဲ့ ဘီလူးပေါင်းသောင်းခြောက်ထောင်ကို
လျှော့တွက်ရအောင်လဲ လက်နက်ငါးပါးမင်းသားက ပုံပြင်ထဲမှာ...

တဖြည်းဖြည်းချင်း နုံးတွေနဲ့အတူ
သာဓကတွေများများ
အနာတရတွေများများ
ပုဇွန်တွေများများ
မောင်မင်းလူကလေးရယ် ငယ်ပါသေးတယ်(မလုပ်နဲ့)
ဥမမယ်စာမမြောက်နဲ့ သားတော်ရာဟုလာ နိဗ္ဗာန်ကိုရောက်သွားတယ်...

သရက်ပင်စိုက်တော့ သရက်သီးသီးတယ်
သံပုရာပင်စိုက်တော့ သံပုရာသီးသီးတယ်
ကိုယ့်ခြံထဲက ကိုယ့်ကြက်တွေ တဖြည်းဖြည်းနဲ့ ဖြုတ်ထုတ်/ရိုက်သတ်
ရိုက်သတ်ခံဖို့စောင့်နေတုန်း
သံပုရာသီးတွေ ဈေးကောင်းတုန်း
သရက်ပင်ကလဲ သရက်သီးတွေသီးတုန်း
သူတို့တွေလဲ ခွေးမောင်းလို့ ကောင်းတုန်း...

ဒေါင်းခေတ် 
ခေတ်မောင်းဂျာနယ်လ် အဆွဲ ၁ အမှတ် ၃ မှ

0 comments:

Post a Comment