Sunday, October 14, 2012

ကေအိုင်အေပြန်ကြားရေးမှူးဦးလနန်နှင့်တွေ့ဆုံခြင်း

0 comments

မေး - ကေအိုင်အေနဲ့တပ်မတော်ကြား ၁၉၉၄ မှ အပစ်အခတ် ရပ်စဲ လာတယ်။ ၂၀၁၁ ဇွန်မှာ တိုက်ပွဲတွေပန်ဖြစ်လာတယ်။ဘာကြောင့်ပါ လဲ။ဖြေ - တိုက်ပွဲကတော့ ၂၀၁၁ ဇွန်လမှာ ပြန်ဖြစ်လာတယ်ဆိုပေမယ့် တချိန်ချိန်မှာပန်ဖြစ်မယ်ဆိုတဲ့လမ်းကြောင်းကိုသွားနေတယ်။ အစိုးရ ကနေပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကိုနိုင်ငံရေးနဲ့ဖြေရှင်းတဲ့ ကဏ္ဍမရှိဘဲနဲ့ စစ်ရေးနဲ့ပဲ တော်လှန်ရေးအဖွဲ့အစည်းကကိုင်ထားတဲ့ လက်နက်ကို ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ပုံစံနဲ့ပဲ ငြိမ်းချမ်းရေးကိုချဉ်းကပ်တယ်။ အဲဒါကြောင့်ပဲ တိုက် ပွဲတွေပန်ဖြစ်ပါတယ်လို့ပြောရမှာပါ။

မေး - အခုလောလောဆယ်ဆယ် အစိုးရနဲ့ ဆရာတို့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကွဲလွဲနေတဲ့ အချက်တွေက ဘယ်နှစ်ချက်လောက်ရှိပါသလဲ။
ဖြေ - အစိုးရစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းမှာဖစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာရဲ့အကြောင်းတရားကို အဓိကမထားဘဲနဲ့ လက်နက်ကိုဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ကိစ္စက ပထမအချက်ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအမြဲတမ်းပြောနေတဲ့အချက်ကတော့ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် မို့ နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းရမယ်ဆိုတဲ့အချက်က အဓိကပါ။ နိုင်ငံရေးကိစ္စနဲ့ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေပြောဆိုနေတဲ့ နိုင်ငံရေးဖြေရှင်းပုံနည်းလမ်းတော့ရှိပါတယ်။ အဓိက ဘာလဲဆိုတော့ ၁၉၄၈ ခုနှစ်မှာစပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ စပြီးပ်ါထွန်းလာခဲ့တယ်။ အဲဒီပြည်ထောင်စုရဲမူဝါဒအတိုင်း စစ်မှန်တဲ့ပည်ထောင်စုပုံစံ နိုင်ငံရေးဖြေရှင်းပုံ၊ ဖြေရှင်းနည်း၊ နည်းလမ်းက အရေးကြီးတယ်ခင်ဗျ။ ဒီကိစ္စက အဓိကကွဲလွဲချက်ပါ။ အခု အစိုးရက ဘာလဲဆိုတော့ ဥပဒေထဲကိုဝင်မယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်းပဲ နိုင်ငံရေးဆွေးနွေးမှုလုပ်ကြမယ်လို့ရွးစရာပါတယ်။ ဒါလည်း အဓိကွဲလွဲချက်ထဲမှာပါတာပါ။

မေး - ၂၀၁၁ ဇွန်လပိုင်းကနေ အခုအချိန်ထိ ဆရာတို့နဲ့ တပ်မတော်ကြားဖြစ်တဲ့ တိုက်ပွဲကြိမ်ရေ ဘယ်လောက်များ ရှိသွားပါပြီလဲ။
ဖြေ - မှတ်တမ်းယူထားတဲ့ စာရင်းအရဆိုရင် ၁,၈၂၀ ရှိသွားပါပြီ။

မေး - ဆရာတို့အနေနဲ့ ပြည်ထောင်စုအဆင့် ၃ ကြိမ်၊ ပြည်နယ်အဆင့် ၃ ကြိမ်၊ အလွတ်သဘော ၄ ကြိမ် ဆွေးနွေးခဲ့တဲ့အထဲမှာတူညီချက်ရတဲ့အချက်တွေ ဘာတွေရှိပါပြီလဲ။
ဖြေ - တွေ့ဆုံမှုကတော့ ၉ ကြိမ်လောက် ရှိပါပြီ။ အခု ကျနော်တို့ရှိတဲ့ဆေနရာမှာလည်း ပြည်နယ်အဆင့် ဗိုလ်မှူးကြီးသန်းအောင်အဖွဲ့နဲ့ တွေ့တယ်။ ဦးအောင်သောင်းခါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့တယ်။ နောက်ပိုင်း ဦးအောင်မင်းနဲ့ အလုပ်(အလွတ် ဖြစ်မည်ထင်ပါသည်)သဘောတွ့တာမျိုးရှိတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာတော့ အားလုံးက ပြေပြေလည်လည် နှစ်ဦးနှစ်ဘက်အနေနဲ့ အမြင်ဖလှယ်တာမျိုး ရှိခဲ့ကြတာပေါ့။ တပ်ပိုင်းဆိုင်ရာတွေကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောဆိုလာတဲ့အခါမှာတော့ ရောက်လာတဲ့ ကိုယ်စားလှယ်ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊ ကတိပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေပါမလာဘူး။

မေး - ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်သော် ပြောသွားတာက အခု ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေဖစ်ပေါ်နေတာဟာ ကေအိုင်အေက အပစ်အခတ်ရပ်စဲရေးကို မဆွေးနွေးဘဲ နိုင်ငံရေးအရဆွးနွေးမယ်ဆိုတဲ့အချက်ကို ဆုပ်ကိုင်ထားလို့ လို့ ပြောပါတယ်။ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ - ဒါဟာ ကေအိုင်အိုအဖွဲ့အစည်းကို အစိုးရဘက်ကနေပြီးတော့ပးထားတဲ့သင်ခန်းစာအရ ပြောဆိုမှုပါ။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ နှစ်ဦးနှစ်ဘက်သဘောတူချက်တွေ နိုင်ငံရေးအဆင့်ကို သွားကြမယ်ဆိုပြီးတော့ ကတိတွေပေးကြတယ်။ နှစ်ပေါင်း ၁၀ နှစ်ကျော်လုပ်လာတဲ့ အခါမှာ နောက်ဆုံးကျတော့ နိုင်ငံရေးရပ်ဝန်းကိုရာက်မလာဘဲနဲ့ ကေအိုင်အိုမှာရှိတဲ့ ကေအိုင်အေတပ်ကို ဘယ်လိုဖျက်သိမ်းမလဲဆိုတဲ့အပိုင်းကို ရောက်လာပြီ။ ကျနော်တို့ ပြန်ပြောတဲ့ကိစ္စက အပစ်အခတ်ရပ်စဲရေးကို ၁၀ နှစ်ကျော်လုပ်ခဲ့ဖူးတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စမှာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ခါင်းစဉ်တခုနဲ့ပဲ လက်နက်ကိုင်အဖွဲ့အစည်းကို နိုင်ငံရေးသိက္ခာပျက်ပြယ်သွားအောင်လုပ်ထားတာမျိုးရှိခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ ပစ်ခတ်မှုဟာအဓိက မဟုတ်ပါဘူး။ အဓိကကတော့ နိုင်ငံရေးလမ်းကြောင်းကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာ အဓိကဆွးနွေးကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုကိုဆွးနွေးမှု အဆင့်ဆင့်အတိုင်း အကောင်းဘက်ကိုသွားမယ်ဆိုရင် ဒီရှေ့တန်းမှာဖြစ်တဲ့ပစ်တာခတ်တာတွေဟာ သူ့ဟာသူ ပျက်ပြယ်သွားမှာပါ။ အမှန်တကယ်လည်း ဒီပြဿနာဟာ နိုင်ငံရေးပြဿနာဖစ်ပါတယ်။ စားပွဲပေါ်မှာပဲ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ စစ်မြေပြင်မှာ ဒီကိစ္စဟာ ဖြေရှင်းလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန်ရာက်အောင် တိုင်းရင်းသားတွေတာင်းဆိုနေတဲ့အတိုင်း ဆွေးနွေးမှုလမ်းကိုရာက်အောင် ဖော်ဆောင်ပေးဖို့လိုတယ်။ အဲဒီလို ဖော်ဆောင်တဲ့အခါမှာ အပစ်အခတ်ရပ်စဲရေးကိစ္စဟာ လက်မှတ်ထိုးစရာမလိုဘဲနဲ့ သူ့ဟာသူ ပြေငြိမ်းသွားမယ့်ကိစ္စပါ။ ကျနော်တို့လည်း အဲဒီလမ်းကြောင်းအတိုင်းသွားတာပါ။ ဒီလမ်းကြောင်းကိုသွားရတဲ့ကိစ္စကလည်း ၉၄ ကနေ ၂၀၁၀ ခုနှစ်အထိရထားတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေက သင်ခန်းစာပေးသွားတာပါ။

မေး - ခါးသီးတဲ့ အတွေ့အကြုံဆိုတာ ဘာတွေပါလဲ။
ဖြေ - အများကြီးရှိပါတယ်။ ၉၄-၉၅ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေးအရ အပြောအဆိုလုပ်တယ်။ နောင်အရပ်သားစစ်အစိုးရတက်လာတဲ့အခါမှ ပြောဆိုကြပါ။ အစီရင်ခံစာက ကျနော်တို့ဘက်ကို အင်လွှတ်တာမျိုးရှိခဲ့တယ်။ ဒါကြောင့်မို့ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေအားလုံးကိုယ်စားအနေနဲ့ စစ်မှန်တဲ့အခြေခံဥပဒေဖယ်ဒရယ်ပုံစံပေါ်လာအောင် စာတမ်းတွေအများကြီးတင်ခဲ့တယ်။ အဲဒီတုန်းက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဟာလည်း အခုလက်ရှိ သမ္မတဦးသိန်းစိန်ဖစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တင်ပြခဲ့တဲ့အဆိုတွေ၊ ဥပမာ - တရားဝင်အသိအမှတ်ပြု လက်ခံတာမျိုးမလုပ်ဘဲနဲ့ အားလုံးပယ်ချခံရတယ်။ ဒါတွေဟာ ဘာလဲဆိုတော့ တိုင်းရင်းသားအားလုံးရဲ့နိုင်ငံရေးအပိုင်း အခွင့်အရေးတွေကို ဥပေက္ခာပြုတဲ့ကိစ္စဖြစ်တယ်။ အဲဒီကာလအတွင်းမှာ ကေအိုင်အေတပ်စခန်းတွေတည်ရှိရာ နေရာတွေမှာ စစ်တပ်က စခန်းတွေ အများကြီးတိုးချဲံ့လာခဲ့တယ်။ နယ်မြေစိုးမိုးရေးကို တနှစ်ကျော်ကာလအတွင်းမှာ လုပ်ခဲ့တယ်။ အဲဒီကာလ ၉၄-၂၀၁၀ အတွင်းမှာလည်း ကျနော်တို့ရဲတပ်စခန်းတွေကို ၀င်စီးပြီးမှ သတ်ဖြတ်ပစ်ခတ်တာမျိုးလုပ်ခဲ့ဖူးတယ်။ နောက်ဆုံးကျတော့ နိုင်ငံရေးဆိုတဲ့ဝါဟာရမသုံးဘဲ အစိုးသစ်မပေါ်ခင် ၂၀၀၉ ခုနှစ်မှာ ကျနော်တို့ဘက်ကို လက်နက်ကိုင်တွေပုံစံပြောင်းသွားအောင် နယ်ခြားစောင့်အသွင်ပြောင်းဖို့ လှုပ်ရှားပေးလာတယ်။ ဒါတွေဟာ နိုင်ငံရေးအရဖြေရှင်းပုံမဟုတ်ဘဲနဲ့ နယ်မြေစိုးမိုးရေး၊ စစ်အာဏာရှင်လက်နက်အားကိုးပြီးမှပဲ နေရာဒေသကိုစိုးမိုးနိုင်ရေး အဲဒီလို ချဉ်းကပ်ခဲ့တာဟာ ခါးသီးတဲ့အတွေ့အကြုံတွေပါ။

မေး - လက်ရှိ သမ္မတက ကချင်စစ်ပွဲများရပ်တန့်သွားအောင် ကေအိုင်အေဘက်ကလည်း ပစ်ခတ်၊ တိုက်ခိုက်မှုများကိုတားဆီးတဲ့အမိန့်တွေထုတ်ပေးဖို့လိုအပ်တယ်လို့ ပြောကြားခဲ့တာရှိပါတယ်။ ဆရာတို့အမြင်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ - ဒါဟာ ပြဿနာရဲ့ဖြေရှင်းပုံ မဟုတ်ဘူး။ ရှောင်လွဲလိုတဲ့ကိစ္စပါ။ အဲဒီလို ရှောင်လွဲတဲအကျင့်တွေကို ဆယ်စုနှစ်တခုကျော် အစိုးရဘက်ကလုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ဘယ်တော့မှ ငြိမ်းအေးသွားတာမျိုးမရှိဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ရုံနဲ့ မြန်မာနိုင်ငံဟာတည်ငြိမ်သွားဖို့ဆိုတာ အကြောင်းတရားမညီပါဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ကိစ္စက အရေးကြီးတဲ့ကိစ္စပါ။ အစိုးရက အပစ်အခတ်ကိုမလုပ်ပါဘူးဆိုတဲ့နာက်ပိုင်းမှာလည်း ကချင်ဒေသမှာ ထိုးစစ်အများကြီး ဆင်ခဲ့တယ်။ ကေအိုင်အေတပ်စခန်း တော်တော်များများကိုသိမ်းပိုက်လိုက်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ - ၄ ဒေသမှာလည်း အားလုံးကိုရှင်းပစ်လိုက်တယ်။ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ အတောအတွင်းမှာ တပ်မဟာ ၃ ဒေသမှာရော၊ တပ်မဟာ ၅ ဒေသမှာရာ နောက်ဆုံး ဇူလိုင်လအထိ ကေအိုင်အေရဲ့ရှေ့တန်းစခန်းတွေကို သိမ်းပိုက်လိုက်တယ်။ အပစ်အခတ်ရပ်စဲရေးကို ရပ်တန့်မယ်ဆိုတာ သံတမန်နည်းလမ်းအရပြောတဲ့ စကားရပ်တွေပါ။ ရှေတန်းမှာဖစ်ပျက်နေတာက အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်း ပစ်ခတ်မှုလုပ်နေကြတဲ့ ကေအိုင်အေတပ်စခန်းတွေကို နေ့စဉ်နဲ့အမျှ ချဉ်းနင်းဖယ်ရှားသွားရမယ်ဆိုတဲ့ အထက်ကညွှန်ကြားချက်တွေဟာ အမြဲတမ်း ပို့လွှတ်နေတာပါ။ ရှေ့တန်းမှာဖစ်ပျက်နေတဲ့ကိစ္စကို နိုင်ငံထိပ်ပိုင်းမှာတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေကလည်း သိရှိဖို့တော့လိုပါတယ်။

မေး - ကေအိုင်အေတပ်စခန်းတွေကို သိမ်းပိုက်လိုက်တာ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။ စခန်း ဘယ်နှခုလောက်ရှိပြီလဲ။
ဖြေ - အရေအတွက်နဲ့ပြောမယ်ဆိုရင် တော်တော်များပါတယ်။ ဇူလိုင်လအတွင်းမှာပဲ တပ်မဟာ ၅ အဆွယ် မှာရှိတဲ့ ခေါ်ဘွမ်းဆိုတဲ့စခန်းကို အင်အား ၂၀၀ လောက်နဲ့သိမ်းလိုက်တယ်။ ၁၂၀ မမ အမြောက်တွေထားဖို့ ညွှန်ကြားတာရှိတယ်။ အဲဒီစခန်းဟာ ကျနော်တို့ လိုင်ဇာနဲ့ ခုနစ်မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီးတော့ တပ်မဟာ ၃ ဒေသမှာရာ ကျနော်တို့စခန်းတွေကို ၀င်စီးတာရှိတယ်။ တပ်မဟာ ၄ မှာလည်း အတော်များများရှိတယ်။ ကျနော်တို့စခန်းနဲ့အနီးဆုံးနေရာမှာ တပ်အင်အားတွေကို ဖြည့်တင်းထားတာမျိုး ဆက်တိုက်လုပ်နေတယ်။

မေး - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံးကန့်ကွက်ခဲ့တာ ဆရာတို့အဖွဲ့အစည်းလို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတို့အဖွဲ့တွေရဲလှုပ်ရှားမှုနည်းသွားတယ်လို့ ထင်ပါတယ်။
ဖြေ - မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့ မဆောက်သင့်တဲ့အကြောင်းကို သူတို့တတွေရဲလက်မှတ်တွေကို နယကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့တာမျိုးရှိခဲ့တယ်။ တရုတ်အစိုးရကိုလည်း လူထုတွေရဲ့ ကန့်ကွက်စာပးပို့တာမျိုး ရှိခဲ့တယ်။ အဲဒီကိစ္စမှာ လူထုတွေကို ၀ိုင်းပြီးကန့်ကွက်ကြဖို့ ဆော်သြတာမျိုး မလုပ်ခဲ့ပါဘူး။ ကေအိုင်အိုမှာ တပ်ဖွဲ့ပေါ်လစီအရပါ။ ဒီလိုစီမံကိန်းမျိုးကို ဆော်သြပြီး ၀ိုင်းဝန်းကန့်ကွက်ကြပါဆိုတဲ့ဟာမျိုး လုပ်မှာမဟုတ်ပါဘူး။ တရားဝင်ပုံစံနဲ့ပဲ ချဉ်းကပ်မှာပါ။

မေး - မြစ်ဆုံစီမံကိန်း ရပ်တာ တနှစ်ပြည့်သွားပါပြီ။ ၂၀၁၅ ကျရင် မြစ်ဆုံဟာ အပေါင်းထွက်မလား၊ အနုတ်ထွက်မလားဆိုတာ ကျနော်တို့မသိခဲ့ရပါဘူး။ ဆရာတို့အဖွဲ့ရဲအမြင်ကိုလည်း သိပါရစေ။
ဖြေ - စီမံကိန်းအတွက် သဘောတူညီထားကြတဲ့အစိုးရနဲ့စီမံကိန်းကို အမှန်တကယ်လုပ်မယ့် စီပီအိုင်ကုမ္ပဏီတို့ကြားမှာ ဘယ်လိုသဘောတူညီချက်မျိုးတွေရထားတယ်ဆိုတဲ့အချက်က အဓိက အရေးကြီးပါလိမ့်မယ်။ မြန်မာနိုင်ငံလူထုရဲအင်အားဟာ ဘယ်လောက်အထိ ဒီဆန္ဒကိုခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်မလဲဆိုတဲ့ကိစ္စလည်း အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကချင်လူထုကတော့ ရာသက်ပန် ကန့်ကွက်ကြမှာပါ။

မေး - နောက်ထပ် ဘာပြောစရာ ရှိပါသေးသလဲ။
ဖြေ - ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ပည်တွင်းစစ်တွေဟာ နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ရတယ်။ တိုင်းရင်းသားတွေကိစ္စဟာလည်း နိုင်ငံရေးပြဿနာပါ။ စစ်မှန်တဲ့ပည်ထောင်စုကို ၀ိုင်းပြီး တည်ဆောက်ကြပါစို့ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ကနေပြီးတော့ စည်းရုံးရေးလုပ်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲစကားကိုယုံကြည်ပြီးမှ စစ်မှန်တဲ့ပည်ထောင်စုပ်ါထွန်းလာဖို့ ၀ိုင်းဝန်းကြိုးပမ်းပြီးမှပဲ သဘောတူညီချက်ထုတ်လိုက်ကြတယ်။ ဒီသဘောတူညီချက်ကြောင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးပ်ါထွန်းလာခဲ့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပြည်ထောင်စု စစ်စစ်မူမဟုတ်ခဲ့ပါဘူး။ ပြည်ထောင်စုအစစ်ပုံစံနဲ့လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ်ပ်ါပေါက်လာမယ့် မျိုးစေ့ကြီးပါ။ ပြဿနာတွေ ပြန်ဖြေရှင်းဖို့ဆိုရင် ပြဿနာတွေရဲအဆုံးမှာဖြစ်တဲ့ တိုက်ပွဲကိုပဲမီးမောင်းထိုးတာမျိုးမလုပ်ဘဲ ပြဿနာရဲအရင်းအမြစ်ဖြစ်တဲ့နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။ နိုင်ငံရေးပြဿနာဖြေရှင်းတဲ့အခါမှာ အစိုးရဘက်ကလိုလားနေတဲ့ပုံစံတခုနဲ့ပဲ သွားမလား။ တိုင်းရင်းသားတွေပြောဆိုနေတဲ့အသံကိုပဲနားထောင်ရမလားဆိုတဲ့ကိစ္စအပေါ်မှာ တာဝန်ရှိတဲ့အစိုးရတွေကနေပြီးတော့ စဉ်းစားဆုံးဖြတ်ရမယ့်အချက်တခုရှိတယ်။ အခုထိ အစိုးရဟာ ပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်။ စစ်မှန်တဲ့ပည်ထောင်စုနဲ့သွားကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ပြောဆိုချက်တွေ တခုမှမကြားရသေးဘူး။ ဒါဟာ ဘာလဲဆိုတော့ သူတို့မူထဲမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ပည်ထောင်စုမူနဲ့ဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိသရွေ့တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအစစ်ကိုတက်လှမ်းနိုင်မှာ မဟုတ်ဘူး။

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
(Sa Maung's Facebook မှ ကူးယူဖော်ပြသည်။)

0 comments:

Post a Comment