Sunday, October 14, 2012

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့်တွေ့ဆုံခြင်း

0 comments
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း
Written by Min Htet San၊ Interview from : The Voice Weekly
အစိုးရတပ်မတော်နှင့်ကချင်လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တနှစ်နှင့် သုံးလကျာ်ခဲ့ပြီဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေညှိနှိုင်းမှုများပြု လုပ်နေသော်လည်း အဆင်မပြေသေးပေ။ လတ်တလောအနေအထားတွင်လည်း တိုက်ပွဲများပင်းထန်လျက်ရှိနေသောကြောင့် ယင်းတိုက်ပွဲအခြေ အနေများနှင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု အဆင်မပြေဖြစ်နေရသည့်အခြေအနေများကို ကချင် လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အစိုးရတပ်နဲ့ကအိုင်အေတိုက်ပွဲဖြစ်နေတာ တနှစ်ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲက ခွဲထွက်ရေးအတွက်တိုက်နေတယ်လို့လည်း ပြောကြပါတယ်။ ကျနော်တို့ နားလည်ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တာင်းတယ်လို့ ကြားထားပါတယ်။ အဲဒီအပေါ်မှာ တိကျတဲ့သဘောထား ကို ပြောပြပေး ပါခင်ဗျ။


GGM : ကချင်တွေရဲ့စိတ်ထဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ပ်ါထွက်လာအောင် အစကတည်းက ကြိုးစားတဲ့နေရာမှာ ကချင်တွေပါခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုကနေခွဲထွက်ရေးလို့ ပြောတဲ့အထဲမှာ ကချင်မပါဘူး။ ဦးအောင်မင်းကိုလည်း ပြောခဲ့တယ်။ ပြည်ထောင်စုဆိုတဲ့စကားကို ကျနော်တို့ပြောခဲ့ တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ သိပ်ပင်ပန်းနေပြီလို့ နောက်ခဲ့သေးတယ်။ ပြည်ထောင်စုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လို့ပြောလိုက်ရင် ပြည်ထောင်စုခွဲထွက်ရေးလို့နားလည်ကြတယ်။ ဒါက ကချင်တွေရဲ့ Concept ပဲ။ ခု ပြောနေကြတာလည်း ပြည်ထောင်စုအရေးပဲ။ ကေအိုင်အိုက ဘယ်လောက်တောင်ရှင်းရှင်းလင်းလင်း လုပ်ခဲ့သလဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းနဲ့တွ့တဲ့အခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လက်ခံမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး။ ဒီမှာ မူထိတယ်ဆိုပြီး စေ့စပ်ကြောင်းလမ်းရေးပျက်ခဲ့တာ ဒီနေ့ထိပဲ။ ၁၉၉၄ တုန်းက အပစ်အခတ်ရပ်စဲရေးစ့စပ်ပွဲလုပ်တယ်။ နိုင်ငံထဲမှာ အခြေခံဥပဒေတရပ်ပေါ်ထွက်ရေး အတွက် ကြိုးပမ်းတဲ့နေရာမှာပါဝင်ခဲ့တယ်။ အဲဒီမှာ နိုင်ငံရေးဆွေးနွေးရအောင်လို့ပြောရင် လက်မခံခဲ့ဘူး။ အစိုးရနဲ့လုပ်။ သူတို့က အာဏာသိမ်းထားတဲ့တပ်မတော်အစိုးရလို့ ပြောတယ်။ ၂၀၀၈ ကုန်ခါနီးမှာ အသွင်ကူးပြောင်းရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ပြောတယ်။ အသွင်ကူးပြောင်းရေးဆိုတာက နိုင်ငံရေးဝေါဟာရဖစ်တယ်။ အသွင်ကူးပြောင်းရေးနဲ့ Road Map က ဘယ်လို ချိတ်ဆက်မှုရှိသလဲမးတော့ မရှိဘူးလို့ပြောတယ်။ နယ်ခြားစောင့်တပ်ဆိုတာ နိုင်ငံတော်စီမံကိန်းဆိုတာ သဘောပေါက်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကေအိုင်အေတပ်တခုတည်းကို ပြောနေတာ။ ကေအိုင်အိုမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး ... အစရှိတဲ့ ဌာန ၁၀ ခု ရှိတယ်။ ကေအိုင်အေဆိုတဲ့စစ်တပ်က ကေအိုင်အိုရဲ့ အဖွဲ့အစည်းတခုပဲ။ တပ်တခုတည်းကိုမပြောဘဲနဲ့ တဖွဲ့လုံးကိစ္စပြောပါ။ ဘယ်လောက်ထိ ညှိခဲ့လဲဆိုရင် ပူးပေါင်းလို့ရတာပူးပေါင်းမယ်။ ဥပမာ - ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေပေါ့။ နောက် ကေအိုင်အေကို နယ်ခြားစောင့်တပ်ပေးရင် ဘယ်လောက်ပေးမလဲမးတော့ မသိဘူးတဲ့။ ကျန်းမာရေးမကောင်းတဲ့သူနဲ့ အသက် ၁၀ နှစ်ကျော်ကိုဖယ်လိုက်ရင် တပ်ရင်း ၃၀ ရနိုင်တယ်၊ ပေးမလားဆိုတော့လည်း မဖြစ်ဘူးတဲ့။ ဒါနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးက ပြီးသွားပြီ။ အဲဒီနောက်မှာ ဦးသန်းရွှေ (အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဆီကို လိပ်မူပြီးတော့ ကေအိုင်အိုကစာပို့ခဲ့တယ်။ ပြည်ထောင်စု စကတည်းက ကချင်လူမျိုးတွေပါခဲ့ပါတယ်။ ပြည်ထောင်စုထဲ တန်းတူရေးရချင်ပါတယ်။ တပ်မတော်မှာ ဦးစီးချုပ် တယောက်တည်းထားမယ်ဆိုလည်း လက်ခံမယ်။ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပေးပါ။ အဲဒီလို ဖွဲ့ရင် ကျနော်တို့တပ်တွေကို ပြင်ဆင်ဖွဲ့စည်းသွားမယ်။ နိုင်ငံတော်တောင်မှ ပြည်ထောင်စုမြန်မာနိုင်ငံလို့ 

ခ်ါသေးတယ်။ ဘာလို့ ပြည်ထောင်စုတပ်မတော်လို့ မခေါ်ရနိုင်ရမှာလဲ။ ဒါ ကျနော်တို့ရဲသဘောထားပါ။

Voice : ဟုတ်ကဲ့။ တိုက်ပွဲတွေ စဖြစ်ခဲ့တည်းက ညှိနှိုင်းနိုင်ခဲ့ရင် ခုလိုအခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး လို့ လေ့လာသူတွေကသုံးသပ်တယ်။ ဗိုလ်ချုပ်တို့ ဘာကြောင့် မညှိနှိုင်းနိုင်ခဲ့တာလဲခင်ဗျ။
GGM : တိုက်ပွဲတွေ မနှစ်က ဇွန်လ ၉ ရက်မှာ စဖြစ်တာနဲ့ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီထိ ကျွန်တော် တို့ဘက်က တိုက်မိန့်မပေးသေးဘူး။ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့နဲ့ဆွေးနွေးနေတုန်း။ ကြာရင် မလိုလားအပ်တာများလာမယ်။ ဒါကြောင့် ဒီတိုက်ပွဲအမြန်ရပ်ဖို့ သူတို့သမ္မတဆီ တင်ပြမယ်ဆိုတော့ သဘောတူတယ်။ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအထိ စောင့်တယ်၊ သဘောတူညီမှု မရခဲ့ဘူး။ ဒါကြောင့် ၁၄ရက်နေ့က စပြီး ကျနော်တို့ကလည်း တိုက်မိန့်ပေးလိုက်တယ်။ ဆွေးနွေးပွဲတွေစလုပ်ကတည်းက တိုက်ပွဲတွေ စဖြစ်တာပဲ။ အပစ်အခတ်ရပ်ဖို့အတွက် လက်မှတ်ထိုးရအောင်လို့ ပြောတယ်။ တခြားနိုင်ငံတခုကိုသက်သေထားပြီးလုပ်ပေးပါ ပြောရင်လည်း အစိုးရကသိက္ခာရှိသေးတဲ့ အတွက် နိုင်ငံတကာမပါနဲ့၊ ပြည်တွင်း ပြဿနာပဲတဲ့။ ဒါဆို ကတိတခုပေးပါ။ အစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ တိုက်ပွဲတွေအားလုံးရပ်ပြီးတော့ နိုင်ငံရေးအရဆွးနွေးမယ်ဆိုတာကို ၁၅ ရက်အတွင်း ကြေညာပေးပါ။ ဒါလည်း မဖြစ်နိုင်ဘူးဆိုတော့ ဆွေးနွေးပွဲက ၃ ကြိမ်မှာ ပြီးသွားရောပဲ။ ခု ပထမအဆင့်အနေနဲ့လုပ်ရမှာက တိုက်ပွဲတွေလျှာ့ချရေး။ ခုတပ်တွေ ရောနေတယ်။ အစိုးရတပ်က ရိက္ခာပို့တာတောင် ကျနော်တို့ တပ်မဟာ ၃ ကို ဖြတ်ပြီးပို့ရတာ။ ခဏ ခဏ ရိက္ခာပို့ခွင့်တောင်းတုန်း။ ကူညီပေးဖို့တော့ စဉ်းစားလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့တော့ မကျဘူး။ မဟာဗျူဟာအရ နောက်ကျောရောက်နေတဲ့တပ်ကို ခွာပေးပါ။ ခွာလိုက်ရင် တိုက်ပွဲတွေလျာ့သွားပါမယ်။ ဒုတိယအဆင့်အနေနဲ့ ပင်လုံမှာကျင်းပသလို ညီလာခံကျင်းပရမယ်။ ဒုတိယပင်လုံလည်း မဟုတ်ဘူး။ နောက်ခံသမိုင်းနဲ့လုပ်ဆောင်ရမယ့်ကိစ္စတွေရှိတဲ့အတွက် ကချင်ကလည်း ကချင်တွေချည်း အစည်းအဝေးလုပ်ရမယ်။ တခြားတိုင်းရင်းသားတွေနဲ့လည်း လုပ်ရမယ်။ ဘုံသဘောတူညီမှုပေါ့။ လက်တွေ့မှာတော့ အစိုးရနဲ့ဆွးနွေးတဲ့အခါ တပ်တွေရွှေဖို့ကိစ္စတွေမှာ မဆုံးဖြတ်နိုင်ဘူး။ တပ်ကိစ္စတွေပါလာရင် ဆွေးနွေးလို့မရတော့ဘူး။

Voice : ကေအိုင်အိုအနေနဲ့ရော၊ အစိုးရရော တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေဒုက္ခရောက်နေတာကို ငဲ့ပြီး နှစ်ဦးနှစ်ဘက်ဆွေးနွေးလို့ မရနိုင်တော့ဘူးလား ခင်ဗျ။
GGM : ခုနက ပြောသလိုပဲ။ ဦးအောင်မင်းတို့နဲ့ တပ်ကိစ္စပြောရင် ဆက်ဆွေးနွေးလို့မရတော့ဘူး။ နောက်တိုက်ပွဲ တနှစ်ကျော်လာတဲ့အထိ တိုက်ပွဲကိစ္စကို လွှတ်တော်က ဘယ်လိုစဉ်းစားသလဲ။ မစဉ်းစားဘူးလား။ ဆွေးနွေးတယ်ဆိုရင် ဒီတိုက်ပွဲတွေကို အစိုးရကခွင့်ပြုလို့ တိုက်နေတာလား။ ဒါတပိုင်း။ နောက် ငြိမ်းချမ်းရေးလို့ပြောနေတဲ့စကား လွှတ်တော်အနေနဲ့ ဘယ်မှာရပ်ပြီး ပြောနေတာလဲ။ ကချင်ပြည်နယ်က လွှတ်တော်အမတ် ဦးစခုန်တိန့်ယိမ်းက တိုက်ပွဲမှာလာဦးစီးနေတယ်။ အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေးရှိတယ်။ လွှတ်တော်မှာ ဘယ်လိုခွင့်တောင်းပြီး စစ်ပွဲဦးစီးရသလဲ။

Voice : လွတ်လပ်တဲ့အာရှအသံ (RFA) မှာ ငြိမ်းချမ်းရေးအကျိုးဆောင်ပေးတဲ့ ဦးညိုအုန်းမြင့်က ပြောသွား တာရှိတယ်။ ကေအိုင်အိုက အခြေခံဖွဲ့စည်းပုံကိုလည်းလက်ခံတယ်။ ပြည်ထောင်စုတပ်မတော် ဦးစီးချုပ်တယောက်တည်းရှိရမယ်ဆိုတာကိုလည်း လက်ခံတယ်။ ဒါပေမယ့် အစိုးရလူကြီးတွေ ကို ကေအိုင်အိုကမယုံကြည်ကြဘူးလို့ပြောထားတာရှိပါတယ်ခင်ဗျ။ ကေအိုင်အိုရဲသဘောထားက လက်ရှိအစိုးရအပေါ် ဘယ်လိုသဘောထားရှိသလဲခင်ဗျ။
GGM : အဓိက လူမဟုတ်ပါဘူး။ မူပါပဲ။ အရင်ကတည်းက အခြေခံဥပဒေပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တခြားသူ ဥက္ကဋ္ဌတက်လုပ်လည်း ဘာမှမပြောင်းဘူး။ အဓိကက ဥပဒေပဲ။ ကျနော်တို့ ကေအိုင်အိုအမည်နဲ့ရွေးကောက်ပွဲဝင်မယ် ရမလားလို့မးတော့ နေပြည်တော်ကို လှမ်းမေးကြတယ်။ ရတယ်တဲ့။ နောက်နှစ်ရက်ကြာတော့ မရဘူး ဖြစ်ပြန်တယ်။ ကျနော်တို့က ဒီဂရီကုန်တဲ့အထိညှိပေးခဲ့ပြီးပြီ။ ရွေးကောက်ပွဲဝင်မယ်။ ဒုတိယသက်တမ်းမှာမှ ဝင်မယ်။ ပထမသက်တမ်းမှာ ဒီပုံစံမှာပဲနမယ်။ ၁၇ နှစ်လုံးလုံး ဆွေးနွေးဖို့စောင့်နေခဲ့တာ။ ခု လက်မှတ်ထိုးရုံနဲ့တော့ ငြိမ်းချမ်းရေးရမသွားနိုင်ဘူး။ သဘောတူလက်မှတ်ထိုးတာက စေ့စပ်ကြောင်းလမ်းတာနဲ့တူတယ်။ နိုင်ငံရေးဆွေးနွေးတာက မင်္ဂလာဆောင်တာနဲ့တူတယ်လို့တောင် ဦးအောင်မင်းကို ပြောခဲ့ပါသေးတယ်။

Voice : ခုလက်ရှိက ဒုက္ခသည်တွေလည်း တသိန်းနီးပါးရှိနေပြီ။ ပြီးခဲ့တဲ့တပတ်က ဖားကန့်မှာ လက်နက်ကြီး ထိပြီး ကျောင်းသူလေး သေဆုံးသွားရတာတွေလည်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေးအတွက် ဆက်ဆွေးနွေးဖို့ရှိပါသလား။
GGM : ရှိပါတယ်။ ကျနော်တို့ ဆုံးဖြတ်ချက်တွေကို လူထုအစည်းအဝေးနဲ့လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်တခု တိုက်ပွဲဖြစ်တော့ လူထုဒုက္ခရောက်တာမှန်တယ်။ တိုက်ပွဲမဖြစ်တုန်းကရော ဒုက္ခမရောက်ဘူးလား။ မြန်မာပြည်က တိုက်ပွဲမဖြစ်ဘဲဒုက္ခရောက်ခဲ့တာပါ။ ကချင်တွေစိတ်ထဲမှာ တိုက်ပွဲကြာလာရင် မလိုလားအပ်တဲ့ပဿနာတွေဖစ်လာမယ်၊ ကြာရင် ထိန်းရခက်မယ်၊ ဒါကြောင့် တိုက်ပွဲကိုအရင်ဖြေရှင်းရမယ်လို့ ဦးအောင်မင်းကိုပြောခဲ့တယ်။ လူထုဖိအားပါလာရင် ဆုံးဖြတ်ရခက်မယ်။ တိုက်ပွဲတွေများလာရင် လူထုကနာကြည်းမှုတွေ ဖြစ်လာတယ်။ ဒီလိုပြဿနာတွေ ထိန်းမနိုင်ရင်ခက်မယ်လို့ အစကတည်းက ပြောခဲ့တယ်။ ဖားကန့်မှာဖစ်တဲ့ဟာဆိုရင်လည်း ဝက်ဘ်ဆိုက်မှာ ကွန့်မင့်ပေးကြတာတွေကို မယုံနိုင်ဘူး။ မိသားစုတွေလည်း ပေါက်ကွဲကြတာတွေလည်းပါတယ်။ မှားပစ်ကြတယ်လို့ ပြောကြတယ်။ ဘယ်တပ်ပဲဖြစ်ဖြစ် မှားတာတော့ရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ မယုံနိုင်တဲ့အဖြစ်အပျက်တွေက အများကြီးပဲ။ ဗုံးတလုံးကွဲရင် ကျနော်တို့ဆီကလား။ သူတို့ဆီကလားဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ မှားပစ်ရင်းနဲ့ပဲ နောက်ပိုင်း ရွာထဲမှာဝင်ပစ်သွားကြတာ။ ကျနော်တို့ စဆွေးနွေးကတည်းက မူတခုချပြီးတာနဲ့ မြစ်ကြီးနားမှာတွ့မယ်လို့ တရားဝင်ကြညာထားပြီးသားပါ။ အခု ဗိုလ်ချုပ်စိုးဝင်းနဲ့တွ့ဆုံဆွေးနွေးမယ်ဆိုတာလည်း ကျနော်တို့ တောင်းဆိုတာမဟုတ်ဘူး။ ကျနော်တို့ပြောတာက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတော်ကတာဝန်ပေးထားတဲ့သူတွေနဲ့တွ့မယ်။ ဒု-ချုပ်မှ၊ ကာချုပ်မှ ပြောတာမဟုတ်ဘူး။ ခုနောက်ဆုံး နေပြည်တော်မှာဆွေးနွေးရအောင် ပြောတယ်။ မူမရှိဘဲ နေပြည်တော်မှာ ဘာသွားဆွေးနွေးမလဲ။ ဘယ်ခေါင်းစဉ်နဲ့ ဆွေးနွေးမလဲ။ အဓိက မူတခုရှာ။ နေရာ အဓိကမဟုတ်ဘူး။ မူပဲ။

Voice : ကေအိုင်အိုနဲ့သာ အပစ်အခတ်ရပ်စဲနိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖ်ာဆောင်ရေးလုပ်လို့ရပြီလို့ နိုင်ငံတော်
သမ္မတကြီးပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲခင်ဗျ။
GMM : ကေအိုင်အိုအနေနဲ့က အပစ်အခတ်ရပ်စဲရေးတခုတည်း မပြောဘူး။ နိုင်ငံရေးဆွးနွေးမယ်ဆိုတဲ့ ကတိကိုရချင်တာ။ ကတိမရဘဲနဲ့ အပစ်အခတ်ရပ်စဲရေး ဘာလုပ်မလဲ။ ပြန်ပစ်ကြမှာပဲ မဟုတ်လား။ ဒီတော့ တိုက်ပွဲတွေပန်ဖြစ်မယ့်ကတိတော့ မလိုချင်ဘူး။ ဆွေးနွေးမယ်ဆိုတဲ့ကတိ မရဘူး။ ၂၀၀၈ ထဲ ဝင်လာပါပြောတယ်။ ဒါဆိုရင် ဆက်သွားလို့မရတော့ဘူး။ သမ္မတရဲပထမဆုံးမိန့်ခွန်းမှာလည်း တခြားအဖွဲအစည်းတွေကို ရည်ညွှန်းပြောတာပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရည်ညွှန်းပြောတာ မပါဘူး။ ဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုသဘောထားသလဲ။ သောင်းကျန်းသူ၊ အခွင့်အရေးတောင်းသူလို့ သဘောထား လား။ သောင်းကျန်းသူလို့သတ်မှတ်ရင် သောင်းကျန်းသူအနေနဲပဲ သူ ဖြေရှင်းမှာပဲ။ နောက်တခုက ပင်လုံစာချုပ်အပေါ်မှာ ခုလက်ရှိအစိုးရက ဘယ်လိုသဘောထားလဲမးတာ ခုထိ အဖြေမရဘူး။ အတူတကွ ယှဉ်တွဲနေထိုင်လို့ရတဲ့ဥပဒေပေါ်ဖို့ ကျနော်တို့ ကြိုးစားရမယ်။ ခု သမ္မတပြောတဲ့ဟာ စာချုပ်ကိုကြည့်လေ။ ခုဟာက ယာယီအပစ်အခတ်ရပ်စဲရေးပဲ။ ဘာမှ တိတိကျကျမရှိဘူး။ ရှမ်းနဲ့လည်း တိုက်ပွဲပန်ဖြစ်တာပဲ။ ဒါကြောင့် အာမခံချက်မရှိဘဲ စာချုပ်ကြီးချုပ်ပြီး နောက်ဖြစ်လာမယ့်စစ်ပွဲအတွက်ပင်နေတာမျိုးနဲ့တော့ မရပ်ချင်ဘူး။
(Aye Chan Mon ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)

0 comments:

Post a Comment