Sunday, October 14, 2012

သိန်းစိန်-အောင်မင်းဂိုဏ်းရဲ့အကြံအဖန်လှိုင်း အလိမ်အညာမှိုင်းကို ဒေါက်တာစင်သီယာမောင်ကဖွင့်ချခြင်း (ဂါမဏိ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

0 comments
သိန်းစိန်-အောင်မင်းဂိုဏ်းရဲကံအဖန်လှိုင်းအလိမ်အညာမှိုင်းကို ဒေါက်တာစင်သီယာမောင်ကဖွင့်ချခြင်း (ဂါမဏိ၏ဖ့စ်ဘွတ်ခ် စာမျက်နှာမှ ...)မြန်မာနိုင်ငံပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် မယ်တော်ဆးခန်းဝန်ထမ်းအဖွဲ့တို့တွ့ဆုံမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်အနှစ်ချုပ်ဇွန်လနှင့်သဂုတ်လများတွင် သမ္မတရုံးဝန်ကြီးဌာနဝန်ကြီး (တွေ့ဆုံစဉ်ကမီးရထားဝန်ကြီး) ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်အပါအဝင် အခြားသော မယ်တော်ဆေးခန်း ဝန်ထမ်းအဖွဲ့ဝင်များနှင့်တွ့ဆုံခဲ့သည်။ ဝန်ကြီးနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့လည်း အလည်အပတ်လာရောက်ခဲ့ပြီး ပြုလုပ်ခဲ့သောအစည်းအဝေးများသည် အလွတ်သဘောသာဖြစ်ခဲ့သည်။ သို့သော်လည်း ဒေါက်တာစင်သီယာမောင်သည် ဦးအောင်မင်းအဖွဲ့နှင့်ဆွးနွေးလိုသည့် အဓိကအကြောင်းအရာ ၃ ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။
- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာအောင်ပုလုပ်ရန်၊ အထူးသဖြင့် မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြားလူနာလွဲပြောင်းမှုစနစ် (Referral System) လိုအပ်နေမှု။

- ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာပြည်သားမိဘများမှမွးဖွားလာသော ကလေးသူငယ်များနိုငံမဲ့ဖြစ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းများရှာဖွေချမှတ်ရန်၊ အထူးသဖြင့် မြန်မာနိုင်ငံသားမိဘများမှ မယ်တော်ဆေးခန်းနှင့်မဲဆောက်ဆေးရုံတို့တွင်မွးဖွားခဲ့သော ကလေးသူငယ်များ၏ နိုင်ငံသားခံယူခွင့်ရရှိရန်လိုအပ်နေမှု။
- ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေကြသူများအတွက် ၎င်းတို့၏သက်ဆိုင်ရာနယ်ပယ်အလိုက် တတ်ကျွမ်းမှုများအပေါ် တရားဝင်အသိအမှတ်ပြုမှုရရှိရန်လိုအပ်နေမှု။
ဤအချက် ၃ ချက်ကို ဆွေးနွေးအဖြေရှာမှုများပုလုပ်နိုင်ခြင်းမရှိသေးသည့်အပြင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့မှသတင်းဌာနများသို့ ဒေါက်တာစင်သီယာမောင် မြန်မာပြည်တွင်ဆးရုံပန်လည်ဖွင့်လှစ်မည်ဟု အဓိပ္ပာယ်သက်ရောက်စေသည့် တရားဝင်မဟုတ်သည့်ညွှန်းဆိုပြောကြားမှုများပုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အများပြည်သူများအကြား နားလည်မှုလွဲမှားခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။
ဒေါက်တာစင်သီယာမောင်သည် မြန်မာပြည်အတွင်းတွင် တရားဝင်ဆးရုံတည်ထောင်ရန် ရည်ရွယ်ချက် လုံးဝမရှိသေးပေ။ ထို့ပြင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (ethnic health organisations) နှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ (community-based organisations) ၏ ကျန်းမာရေးလုပ်ငန်းများအပါအဝင် ရှိထားပြီးသောကျန်းမာရေးအဆောက်အအုံများကို အရည်အသွေးတိုးမြှင့်ပေးရန်နှင့် ပိုမိုခိုင်မာလာအောင်ပုလုပ်ရန် အစိုးရတွင်အဓိကတာဝန်ရှိသည်ဟု မယ်တော်ဆေးခန်းမှခံယူထားသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် လူထုအခြေပြုလူမှုအသင်း အဖွဲ့များ၏ ရှိပြီးသားကျန်းမာရေးဝန်ဆောင်မှုပစ္စည်းများနှင့် နယ်လှည့်ကျန်းမာရေးအဖွဲ့များမှတဆင့် ရရှိထားသောအတွေ့အကြုံများ၊ အများလက်ခံယုံကြည်မှုများနှင့်လုပ်နိုင်ခွင့်များသည် ထိရောက်ပြီး ပြည့်စုံသောကျန်းမာရေးစောက်ရှောက်မှုစနစ်တခုတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်သည်။ သို့မှသာ မြန်မာပြည်သားများ “အားလုံးအတွက်ကျန်းမာရေး” (Health for All) ထောက်ပံ့ပေးခြင်းဆိုသောရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဤရည်ရွယ်ချက်ကို တိုင်းရင်းသားဒေသများတွင် စတင်အကောင်အထည်ဖော်ရန် လေးနက်သောဆွးနွေးမှုများ ယနေ့အချိန်အထိ မရှိသေးပေ။ အထူးသဖြင့် တိုင်းရင်းသားဒေသအများအပြားတွင် ကျန်းမာရေးဝန်ဆောင်မှုများ ချဲ့ထွင်နိုင်ရန်ဆာင်ရွက်လျက်ရှိသော ဒေသတွင်းကျန်းမာရေးဝန်ဆောင်မှုများကို အလေးထားအသိအမှတ်ပြုထာက်ပံ့ပေးရမည်။ ဤဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုများသည် မြန်မာပြည်အတွင်းရှိ ထောင်ပေါင်းများစွာသောပည်သူများ၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသောကျးလက်ဒေသများတွင်နထိုင်နေကြသော တိုင်းသားလူမျိုးများအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်အောင် မဖြစ်မနေပံ့ပိုးပေးရမည်။ လက်ရှိတွင် အသုံးစရိတ်အလွန်နည်းပါးပြီး ဗဟိုချုပ်ကိုင်မှုအလွန်မြင့်မားသော အစိုးရကျန်းမာရေး စနစ်အောက်၌ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးပေ။
ဒေါက်တာစင်သီယာမောင်တင်ပြသည့်အကြောင်းအရာသုံးချက်မှာ ထိုသို့သောအခြေအနေများကိုကိုင်တွယ်ရန် အခြေခံကျသောကနဦးခြေလှမ်းများ ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများနှင့် အခြားမြန်မာပြည်မှ ကျန်းမာရေးလုပ်ဖော်ကိုင်ဖက်များနှင့်တွ့ဆုံဆွေးနွေးမှုများအပေါ် မယ်တော်ဆေးခန်းအနေဖြင့် ကြိုဆိုပါသည်။ ထိုသို့သောကိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည့်အပြင် မြန်မာပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စစ်မှန်သောလက်တွဲလုပ်ဆောင်မှုများ ရှိလာလိမ့်မည်ဟုလည်းမျှာ်လင့်ပါသည်။ မိမိတို့အနေဖြင့် ဒေသတွင်းစီမံမှုဗဟိုပြုသော (Community-managed) အခြေခံကျန်းမာရေးဝန်ဆောင်မှုနည်းစနစ်ကို ဆက်လက်ထောက်ခံတာင်းဆိုသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုအခွင့်အလမ်းများကိုချဲထွင်နိုင်ရန် မိမိတို့၏ မိတ်ဆွေအဖွဲ့အစည်းများ၊ မြန်မာပြည်အရှေပိုင်းတွင်လုပ်ကိုင်လျက်ရှိသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ (EHOs)၊ မဲဆောက်ဆေးရုံအပါအဝင် အခြားသော ထိုင်းနိုင်ငံကျန်းမာရေးဌာနများနှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လိုပါသည်။ သို့သော် မယ်တော်ဆေးခန်းမှ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သောအကြောင်းအရာ ၃ ချက်အတွက်အဖြေရှာနိုင်ရန် ထိုသို့တွေ့ဆုံဆွေးနွေးမှုများသည် တရားဝင်ဖြစ်ပြီး အများပါဝင်မှုရှိကာ တိကျသောဆွးနွေးချက် အကြောင်းအရာများ၊ ခိုင်မာပြီးအချိန်သတ်မှတ်ချက်ရှိသော အဆိုပြုချက်များပါဝင်ရပါမည်။ ဤကနဦးဖြစ်စဉ်ကို မိမိတို့ လူနာများနှင့် ဒေသခံရပ်ရွာလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် ခိုင်မာသောလုပ်ဆောင်ချက်များအဖြစ် အကောင်အထည်ဖော်ဆာင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အစည်းအဝေး အသေးစိတ်
ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ နေ့လည်စာစားရင်း

တွေ့ဆုံမှုပြုရန် ဖိတ်ကြားထားချက်အရ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Wattana Village Resort တွင် ဝန်ကြီးဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံရန် သွားရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် အလွန်တိုတောင်းခဲ့ပြီး ဒေါက်တာစင်သီယာမောင်မှ အဓိကအကြောင်းအရာ ၃ ချက်ကို ငြိမ်းချမ်းရေးအဖွဲ့ထံ တင်ပြနိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီ၊ Dawei Princess နှင့် Myanmar Egress ဦးဆောင်အဖွဲ့ဝင်များ အပါအဝင် ဦးအောင်မင်းနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့ အလည်အပတ် လာရောက်ခဲ့သည်။ ဤနှစ်ကြိမ်တိုင် တွေ့ဆုံမှုသည် အလွတ်သဘောသာ ဖြစ်ခဲ့သလို ဆွေးနွေးချက်များ အနည်းအကျဉ်းသာရှိခဲ့ပြီး တိကျသော ဆွေးနွေးမှုများနှင့် ခိုင်မာသော ရလာဒ်များ မရှိခဲ့သော်လည်း အလည်အပတ် လာရောက်မှုအပေါ် ဒေသခံမီဒီယာများ၊ အာရှဒေသတွင်း မီဒီယာများနှင့် နိုင်ငံတကာမီဒီယာများမှ အလုံးအရင်းနှင့် ပြန်လည်ဖော်ပြ အစီရင်ခံမှုများ ရှိခဲ့သည်။

ဝန်ကြီးဦးအောင်မင်းမှ ဇနီးဖြစ်သူ ဒေါက်တာဝေဝေသာကို မယ်တော်ဆေးခန်းသို့ အလည်လိုက်လာစေလို၍ အစိုးရအဖွဲ့၏တာင်းဆိုမှုအရ သြဂုတ်လ ၅ ရက်နေ့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထို့ကြောင့် ဒေသတွင်းနယ်စပ်ဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်မှုများအကြောင်း စတင်ဆွေးနွေးမှုပုလုပ်နိုင်ရန် ဒေါက်တာစင်သီယာမောင်မှ မြဝတီဆေးရုံမှဆရာဝန်များကိုပါ အစည်းအဝေးသို့ဖိတ်ခေါ်ရန် တောင်းဆိုခဲ့သည်။ ဤအစည်းအဝေးသည်လည်း အလွတ်သဘောသာဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှဖိတ်ကြားခဲ့သောတက်ရောက်သူများ၏အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။ ဇွန်လ ၂၆ ရက်နေ့တွင်တင်ပြခဲ့သော အဓိကအကြောင်းအရာ ၃ချက်အပေါ် ဒေါက်တာစင်သီယာမောင်မှထပ်မံတင်ပြခဲ့သည်။ နေ့လည်ထမင်းစားချိန်အပြီးတွင် ဦးအောင်မင်းနှင့်အဖွဲ့မှ ၎င်း၏ဇနီးကိုလာကြိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်လည်း မီဒီယာများစွာမှ လာရောက်သတင်းယူနေခဲ့သည်။ ဤအလည်အပတ်လာရောက်မှုအပေါ် ဒေသခံထိုင်း အာဏာပိုင်များမှ များစွာသတိထားအာရုံစိုက်လာပြီး မေးခွန်းများစွာမးမြန်း လာခဲ့သည်။ ဒေါက်တာဝေဝေသာ၊ မြဝတီမှ ဒေါက်တာတဦး၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်တဦး၊ မဲဆောက်ဆေးရုံညွှန်ကြားရေးမှူးနှင့်မယ်တော်ဆေးခန်းတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အစည်းအဝေးတခုကို မယ်တော်ဆေးခန်းမှစီစဉ်ပြုလုပ်ခဲ့သည်။ အောက်ပါ အဓိကအကြောင်းအရာ ၃ချက်ကို ဖြေရှင်းနိုင်ရန် များစွာသောလုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ဆွေးနွေးမှုများအရ ထင်ရှားနေသည်။

လွှဲပြောင်းမှုစနစ်
မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့်မဲဆောက်ဆေးရုံတို့ တခုစီ၌လက်ခံတာဝန်ယူပေးသော လူနာအရေအတွက်နှင့် တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများကို နှိုင်းယှဉ်ကြည့်သော အခါ မြန်မာအစိုးရ၏ဆးရုံကို အရည်အသွေးမှင့်တင်ရန်နှင့် ပစ္စည်းကိရိယာများထပ်မံတိုးချဲ ထားရှိရန်လိုအပ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ လက်ရှိအချိန်တွင် မြဝတီဆေးရုံ၌ လူနာကုတင် ၅၀ သာရှိပြီး မွေးကင်းစကလေးငယ်များစာင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာများမရှိပေ။ ကေ့စ် (case) အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက မယ်တော်ဆေးခန်းမှ နှစ်စဉ်ကလေးငယ် ၃,၀၀၀ ခန့်ကို မွေးပေးပြီး မဲဆောက်ဆေးရုံမှလည်း နှစ်စဉ်ကလေးငယ် ၃,၀၀၀ ခန့်ကို မွေးပေးလျက်ရှိသည်။ မဲဆောက်ဆေးရုံမှမွးပေးသော ကလေးတဝက်နီးပါးမှာ မြန်မာပြည်သား ကလေးငယ်များဖစ်သည်။ မြဝတီဆေးရုံမှ နှစ်စဉ်ကလေးငယ် ၁,၂၀၀ ခန့်ကိုသာမွးပေးခဲ့သည်။ မြဝတီဆေးရုံမှ ကုသမှုမပြုနိုင်သောလူနာများကို မယ်တော်ဆေးခန်း (သို့မဟုတ်) မဲဆောက်ဆေးရုံသို့ ပို့လွှတ်သည်။ ထို့သို့ ပို့လွှတ်သော်လည်း လူနာလွှဲပြောင်းမှုစာရွက်စာတမ်းများမပေးပို့သည့်အပြင် ဆေးရုံဆေးခန်းနှစ်ခုကြား နောက်ဆက်တွဲဆွေးနွေးမှုများလည်း မရှိပေ။ ထို့ကြောင့် ရပ်ရွာဒေသအတွင်း အဆင့်ဆင့်ချိတ်ဆက်လုပ်ဆောင်မှုများကို ခွင့်ပြုထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။ ထိုင်းနိုင်ငံရှိဆးရုံများနှင့် ဆက်သွယ်ရေးပုလုပ်ရာတွင် ဗဟိုမှတဆင့်သာပုလုပ်နေရပြီး လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။

မွေးစာရင်း
ယနေ့အချိန်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့သည် ဤပြဿနာအပေါ် အမှန်တကယ် နားလည်သဘောပေါက်ခြင်း မရှိပေ။ လက်ရှိအစိုးရ၏စည်းမျဉ်းစည်းကမ်းများသည် နယ်စပ်ရှိ နိုင်ငံမဲ့ကလေးငယ်များပြဿနာကိုဖြေရှင်းရာတွင် အတားအဆီးများစွာ ဖြစ်စေသည်။

ကျွမ်းကျင်ဝန်ထမ်းများကို တရားဝင် ထောက်ခံအသိအမှတ်ပြုမှု
ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိကျင့်သုံးနေသော ကျန်းမာရေးလုပ်သားများအတွက် တရားဝင်အသိအမှတ်ပြုမှုစံနှင့် ၎င်းစံနှုန်းအဆင့်တခုစီတွင်ရှိသော ကျန်းမာရေးလုပ်သားများ ပံ့ပိုးပေးနိုင်သောကျန်းမာရေးဝန်ဆောင်မှုအဆင့်များကို တင်ပြနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အတွင်းရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏တင်ပြချက်အပေါ်အားရကျေနပ်မှုရှိခဲ့ပြီး ခိုင်မာသောလုပ်ငန်းအစီစဉ်များ (သို့မဟုတ်) အဆိုပြုချက်များရးဆွဲချမှတ်မှုနှင့် နောက်ဆက်တွဲလုပ်ငန်းအစီအစဉ်များချမှတ်ခြင်းအထိမရှိခဲ့သော်လည်း ၎င်းကိစ္စအတွက် ဖြစ်နိုင်ခြေ ရှေဆက်ချိတ်ဆက်လုပ်ဆောင်မှုအပေါ် မှတ်ချက်ပြုသွားခဲ့သည်။

နိဂုံး
မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ချိတ်ဆက်၍ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံအစိုးရ၏ ယခုကဲ့သို့ အစပြုကမ်းလှမ်းလာမှုအပေါ် မယ်တော်ဆေးခန်းမှ ကြိုဆိုပါသည်။ သို့သော်လည်း ဤရည်မှန်းချက်ပန်းတိုင်သို့ရာက်ရှိရန် ခိုင်မာသည့်ရလာဒ်များနှင့် တိုးတက်ဖြစ်ထွန်းမှုများမရှိသေးပေ။ ဖြစ်စဉ် ရှေဆက်ရွေလျားနိုင်ရန် မယ်တော်ဆေးခန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ထားသော်လည်း အောက်ပါအခြေအနေများတွင်သာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

- အနာဂတ်တွေ့ဆုံမှုများသည် တရားဝင်တွေ့ဆုံမှု ဖြစ်ရမည်။ 

ရှင်းလင်းစွာချမှတ်ထားသောတရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့် နှစ်ဦးနှစ်ဘက်
သဘောတူညီထားသည့် ရှင်းလင်းသောအစည်းအဝေးအစီအစဉ် ရှိရမည်။

- လူနာများအတွက် လျှို့ဝှက်ထားရန်လိုအပ်မှုအပေါ် ရှေးရှု၍လည်းကောင်း၊ အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အနှောက်အယှက်မဖြစ်စေရေးအတွက်လည်းကောင်း အနာဂတ်အစည်းအဝေးများကို မည်သည့်အဖွဲ့၏လွှမ်းမိုးမှုအောက်တွင်မှမရှိသော ထိုင်းနိုင်ငံ မဲဆောက်မြိုရှိ ကြားနေ နေရာတခုတွင်ပုလုပ်ရမည်။

- ထိုအစည်းအဝေးများအကြောင်းကို မီဒီယာများတွင်ပန်လည်ဖော်ပြမှုနှင့်စပ်လျဉ်းပြီး မယ်တော်ဆေးခန်းမှ ကြိုတင်သဘောတူညီထားမှု ရှိရမည်။

- ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ အနာဂတ်အစည်းအဝေးများ တက်ရောက်မည့်သူများသည် မယ်တော်ဆေးခန်းမှတင်ပြထားသော အဓိကဦးစားပေးအကြောင်းအရာ ၃ ခုကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော ကျောထောက်နောက်ခံနှင့်ရာထူးရှိသူများ ဖြစ်ရမည်။

- လုံခြုံရေးနှင့် ပွင့်လင်းမြင်သာရေးတို့ကို ရှေးရှု၍ အစည်းအဝေးတက်ရောက်မည့်သူများ၏ နောက်ခံ သမိုင်းကြောင်းများနှင့် အစည်းအဝေးအတွင်း ၎င်းတို့၏အခန်းကဏ္ဍနှင့်စပ်လျဉ်းသည့် အချက်အလက်များကို အစည်းအဝေးမပြုလုပ်မီ ကြိုတင်ဖလှယ်ထားရမည်။

- ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် အနာဂတ်တွင်ပုလုပ်မည့်အစည်းအဝေးများအတွက် ထိုင်းအာဏာပိုင်များထံမှ ကြိုတင်ခွင့်တောင်းမှု ပြုရမည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် မယ်တော်ဆေးခန်းအနေဖြင့် အဆိုပါကြိုတင်ခွင့်တောင်းမှု တောင်းဆိုရန်သင့်လျော်မှုမရှိပေ။

မယ်တော်ဆေးခန်းအနေဖြင့် အနာဂတ်ဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်မှတင်ပြခဲ့သော အကြောင်းအရာ ၃ ချက် အပါအဝင် အခြားသော မြန်မာပြည်သူများ နှစ်ပေါင်းများစွာရင်ဆိုင်နေရသော ပြဿနာအခက်အခဲများကို ဖြေရှင်းနိုင်မည့် ခိုင်မာသောခြေလှမ်းများကို အစပြုပေးနိုင်လိမ့်မည့်ဟု မျှော်လင့်မိပါသည်။ နိုင်ငံတော်အစိုးရသည် ဤအခွင့်အရေးကိုယူ၍ မယ်တော်ဆေးခန်းနှင့် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြု လူမှုအသင်းအဖွဲ့များနှင့် စစ်မှန်သောပူးပေါင်းမှုနှင့်အတူ လက်တွဲဆောင်ရွက်မှုများပြုလုပ်ကာ တိုင်းပြည်နှင့်ဒသတွင်းရှိ ပြည်သူ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် နောက်တဆင့်တွ့ဆုံဆွေးနွေးရန် အခြေအနေသဘောထားနှင့်စပ်လျဉ်းပြီး မယ်တော်ဆေးခန်းအနေဖြင့် သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းနှင့်ကျန်းမာရေးဝန်ကြီးတို့ထံသို့ တရားဝင်တာင်းဆိုမှု ပြုလုပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသောနိုင်ငံရေးပါတီများထံသို့လည်း မယ်တော်ဆေးခန်း၏ရပ်တည်မှုအပေါ် အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

အနာဂတ်တွ့ဆုံဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် ဒေါက်တာစင်သီယာမောင်တင်ပြခဲ့သောကိစ္စရပ်များအတွက် တိုးတက်ဖြစ်ထွန်းမှုများ ယူဆောင်လာပေးလိမ့်မည်ဟု မိမိတို့ မယ်တော်ဆေးခန်းမှ မျှော်လင့်ပါသည်။

မယ်တော်ဆေးခန်းသည် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းသားဒေသများတွင်အလုပ်လုပ်နေသော ကျန်းမာရေးလုပ်သားများအားလ့ကျင့်သင်ကြားပေးခြင်းနှင့်ကလေးငယ်များကို ကာကွယ်ခြင်း၊ အထူးသဖြင့် နိုင်ငံမဲ့ဖြစ်မှုမှကာကွယ်ရန်အတွက် စည်ရုံးမှုလှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ကိုဆာင်ရွက်နေသည့်အလျောက် ထိုသို့ မယ်တော်ဆေးခန်းက ဝန်ဆောင်မှုပေးနေသော လူထု၏ဘဝများတိုးတက်ကောင်းမွန်လာစေရေးအတွက် အထက်တွင်ဖ်ာပြထားသောကိစ္စရပ်များကို တိုးတက်အောင်လုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်သည်။

တိုင်းရင်းသားဒေသများတွင် နေထိုင်နေကြသောပည်သူများမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှုစတင်တည်ဆောက်နိုင်ရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (Ethnic Health Organizations) နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အမြန်ဆုံး စတင်လုပ်ဆောင်သင့်ပါသည်။ စစ်ဒဏ်အတွင်းကျရောက်နေသော တိုင်းရင်းသားဒေသများတွင် အများပြည်သူမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုယုံကြည်မှုရှိလာစေရန် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင်ပုလုပ်ခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့၏ အဓိကလုပ်ဆောင်မှုအစီအစဉ်တခုအဖြစ် ထားရှိသင့်သည်။ ။

(ဂါမဏိ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

0 comments:

Post a Comment