Saturday, February 16, 2013

တိုင်းရင်းသားတွေအပေါ် မတန်တဆလက်နက်တွေနဲ့တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့သတ်မှတ်ရမှာလား

0 comments

တိုင်းရင်းသားတွေအပေါ် မတန်တဆလက်နက်တွေနဲ့တိုက်ခိုက်နေ တာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )
Wednesday, February 13, 2013 Posted byသျှမ်းသံတော်ဆင့်
ပြည်ထောင်စုနေ့ကျရောက်ခါနီး ရက်အလို ယခုလ ရက်နေ့က အစိုးရစစ်တပ်တွင်းသူရဘွဲ့  အပါအဝင် သူရဲကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့်သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော အား တွေ့ဆုံမေးမြန်းတင်ပြချက်။



မေး - စစ်တပ်တွင်း သူရဘွဲ့တွေချီးမြှင့်တဲ့အခြေအနေ အရင်ပြောပေးပါဦး။


ဖြေ - ဒီလ ရက်နေ့ကပဲ ဗမာတပ်တွင်း ပြန်တမ်းတစ်စောင်အရ သူရဘွဲ့ ၃ ယောက်အပါအဝင် သူရဲကောင်းမှတ်တမ်းဝင်က ၇၈ ယောက် နောက်တစ်ခုက ဒုဗိုလ်ချုပ်ကြီးလှဌေးဝင်းအပါအဝင် ဒုဗိုလ်ချုပ်ကြီးအဆင့် ဦးနဲ့ စုစုပေါင်း ၁၅၀၀ ကျော်ကိုတော့ တပ်မတော်သားကောင်းဆုတွေ ကိုပေးခဲ့တယ်လို့ သိရပါတယ်။



မေး - ဘယ်တပ်တွေပါပြီးတော့ ဘယ်လိုလူတွေကို ဆုတံဆိပ်တွေပေးခဲ့သလဲ ဆိုတာလည်း သိပါရစေ။


ဖြေ - ၉၉ ရာခိုင်နှုန်းက ကချင်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်ကစစ်မှုထမ်းတွေ တပ်မ၈၈ တပ်မ ၉၉ သက်ဆိုင်ရာ မပခအောက်ကတပ်တွေကို ပေးခဲ့တယ်။



မေး - ဒီဆုတံဆိပ်တွေပေးခဲ့တာနဲ့ပတ်သက်ပြီး ထူးခြားမှုတွေရှိရင် သုံးသပ်ပေးပါအုံး။


ဖြေ - ထုံးတမ်းစဉ်လာမဟုတ်ပဲ ဒီလိုအချိန်မျိုးပေးတာကတော့ အကြောင်း အမျိုးမျိုးတော့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဇန်နဝါရီလ ရက်တို့ မတ်လ ရက်တို့ ဒီရက်တွေမှာပဲ ပေးခဲ့တာမျိုးတွေ့ရပါတယ်။ နောက်ဆုံးဒီ လိုင်ဇာမြို့ထိုးစစ်ကြီးမှာ ဗမာအစိုးရတပ်ကကျဆုံးမှုကသိပ်များတယ်လေ အဲဒါနဲ့ပါတ်သက်လို့ တပ်က Morale သိပ်ထိခိုက်တယ်။ဒါပေမယ့် သေချာစဉ်းစားဖို့ကောင်းတာက ဒီတစ်လော တိုက်ပွဲမှာကျသွားတဲ့ တပ်မ ၁၀၁ က တပ်ရင်းမှူးတချို့၊ တပ်မ ၈၈ ကပဲ ခလရ ၁၀ ကတပ်ရင်းမှူး အဲလို လူမျိုးတွေကျတော့ တစ်ယောက်မှပါမလာဘူး၊ အနည်းဆုံး ဒီတိုက်ပွဲတွေအတွင်းမှာ တပ်ရင်းမှူးတွေ ဒုရင်းမှူးတွေသေကျေသွားတာ အများကြီးရှိတယ်။ အဲဒီလူတွေမပါဘဲနဲ့ သက်ရှိထင်ရှားရှိတဲ့လူတွေကို ပဲရွေးပေးတာကတော့ ထူးခြားပါတယ်။



မေး - ဆုတံဆိပ်တွေပေးတဲ့အပေါ် အကျိုးရလဒ်ကဘယ်လိုရှိနိုင်သလဲ။


ဖြေ - ပြည်ထောင်စုနေ့နားမှာ ဒီလိုလုပ်တဲ့ကိစ္စက ကိုယ့်ပြည်ထောင်စုသားချင်းတိုက်ကြတဲ့တိုက်ပွဲမှာ ဒီလိုဆုတွေလာဘ်တွေပေးတယ်ဆိုတာ သိပ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိမယ်လို့တော့ မထင်ဘူး။ ကာလုံက သူ့တပ်ကျေနပ်ရေးလောက်လုပ်တာ ဖြစ်တယ်။ အခုလုပ်ရပ်က မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ဆိုတာ သိပ်ရှင်းတယ်၊ ပြဿနာပေါင်းစုံရှိသေးတယ်။ သမ္မတကြီးအမိန့်နာခံပြီး စစ်မတိုက်ဘူးဆိုတဲ့လူတွေ ထောင်ထဲထည့်ထားတာ၊ ကျဆုံးသွားတဲ့သူတွေရဲ့မိသားစုတွေကိုရော ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ပြဿနာတွေပေါ့။

 ကချင်စစ်ပွဲအတွင်းမှာ ဗမာစစ်တပ်က တပ်သားဦးရေ ထောင်ကျော်လောက်သဆုံးဒဏ်ရာရတယ်လို့ အနောက်နိုင်ငံသတင်းဋ္ဌာနတွေကခန့်မှန်းတယ်၊ အဲလိုသေခဲ့တယ်ဆိုရင် သူတို့နဲ့နွယ်နေတဲ့မိသားစုဟာ အနည်းဆုံး လူ သောင်းရှိနေမယ်။ ဒီမိသားစုတွေအတွက် စားဝတ်နေရေးဘယ်လိုဖြေရှင်းပေးကြမလဲ ဒီကိစ္စကို အများမြင်သာအောင် ဖေါ်ပြရမယ်။ ဒါတစ်ဘက်ကိုပဲပြောနေတာ ကေအိုင်အေဘက်ကမပါသေးဘူး ကေအိုင်အေက သူ့ရဲ့တရားတဲ့ခုခံစစ်အတွက် ဂုဏ်ပြောင်စွာကျဆုံးသွားခဲ့တာဖြစ်တယ်၊ အဲဒီလူတွေကိုရော ဘယ်လိုသတ်မှတ်မလဲ ကိုယ့်အချင်းချင်းကို မတန်တဆလက်နက်တွေနဲ့တိုက်ခိုက်သတ်ဖြတ်တာကို သူရဲကောင်းတွေလို့သတ်မှတ်ရမလား။



မေး - ခုနကပြောသွားတဲ့အထဲမှာ စစ်မတိုက်လို့ ထောင်ချခံရတယ်လို့ပြောသွားတော့ ဘယ်လိုဖြစ်တာလဲ ဆိုတာပြောပေးပါအုံး။


ဖြေ - ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၁၂ လပိုင်းမှာ သမ္မတကြီးက စစ်ရပ်ဖို့အမိန့်ပေးတဲ့နောက်ပိုင်းမှာ ဗန်းမော်မှာခလရ ၄၇ တပ်ရင်းက ဗိုလ်မှူးမျိုးထွန်းခိုင်ပေါ့နော် သူဦးစီးတဲ့တပ်ခွဲကသိပ်နာတဲ့အခါ သူကနေပြီးတော့ တပ်ရင်းမှူးကို ကျနော်တို့တပ်ကထွက်ပါရစေတော့ အချင်းချင်းပစ်ခတ်နေကြတာ ဘယ်သူ့အတွက်မှအကျိုးမရှိဘူး၊ ကျနော်တို့ရဲဘော်တွေလည်း ကျလာပြီ ကျနော်တို့တော့ မတိုက်ပါရစေနဲ့ဆိုပြီး တပ်ရင်းမှူးကိုတင်တယ်၊ တပ်ရင်းမှူးကလည်း မင်းတို့တောင်မတိုက်တော့ရင် ငါလည်းဘာလို့တိုက်မှာလည်း သူပါရောပြီး ထွက်စာတင်တယ်။

 အဲဒါကို ကစထမှူးညီစိုးက မှတ်လောက်သားလောက်အောင်အရေးယူမယ်ဆိုပြီးတော့ တပ်ရင်းမှူးကို ၂၅ နှစ် တပ်ခွဲမှူးကိုထောင်ဒဏ်နှစ် ၂၀ ကျန် အရာရှိ ယောက်ကလည်း အလားတူ နှစ် ၂၀ စီချတယ်။ ကျန်တဲ့ Other rank တွေကို ၁၅ နှစ် ၁၀ နှစ်စီချထားတယ်။ စုစုပေါင်း ၂၀ ကျော်လောက်ရှိတယ်။ ခမရ ၄၂၈ ကလည်း အလားတူဖြစ်တယ်၊ တပ်ရင်းမှူးတွေကို ဗန်းမော်အရပ်ထောင်မှာပဲ ထောင်ချထားတယ်။

 အဲတော့ သူတို့ကျတော့ကော သမ္မတရဲ့အမိန့်ကိုနာခံပြီး ဒီစစ်ပွဲကြီးမှာဘယ်သူကိုမှမသေစေချင်လို့ မတိုက်တော့တာကို ဘာဖြစ်လို့အရေးယူတာလဲ၊ ဒါက တစ်ဘက်ပေါ့၊ တစ်ခုလုံးခြုံပြောမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီဆုကိုပေးတယ်ဆိုတာ မီးစတဖက်ရေမှုတ်တစ်ဖက်လို့ပြောရမှာပဲ။ တစ်ဘက်ကလည်း မြှောက်ပေးတယ်၊ တစ်ဘက်ကလည်း ငြိမ်းချမ်းရေးစကားတွေပြောနေတယ်။



မေး - ကချင်စစ်ပွဲနဲ့ပတ်သက်လို့ အစိုးရတပ်က ဘာလုပ်သင့်တယ်လို့ ထင်သလဲဗျ။


ဖြေ - ကျနော်အမြင်ကတော့ အဲဒါတွေကိုလုပ်မယ့်အစား ကိုယ့်တပ်မတော်ကိုကောင်းစေချင်ရင် ဒီစစ်ပွဲကိုကောင်းကောင်း နိဂုံးချုပ်ပါ။ စစ်ပွဲကိုနိဂုံးချုပ်မှ နောင် ဒေသရန်ကိုကာကွယ်တဲ့အခါမှာ ဘယ်လိုတိုက်မလဲဆိုတာဖြစ်လာမယ်။

 ဒါကြောင့်မို့ ဒီစစ်ပွဲကိုရပ်စဲပြီး တကယ့်ခိုင်မာတဲ့ငြိမ်းချမ်းရေးရဖို့ဆို တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့အခြေခံက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးဆိုတဲ့ ဖက်ဒရယ်မူရဲ့အခြေခံတွေကိုဆုပ်ကိုင်ပြီးဆွေးနွေးကြမှသာလျှင် ကျနော်တို့တိုင်းပြည်ရဲ့အနာဂတ် လှပလာလိမ့်မယ်။



မေး - နောက်ဆုံးတစ်ခုပေါ့နော် စစ်တပ်နဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇောအနေနဲ့ ဘာများ ထပ်ပြောစရာရှိပါသလဲ။


ဖြေ - ဒီနေ့ ဘာဖေါ်ပြနေသလဲဆိုရင် ဥပဒေရဲ့အထက်မှာ စစ်တပ်ရှိတယ်၊ လွတ်တော်နဲ့အစိုးရရဲ့အထက်မှာ တပ်ရှိတယ်၊ သူများတွေပြောသလို ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အဝေးကြီးရောက်ပြီလဲလို့မေးရင် နောက်လှည့်ကြည့်လဲဒီနေရာပဲ ရှေ့တိုးကြည့်လည်းဒီနေရာပဲ။

 တကယ်တမ်း တိုင်းပြည်အနာဂတ်ကောင်းစေချင်တယ်ဆိုရင် ပရော်ဖက်ရှင်နယ်လ်စစ်တပ်ဖြစ်ချင်တယ်ဆိုရင် စစ်တပ်ရဲ့ Mindset ကိုပြင်ရမယ်၊ အဲဒါကိုပြင်ရင် လွတ်တော်ထဲမှာရှိတဲ့စစ်ဗိုလ်ဟောင်းတွေ တပ်ထဲမှာရှိတဲ့စစ်ဗိုလ်တွေ သူတို့အတွေးအခေါ်ပြင်သူတို့မပြင်သမျှတော့ တပ်ကပြောင်းမှာမဟုတ်ဘူး၊ တပ်ကိုမပြင်နိုင်ရင် ကျနော်တို့ခြေလှမ်း ၁၀ လှမ်းလှမ်းပြီးရင် ခြေလှမ်း ၁၀ လှမ်းပြန်ဆုတ်တာကို မြင်ရမှာပဲ။
တွေ့တာယူတာကဒီနေရာကပါ https://www.facebook.com/jade.land.50

0 comments:

Post a Comment