Tuesday, February 26, 2013

ဇာဂနာပြောတဲ့အလွတ်သဘော

0 comments

ဟာသသရုပ်ဆောင်ဇာဂနာ အလွတ်သဘောပြောသည်ဆိုသော စကားများ အင်တာနက်စာမျက်နှာများတွင်ပျံ့နှံ့၊ ဇော်သက်ထွေး အတည်ပြုရန်ငြင်းဆို၊ လူသိထင်ရှားအနုပညာသမားဖြစ်၍ သတိပြုစေလိုကြောင်း ညီမင်းညိုသတိပေး
စာပေဟောပြောပွဲခရီးစဉ်အဖြစ် ဟာသသရုပ်ဆောင်ဇာဂနာ၊ သမဂ္ဂဂျာနယ်မှအတိုင်ပင်ခံအယ်ဒီတာ ဇော်သက်ထွေး၊ The Ladies ဂျာနယ်မှတာဝန်ခံအယ်ဒီတာ ညီမင်းညိုတို့သည်လွန်ခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့သို့ရောက်ရှိခဲ့ကြပြီး စာပေဟောပြောပွဲအပြီးတွင် ဟာသသရုပ်ဆောင်ဇာဂနာကို လာရောက်နှုတ်ဆက်ကြသည့်ပရိသတ်အချို့ကို ဇာဂနာက လက်ပံတောင်းတောင်အရေးအခင်းနှင့်ပတ်သက်သည့် စကားဝိုင်းတစ်ခုကိုပြုလုပ်ခဲ့သည်ဟု ဖေ့()ဘွတ်ခ်စာမျက်နှာများမှတစ်ဆင့် သတင်းများထွက်ပေါ်လာခဲ့သည်။ ယင်းသတင်းများ၏အဆိုအရ၊ စကားဝိုင်းသို့တက်ရောက်ခဲ့သော ရပ်မိ/ရပ်ဖများကို ဇာဂနာပြောဆိုခဲ့သည်မှာ လက်ပံတောင်းတောင် အရေးအခင်းဖြစ်နေချိန်တွင် ဆန္ဒပြသံဃာများသည် ကျောင်းပိုင်မရှိသောသံဃာအများ စုဝေးပါဝင်နေကြောင်း၊ အချို့သံဃာများသည် ရက်ပိုင်းလေးတွင်သင်္ဃန်းဝတ်ဆင်ထားသည်ဟု ၎င်းမှ ယူဆထားကြောင်းပြောခဲ့ပါသည်။ လူအများစုမှာလည်း အဆိုပါကျေးရွာသားများသာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲရန် နံနက်လင်းအားကြီးအချိန်တွင် အသံချဲ့စက်ဖြင့်ကြေညာသော်လည်း သပိတ်စခန်းတွင်အိပ်ပျော်နေသော သံဃာနှင့်လူအများစုသည် ညနက်ပိုင်းအထိ စကားပြောဆိုခြင်း၊ ညနက်မှ အိပ်ယာဝင်ခြင်းတို့အတွက်ကြောင့် နံနက်လင်းအားကြီးအချိန်တွင် လူစုခွဲခိုင်းမှုကိုမထေမဲ့မြင်ပြုခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချိန်ရောက်သောအခါ သပိတ်စခန်းမှာလူစုမကွဲသဖြင့် သက်ဆိုင်ရာမှ မျက်ရည်ယိုဗုံး ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သပိတ်မှောက်သူများ ယာယီနေထိုင်သောပလတ်စတစ်တဲများသည် မျက်ရည်ယိုဗုံးကျခြင်းကြောင့် မီးလောင်မှုအနည်းငယ်သာရှိပါကြောင်း၊ သို့သော် အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် အတူလိုက်ပါလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် သပိတ်စခန်းလူစုမကွဲသဖြင့် မီးသတ်ပိုက်ဖြင့် လူစုထပ်မံခွဲရပါကြောင်း၊ ထိုအခါ မီးသတ်ကားများမှ ရေကုန်သွားသောအခါ နံနက်လင်းအားကြီး အချိန်ဖြစ်သည့်အတွက် ရသည့်ရေကိုသွားရောက်ယူငင်ပြီး ရေစုပ်ရကြောင်း၊ ထိုရေဖြင့် ထပ်မံလူစုခွဲရကြောင်း၊ အဆိုပါ ရေကုန်သောအခါ ထပ်မံသွားရောက်ယူသော ဒီပဲရင်းမြို့နယ်ပိုင် မီးသတ်ယာဉ်()စီးသာရှိပါကြောင်း၊ အဆိုပါမီးသတ်ရေယာဉ်မှစုပ်ယူသောရေသည် ကံဆိုးစွာဖြင့် တရုတ်စက်ရုံမှထုတ်သောစွန့်ပစ်ရေကန်မှရေဖြစ်ပြီး ယင်းရေတွင်အက်ဆစ်များပါနေကြောင်း၊ အဆိုပါမီးသတ်ရေယာဉ်မှရေဖြန်းသူလည်း အက်ဆစ်အလောင်ခံရကြောင်း၊ ရေထိသောသံဃာအများစုသည်လည်း အက်ဆစ်ထိမှန်သွားခြင်းသာဖြစ်ကြောင်း၊ ဒါကြောင့် ဆေးကုသသော်လည်း ရေထိပါက အက်ဆစ်ထိသောခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် ပြန်ကြွနေသည့်အတွက် ဆေးကုသရန်ခက်ခဲနေခြင်းဖြစ်ကြောင်း ရွာငံမြို့ရပ်မိ/ရပ်ဖများကို ရှင်းလင်းပြောကြားသွားပါသည်။

ရပ်မိ/ရပ်ဖများမှ ဒီအကြောင်း သတင်းမီဒီယာကို ဘာဖြစ်လို့ မရှင်းပြတာလည်းဟု ဇာဂနာအားမေးမြန်းရာ ဇာဂနာမှ မိမိသည် အစိုးရဘက်ရပ်တည်ပါက ဝိုင်းဆော်ခံရမည်ကိုစိုးရိမ်သည့်အတွက် မပြောခြင်းသာ ဖြစ်ကြောင်း၊ ဖြစ်စဉ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်သိသော်လည်း ဆန္ဒပြလူစုက ရဲကိုသာစွပ်စွဲနေသည့်အတွက် အလိုက်သင့်လေးသာနေရကြောင်း၊ သို့သော် နိုင်ငံတော်သမ္မတကြီးထံ စုံစမ်းရေးကော်မရှင်မှတင်ပြစာတွင် ထည့်သွင်းဖော်ပြသွားမှာဖစ်ကြောင်း၊ ဖြစ်စဉ်မှန်များကိုသိရ၍ ၈၈ မျိုးဆက်ကျောင်းသားခါင်းဆောင် မင်းကိုနိုင်နှင့်ကိုကိုကြီးတို့ခေါင်းရှောင်သွားပြီး နှုတ်ဆိတ်နေခြင်းသာဖြစ်ကြောင်း၊ မင်းကိုနိုင်လည်း စာပေဟောပြောပွဲများကို နယ်အနှံ့လိုက်လံဟောပြောနေသော်လည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ်မရှင်းပြတာကိုလည်း အံသြမိကြောင်း ရပ်မိ/ရပ်ဖများကို ရှင်းလင်းသွားပါသည်ဟု www.khitthitmyanmar.com တွင် ဖော်ပြရေးသားထားကြောင်းတွေ့ရသည်။ ယင်းခရီးစဉ်တွင်လိုက်ပါခဲ့ကြသူများဖြစ်သည့် စာရေးဆရာဇော်သက်ထွေး၊ စာရေးဆရာညီမင်းညို၊ ဟာသသရုပ်ဆောင်ဇာဂနာတို့ကို မြန်မာအင်ဒီပဲန်ဒင့်မှ ဆက်သွယ်မေးမြန်းရာတွင် စာရေးဆရာဇော်သက်ထွေးကအဲဒါက စာပေဟောပြောပွဲပြီးလို့ အိပ်ခါနီးမှာ အလွတ်သဘောပြောတဲ့ဟာပါ။ အဲဒါကို သူတို့တင်တဲ့အတွက် ဒါဟာ မီဒီယာကျင့်ဝတ်နဲ့မညီပါဘူး။ ဒီမေးခွန်းတွေအတွက် ကျွန်တော် ဖြေစရာအကြောင်း ဘာမှမရှိပါဘူးဟု ပြောသည်။

ဆက်လက်၍ စာရေးဆရာ ညီမင်းညိုကို ဆက်သွယ်မေးမြန်းရာတွင်ကျွန်တော်တို့ဟောပြောပွဲပြီးတဲ့အခါ ကျတော့ တည်းတဲ့အိမ်ကိုပြန်လာတယ်။ ၁ဝး၃ဝ နဲ့ ၁၁ နာရီကြားလောက်ရှိမယ်။ အဲဒီမှာညစာ စားကြတော့ ပရိသတ်တွေကလာပြီးတော့ နှုတ်ဆက်ကြတယ်။ အဲဒီလိုနှုတ်ဆက်ကြတဲ့အခါမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ပါတယ်။ အဲဒီမှာ ကိုဇာဂနာကြီးက စကားတွေတော့ ပြောတယ်။ ကျွန်တော်က အဲဒီဘေးမှာ ထမင်းစားနေတယ်။ စကားဝိုင်းတစ်ခုအနေနဲ့လုပ်တာတော့ မဟုတ်ဘူး။ သူတို့ကမေးလိုက် ကိုဇာဂနာကဖြေလိုက်ပေါ့။ အကြောင်းအရာတွေကတော့အစုံပါတာပေါ့။ ကျွန်တော့်အယူအဆအရ ပြောရရင်တော့ ဒီစကားတွေကအလွတ်သဘောပြောတာဗျ။ အလွတ်သဘောပြောတဲ့ဟာကို ဖေ့()ဘွတ်ခ်ပေါ်ရာက်နေခြင်းအတွက်တော့ ကျွန်တော်မနှစ်သက်ဘူး။ တချို့စကားတွေက ပြောလို့ဆိုလို့မကောင်းတာတွေရှိတယ်။ ကိုဇာဂနာအနေနဲ့ အခုလိုပြောနေတာကို အွန်လိုင်းပေါ်ရောက်သွားနိုင်မယ်ဆိုတာကို သူတွေးမိချင်မှတွေးမိလိမ့်မယ်။ ဖေ့()ဘွတ်ခ်ကိုတင်လိုက်တဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာလည်း သူသိချင်မှသိလိမ့်မယ်။ ဟောပြောပွဲပြီးလို့ ပရိသတ်တွေရောက်လာတဲ့အချိန်မှာ စကားစမြည်ပြောကြရင်းနဲ့ပြောတဲ့စကားတွေ ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်ရောက်သွားခြင်းဟာ (privacy) မရှိဘူးလို့ထင်တယ်။ ကိုဇာဂနာအနေနဲ့ လူသိများတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့မှာလည်း ဒီလိုပြဿနာမျိုးဖစ်ဖူးတယ်လေ။ သူ့အနေနဲ့တော့ ပိုပြီးသတိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီးတော့ အခုအခြေအနေက ကိုဇာဂနာအနေနဲ့ပြန်လည်ချေပခွင့်လည်း မရှိဘူး။ ပရိသတ်က သူ ဒီလိုပြောသလားဆိုသလား။ ဒီလိုပဲ ကောက်ချက်ချသလားဆိုတဲ့ တစ်ဖက်သတ်အမြင်တွေဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်ဟုဆို သည်။ ဆက်လက်ပြီး ဟာသသရုပ်ဆောင်ဇာဂနာထံသို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းပိတ် ထားသည့်အတွက် ဆက်သွယ်၍မရပါ။ ဟာသသရုပ်ဆောင်ဇာဂနာအနေဖြင့် လွန်ခဲ့သည့် ၂ဝ၁၂ ခုနှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဧည့်သည်စောင့်ကြိုနေကြသည့် သတင်းမီဒီယာများအား ဆဲရေးတိုင်းထွာခဲ့မှု၊ စင်ကာပူတွင် အလွတ်သဘောပြောဆိုမှုများကြောင့် အွန်လိုင်းမီဒီယာများတွင် သတင်းများထွက်ပေါ်လာမှုများ ဖြစ်ပွားခဲ့သည်။

မြန်မာအင်ဒီပန်းဒန့်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
http://www.myanmarij.com/ဟာသ-သရုပ်ဆောင်-ဇာဂနာ-အလွ/

0 comments:

Post a Comment