Sunday, February 17, 2013

ကြွေးဟောင်းဆပ်ပေးတဲ့ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်)ဦးသိန်းစိန် (တူမောင်ညို)

0 comments
ကြွေးဟောင်းဆပ်ပေးတဲ့  ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန် (တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်) သမ္မတ(ဗိုလ်)ဦးသိန်းစိန်တို့လုပ်လိုက်ရင် ပက်ကျိလို အရာရာနဲ့အကြောင်းကြောင်းလို့ ပြောရမှာပဲ။
သမိုင်းဖြစ်ရပ်အမှန်အတိုင်း “ဖက်ဆစ်ဂျပန်”လို့ မရေးပဲ။ “ဖက်ဆစ်”လို့သာ ရေးသားထားပါတယ်။
ဒီလိုရေးရတာဟာ လောလောဆယ် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ် (JICB) ဆီကနေ (Bridge loan) “ပေါင်းကူးချေးငွေ” အမေရိကန်ဒေါ်လာ ၅၁၂သန်းနဲ့ ကြွေးဟောင်း ဆပ်ပေးလိုက်တဲ့ဂျပန်မာစတာကျေးဇူးရှင်ကို လက်ငင်းကျေးဇူးဆပ်ပတာပါ။
သမ္မတ(ဗိုလ်)ဦးသိန်းစိန်တို့မှာ ကျေးဇူးရှင်တွေများလှတယ်။ (နဝတ-နအဖ)စစ်အစိုးရကို “နိုင်ငံတကာ”က“ကြဉ်”ထားစဉ် ကူညီစောင်မပေးတဲ့“ပေါက်ဖော်ကျေးဇူးရှင်”၊ အစိုးရအဆက်ဆက် တင်ရှိခဲ့တဲ့အကြွေးတွေကူဆပ်ပေးတဲ့ “ဂျပန်မာစကာကျေးဇူးရှင်”၊ “ဗိုက်ကင်းကျေးဇူးရှင်”၊ စိုင်ရှင်ရုပ်သိမ်းပေးတဲ့ “အန်ကယ်ဆမ်ကျေးဇူးရှင်”ဆိုပြီး နောင်မှာရေးသားဆိုပြောလာလိမ့်မယ်လို့ ထင်ပါတယ်။
(၆၆)နှစ်မြောက် “ပြည်ထောင်စုနေ့သဝဏ်လွှာ” ဆိုတာမှာ “ဖက်ဆစ်” ဆိုတဲ့စကားလုံး ၃ လုံးပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်းခါင်းဆောင်သည့်ပညာတတ်မျိုးချစ်လူငယ်တို့ကခေါင်းဆောင်က
မန်မာ့တပ်မတော်ကိုဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့ပါသည်” တဲ့။
(ဖဆပလ)အစိုးရလက်ထက်မှာ ဂျပန်စစ်လျော်ကြေးရဖို့အရေးနဲ့ဆက်နွှယ်ပြီး နောက်ပိုင်းမှာ “ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့”အစား “တပ်မတော်နေ့”အဖြစ်ပြောင်းလဲပြီး “မာစတာ”တွေအလိုကျ သမိုင်းကိုပြောင်းလဲပေးခဲ့ကြတယ်။ လိမ်ညာဖုံးကွယ်ပေးခဲ့ကြရတယ်။ ဒါ့အပြင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို “ဖက်ဆစ်ဂျပန်တော်လှန်ရေး”မှာ အဓိကဦးဆောင်ခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နဲ့ ပြည်သူ့အရေးတော်ပုံပါတီရဲ့အခန်းကိုဖုံးကွယ်ပြီး စစ်တပ်အခန်းကိုဇောင်းပေးလိုတာကြောင့်လည်း ဖြစ်ပါတယ်။
အခုလည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “ဖက်ဆစ်ဂျပန်”ဆိုတဲ့စကားစုထဲက “ဂျပန်”ဆိုတာ ဖြုတ်လိုက်ပြန်ပြီ။
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကို ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့တဲ့ရဲဘော်သုံးကျိပ်နဲ့ ဘန်ကောက်မှာဖွဲ့စည်းခဲ့တာဖစ်ပါတယ်။ “မြန်မာ့တပ်မတော်”ဖွဲ့စည်းပြီးမှ “ဖက်ဆစ်”အကူအညီကို ရယူခဲ့တာမဟုတ်ပါဘူး။ သမိုင်းဖြစ်ရပ်ကိုလည်း တလွဲဇောက်ထိုး ရေးထားပါတယ်။ ကြည့်ရတာ “ဗမာ့လွတ်လပ်ရေးတပ်မတော်” (BIA)ဆိုတဲ့အမည်ထဲက (ဗမာနဲ့ Burma)ကိုရှာင်လွှဲချင်ပုံလည်း ရပါတယ်။ 
တိုင်းပြည်၏သမိုင်းစဉ်တွင် ဖက်ဆစ်ဂျပန်ခေတ် ၃ နှစ် (၁၉၄၂ - ၁၉၄၅)တာကို ရးကြပြောကြမည် ဆိုလျှင်/ရည်ညွန်းမည်ဆိုလျှင်  “ဖက်ဆစ်ဂျပန်ခေတ်” ဟူ၍သာ တိတိကျကျသုံးစွဲရပါမယ်။ “ဖက်ဆစ်ဂျပန်တော်လှန်ရေး” ဟု သမိုင်းဖြစ်ရပ်အမှန်အတိုင်းရေးသား ရပါမယ်။ ဖော့၍သော်လည်း၊ လျှော့၍သော်လည်းရေးသားခြင်း၊ ပြောဆိုခြင်း၊ ရည်ညွန်းခြင်းမပြုလုပ်သင့်ပါ။“ဖက်ဆစ်ဂျပန်”ဟု ရေးသားသုံးစွဲရသည်မှာ
ဂျပန်ပြည်သူများကိုသော်လည်းကောင်း၊ လက်ရှိဂျပန်အစိုးရကိုသော်လည်းကောင်းထိခိုက်နစ်နာစေလို၍၊ မလိုမုန်းထား၍မဟုတ်ပါ။ ဖက်ဆစ်စစ်ဝါဒစနစ်၏ ရိုင်းစိုင်းရက်စက်မှု၊ ဆိုးသွမ်းမှုကို မျိုးဆက်သစ်များနားလည်သိရှိနိုင်ရန်၊ အနာဂတ်တွင် ပြည်တွင်း/ပြည်ပ၌ ဖက်ဆစ်စစ်ဝါဒစနစ်ကဲ့သို့သောစနစ်ဆိုး၊ စနစ်ယုတ်များမထွက်ပေါ်စေရန်၊ ထိုသို့ဆိုးယုတ်ရိုင်းစိုင်းသောဖက်ဆစ်စစ်ဝါဒစနစ်ဆိုးကို မိဘဘိုးဘွားပြည်သူများ တသွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်ကာတော်လှန်တိုက်ခိုက်အနိုင်ယူခဲ့ကြပုံကို မျိုးဆက်သစ်လူငယ်များ လ့လာသိရှိကြစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများပါရှိပါတယ်။ ထို့အပြင် မိမိတို့တိုင်းပြည်နှင့်မိမိတို့ဘိုးဘွားပြည်သူများ အသက်သွေးချွေးဘဝတွေ ရင်းနှီးပေးဆက်ကာ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်ရပ်မှန်ကိုမတိမ်မြုပ်စေလို၍ ဖြစ်ပါတယ်။ မပျောက်ပျက်စေလို၍ ဖြစ်ပါတယ်။ ပကတသမိုင်းဖြစ်ရပ်မှန်အတိုင်းတည်ရှိစေလို၍ ဖြစ်ပါတယ်။ ဤသို့သော သမိုင်းဖြစ်ရပ်မှန်ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခု၊ အစိုးရတစ်ရပ်မှနေ၍ မိမိစိတ်ကြိုက်သဘောထားနှင့်မိမိအလိုရှိသလို၊ အကျိုးအမြတ်တစ်ခုခုကိုထောက်ထားမျှော်ကိုး၍ ပြောင်းလဲခေါ်ဝေါ်သုံးခြင်း လုံးဝမပြုလုပ်သင့်ပါ။ယင်းသို့ မိမိစိတ်ကြိုက်လိုသလို ပြောင်းလဲသုံးစွဲခြင်း၊ ပြောဆို၊ ရေးသားဖေါ်ခြင်းသည် သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်လိမ်ညာခင်းဖြစ်ပါတယ်။ တိုင်းပြည်နှင့် မိဘဘိုးဘွားပြည်သူများရဲ့သမိုင်းကို သစ္စာဖောက်ခြင်းတစ်မျိုးသာလျှင် ဖြစ်ပါတယ်။

ညွန်း
- သမ္မတဦးသိန်းစိန်၏ (၆၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ၊ မြန်မာ့အလင်းသတင်းစာ (၁၂ - ၂ - ၂၀၁၃ )

0 comments:

Post a Comment