Sunday, February 24, 2013

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် (ယာယီ)နဲ့စပ်လို့ မျိုးမြင့်ချို

0 comments

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ယာယီ) စတင်ဖွဲ့စည်း
စာရေးဆရာ ကဗျာဆရာကြီးဒဂုန်တာရာ၊ ၀ါးခယ်မသခင်သိမ်းမောင်၊ ဆရာဦးအံ့မောင်၊ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) တို့ကို နာယကကြီးများအဖြစ်အမှူးထားပြီး အဖွဲ့ဝင် (၁၀)ဦးပါဝင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ယာယီ)ကို ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အလယ်ဘလောက်)မှာရှိတဲ့ သခင်သိမ်းမောင်ရဲ့နေအိမ်မှာ ဒီနေ့ (၂၂၊ ၂၊၂၀၁၃) စတင်ဖွဲ့စည်းလိုက်ပြီး ပြည်သူလူထုသို့ပန်ကြားချက် /၂၀၁၃ ကိုလည်းထုတ်ပြန်လိုက်ပါတယ်။
ဒီအဖွဲ့ရဲ့အဖွဲ့ဝင်များအဖြစ် -
၁။ ဦးအောင်နိုင်()ဦးငြိမ်းမြင့်
၂။ ဒေါက်တာလှမြင့်
၃။ ဦးမိုးဝင်း
၎။ ဦးမြင့်အေး
၅။ ဦးမောင်မောင်အေး()ကိုဗေဒါ
၆။ ဦးအောင်ထိုက်
၇။ ဦးထွန်းဦး
၈။ ဦးဝင်းသူ
၉။ ဦးမြင့်စန်း
၁၀။ ဦးထွန်းဝင်းငြိမ်း တို့ ပါဝင်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ယာယီ)ရဲ့ သတင်းပြန်ကြားရေးနဲ့ဆက်သွယ်ရေး တာဝန်ခံများအဖြစ် ဦးအောင်နိုင်()ဦးငြိမ်းမြင့်၊ ဒေါက်တာလှမြင့်၊ ဦးထွန်းဦး၊ ဦးမြင့်စန်း၊ ဦးထွန်းဝင်းငြိမ်းတို့က ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ယာယီ)အနေနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံမှ ဆရာတော်၊ သံဃာတော်များ၊ တတ်သိပညာရှင်များ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ စာပေအနုပညာရှင်သမဂ္ဂများ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြီး ကျယ်ပြန့်ခိုင်မာတဲ့အဖွဲ့အစည်းကြီးအဖြစ် တိုင်းနဲ့ပြည်နယ်များရှိ မြို့နယ်အသီးသီးမှာပေါ်ပေါက်လာရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
၂၂၊ ၂၊ ၂၀၁၃။ ရန်ကုန်။

(ကျနော့်အမြင်နဲ့ပိုင်းဖြတ်ထားချက်) သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ထဲမပါရုံနဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလိုလားသူမဟုတ်လို့ပြောမရတာကို သဘောတူနေသေးသလို၊ ငြိမ်းချမ်းရေးလိုလားတယ်..စစ်ပွဲတွေရပ်စဲစေချင်တယ်လို့ တွင်တွင်ကြွေးကြော်ခဲ့ ကြွေးကြော်နေတဲ့ (နိုင်ငံရေးမှာထင်ရှားသူတွေ)သူတွေ မပါတာလည်း မအံ့သြမိသေးပါဘူး။ ဟိုလူတွေဘက်ကလည်း စည်းရုံးရေးအရ ခုထက်ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ကြရဦးမှာကိုး။ ချဲ့ရဦးမှာကိုး။ ခုမှ စလုံးရေ စကိုး။ တကယ်လို့ အပေါ်မှာပြောခဲ့သူတွေကိုမိတ်ဆွေတို့ ဘာလို့ဝင်မပါတာလဲ”လို့မေးရင်ဗကပတွေချည်းလိုလိုဖြစ်နေတဲ့အစုအဖွဲ့ကိုး”လို့ ပြန်ဖြေလေမလားလဲ တွေးမိပါတယ်။ သေချာတာကတော့ ဒီလူတွေ (ဗကပဖြစ်စေဦး) ငြိမ်းချမ်းရေးလိုလားကြောင်း ထင်ရှားတယ်။ ၆၃ ဆွေးနွေးပွဲကာလမှာ စစ်အုပ်စုနဲ့ သူ့အလိုတော်ရိသတင်းစာတွေ အမနာပပြောသလို ခုလည်းအပြောခံရဦးမှာသေချာတယ်။ ခေတ်သစ်သောနုတ္ထိုရ်တို့ ဘာတို့ဆိုပြီး။ ဘာပဲဖြစ်ဖြစ် ရနိုင်သမျှအားနဲ့စုနိုင်သမျှစုပြီး တွန်းတက်ကြရင်ဖြင့် ရွေ့သွားမှာပါ။ တခုပဲ စိုးရိမ်စိတ်နဲ့ပူပန်မိတယ် (အဲ့ဒီသူတွေကို ဟိုလူ(အစိုးရဆိုသူတွေနဲ့သူ့အလိုတော်ရိ)တွေက ဘယ်လောက်ထိကြီးထွားခွင့်ပေးမှာလဲ)ဆိုတာပါပဲ။ ကျနော့်ကတော့ ကြိုဆိုတယ် ထောက်ခံတယ် ပူးပေါင်းပါဝင်မယ် အဝေးကနေ နိုင်သလောက်ထည့်ဝင်ဆောင်ရွက်မယ်။ မျိုးမြင့်ချို

(ကျနော့်အမြင်ပေါ်မှာ ကိုကျော်ကိုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကတော့ ဒီလိုထပ်ဖြည့်စွက်ဆွေးနွေးပါတယ်) ဦးမျိုးမြင့်ပြောသလိုပါပဲ အခုမှစရတဲ့အဆင့်ပဲရှိပါသေးတယ်။ ဆရာကြီးမှိုင်းရဲ့လမ်းစဉ်အတိုင်း အတိအကျလုပ်ဆောင်နိုင်ဖို့ ကြိုးစားရဦးမှာပါ။ လက်ဝဲ/လက်ယာကိစ္စက ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်သူတွေပဲလုပ်လုပ် တိုင်းပြည်ငြိမ်းချမ်းဖို့သာ ပဓာနပါ။ လက်ရှိအားပြိုင်မှုက ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ငြိမ်းချမ်းရေးမလိုလားသူတွေကြားက အားပြိုင်မှုပဲဖြစ်သင့်ပါတယ်။ ကွန်မြူနစ်တွေနဲ့ ကွန်မြူနစ်ဆန့်ကျင်သူတွေကြားကတိုက်ပွဲမဟုတ်ပါဘူး။ လမ်းကြောင်းပြောင်းသွားအောင် လုပ်ဆောင်တာတွေကို သတိထားပြီးရင်ဆိုင်ဖြေရှင်းရမယ်။ (ကျော်ကိုကို ဗကသများအဖွဲ့ချုပ်)။ 

0 comments:

Post a Comment