Friday, March 1, 2013

ဘိန်းရာဇာစိုင်းနော်ခမ်းနဲ့စပ်တဲ့ ကိုငြိမ်းချမ်းအေးအမြင်

1 comments

လူတွေရဲ့စိတ်က အံ့သြဖို့ကောင်းတာ ခုတွေ့နေရတယ်.. လူတယောက်ကို အဆုံးအဖြတ်ပြုရာမှာ သူ့ရဲ့အကျင့်စာရိတ္တ၊ လုပ်ရပ်ကိုမကြည့်ဘဲ သူ ဘာလူမျိုးလဲ.. ဘာနိုင်ငံသားလဲဆိုတဲ့အပေါ်လုံးလုံးမူတည်ပြီး နားလည် ခံစား အဆုံးအဖြတ် ပြုကြတာကို ခု နော်ခမ်းကိစ္စမှာသတိပြုမိတယ်..
တရုတ်ကို ကြည့်မရနေကြတာလည်း ပါတာပေါ့.. ကျနော် မြစ်ဆုံကိစ္စကစလို့ တလျှောက်လုံးထောက်ပြခဲ့သလိုပါပဲ တရုတ်-ဗမာ နှစ်နိုင်ငံဆက်ဆံရေး (အထူးသဖြင့် စီးပွားရေး)အခြေအနေမှာ တဘက်စောင်းနင်းဖြစ်နေမှုက ကိုယ့်အစိုးရအသုံးမကျမှုက အဓိကပါ.. တရုတ်ကို အပြစ်တင်လို့၊ မုန်းတီးလို့ မရ၊ အကျိုးမရှိပါဘူး..
ခု ကိစ္စမှာလည်း နော်ခမ်းတယောက်တည်း သေဒဏ်ပေးခံရတာမဟုတ်ဘူး.. သူနဲ့အတူ တခြားနိုင်ငံသားတွေလည်း ပါသေးတယ်..
ဗမာအစိုးရက နိုင်ငံသားတယောက်ရဲ့အခွင့်အရေး  ကို ဖြည့်စွက်ဖို့ပျက်ကွက်တယ်ဆိုပြီး စကားလုံးအကြီးကြီးနဲ့ ထောက်ချင်ကြတယ်..
နိုင်ငံသားအခွင့်အရေးမရတာက အစိုးရနဲ့အဝေမတည့်တဲ့ဘိန်းရာဇာမှ မဟုတ် အစိုးရကျွန်သစ္စာရှိရှိထမ်းနေတဲ့ ဆရာဝန်၊ ကျောင်းဆရာကနေ ရုံးအကူအထိ ဘယ်သူ့မှ အပြည့်အဝမရပါဘူး.. ဗမာပြည်မှာ လူတန်းစားနှစ်မျိုးပဲ ရှိပါတယ်.. နိုင်ငံသားအခွင့်အရေးကို လျော့ရတဲ့သူတွေနဲ့ ပိုပြီးယူနေတဲ့သူတွေ နှစ်မျိုးပဲရှိပါတယ်.. ဆိုချင်တာက ဘိန်းရာဇာတယောက်တည်းကွက်ပြီး နိုင်ငံသားအခွင့်အရေး မရတာမဟုတ်ဆိုတာပါ..
ဗမာအစိုးရက အရင်ခေတ်တွေတလျှောက်အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာရာဇဝတ်ကောင် ဘိန်းဘုရင်တွေ ဆိုတာ တိုင်းပြည်မှာ ရိုက်သတ်လို့တောင်မကုန်ပါဘူး.. ခု ဒီတယောက်မှ အကာအကွယ်မပေးတော့တာဟာ အဝေမတည့်ခဲ့လို့ ဖြစ်ဖြစ်.. အညှိုးရှိခဲ့လို့ ဖြစ်ဖြစ် ခေတ်စနစ် အနည်းအငယ်ပြောင်းလာလို့ ဖြစ်ဖြစ် ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် တိုင်းပြည်အတွက် ဂုဏ်ငယ်စရာအကြောင်းမရှိ.. နိုင်ငံတကာက အရင်ခေတ် အစိုးရတွေရဲ့အပြုအမူကိုကြည့်ပြီး ဒီတိုင်းပြည်မှာ ဘိန်းဘုရင်တွေတရားဝင်နေတယ်ဆိုတဲ့အမြင်ကိုတောင် အခုကိစ္စကြောင့် စတင်ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တဲ့အတွက် ကောင်းတယ်လို့တောင်ဆိုချင် ဆိုလို့ရပါတယ်..
ဒီလို လူစိတ်ဝင်းစားတဲ့ ရာဇဝတ်မှုနဲ့ဆိုင်တဲ့ အထူးသဖြင့် ကိုယ့်နိုင်ငံသား တခြားတိုင်းပြည်မှာ အပြစ်ပေးစီရင် ခံရမှုမျိုးကို နိုင်ငံတိုင်းရဲ့လူမှုအသိုင်းအဝန်းနဲ့ အွန်လိုင်းဖိုရမ်တွေမှာ စိတ်ဝင်းတစားဆွေးနွေးငြင်းခုံကြတာ ဖြစ်လေ့ရှိပါတယ်.. ဒါပေမယ့် (ကျနော် သတိပြုမိသလောက်) ပြောတဲ့အကြောင်းအရာတွေက အခုလိုမျိုး တရုတ်တွေကို နော်ခမ်းထက် ပိုသတ်နိုင်တဲ့လူတွေများများပေါ်လာပါစေဆိုတဲ့ အချိုးမျိုးနဲ့တော့ မဟုတ်ဘူး..
သေဒဏ်စီရင်ချက်လိုမျိုးဆိုရင်လည်း သေဒဏ်ပေးမှု “Capital Punishment (the death penalty)” ရဲ့ အကျိုး/အပြစ်၊ လူသားဆန်မှု ရှိ/မရှိ၊ ခေတ်သစ် ယဉ်ကျေးတဲ့ကမ္ဘာနဲ့ အံဝင်/မဝင်၊ တရားဥပဒေရှုထောင့်၊ လူသားရှုထောင့် စတဲ့ လေးနက်တဲ့သဘောတရားရေးရာတွေကို ဆွေးနွေး၊ ငြင်းခုံကြတာများပါတယ်..
အခုတော့ ကျနော်တို့မှာဖြစ်နေတာကငါ့လူမျိုး၊ ငါ့နိုင်ငံသား သူများဆီမှာသေဒဏ်ပေးခံရတာ ငါတော့ မကျေဘူး..ဟေ့ဆိုတဲ့အပေါက်မျိုးထက် မပိုဘူး..
ကျနော် တလျှောက်လုံး စာတွေမှာ ကြေကွဲဝမ်းနည်းအားနာစွာနဲ့ လူမုန်းခံထောက်ပြနေသလိုပါပဲ.. ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အမှန်/အမှား၊ တရားမှု/မတရားမှု ခွဲခြားသုံးသပ်သိမြင်နိုင်မှု အင်မတန်အားနည်းနေပါသေး တယ်.. စိတ်တော့မကောင်းစရာ.. ဇာတိပုညဂုဏ်မာနတော့ ထိခိုက်တာပေါ့ဗျာ.. ဒါပေမယ့်ကျနော်တို့လိုပါသေး တယ်ဆိုတာတော့ ခါးသီးတဲ့အမှန်တရားဖြစ်ကြောင်း ကျနော်တော့ ထပ်သိလိုက်ရပါတယ်..

ငြိမ်းချမ်းအေး
၀၂ မတ်လ ၂၀၁၃
တွေ့တာနဲ့ယူတာက ဒီကပါ။ https://www.facebook.com/nyeinchanaye81

1 comments:

  • March 1, 2013 at 7:42 PM

    2002 လောက်က မန္တလေးမှာ စာသင်တော့ တရုတ်အိမ်တစ်အိမ်က စာမေးပွဲတွင်း ကလေးတွေကို အိမ်မှာ အနီးကပ်လာကြည့်ပေးပါဆိုလို့ ညအိပ်သွားစောင့်ပေးဖူးပါတယ်။ ညပိုင်းနားချိန်မှာ တရုတ်ကလေးတစ်ယောက်က သူ့ရည်ရွယ်ချက်ကို ပြောပြတယ်။ ကျွန်တော်က 10 တန်းကို စိတ်မဝင်စာဘူး။ အောင်ရင်လဲ ကျွန်တော် ဘိန်းပဲ ကူးမှာ ။ ဒီနေရာတဝိုက်မှာ အရင်က တဲကုတ်လေးတွေပဲရှိတာ။ ခု တိုက်အမြင့်ကြီးတွေဖြစ်သွားပီ။ အကုန် ဘိန်းကူးကြတာပဲ။တဲ့။ ဒီလိုတရုတ်တွေမြန်မာနိုင်ငံမှာ ထင်တိုင်းကျဲနေတာကျတော့ ငွေလေးတစ်ပဲခြောက်ပြားနဲ့ လက်ခံပီး ခွေးမသားတွေက ဒီအတိုင်းကြည့်နေခဲ့တယ်။

Post a Comment